" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, April 28, 2022

ကဒရ်ညမြတ်ကိုရှာဖွေရင်း

 ကဒရ်ညမြတ်ကိုရှာဖွေရင်း.....
(၂)နာရီခန့် အမလ်လုပ်ကြပါစို့ 

  • ကျမ်းတော်မြတ်ကုရ်အာန်(၁၀)မျက်နှာခန့် ဖတ်ရွတ်ခြင်း။
  • ကလိမာဟ် သွိုင်ယေဗာ(၁၀၀)ကြိမ် ဖတ်ရွတ်ခြင်း။
  • တတိယကလိမာဟ်(၁၀၀)ကြိမ် ဖတ်ရွတ်ခြင်း။
  • ဒရူးဒ်ရှရီးဖ်(၁၀၀)ကြိမ် ဖတ်ရွတ်ခြင်း။
  • အိစ်သိဂ်ဖာ(၁၀၀)ကြိမ် ဖတ်ရွတ်ခြင်း။
  • စူရာဟ်ကဒရ်(၄၁)ကြိမ် ဖတ်ရွတ်ခြင်း။
  • "အိယားကနအ်ဗုဒု ဝအိယားက နတ်စ်သအီးန်" (၁၁၁၁)ကြိမ် ဖတ်ရွတ်ခြင်း။
  • "အလ္လာဟွမ္မ အင်န်နက အဖူးဝ်ဝန် သုဟိဗ်ဗွလ် အဖ်ဝ ဖာအ်ဖို့အန်းနီ" (၁၀၀)ကြိမ် ဖတ်ရွတ်ခြင်း။
  • မိမိနှင့် မိမိမိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ၊ မိတ်ဆွေများနှင့် ကမ္ဘာအဝှမ်းရှိ အီမာန်ရှင် မွတ်စလင်မ် အွမ္မသ်များအားလုံးအတွက် တောင်းဆုဒိုအာများ တောင်းခံခြင်း။
  • သဟ်ဂျွဒ်နမားဇ်၊ ဆွလာသွလ်သပ်စ်ဗီးဟ်နမားဇ်၊ ဆွလာသွလ်သောဝ်ဗာနမားဇ်များ ဖတ်ရွတ်ခြင်း။
  • ကွယ်လွန်သူအာရ်ဝါများအတွက် စူရာဟ်များ ဖတ်ရွတ်၍ အီစာလေစဝါးဗ်ပေးပို့ခြင်း၊ မဂ်ဖွေရသ် ဒိုအာ ပြုပေးခြင်း။

ဤဖော်ပြပါအချက်များအနက်မှ ကဒရ်ညမြတ်ကို ရှာဖွေသောနိယသ်ဖြင့် (၂)နာရီခန့် တတ်နိုင်သမျှ အမလ်အေ ဘာဒသ်များပြုလုပ်ကြရင်း တန်ဖိုးထားမှုပြု၍ မွန်မြတ်သောညများ၌ ကောင်းမှုများကျင့်ကြံကြပါစို့ဟု တိုက်တွန်း နှိုးဆော်အပ်ပါသည်။

( ဖန်ဆင်းခံကျေးကျွန်တစ်ဦးဖြစ်သည့် အပြစ်အမှားများနှင့်မကင်းသော ကျွန်တော်နှင့် ကျွန်တော့် မိဘ၊ မိသား စုဝင်များအတွက်လည်း မိတ်ဆွေများတို့၏ တောင်းဆုဒိုအာများတွင် သတိရပေးပါရန် ပန်ကြားအပ်ပါသည်။ )

 

 


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */