" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, May 3, 2022

ရိုဟင်ဂျာအရေး လှုပ်ရှားသူ ဒေါက်တာဝါကာအူဒင် ကွယ် လွန်

VOA
ဗွီအိုအေမြန်မာပိုင်း
ဉာဏ်ဝင်းအောင်
၃၀ ဧၿပီ၊ ၂၀၂၂ 

ရိုဟင်ဂျာအရေး အမေရိကန်မှာ အခြေစိုက်ပြီး လှုပ်ရှားနေတဲ့ ဒေါက်တာဝါကာအူဒင်ဟာ အသက်(၆၈)နှစ် အ ရွယ် ဧပြီလ(၂၉)ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေကတော့ သူကွယ်လွန် တဲ့အတွက် ဆုံးရှုံးမှုအဖြစ် ပြောကြပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ရိုဟင်ဂျာအရေး အမေရိကန်မှာ အခြေစိုက်ပြီး လှုပ်ရှားနေတဲ့ ဒေါက်တာဝါကာအူဒင်ဟာ အသက်(၆၈)နှစ် အ ရွယ် ဧပြီလ(၂၉)ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေကတော့ သူကွယ်လွန် တဲ့အတွက် ဆုံးရှုံးမှုအဖြစ် ပြောကြပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ခဲ့သူ တဦးဖြစ်တဲ့ Arakan Rohingya Union ရဲ့ ဥက္ကဌ ဒေါက်တာ ဝါကာအူဒင်ဟာ အမေရိကန်အရှေ့ဖက်ခြမ်း မေရီလန်းပြည်နယ် ဘာလ်တီမိုးမြို့ Johns Hopkins တက္ကသိုလ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရင်း ဧပြီလ(၂၉)ရက် သောကြာနေ့ မနက်(၁၁)နာရီကျော် က ကွယ်လွန်သွားကြောင်း ညီဖြစ်သူ Reza Uddin ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။

ရိုဟင်ဂျာ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာ ဝါကာအူဒင် အခုလို ကွယ်လွန်ခြင်းဟာ ဆုံးရှုံးမှုတရပ်ဖြစ် တယ် လို့ လန်ဒန်အခြေအစိုက် Burmese Rohingya Organisation UK (BROUK)ရဲ့ ဥက္ကဌ ဦးထွန်းခင်က မှတ်ချက် ပေး ပြောဆိုပါတယ်။

" သူက စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးတော့ အမေရိကန်မှာ နာမည်ကြီး ပင်ဆယ်ဗေးနီးယား တက္ကသိုလ်ကနေ Ph.D သင်ခဲ့ပြီးတော့ ပါမောက္ခ အဆင့်အထိ သူအနေအထားတခု ရှိခဲ့တယ်ဆိုတာက ကျနော်တို့ ရိုဟင်ဂျာတွေ အတွက် တော်တော်လေးကို ဂုဏ်ယူစရာ ဖြစ်ပါတယ်။ တဖက်မှာလည်း သူက ရိုဟင်ဂျာအရေး လူမျိုးတုန် းသတ်ဖြတ်မှုကနေ လွတ်မြောက်ဖို့ ၊ ဝမ်းနည်းစရာ အခြေအနေတွေကို နိုင်ငံတကာက OIC နိုင်ငံတွေ ၊ နိုင်ငံခြားရေး ဝန်ကြီးတွေ၊ အမေရိကန် နိုင်ငံခြားရေးဌာန State Department တွေကို ထဲထဲဝင်ဝင် ထိတွေ့ လှုပ်ရှား ခဲ့တယ်ဆိုတာကတော့ မှတ်တမ်းတခုပါ"

ရိုဟင်ဂျာအရေး လှုပ်ရှားမှုသမိုင်းနဲ့ ပတ်သက်လာရင် ဒေါက်တာ ဝါကာအူဒင်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ် ပြုရမှာ ဖြစ်တယ်လို့ ပြောလာသူက လက်ရှိ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ နေထိုင်သူ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ဦးရွှေမောင် ဖြစ်ပါတယ်။ ဦးရွှေမောင်ဟာ ဦးသိန်းစိန်အစိုးရလက်ထက် ရခိုင်ပြည် နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သူပါ။

" ပါမောက္ခဒေါက်တာ ဝါကာအူဒင် ဆုံးသွားတာ သိရတော့ အင်မတန်မှ ဝမ်းနည်းကြေကွဲရပါတယ်။ ပြီးတော့ ၂ဝ၁၂ ရိုဟင်ဂျာအရေးကို တစိုက်မတ်မတ် လုပ်လာတဲ့အပေါ်မှာ ကျနော်တို့ အသိအမှတ်ပြုသင့်ပါတယ်။ သူရဲ့ နိုင်ငံရေး ၊ ရိုဟင်ဂျာအရေး လှုပ်ရှားမှုတွေဟာ တစိုက်မတ်မတ် လုပ်လာတဲ့အပေါ်မှာ ကျနော်တို့ အသိအမှတ်ပြု သင့်ပါတယ်။ သူရဲ့လှုပ်ရှားမှုတွေကို ကျနော်တို့ ရိုဟင်ဂျာနိုင်ငံရေးအတွက် မှတ်တမ်းတင်ကြောင်း ပြောကြားလို ပါတယ်။"

၂၀၁၇ ခုနှစ်သြဂုတ်လထဲ ရခိုင်ပြည်နယ် မြောက်ပိုင်း ရိုဟင်ဂျာကျေးရွာတွကို မြန်မာစစ်တပ်က နယ်မြေရှင်း လင်းရေး လုပ်စဉ်မှာ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုနဲ့ ပတ်သက်လို့ လူမျိုးတုန်း လုပ်ဆောင်မှုအဖြစ် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ ICJ တရားရုံးမှာ OIC (အစ္စလမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက် ရေးအ ဖွဲ့) ကိုယ်စား ဂမ်ဘီယာနိုင်ငံက အမှုဖွင့် တရားစွဲရာမှာ ဒေါက်တာ ဝါကာအူဒင်က ဂမ်ဘီယာနိုင်ငံ တရားရေး အကျိုးဆောင်အဖွဲ့ဖက်က ကူညီဆောင်ရွက်ခဲ့ဖူးပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ရိုဟင်ဂျာအရေး ICJ မှာ တရားဝင်လျှောက်လဲခွင့်နဲ့ ပတ်သက်လို့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ(၁၈)ရက် ထုတ်လွှင့်တဲ့ VOA နဲ့ မေးမြန်းခန်းမှာ ဒေါက်တာ ဝါကာအူဒင် ပြောတာက -

"တရား မဝင်တဲ့ စစ်အစိုးရကို ကမ္ဘာက အသိအမှတ်ပြုလာစေချင်တဲ့အတွက် ၊ အဲဒါကြောင့်မို့လို့ သူတို့က ICJ ကို သွားချင်တာပါ။ တကယ်တမ်းကျတော့ စစ်အစိုးရက ရိုဟင်ဂျာ ပြသနာကို ၊ Genocide ကို အကာကွယ်ပေး ချင်တာ ဖြစ်ဖြစ် ၊ ရိုဟင်ဂျာလူမျိုးတွေအရေးအတွက် အကာအကွယ်ပေးဖို့တော့ မဟုတ်ဘူး။ သူတို့က နိုင်ငံ တကာရဲ့ တရားဝင် အသိမှတ်ပြုမှုကို ခံချင်တာ ရချင်တာ၊ အဲဒါကြောင့် ဒီ ICJ မှာ ကိုယ်စားလှယ်အဖြစ် လာထွက်ဆိုတာပါ။ "

ဒေါက်တာ ဝါကာအူဒင်ကို ရခိုင်ပြည်နယ် မောင်တောမြို့မှာ ၁၉၅၄ ခုနှစ်က မွေးဖွားခဲ့တာပါ။ တချိန်က ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်ကနေ ဘွဲ့ရခဲ့တဲ့ ဦး ဝါကာအူဒင်ဟာ အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းလာပြီး နောက် စိုက်ပျိုးရေးဆိုင်ရာ (Ph.D)ပါရဂူဘွဲ့ရခဲ့ပါတယ်။ အဲဒီနောက် ဒေါက်တာ ဝါကာအူဒင်ဟာ Pennsylvania ပြည်နယ်တက္ကသိုလ်မှာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်း လုပ်နေချိန် တဖက်မှာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ မြောက်အမေရိ ကတိုက်ဆိုင်ရာ ဗမာရိုဟင်ဂျာများအစည်းအရုံးကို စတင် တည်ထောင်သူ ဥက္ကဌလည်း ဖြစ်ပါတယ်။ Trustees of Muslim Aid American အဖွဲ့ရဲ့ ဥက္ကဌနဲ့ နာယကအဖြစ် လုပ်ဆောင်ခဲ့သလို၊ Arakan Rohingya Union ရိုဟင်ဂျာများ NGO အဖွဲ့မှာလည်း ညွှန်ကြားရေးမှူးချုပ်အဖြစ် ကွယ်လွန်ချိန်အထိ တာဝန်ယူခဲ့သူဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */