" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, May 14, 2022

ကိုကိုကြီး ၈၈-မျိုးဆက်ကျောင်းသားခေါင်းဆောင်သို့ ပေးစာ ( ၂၀၁၂ )

ကျောက်နီမော်ဒေသအကြောင်းနဲ့ရခိုင်မွတ်ဆလင်မ်တွေရဲ့သမိုင်းတွေသိချင်ရင်

 ဦးလှဝင်း ( မင်းညိုငယ် - သံတွဲ) B.A(Hist), H.G.P., R.L.I, C.B.D.S

တွဲဖက်အထွေထွေ အတွင်းရေးမှူးဟောင်း အမျိုးသားညီညွတ်ရေး ကွန်ဂရက် (၁၉၉၀) 

 ရေးတဲ့ ၈၈ မျိုးဆက် ကိုကိုကြီးသို့ ပေးစာကို ဖတ်ပါ။ဒီပေးစာက ၂၀၁၂ ခုနှစ်က ပေးစာပါ။မည်သူမဆို ထပ်ဆင့် သိလိုတာရှိရင် comment မှာ မေးနိုင်ပါတယ်။ကျုပ်တို့ ကျောက်နီမော်ဒေသခံတွေ ဖြေကြားပေးမှာပါ။ပေးစာထဲ မှာပါတဲ့ ကျောက်ထရံရွာက ဗလီချေ ပုံကို ဖော်ပြလိုက်ပါတယ်။

သို့

တူတော်မောင်ကိုကိုကြီး
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
၂၀၁၂ ခုနှစ်၊ စက်တင်ဘာ(၄)ရက်။


ဦးအနေနဲ့ ဒီစာကို ရေးရကောင်းနိုး၊ မရေးရကောင်းနိုး ချီတုံချတုံ စဉ်းစားခဲ့ပြီးမှ လူအုပ်စုတစ်စု၊ ရွာတစ်ရွာကို ရပ် တည်ရာမဲ့အောင် သေဒဏ်ပေးသလို အခြေအနေမျိုး ဆိုက်သွား နိုင်တာမို့ ၀င်ရှင်းမပြရင် တာ၀န်မကျေ သလို ခံ စားရလို့ ဒီစာကို ရေးလိုက်ရခြင်း ဖြစ်ပါတယ်။

ငါ့တူအနေနဲ့ အကျဉ်းထောင်က လွတ်လာခါစက မီဒီယာတွေနဲ့ တွေ့တဲ့အခါ လက်လွတ် စပယ် မဖြေသေးဘဲ ပြင် ပ နဲ့ ကင်းကွာနေတာကြာပြီဖြစ်လို့ လေ့လာစရာတွေ လေ့လာရဦးမယ်လို့ ချင့်ချင့်ချိန်ချိန် ပြောခဲ့တာကြောင့် ငါ့တူ တွေ ရင့်ကျက်လာပြီဆိုပြီး လေးစားချီးကျူးမိခဲ့ပါတယ်။ နိုင်ငံရေးသမားလုပ်မဲ့ လူတစ်ယောက် အနေနဲ့ သမိုင်း၊ ပ ထဝီ၊ ဒဿနိက၊ စီးပွားရေး၊ နိုင်ငံ တကာရဲ့ မျက်မှောက်အခြေအနေ စတာတွေကို မသိဘဲ မလေ့လာ ဘဲ ရှေ့ ဆက် လို့မရနိုင်ဘူး ဆိုတာ အမှန်ပဲမဟုတ်လား။

ဒီနောက်ပိုင်းမှာ ငါ့တူတို့ ၈၈-လူငယ်တွေ တစ်ပြည်လုံးအနှံ့သွားပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအခြေခံနဲ့ လွတ်လပ်လူ့အဖွဲ့အစည်းပေါ်ပေါက်ရေးဆိုပြီး ရဲရဲဝံ့ဝံ့ အလုပ်လုပ် နေကြတာကိုလည်း အားတက်ဂုဏ်ယူမိသလို ငါ့တူတို့ ခလုတ်မထိ ဆူးမငြိစေဖို့၊ အသက်ရှည်ရာ အနာမဲ့ကြောင်း ဆုတောင်းမပျက်ခဲ့တာ အမှန်ပါ။ လူထုကို ပန်း တိုင် မပျောက်အောင် လမ်းပြ ထိန်းသိမ်းတည့်မတ်ပေးနေတာတွေကိုကြည့်ပြီး ဒီမိုကရေစီဘက်တော်သား ပြည် သူ တစ်ယောက် အနေနဲ့ ကျေးဇူးကမ္ဘာပါ။

၈၈-ဆိုတာ ဦးကိုယ်တိုင် ယုံကြည်အားကိုးတဲ့ နိုင်ငံရေးအရိယာလေးတွေ၊ ဖြူစင်တယ်၊ ပြတ်သားတယ်၊ ဘက်မ လိုက် ဘဲ အမှန်တရားအတွက် တည့်တည့်ပြောတတ်သူတွေလို့ နှလုံးသားမှာ သစ္စာဆိုထားခဲ့တာပါ။ ၈၈ ဆိုတာ ကို စကတည်းက ယုံကြည်လို့လဲ ဦးရဲ့ တစ်ဦးတည်း သော သားကို ခွပ်ဒေါင်းသစ္စာနဲ့ တူမောင်တို့ လက် ထဲကို ၀ကွက် အပ် နှံခဲ့တယ်။ မိုးဒဏ်၊ လေဒဏ် ကြံ့ကြံ့ခံရင်း သားပျောက်၊ သမီးပျောက်နဲ့ ၀ရုန်းသုန်းကား မိသားစုဘ၀ ပြိုကွဲပြီး ကျောက်ကပ် ရောဂါသည် ဇနီးဖြစ်သူကို အနီးကပ်ပြုစုနေရလို့ အဝေးရောက် သားသမီးတွေအတွက် အလွမ်း ပြေ အောင် တူတော်မောင်တို့ လူသိုက်ကိုကြည့်ရင်း အားမွေးနေရသူပါ။

ဦးကိုယ်တိုင်က အညတရ နိုင်ငံရေး ခရီးသည်ဘ၀အစ ၁၉၆၂-ခုနှစ်၊ သတ္တမတန်း ကျောင်းသားဘ၀မှာ ပုသိမ် ဥပ စာ ကောလိပ်က ကျောင်းသားခေါင်းဆောင် ကိုနေ၀င်းစံ၊ မမိမိစံ၊ ကိုလှိုင်ဘွားနဲ့ အလွတ်ပညာသင်ကျောင်း သိန်း ကောလိပ်က ခေါင်းဆောင် ကိုဖြူတို့နောက်က ကလေးပီပီ ထုံးပုံးနဲ့ တံမြက်စည်းတံကိုကိုင်ပြီး၊ ““ကျောင်းတိုင်း ဖွင့် ရမည်၊ ပန်းတိုင်းပွင့်ရမည်”” ““ဒို့ကျောင်းသားသွေးနဲ့ ရေးတဲ့ဥပဒေ ဒို့အလိုမရှိ”” ဆိုတဲ့ ကြွေးကြော်သံတွေကို ကတ္တ ရာ လမ်း မှာရေးရင်း ပါ၀င်ခဲ့ဖူးသူပါ။ ဦးရဲ့သားကလေးဟာလည်း ဒီလို ဆယ်ကျော်သက်အရွယ်မှာပဲ မင်း တို့ လက် ထဲကို ရောက်လာခဲ့တာမဟုတ်လား။ ဒါတွေကို ရေးပြနေရတာက ဦးရှေ့ဆက်ပြောမဲ့ အကြောင်း တ ရားတွေဟာ မလိမ်၊ မညာ၊ မကွယ်၊ မဝှက်ဘဲ ရိုးဖြောင့်တဲ့ခွပ်ဒေါင်းသစ္စာနဲ့ ပြောနေကြောင်း ငါ့တူသိစေချင်လို့ပါ။

၁၉၆၉ကျွန်းဆွယ်အရေးအခင်းမှာ အဖမ်းခံရပြီး ကျောင်းပါအထုတ်ခံရတယ်။ ဒါပေမဲ့ ၁၉၇၄ အလုပ်သမားအရေး အခင်းနဲ့ ဦးသန့်အရေးအခင်းကာလတွေမှာ ကလေး(၃)ယောက်အဖေ ဖြစ်နေပေမဲ့ မာန်မလျှော့စတမ်း ၀င်ကခဲ့ပါ တယ်။ ကျောင်းထဲက သမဂ္ဂနေရာဟောင်းမှာ ဦးသန့်ရဲ့ဂူဗိမာန်ကို ဆောက်ကြတဲ့အထဲ ဦးလည်း ပါ၀င်ခဲ့ပါတယ်။ ဒီလို မြန်မာ့နိုင်ငံရေး ဒီရေလှိုင်းတံပိုးတက်တိုင်း အညတရဘ၀နဲ့ ၀င်ကခဲ့ဖူးသူ တစ်ယောက်ပါ။ ၈၈-အရေးအခင်း ရယ်လို့ စစချင်း ဘုန်းမော်ကိစ္စအလွန် မတ်လမှာ ဦးအဖမ်းခံရတယ်။ ဇွန်လမှာ တစ်ကျော့ပြန်ဖြစ်ပြီး တောင်းဆို ကြ လို့ ဇူလိုင်လမှာ ဦးတို့ပြန်လွတ်လာခဲ့တယ်။ ထောင်ထဲက ပါလာတဲ့ဒဏ်ရာ တွေကို ဆေးကုနေတဲ့ကြားက ၈ လေး လုံး ဆိုပြီး ရက်ချိန်းပေး လိုက်တော့ ““မြန်မာမွတ်စလင် သပိတ်ကော်မတီ””ကို ၀မ်းအို၀မ်း ဦးကျော်၀င်း မောင်၊ ဦး ထွန်းကြည်(ကွယ်လွန်)၊ ကိုဌေးလှိုင်(ကွယ်လွန်)တို့နဲ့ အတူ ဦးဆောင်ဖွဲ့စည်းပြီး S.C.S မှာ ပူးပေါင်း ပါ၀င်ရင်း ရန် ကုန်ဆေးရုံကြီး သပိတ်စခန်းမှာ နေ့ရောညပါ တောက်လျှောက်ပါ၀င်ခဲ့ သူပါ။ ဒါလည်း အညတရ ဘ၀နဲ့ပါပဲ။

အကသ ကျောင်းသားလေးတွေဖြစ်တဲ့ မင်းဇင်၊ သက်၀င်းအောင်၊ ရဲတေဇာ၊ ဗထူးအောင်၊ မောင်ဆန်း၊ ဇေယျ ကြီး (အင်းစိန်)၊ စိုးမိုး၊ ကျော်သူရ စတဲ့ကလေးတွေဟာ ဦးရဲ့သား ဇေယျာ၀င်း ကို အကြောင်းပြုပြီး ဦးရဲ့အိမ်ကို စားအိမ်၊ သောက်အိမ်၊ ဆုံရပ်အဖြစ် သုံးခဲ့ကြတယ်။ ၈-လေးလုံးကို ဖြိုခွင်းပြီးစစ်အာဏာသိမ်းလိုက် တဲ့အခါ ကျောင်းသား တွေ တပ်ဖျောက်ခဲ့ကြပေမဲ့ ဒီကလေးတွေကတော့ ဦးတို့ မိသားစုနဲ့ တစ်သားတည်းရှိနေ ဆဲပါ။ နောက်ပိုင်းမှာ ဦးရဲ့ သား ဇေယျာ၀င်းလည်း ထောင်ထဲကို ၀င်လိုက်ထွက်လိုက်နဲ့ နောက်ဆုံးအကြိမ်မှာ တော့ တော်တော် နှစ်ကြာသွား ခဲ့တယ်။ ဒီအတောအတွင်း ငါ့တူလည်း ထောင်ထဲရောက်နေတုန်း အပြင်မှာ အဖေ ဆုံးသွားတာကအစ ဦးသိနေခဲ့ ပါ တယ်။ ဒါပေမဲ့ ၈၈ ရဲ့ရဲမာန်နဲ့သတ္တိဟာ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကို ပင်ဖြတ်ရဲတယ်ဆိုတာကို ဦးအ သေအချာ ယုံကြည်နေတဲ့အတွက် ငါ့တူတို့ ဘာကိုပဲလုပ်လုပ် ထောက်ခံပြီးသား ပါ။ ဦးရဲ့ဒီသဘောထားကို ငါ့တူတို့ အထဲက ကိုဂျင်မီနဲ့ မနီလာသိန်းတို့ ဇနီးမောင်နှံ အသိဆုံးပါ။ ဒီနေ့ထိလည်း ၈၈ကို စိတ်နဲ့တောင် မပြစ်မှားသေး ပါဘူး။

ဒါပေမဲ့ ငါ့တူရယ်- ငါ့တူရဲ့ရခိုင်ခရီးစဉ်က အပြန် သြဂုတ်လ (၅)ရက်နေ့သတင်းစာ ရှင်းလင်းပွဲမှာ ကျောက်နီမော် နဲ့ ပတ်သက်ပြီး ငါ့တူရဲ့ရိုက်ချက်ကတော့ ပြင်းလွန်းလှတယ်။ ငါ့တူအပေါ် အမျိုးသားရေးဆိုတဲ့ မျက်မှန်စိမ်း ကို တပ် ပြီး၊ မျက်ရည်ခံထိုးရင်း အိပ်မွေ့ချ၊ နဖားကြိုး ထိုးသွားတဲ့ မြန်မာပြည်ရဲ့ နာဇီလက်သစ်ဝါဒီတွေရဲ့ အငို ကောင်း ကောင်းနဲ့ သရုပ်ဆောင်မှုတွေကြားမှာ ငါ့တူရဲ့ ဖြူစင်တဲ့နှလုံးသားဟာ ညစ်နွမ်းခဲ့ရပြီ။

ငါ့တူတို့ ရခိုင်ကိုမသွားခင် ရခိုင်သမိုင်းကို လေ့လာသင့်တယ်။ ရခိုင်မှာ ရှိခဲ့တဲ့ ဓည၀တီ ခေတ်၊ ဝေသာလီခေတ် နိုင်ငံတော်တွေဟာ ပုဂံထက်တောင်ရှေးကျတယ်။ ဒီခေတ်က ရခိုင် ပြည်သားတွေဟာ အင်ဒိုအာရိယန်ဆိုတဲ့ အိန္ဒိ ယနွယ်ဖွားတွေ၊ မွန်ဂိုလွိုက် ဒါမှမဟုတ် တိဘက် တိုဘာမင်လို့ခေါ်တဲ့ ဗမာနဲ့အနွယ်တူသူတွေက အေဒီ ၉ရာစု၊ ၁၀ ရာစုကမှ ရခိုင်ကို၀င်လာပြီး လေးမြို့ခေတ်၊ မြောက်ဦးခေတ်တွေမှာ မင်းဆက်တွေထူထောင်ခဲ့ကြတာ။ ငါ့တူ ရောက်ခဲ့တဲ့ ကျောက်နီမော်၊ ကျောက်ထရံရွာတွေက လူတွေဟာ ဝေသာလီလား၊ ဘင်္ဂါလီလား ခွဲခွဲခြားခြား နား လည် ဖို့တော့ လိုလိမ့်မယ်။ ငါ့တူနဲ့ အတူပါတဲ့ သမိုင်းပညာရှင်ဆိုတဲ့လူက လာတုန်းက နည်းနည်းလေး အခုများ လာတော့ ပင်လယ်၀င်ပေါက် ထွက်ပေါက်ကို လုံခြုံအောင်ပိတ်ပေါ့၊ ငါးဖမ်းလှေထဲမှာ လူပိုတွေ ပါလားမပါလား ဘယ်သူသိမှာလဲဆိုတဲ့ မေးခွန်းတွေကို ကြားရတော့ ဦး ရယ်ချင်မိတယ်။

ကဲ-ပြောစရာရှိလာပြီဆိုတော့ ဦးပြောရတော့မယ်။ ကျောက်ထရံ၊ ကျောက်နီမော်စတဲ့ ရွာတွေဟာ အေဒီ ၇ ရာစု လောက်ကတည်းက ရှိနေတဲ့ရွာတွေဆိုတာ အထောက်အထား အခိုင်အမာရှိတယ်။ မူလက ဝေသာလီဟိန္ဒူတွေ၊ ဇာတ်မျိုးရိုးအရ ငါးဖမ်းတဲ့လူမျိုးတွေ ဖြစ်တယ်။ ၇ ရာစု ၈ ရာစုတွေမှာ သင်္ဘောပျက်အာရဗ်တွေနဲ့ အိမ်ထောင်ပြု တာရော၊ အိမ်ထောင်မပြုဘဲ ယုံကြည်မှုကူးပြောင်းတာ တွေကြောင့်ရော အစ္စလာမ်ဘာသာ ၀င်တွေဖြစ် လာကြ တယ်။ တဖြည်း ဖြည်း လူဦးရေတိုးပွားလာကြတယ်။ ငါ့တူတို့ရောက်ခဲ့တဲ့ ကျောက်ထရံရွာမှာ လွန်ခဲ့တဲ့ နှစ် ၈၀၀ လောက်က ဆောက်ခဲ့တဲ့ ပလီချေ(ပလီအသေး)နဲ့ နှစ် ၇၀၀ လောက်က ဆောက်ခဲ့တဲ့ ဗလီကြီးဆိုတာ အထင် အ ရှားရှိတယ်။ ငါ့တူတို့ မရောက်ခဲ့ဘူးထင်တယ်။ ကျောက်နီမော်ဆိုတာ မူလ ကျောက်ထရံရွာသားတွေ လာပြီး ပိုက် စခန်းချရာကနောက်ပိုင်းမှာ ရွာအတည်တကျ ဖြစ်လာတာ။ အဲဒီမှာလည်း လွန်ခဲ့တဲ့ နှစ် ၄၀၀ လောက်က ဆောက် ခဲ့တဲ့ မကျီးတောဗလီဆိုတာ ရှိတယ်။ သူတို့ပြောတဲ့စကားမှာ အာရဗီ၊ ဟင်ဒီ၊ အူရဒူ၊ ရခိုင်၊ ဘင်္ဂါလီ၊ အင်္ဂလိပ် စ တဲ့ဘာသာ စကား တော်တော်များများရောနေတာ တွေ့ရမယ်။ ဒါက ဘာသာဗေဒဆိုင်ရာ ကျွမ်း ကျင်သူ ပညာရှင် တွေ သုတေသနလုပ်ပြီးမှ အဖြေထုတ်နိုင်မဲ့ ကိစ္စပါ။ ကိုယ်နားမလည်တဲ့ ဘာသာစကား တစ် ခုကို ပြောတိုင်း ဘင်္ဂါ လီစကားပါလို့ လိုရာဆွဲပြောလို့မရဘူး။

လာတုန်းက နည်းနည်းလေး အခုအများကြီးဖြစ်နေတယ်လို့ ကောက်ချက်ချတာဟာ တော်တော် ဉာဏ်ပညာ မရှိတဲ့ ကောက်ချက်မျိုးလို့ ပြောချင်တယ်။ နှစ်ပေါင်းထောင်ကျော် သက်တမ်းရှိတဲ့ လူတစ်စုမပြောနဲ့ လူတစ် ယောက်က တောင် သားစဉ်မြေးဆက်ထူထောင်ရင် ရွာတစ်ရွာဖြစ်နိုင်တယ်ဆိုတာ သာမန်ဉာဏ် နဲ့တွေးကြည့် ရင် တောင်သိနိုင် တဲ့ကိစ္စပါ။ နောက်ပြီး ငါးဖမ်းလှေထဲမှာ လူပိုတွေ ပါလားမပါလား ဘယ်သူသိနိုင်မှာ လဲဆိုတဲ့စ ကားက အခြေ အနေ မှန် ကို မသိဘူးဆိုတာ ၀န်ခံရာရောက်နေပါတယ်။ ကျောက်နီမော်က ပင်လယ်ကို ငါးဖမ်း ထွက်မဲ့ စက်လှေတစ်စီး မှာပါတဲ့ လူအားလုံး (၁) ဓာတ်ပုံကိုကပ်ပြီး ပုံစံဖြည့်ရတယ် ပြီးတော့ (၂) ရယက (၃) လ-၀-က (ပိတ်ဆို့ရေး) (၄) စ-ရ-ဖ (၅) ရဲစခန်း (၆) ရေလုပ်ငန်းဦးစီး ဆိုတဲ့ ထောက်ခံချက် အဆင့်ဆင့်ကို စရိတ် အကုန်ခံရယူပြီးမှ စက်လှေ ကိုပါစစ်ဆေးပြီး ပင်လယ်ကို ထွက်ခွင့်ရတယ်။ ပြန်ရောက်ရင်လည်း ကမ်းကို မကပ် ခင်မှာ သက်ဆိုင်ရာ ပိတ်ဆို့ ရေးအဖွဲ့တွေ က လှေပေါ်အရောက် စစ်ဆေးပြီးမှ ကမ်းကပ်ခွင့်ရ တာပါ။ ဒါတွေ လုပ် လို့ ဘယ်လိုစရိတ်တွေ ကုန် နိုင်တယ်ဆိုတာ ငါ့တူ ခန့်မှန်းကြည့်ပေါ့။ ဒီလိုချုပ်ကိုင်မှုတွေကြားမှာ အသက် မွေး၀မ်းကျောင်း နေတဲ့ တံငါသည် တွေက ဘာအကြောင်းကြောင့် လူပိုတွေကို ခေါ်လာမှာလဲ။ ပြီးတော့ ဘင်္ဂ လား ဒေ့ရ်ှကလူတွေကရော ဒီလိုတံငါ ရွာ ကို ဘာမျှော်လင့်ချက်ရှိလို့ လာကြမှာလဲ။ ငါတူ စေ့စေ့တွေးကြည့်ပါ။ မ-ဆ-လ ခေတ်နဲ့ ဒီဘက်ပိုင်းမှာ ဖွတ်ကျော ပြာ စုနေတဲ့ ရခိုင်ပြည်နယ် ကို ဘယ်ဘင်္ဂါလီမှမလာဘူး။ ချမ်းသာတဲ့ အာဆီယံနိုင်ငံ၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေ ဆီကိုသာ သွားကြမှာပေါ့။ ဒါကိုသိတဲ့ သမ္မတကြီးဦးသိန်း စိန်က တောင် နောက်ပိုင်းမှာ ၀င်လာတဲ့သူ မရှိသလောက် ပါလို့ ပြောနေပြီလေ။

ဦးရဲ့စကားကို ပြန်ကောက်ရရင် ဒီကျောက်ထရံ၊ ကျောက်နီမော်သားတွေဟာ အစ္စလာမ် ဘာသာ၀င်တွေဖြစ်လာ ကြပေမဲ့ သူတို့ရဲ့မူလဇစ်မြစ်ဖြစ်တဲ့ ဟိန္ဒူယဉ်ကျေးမှုတချို့ဟာ အခုထိ ကျန်နေပါသေးတယ်။ ဒီယဉ်ကျေးမှု ဓ လေ့ စရိုက်တွေ ပပျောက်ဖို့နဲ့ ပြည်ထောင်စုစိတ်ဓာတ်၊ မြန်မာ့ယဉ်ကျေးမှုတွေထွန်းကားဖို့ အစ္စလာမ်သာသနာ့ ဘောင် အတွင်းက တိုင်းရင်းသားပီသအောင် နေထိုင်ဖို့ တိုက်တွန်းနှိုးဆော်သူတွေဟာ ဒီရွာမှာ ပေါ်ပေါက်ခဲ့ ဖူး ပါတယ်။

ဦးအနေနဲ့ ဒီစာကို ရေးရတဲ့အကြောင်းရင်းဟာ ဒီကိစ္စကြောင့်ပဲ။ ငါ့တူရောက်ခဲ့တဲ့ ကျောက်နီမော်ရွာက မင်္ဂလာ တောင်ပေါ်မှာ အုတ်ဂူဗိမာန်တစ်ခုရှိတယ်။ ဒီအုတ်ဂူဟာ ဦးရဲ့ဥပဇ္ဈာယ်ဆရာဖြစ်သူ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက် ဆစ် ဆန့်ကျင်ရေးသမား သခင်ဇွာ ခေါ် ဆရာကြီးဦးနဇွာမွဒ္ဒင်ရဲ့အုတ်ဂူပါပဲ။ သူ့ကို အစ္စလာမ်ဘာသာရဲ့ သူ တော် စင် တစ်ဦးလို့ ယုံကြည်ကြပါတယ်။ သူဟာ အင်္ဂလိပ်နယ်ချဲ့နဲ့ ဂျပန်ခေတ်တွေမှာ ရွှေဘို၊ ကန့်ဘဘူ၊ ဘုံးအိုးစ တဲ့ ဒေသ တွေမှာ ပညာသင်ရင်းနဲ့ အမျိုးသားလွတ်မြောက်ရေး၊ နယ်ချဲ့နဲ့ဖက်ဆစ် ဆန့်ကျင်ရေးတွေကို ဆရာချယ် (နိုင်ငံ့ ဂုဏ်ရည်ပထမဆင့်) (၁၉၉၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်အဖွဲ့၀င်)၊ အခု အ သက် ၉၈ နှစ်ရှိပြီဖြစ်တဲ့ သခင်မင်းညို (ဗန်းမော်)၊ အာဇာနည်ဆရာကြီးဦးရာဇတ် စတဲ့ပုဂ်္ဂိုလ်ကြီး တွေ နဲ့အတူ ဆောင်ရွက် ခဲ့သူဖြစ်တယ်။ ဂျပန်ခေတ် ဘုံးအိုးရွာသားတွေနဲ့ B.I.A တပ်ကြားမှာ သဘောထားကွဲလွဲတဲ့ ကိစ္စကို ဆရာကြီး ဦးရာ ဇတ်နဲ့အတူ ညှိနှိုင်း ဖြေရှင်းပေးခဲ့သူပါ။ (သခင်တင်မြရဲ့ ဘုံဘ၀မှာဖြင့်ကိုကြည့်) ဒီဆ ရာကြီး ဟာ လွတ်လပ် ရေးရ အပြီးမှာ ရခိုင်ကိုပြန်လာပြီး ကျောက်နီမော်ရွာမှာ ““ဟေမာယတွလ် အစ္စလာမ်”” ခေါ်တဲ့ အစ္စလာမ့်အကျိုးဆောင် အဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းပြီး တိုင်းတစ်ပါးသြဇာကင်းရေး၊ ဘာသာရေးအယူသီးမှုတွေ ပ ပျောက်ရေး၊ ဆင်းရဲသားများ ကောင်းစားရေး၊ အမျိုးသမီးများ ဘဝြမှင့်တင်ရေး၊ အစ္စလာမ်ဘာသာ ရေးနဲ့ အတူ ခေတ်ပညာကိုပါ သင်ယူရေး၊ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ရေးစတာတွေကို အမြော်အမြင် ကြီး စွာနဲ့ လှုံ့ဆော်တိုက်တွန်း သင် ကြားပေးခဲ့တယ်။

ကျောက်နီမော်ရွာသား လူငယ်တချို့ကို သူအခြေစိုက်ရာ သံတွဲကိုခေါ်သွားပြီး ဘာသာရေးရော ခေတ်ပညာ ကျောင်း မှာပါ ပညာသင်ကြားပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒီလူငယ် တွေထဲက တက္ကသိုလ်ဘွဲ့ရ၊ ဆရာ၀န်၊ အင် ဂျင်နီယာ၊ ကျောင်းဆရာ၊ ရှေ့နေ စတဲ့ နိုင်ငံ့၀န်ထမ်း ရော ၀န်ထမ်းမဟုတ်သူတွေပါ အမြောက်အမြား ပေါ်ပေါက် ခဲ့ တယ်။ ဒီဆရာကြီးရဲ့တပည့်တွေ ဟာ ခုချိန်ထိ အနယ်နယ်အရပ်ရပ်သာမက တစ်ကမ္ဘာလုံး နိုင်ငံအတော်များ များကို ရောက်ရှိ ပြီး ပညာသင်ကြားနေကြတယ်။ ဦးကိုယ်တိုင်က တောင်ငူ၊ ပုသိမ်၊ သံတွဲ အဆက်ဆိုပေမဲ့ ဒီ ဆ ရာကြီးနဲ့ ဆုံစည်းခွင့်ရခဲ့လို့ သူ့အကြောင်း၊ သူ့ရွာ ကျောက်နီမော်အကြောင်းကို ၁၉၆၇ လောက်ကစပြီး ခုချိန် အ ထိ ကောင်းကောင်းသိတယ်။ ဒါပေမဲ့ ရခိုင်နယ်က အစ္စလာမ်ဘာသာရေး အယူသီးသမား ရှေးရိုးစွဲဝါဒီတချို့ က တော့ ဒီဆရာကြီးရဲ့သွန်သင်ချက်တွေကို မိစ္ဆာအယူ အဆတွေဆိုပြီး လက်မခံကြဘူး။ ဒါကြောင့်လည်း ခုနောက် ပိုင်းမှာ သမ္မတကြီးဦးသိန်းစိန်က ဒီအစ္စလာမ် ဘာသာ၀င်တွေဟာ ခေတ်ပညာမတတ်၊ ပတ်၀န်းကျင်နဲ့ ဆက်ဆံ ရေးမရှိတဲ့အတွက် ပတ်၀န်းကျင်နဲ့ သဟဇာတဖြစ်အောင် မနေတတ်ဘူးလို့ ကောက်ချက်ချပြီး ပညာမျက်စိဖွင့် ပေးရမယ်လို့ ပြောတာကို ကျောက်နီမော်ရွာက ဒီဆရာကြီးရဲ့ တပည့်တွေအနေနဲ့ လှိုက်လှိုက် လှဲလှဲ ကြိုဆိုကြ ပါတယ်။ ဒါဟာ အနှစ်နှစ်အလလက သူတို့မျှော်လင့်နေတဲ့ ပညာရေးပန်းတိုင် ဖြစ်နေလို့ပါပဲ။

ငါ့တူတို့ထူထောင်ချင်တဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာကိုလည်း ကြိုဆိုပါတယ်။ ဒါကြောင့် ဦးအနေနဲ့လည်း ပွင့် ပွင့် လင်းလင်းပဲပြောချင်ပါတယ်။ ကျောက်နီမော်ကလူတွေဟာ ဘင်္ဂါလီ တွေမဟုတ်ဘူး။ ဝေသာလီအဆက် တွေ လို့ ပြောခဲ့ပြီးပြီ။ ငါ့တူပြောသလို သူတို့ကို ဘာကြောင့် ကမန်ထဲမှာ ထည့်ရတယ်ဆိုတာ အခုပြောမယ်။ အမှန်က ဒီလူတွေဟာ ကမန်တွေရဲ့ဘိုးအေ တွေလို့ ပြောလို့ရတယ်။ ကမန်ဆိုတာ AD (၁၆)နဲ့ (၁၇)ရာစုကျမှ ရခိုင်ကို ရောက် တာ သူတို့က (၇)ရာစုကတည်းက ရှိနေခဲ့တာ။ ၁၉၄၉ ခုနှစ် နိုင်ငံသားမှတ်ပုံတင်ဥပဒေအရ ၁၉၅၇ ခုနှစ် မှာ မှတ်ပုံတင်ကတ်ပြားတွေ ထုတ်ပေးစဉ်က ကျောက်နီမော် ရွာသားတွေကို ရခိုင်လူမျိုး၊ အစ္စလာမ် ဘာသာ၀င် တွေအဖြစ် မှတ်ပုံတင်၊ သန်းခေါင် စာရင်းတွေမှာ ဖော်ပြခဲ့ကြတယ်။ ဒါပေမဲ့ ၁၉၈၂ ခုနှစ် ဦးနေ၀င်းရဲ့ မြန်မာနိုင်ငံ သားဥပဒေ ထွက်လာပြီးနောက်ပိုင်းမှာ ရခိုင်မှန်ရင် ဗုဒ္ဓဘာသာ ပဲရှိတယ်၊ ရခိုင်လူမျိုး၊ အစ္စလာမ်ဘာ သာဆို တာ မရှိဘူးဆိုပြီး ကမ္ဘာမှာမရှိတဲ့ပြဋ္ဌာန်းချက်ကို ရခိုင်ခေါင်းဆောင်တွေက ပြောလာကြတယ်။ ဒါကြောင့် အဲဒီဥပဒေမှာ သတ်မှတ်ထားတဲ့ ၁၈၂၄ ခုနှစ်မတိုင်မီ ရခိုင်ပြည်ကို ရောက်နေတဲ့ အာရဗ်အနွယ်၊ ပါရှန်းအနွယ် တွေ ဟာ ကမန် တိုင်းရင်းသား တွေသာဖြစ်တယ်လို့ လ-၀-က ကသတ်မှတ်ပြီး၊ နောက်ပိုင်းထုတ်ပေးတဲ့ နိုင်ငံ သား စိစစ်ရေး ကတ် တွေမှာ ကျောက်နီမော်ရွာသားတွေဟာ ကမန်တွေအဖြစ် ဖော်ပြခြင်း ခံရတယ်။ ဒါဟာ တကယ်တော့ လ-၀-က ရဲ့အမှားလို့လည်း မဆိုနိုင်ဘူး။ ““ရခိုင်အစ္စလာမ်ဆိုတာ မရှိဘူး”” လို့ ဇွတ်ငြင်းနေတဲ့ လူတွေမှာသာ တာ၀န်ရှိတာပါ။

ဝေသာလီသမိုင်းကို ပြန်ဆက်ရရင် အိန်္ဒိယတိုက်က အင်ဒိုအာရိယန်အင်ပါယာနဲ့ ယဉ် ကျေးမှုဟာ B.C (၆)ရာ စု နဲ့ (၃)ရာစုအတွင်းမှာ မလေးကျွန်းဆွယ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းစတဲ့ အရှေ့ဖျား ဒေသ တွေ အထိ ပျံ့နှံ့ခဲ့တယ်။ ကမ္ဘောဒီးယားက အန်ကာ၀ပ်၊ အင်ဒိုနီးရှားက ဗောရောဗုဒ္ဓေါ စတဲ့ ဘာသာရေး အ ဆောက် အဦတွေနဲ့ ကာလီ မန်တန်ကျွန်း၊ ဆာရာ၀ပ်ကျွန်းစတဲ့ ဟိန္ဒူဘာသာရေး နွယ်တဲ့နေရာတွေက ဒါကို သက်သေခံ နေပါတယ်။ ဒီဟိန္ဒူ ယဉ်ကျေးမှုအင်ပါယာဟာ ဒီလို ဝေးဝေးလံလံအထိ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုး ခဲ့ ပါလျက် လက်တစ်ကမ်းမှာရှိတဲ့ ရခိုင်ဒေသကို ချန်လှပ်ထားခဲ့ပါ့မလား။ ငါ့တူ စဉ်းစား ကြည့်ပေါ့။

ဦးစံရွှေဘု ရေးတဲ့Legand of the family Aryans Settlement of Arakan YBRS (1921) Vol II Pg(2) မှာ ဓာလု ဝေဒနဲ့ ဗေလုဝေဒဟာ ညီနောင်တစ်ကျိပ်နဲ့အတူ အိန်္ဒိယမြောက်ပိုင်းကထွက်လာပြီး ရခိုင်တောင်တန်းဒေ သ တောင်ပိုင်းကို ဆင်းလာကာ ဒွါရာ၀တီမည်သော သံတွဲမြို့ကိုတည်၏။ သို့ဖြစ်၍ ရခိုင်ပြည် ရှေးဦးအစလူမျိုး တို့ သည် ဒေသခံလူရိုင်းတို့အား နှိမ်နင်းအခြေချသော အင်ဒိုအာရိယန်များ သာဖြစ်သည်။ (မွန်ဂိုလွိုက်များမဟုတ်)လို့ ရေးထား သလို။

EB. Havell &JU The History of Aryan Rule in India စာအုပ် စာမျက်နှာ(၃၄) မှာ အရိယန်များသည် ယခု ခေတ် အဂ္ဂရာနှင့်အုဒ်တွင်ရှိသော မဇ္ဈိမဒေသတွင် ပျံ့နှံ့စွာ နေထိုင် ခဲ့သည်သာမက ယင်းတို့သည် ဂင်္ဂါမြစ် ဝှမ်း ဒေသ ဘင်္ဂလားနယ် အထိ ပျံ့နှံ့သည်လို့ ဖော်ပြထား တာတွေ့ရတယ်။

ရှည်ရှည်ဝေးဝေး မပြောလိုပေမဲ့ ဆက်စပ်လို့ရအောင် သမိုင်းမှတ်ချက်တချို့ကို ပြောပြ ချင်တယ်။ ဘိုးတော်ဘု ရား ရခိုင်ကိုသိမ်းပြီးနောက် ရမ္မာ၀တီ(ရမ်းဗြဲ)ကို အုပ်ချုပ်ဖို့ အစ္စလာမ် ဘာသာ၀င် ဆရာတော်ကြီးဦးနု (သံတော် ဦး တင်လွှာကျမ်းနဲ့ ဘင်္ဂလားသွားမှတ်တမ်းကို ရေးခဲ့သူ ရွှေတောင်သာဂသူဘွဲ့ရပုဂ်္ဂိုလ်)ကို ပြန်တမ်းနဲ့ခန့် အပ် ခဲ့ပြီး ရမ်းဗြဲကျွန်းမှာရှိတဲ့ အစ္စလာမ်ဘာသာ၀င် ပသီများ(ကမန်မဟုတ်)ဟာ အာဗျစ်သဟိုသိန်္နီသခင်ကြီးနဲ့လက် ထောက် တပည့်တွေရဲ့ဆုံးဖြတ်ချက်ကို ဘာသာရေးအရ လက်ခံလိုက်နာရမယ်လို့လည်း တရား၀င်ပြန်တမ်း ထုတ် ခဲ့တယ်။ ဒါကိုကြည့်ရင် ရမ်းဗြဲကျွန်းမှာ ရခိုင်မွတ်စလင်မ်တွေ အဲဒီအချိန်မှာရှိနှင့်ပြီး ဆိုတာ သိသာပါတယ်။
ရခိုင်ဘုရင် မင်းရာဇာကြီးက သူ့ရဲ့အင်အားကောင်းလှတဲ့ရေတပ်နဲ့ တောင်ငူ၊ ဟံသာ၀တီ (ပဲခူး)ကို တိုက်တဲ့ အခါ က ကုလားစစ်သားလေးသောင်းပါတယ်လို့ သမိုင်းမှတ်တမ်းတွေမှာ တွေ့ရတယ်။ အဲဒီရေတပ်အတွက် အမှုထမ်း ဖို့ ရမ်းဗြဲ၊ ကျောက်နီမော်က အစ္စလာမ်ဘာသာ၀င် တွေ ဆင့်ခေါ်တာခံခဲ့ရတယ်။

နောက်တစ်ချက်ပြောချင်တာက ပုဂံခေတ် အလောင်းစည်သူမင်းရဲ့သားတော် နရသူကို ဝေသာလီကုလားတွေက လုပ်ကြံလို့ကျဆုံးခဲ့တဲ့အတွက် သူ့ကို ကုလားကျမင်းလို့ မှတ်တမ်းတင် ခဲ့တယ်။ ဒီတော့ ဝေသာလီဟာ ရခိုင်မ ဟုတ် ဘူး၊ ကုလားတွေဆိုတာ ထင်ရှားတယ်။ အဲဒီခေတ် ရခိုင်မှာရှိတဲ့ ဝေသာလီဗုဒ္ဓဘာသာတွေ ဟာလည်း ကု လား ပဲ။ ဟိန္ဒူဝေသာလီတွေလည်း ကုလား ပဲ။ အဲဒီဝေသာလီတွေပြောတဲ့ အင်ဒိုအာရိယန်စကားကို သက်၊ ဒိုင်း နက်၊ မရ မာကြီးအားလုံး ပြောကြတယ်။ ဒီစကားကိုပဲ ကျောက်နီမော်၊ မြေပုံ၊ ကျောက်တော်၊ မြောက်ဦး၊ မြောင်း ဗွေ၊ မင်းပြား စတဲ့ဒေသတွေက တံငါဇာတ်၀င်တွေ၊ လယ်သမားဇာတ်၀င်တွေ၊ ကုန်သည်ဇာတ်၀င် တွေ အားလုံး ဒီစကားပဲပြော ကြတယ်။ အထက်ပိုင်းကိုရောက်ရင် နည်းနည်းပဲကွဲသွားတယ်။ အခု ဘင်္ဂလား ဒေ့ရ်ှလို့ ခေါ်တဲ့ တိုင်းပြည်ရဲ့ စစ် တ ကောင်း တောင်တန်းတွေမှာလည်း ဒီလူမျိုးတွေ အားလုံးရှိတယ်။ ဒီစကားမျိုးကိုပဲ ပြောကြ တယ်။ ဒီတော့ စကား တစ်ခုတည်းကို ပြောတာချင်း အတူတူ ဗုဒ္ဓဘာသာ၀င်ကုလားတွေကိုတော့ တိုင်း ရင်းသား စာရင်းမှာ သွင်းပြီး အစ္စ လာမ် ဘာသာ၀င်တွေကျမှ ဘင်္ဂါလီလို့ သတ်မှတ်မယ်ဆိုရင် ဓမ္မဓိဋ္ဌာန်ကျ မကျ၊ ဒီနေ့ ကမ္ဘာက လက်ခံထားတဲ့ စံ ပေတံတွေနဲ့ ကိုက်ညီမှုရှိမရှိ စေ့စေ့တွေးကြည့်စေချင်တယ်။

အဲဒီလို သမိုင်းကြောင်းရဲ့ ဖြစ်ရပ်အမှန်တွေကို ဖော်ထုတ်ခဲ့တဲ့ ဆရာကြီး ဒေါက်တာသန်းထွန်းတို့၊ ဆရာမကြီး ဒေါ် ကြန်တို့ကို ယုတ်ယုတ်မာမာ ဆဲရေးတိုင်းထွာရှုတ်ချပြီး နဂါးတွေ၊ ဂဠုန်တွေ၊ ဘီလူးတွေ၊ တိရစ္ဆာန်တွေနဲ့ ဆက်နွယ် နေတဲ့ ဒဏ္ဍာရီပုံပြင်တွေကိုတော့ သမိုင်းပါလို့ ဇွတ်အတင်းပြောပြီး လူအုပ်စုတစ်စုကို ဝိုင်းပြီးဖိနှိပ်နေ တဲ့ လူတွေကို ဒီမိုကရေစီသမားတွေ၊ လူ့အခွင့်အရေးသမားတွေလို့ ယုံကြည်ရမှာလား။ ဗမာနဲ့ ရခိုင်ဆိုတာ ““ကြက်””နဲ့ ““က ရက်”” လောက်ပဲကွာတာကို ရခိုင်ကျတော့ လူမျိုးတစ်မျိုး၊ ပြည်နယ်တစ်နယ်၊ ထီးတစ်စင်း၊ ဓားတစ်လက် တောင်း နေပြီး ဘင်္ဂါလီနဲ့ ၅၀% လောက် စကားလုံးမတူတဲ့ ဝေသာလီနွယ်တွေ ကိုတော့ စကားတူ တယ်၊ ရုပ်ဆင်တယ်လို့ ကျားကျားမီးယပ် ဘင်္ဂါလီလုပ်နေတာကို ကမ္ဘာကတော့ လက်ခံမှာ မဟုတ်ဘူး။

တရုတ်စကားပုံမှာ စစ်နိုင်သူ ဘုရင်ဖြစ်ပြီး စစ်ရှုံးသူ ဓားပြဖြစ်တယ်လို့ ဆိုရိုးစကားရှိတယ်။ နိုင်ငံရေး၊ စစ်ရေး၊ လူမှု ရေး၊ ဘာသာရေး အဘက်ဘက်က အထက်စီးရနေတဲ့အုပ်စုက အားနည်း တဲ့အုပ်စုရဲ့ သမိုင်းကြောင်းကို ပြောင်း ပြန်လှန် ဖျက်ဆီးပြီး သမိုင်းအထောက်အထားတွေကို ပါ ဖျောက်ဖျက်ခဲ့တယ်။ န၀တလက်ထက်မှာ အ နောက်ပိုင်း တိုင်းမှူး၀င်းမြင့် (နောင် အတွင်း ရေးမှူး(၃)ဖြစ်ခဲ့သူ)ရဲ့ အမိန့်နဲ့ မြောက်ဦးက သမိုင်း၀င် စန်ဒီ ခန် ဗလီကြီးကို ဖျက် ဆီးခဲ့သလိုမျိုး ပေါ့။ သမိုင်းအထောက်အထားတွေ အခိုင်အမာပြလာတာကို လက်မခံချင်တော့ ၁၉၈၂ခု နိုင်ငံသား ဥပဒေမှာပါတဲ့ ၁၈၂၄ခု မတိုင်မီ ရှိနေတဲ့ လူမျိုးတွေဟာ တိုင်းရင်းသားပါလို့ အတိအလင်း ပြဌာန်းထား ပါလျက်နဲ့ အခုတော့ ကိုယ်ချည်ခဲ့တဲ့ကြိုးကို ကိုယ်ပြန်ပြီး ဖြည်ချင်နေ ကြပြန်ပြီလေ။ ဦးနေ၀င်း လုပ်ခဲ့တဲ့ အရှုပ်ထုပ်ကို လက် ခံ မယ်ဆိုရင် ပီပီသသ အားလုံးလက်ခံပေါ့။ လက်မခံချင်ရင် ဥပဒေတစ်ခုလုံးကို ဖျက်လိုက်ပေါ့။ လက်ခံချင် တဲ့အ ပိုင်းကို ကွက်ပြီးလက်ခံ၊ ကျန်တဲ့အပိုင်းကို ခေါက်ထား၊ ဒါဆိုရင်တော့ ဘယ် တရားပါ့မလဲ။

ဒီမှာငါ့တူ၊ လူမျိုးရေးစိတ်ဓာတ်ထက် ပြည်ထောင်စုစိတ်ဓာတ်က ပိုပြီးအရေးကြီးပါတယ်။ ဆရာကြီးဦးရာဇတ်က တော့ ကိုယ့်မွေးမြေကို ဒါတို့ပြည်၊ ဒါတို့မြေလို့ မဆိုနိုင်သူဟာ အသက်ရှင်လျက် ဝိညာဉ်မဲ့နေသူပဲလို့ မှာခဲ့တယ်။ ဒီတော့ တို့ဘာလုပ်ရမှာလဲ။

အခုရှိနေတဲ့ ရခိုင်ဆိုတာ A.D(၉)ရာစုမှာမှ ၀င်လာတဲ့ တိဘက်တိုဘာမင် (မွန်ဂိုလွိုက်) တွေက ဟိန္ဒူဝေသာလီ သ မိုင်းကို ၀င်ကစွပ်လုပ်ပြီး ဗမာ့သမိုင်းထက် ရှေးကျသလိုလို၊ ဗမာထက် အရင် ဗုဒ္ဓဘာသာဖြစ်သလိုလို သမိုင်း အတု နဲ့ လှည့်စားတာကို ကမ္ဘာ့အရှေ့ဖျားသမိုင်း၊ အိန်္ဒိယ သမိုင်း၊ အနောက်နိုင်ငံသမိုင်း၊ အာရဗ်သမိုင်းမှတ် တမ်း တွေ နဲ့ ယှဉ်ကြည့်ရင် အမှန်တရားကို သိနိုင်ပါတယ်။ မြန်မာ့သမိုင်းပညာရှင်တွေထဲက အမှန်တရား ဖော် ထုတ်သူ တွေ က လည်း လက်ခံ ကြပါတယ်။ ဒီပညာရှင်တွကိုကျတော့ ကလော်ဆဲနေကြတာဟာလည်း လူယဉ် ကျေးတွေရဲ့စ ရိုက်တော့ မဟုတ်ဘူးနော်။ ရခိုင်လူမျိုးထဲက သမိုင်းပညာရှင်ဆိုတဲ့ ဒေါက်တာအေးချမ်းကတော့ ဝေသာလီခေတ်နဲ့ လေးမျိုးခေတ် အကူးအပြောင်းကာလတွင် ရခိုင်၌ အလွန်ကြီးမားသော နိုင်ငံရေး၊ လူမှုရေး အပြောင်း အလဲကြီး တစ်ရပ် ပေါ်ပေါက်ခဲ့သည်ရှိမည်-လို့ ခပ်ပေါ့ပေါ့ရေးပေမယ့် ဒါဟာ A.D ၉၅၇ မှာ မွန်ဂိုလီယံ တွေ ဝေသာလီကို သိမ်း၊ ထီးနန်း အသစ်တည်ပြီး အင်ဒို-မွန်ဂို (လက်ရှိရခိုင်) လူမျိုးသစ်ပေါ်ပေါက်လာတာကို ဖုံးတစ်၀က် ဖော်တစ် ၀က် ၀န်ခံတာပဲ ဖြစ်ပါတယ်။

ဦးအနေနဲ့ တခြားလူမျိုးရေးကိစ္စတွေကို မပြောချင်ပေမယ့် သမိုင်းချင်းကဆက်နေလို့ ပြောရတာပါ။ ဦးအဓိက ရေး ချင်တာက ကျောက်နီမော်ကိစ္စ၊ အဲဒီဒေသခံ ဝေသာလီတွေထဲက မျိုးရိုးစဉ်ဆက်ဇယားတချို့ကို အခုစာနဲ့ အတူ ပူး တွဲပြီး ထည့်ပေးလိုက်ပါတယ်။ မဆလခေတ် နှောင်းပိုင်းမှာ ရခိုင်ပြည်နယ်ရဲ့ ထိပ်ပိုင်းအာဏာ ရှိသူ တချို့ဟာ ဘင်္ဂ လားဒေ့ရ်ှက ၀င်လာသူတွေ ပါ၀င်တယ်။ သူတို့ကတစ်ဆင့် မကင်းရာမကင်းကြောင်း လူတွေကို လည်း တသော သောနဲ့ ခေါ်သွင်းခဲ့တယ်။ အခု ဦးတင်ပြတဲ့ မျိုးရိုးစဉ်ဆက်ဇယားမျိုးကို အဲဒီလူတွေပြရဲပါ့မလား။

လက်ရှိအခြေအနေမှာ အသံကောင်းဟစ်နေကြတဲ့ ရခိုင်ခေါင်းဆောင်ဆိုတဲ့လူတွေရော လွတ်ကြ ရဲ့လား။ ရခိုင် မှာ လူ၀င်မှုကိုစစ်ရင် ဘက်မလိုက်စတမ်း စစ်ကြည့်စမ်းပါ။ မဆလခေတ်မှာ ရခိုင်မှာ အာဏာရှိပြီး အခွင့်ထူးရနေ တာ က အ၀ကျွန်း၊ ဘင်္ဂလားဒေ့ရ်ှက၀င်လာတဲ့ ““မောက်”” ရခိုင်တွေနဲ့ သူတို့ရဲ့ ““ခရိုနီ””တွေပါ။ အခြားတစ် ဖက်မှာအစ္စ လာမ် ဘာသာ၀င်တွေက အနေကြပ်၊ အသေကြပ်နဲ့ ပြားပြား၀ပ်နေကြရတယ်။

ဒီလိုအခြေအနေမျိုးမှာ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတွေ ရှိတဲ့ ဘင်္ဂလားဒေ့ရ်ှကိုစွန့်ပြီး ဘယ်ကုလားမှ ရခိုင်ကို ၀င်မလာဘူး။ သူတို့ထက် ပိုပြီးချမ်း သာ တဲ့ ဆော်ဒီ၊ မလေးရှား၊ ပါကစ္စတန်နဲ့ အနောက်နိုင်ငံတွေကိုပဲ သွားကြ မှာ ပေါ့။ တကယ်၀င်နေတာက ရခိုင်ဗုဒ္ဓ ဘာသာဆိုရင် နိုင်ငံသားလက်မှတ်အပါအ၀င် မြေ၊ ရာထူး၊ ငွေကြေး၊ မိန်းမ ဘာမဆို အလွယ်တကူရနိုင်တဲ့ စစ် တကောင်း ရခိုင်တွေပဲဖြစ်တယ်။ အခုဆိုရင် သမ္မတဦးသိန်းစိန်နဲ့ လ၀ က၀န်ကြီးတို့ အဖြေမှန်ကိုသိသွားပြီ။ အခု နောက်ပိုင်း လ၀က၀န်ကြီး ပြောတာတွေဟာ ကွက်တိမှန်ပါတယ်။

လက်ရှိ အစိုးရသစ်လက်ထက်မှာလည်း ရခိုင်မျိုးချစ်ဆိုသူတချို့က ““ရခိုင်ပြည်သည် ရခိုင်သားများ အတွက် ””ဆို တဲ့ ပြည်ထောင်စုစိတ်ဓာတ်ကင်းပြီး လူမျိုးရေးအစွန်းရောက်တဲ့ ကြွေးကြော်သံနဲ့ တစ်နိုင်ငံလုံးကို ချောက် ကမ်း ပါး ထဲကို ဆွဲခေါ်သွားနေတာကို ငါ့တူတို့ မမြင်ကြတာ ဦး အံ့သြလို့မဆုံးဘူး။ ဒီစကားတွေကို ခြုံပြီးပြောနေ ရတာက ဦး ပြောချင်တဲ့ ကျောက်နီမော်ရွာအကြောင်းနဲ့ ဆက်စပ်နေလို့ပါ။

၁၉၅၇ ခုနှစ် မှတ်ပုံတင်တွေထုတ်ပေးစဉ်က ရခိုင်အစ္စလာမ်နဲ့မှတ်ပုံတင်ရခဲ့သူတွေဟာ ရခိုင်တစ်ပြည်လုံးမှာ သန်း နဲ့ချီပြီး ရှိခဲ့တယ်။ ရခိုင်ဆိုရင် ဗုဒ္ဓဘာသာပဲရှိတယ်၊ အခြားဘာသာ မရှိဘူးလို့ ဇွတ်အတင်းငြင်းတဲ့အတွက် ရခိုင် မွတ်စလင်မ်တွေနဲ့ ကျောက်နီမော်ရွာသားတွေရဲ့ ဇစ်မြစ်ကလည်း ၁၈၂၄ မတိုင်ခင်က ရှိနေတာဆိုတော့ သူတို့အား လုံးကို လ-၀-က က ဘာသာတူတဲ့ ကမန်လူမျိုးထဲမှာ ထည့်လိုက်တာဖြစ်တယ်။ (၇)ရာစု (၈)ရာစုက ရောက်နေတဲ့ ဝေသာလီ ကျောက်နီမော် ရွာသားတွေကို (၁၆)ရာစုမှရောက်တဲ့ ကမန်နဲ့အတူ သတ်မှတ်တာဟာ တကယ်တော့ ကျောက်နီမော်ရွာသားတွေတောင် နာသေးတယ်လို့ ဆိုရမယ်။

ကမန်က အီရန်၊ အိန်္ဒိယ၊ မဂို အနွယ်ဖြစ်တယ်။ ကျောက်နီမော်သားက အာရဗ်အနွယ် ဖြစ်တယ်။ ဘာများ ပိုပြီး ထူးခြားလို့လဲ။ ရခိုင်စကားကို ရခိုင်ကို ပြန်သင်ပေးရလောက်အောင် ပြောနိုင်တယ်။ ဒီတော့ လ၀ကလုပ်တာ မှား တယ်လို့ မဆိုနိုင်ပါဘူး။ ကမန်နဲ့မပေးချင်ရင် ဝေသာလီမွတ်စလင်မ် ဒါမှမဟုတ် ဘိုးတော်ဘုရားပြန်တမ်းမှာ သတ် မှတ်သလို ပသီ အစ္စလာမ်လို့ သတ်မှတ်လိုက်ပေါ့။ ပြောချင်တာက အဲဒီကျောက်နီမော်သားတွေဟာ ရခိုင် နဲ့ ကမန် ထက် ပိုပြီး စောတဲ့ ရှေးဦးဝေသာလီပြည်သား ရခိုင်တွေဆိုတာပါပဲ။ တစ်လင်တစ်မယားစနစ် ကျင့်သုံး တယ်၊ ထိုင် မ သိမ်းအင်္ကျီဒါမှမဟုတ် တိုက်ပုံအင်္ကျီ၀တ်တယ်။ ယောက်ျားတွေက ပုဆိုးရှည်နဲ့ မိန်းမတွေ က ပတ် ထဘီ ၀တ်ကြ တယ်။ အင်္ကျီရှည်တွေ “ဆာရီ”တွေ ဘယ်တုန်းကမှ မ၀တ်ဘူး။ ဆရာ သိန်းဖေမြင့်ရဲ့ စစ်အတွင်း ခရီးသည်စာအုပ် “မြို့ဟောင်းမှ ပလက်၀သို့” အခန်းမှာပါတဲ့ “ဒို့ရခိုင် ၀တ်စုံ”ဆိုတာ သူတို့ရဲ့ ၀တ်စုံပဲ။ ဒါကို စေ့စေ့ကြည့်ပြီး ကျား ကျားမီးယပ် ဘင်္ဂါလီဇာတ်သွင်း နေတာဟာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကြေညာစာ တမ်းပါ Artical (၁၅) နဲ့ ညီရဲ့လား။ လူမျိုးတစ်မျိုးရဲ့ ဖြစ်တည်မှုကို အဓမ္မနည်းနဲ့ နှိပ်ကွပ်တာဟာ ကမ္ဘာ့သမိုင်း မှာ နာဇီ ဟစ်တလာ၊ စပိန် အာဏာရှင် ဖရန်ကို၊ အီတလီက မူဆိုလီနီနဲ့ ခေတ်သစ်ကမ္ဘာမှာ ယူဂိုဆလပ်က ရာဒို ဗန် ကာရာဇစ်တို့၊ မီလိုစီဗစ် တို့လိုလူတွေရဲ့ လုပ်ရပ်မျိုးတွေပါ။ ကျောက်နီမော်က တောင်ပိုင်းသား တချို့ ၀တ် စား ဆင်ယင် နေထိုင်မှုမှာကုလား ပုံပေါက်နေတာက ဘာသာရေးဆရာတွေရဲ့ မမှန်မကန် ပညာပေးမှုကြောင့် ဖြစ် တယ်။ ဒီလို အိန်္ဒိယယဉ်ကျေးမှု ကို အထင်ကြီးသူတွေဟာ ရန်ကုန်နဲ့ အခြားနေရာက မြန်မာမွတ်စလင်မ် တွေထဲမှာလည်း ရှိပါတယ်။ ဒါတွေကို တော့် အချိန်ယူ ပညာပေးပြီး ပပျောက်အောင်လုပ်ရမှာပေါ့။ အခုဆိုရင် သမ္မတပြောတဲ့စကားတွေထဲမှာလည်း ဒီကိစ္စတွေပါလာပြီဖြစ်လို့ မွတ်စလင်မ်တွေဘက်က ဆင်ခြင်ရမဲ့အပိုင်းပါ။

ကျောက်နီမော်ရွာမှာ လက်ရှိ ရပ်ကွက်(၁၁)ခု၊ အိမ်ထောင်စုပေါင်း(၁၀၆၂)စု၊ လူဦးရေ (၅၈၂၈)ဦး ရှိတယ်။ လွတ် လပ်ရေးရပြီး နှစ်ပေါင်း(၆၀)ကျော်အတွင်းမှာ ပြင်ပကဆိုလို့ ဟိန္ဒူ ဘာသာ၀င်တစ်ဦးသာ ၀င်ရောက်ခဲ့ဖူးပြီး အဲဒီ လူဟာ တရား၀င် နိုင်ငံခြားသားအဖြစ် နေထိုင် ခဲ့တယ်။ သူရဲ့မျိုးဆက်တောင် အခုအခါ နိုင်ငံသားတွေ ဖြစ်နေ ကြပြီ။ ဒီလိုအခြေအနေမှာ ကျောက်နီမော်ရွာကိုပဲ ခိုး၀င်တဲ့လူရှိသလိုလို၊ ပိုက်လှေတွေနဲ့ လူမှောင်ခိုသွင်းသလိုလို ပြောတော့ ရယ်စရာကောင်းပါတယ်။ ကျောက်နီမော်တစ်ရွာလုံးကို စစ်ရင်တောင် ဘင်္ဂလားနွယ်တစ်ယောက် မှ မရှိဘူးဆိုတာ ဦး အသက်ကိုလောင်းကြေးထပ်ပြီး ပြောရဲတယ်။ ဒါ ဒီနေ့သွားပြီး နောက်နေ့ ပြောတဲ့ စကားမ ဟုတ် ဘူး။ ၁၉၆၇ ခုနှစ်ကနေ ဒီနေ့ထိ အခေါက်ခေါက်အခါခါ သွားဖူးလို့ ပြောနေတာပါ။

ငါ့လျှာစောင်းထက်တယ်ဆိုပြီး အကုန်လုံးကိုသိတဲ့ပုံနဲ့ လေဖမ်းဒါန်းစီး သမိုင်း ကို အဓမ္မကျင့်သလို မပြော ကောင်း ပါဘူး။ အပြောခံရသူတွေဘ၀နဲ့ရင်းပြီး နစ်နာရတယ်။ အခုအချိန်မှာ ငါ့တူတို့က လူထုမျက်နှာစာရှေ့ကို ရောက် နေ ပြီး မီဒီယာပေါင်းစုံကလည်း စောင့်ကြည့်နေတယ်ဆိုတော့ ငါ့တူတို့လို လူတွေရဲ့ ပြောစကားတစ် ခွန်းဟာ ပြည် သူများစွာရဲ့ ဘဝတွေအပေါ် ထင်ဟပ်စေတယ်ဆိုတာကို နှလုံးသွင်းပြီး ဆင်ခြင်စေချင်တယ်။ သမ္မတ ဦးသိန်းစိန် က နောက်ပိုင်းမှာ၀င်လာတဲ့သူမရှိသလောက်ပါပဲလို့ VOA နဲ့အင်တာဗျူးမှာ ပြောပြီးတဲ့နောက် မှ ငါ့တူက ““ကျွန် တော်တို့ရဲ့ တွေ့ရှိချက်ကလည်း ဒီအတိုင်းပဲ””လို့ ပြောခဲ့တယ် ဆိုတော့ စောစောစီးစီးက ပြောရင် တန်ဖိုးရှိမဲ့ စကား ကို သမ္မတပြောပြီးမှ လိုက်ပြောတဲ့ ငါ့တူရဲ့ နောက်မြီးဆွဲစကားက ဦးသိတဲ့ ကိုကိုကြီး မဟုတ်သလိုဘဲ။

လူ၀င်မှုအကြောင်း တကယ်ပြောရင် ၁၉၆၂ နောက်ပိုင်း တံခါးမရှိ ဓားမရှိ ၀င်လာ ကြီးစိုးနေတဲ့ အ၀ကျွန်းသား ဘ င်္ဂါ လီရခိုင်တွေကို အဓိက စစ်စေချင်တယ်။ ဟိုဘက်ကမ်း ဘင်္ဂလားဒေ့ရ်ှမှာ ရခိုင်တွေ သန်းနဲ့ချီပြီး ရှိသလို ဒိုင်း နက် ၊ သက်၊ မြို ခေါ် ခမွီး၊ မရမာကြီး (ဘရူးဝါး)ဆိုတဲ့လူတွေလည်း အများကြီးရှိတယ်။ သူတို့ထဲက အမျိုး သမီး၀န် ကြီး တစ်ဦးအပါအ၀င် ဘင်္ဂလားဒေ့ရ်ှအစိုးရထဲမှာ ၀န်ကြီး(၃)ဦး ရှိတယ်။ ဘင်္ဂလားဒေ့ရှ် စစ်တပ်မှာ ဗိုလ်ချုပ်တစ် ဦးဟာ ရခိုင်ဖြစ်တယ်။ လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရ်ှသံအမတ်ပင်လျှင် ဒိုင်းနက်လူမျိုး ဗုဒ္ဓဘာသာပါ။ ဒီဘက် ရခိုင်ဘက်မှာ အာဏာနဲ့လုပ်ပိုင်ခွင့်ရှိတဲ့ သူတွေကလည်း ရခိုင်ပဲဆိုတော့ သူတို့သွင်းချင် တဲ့ လူကို သွင်းပြီး သူတို့ပေးချင်တဲ့ ရာထူးနေရာတွေ ပေးနေတာပဲ။ လက်ရှိ နိုင်ငံ့၀န်ထမ်း ရာထူးကြီးကြီးတွေ မှာလည်း အ၀ကျွန်း သား ကုလားရခိုင်တွေ ရှိနေပါတယ်။ သိချင်ရင်တော့ ဖော်ထုတ်ပေးမဲ့သူတွေ ရှိတယ်။

ရခိုင်အားလုံးကို မပြောလိုပေမဲ့ ကုလားဘုရင်ဆီ ခိုလှုံပြီး အကူအညီတောင်းခဲ့တဲ့ နရမိတ်လှ (မင်းစောမွန်)လိုလူ တွေ၊ ရမ်းဗြဲသားကမင်းလုပ်တာကို မကျေနပ်လို့ ဘိုးတော်ဘုရားဆီသွားပြီး သိမ်းပိုက်အုပ်ချုပ်ဖို့ မင်းပန် (မင်း တောင်း)ခဲ့တဲ့ ငသံချေလိုလူတွေက ရခိုင်ပြည်ကို စစ်တလင်း ဖြစ်စေခဲ့သလို အခုလည်း ငါ့တူတို့ကို ဗိုက်အငှားနဲ့ ဓားထိုးခံခိုင်းနေတဲ့ မျိုးချစ်မျက်ကန်း ဟစ်တလာလက်သစ်တွေက ဖြူစင်တဲ့ ငါ့တူတို့ကို အရောင်ဆိုးဖို့ ကြိုးစား နေ ကြပြန်ပြီ။

ဗမာဘုရင်ဘိုးတော်ဘုရားက ရခိုင်ကိုသိမ်းခဲ့လို့ လွတ်လပ်ရေး ဆုံးရှုံးရပါတယ်လို့ ခံယူထားတွေ၊ ရှေ့တင်မှာ တော့ နှုတ်ခမ်းကို ပျားရည်သုတ် မျက်နှာချိုသွေးပြီး နောက်ကွယ်မှာ ““အောက်သား ဗမာတွေ””လို့ ပြောပြီး ဆဲ နေသူတွေ၊ အားမရှိတုန်းမှာ ခေါင်းငုံ့နေပေမဲ့ အားရှိ လာရင် ကမ္ဗောဇသာဒီနန်းတော်ကို မီးရှို့ပြီး သန်လျင်ကို ပေါ် တူဂီငဇင် ကာလက် ၀ကွက်အပ်ခဲ့တဲ့ မျက်ကန်းမျိုးချစ် ဖက်ဆစ်လက်သစ်တွေကို သတိထားပါ ငါ့တူ- ပြည် ထောင်စုကြီး အ ဓွန့် ရှည်ကြာ တည်မြဲစေဖို့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားကြဖို့၊ ကျောသား ရင်သား မခွဲခြားဘဲ လူမျိုး ပေါင်းစုံ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးကြစေဖို့ တိုက်တွန်းရင်း အနာဂတ်လှပမဲ့ အဖက်ဖက် က တိုးတက်သော ဒီမိုကရေစီ အမိနိုင်ငံတော်ကြီးကို တည်ထောင်ကြပါစို့-


ရှစ်လေးလုံး သစ္စာဖြင့်-
ဦးလှ၀င်း (မင်းညိုငယ်-သံတွဲ)
B.A. (Hist), H.G.P., R.L. I, C.B.D.S.
တွဲဖက် အထွေထွေအတွင်းရေးမှူးဟောင်း
အမျိုးသားညီညွတ်ရေး ကွန်ဂရက် (၁၉၉၀)
၂၀၁၂ ခုနှစ်၊ စက်တင်ဘာ(၄)ရက်။ 


ကျမ်းကိုး
၁။ သာသနာရောင်ဝါထွန်းစေဖို့ (၁၉၉၇) ကာကွယ်ရေး၀န်ကြီးဌာန
၂။ ဒေါက်တာသန်းထွန်း – မြောက်ရခိုင် (ကလျာမဂ္ဂဇင်း – ၁၉၉၄၊ သြဂုတ်လ)
၃။ ဆရာဦးဘသန်း၊ ဦးအုန်းမောင် – ကျောင်းသုံးမြန်မာရာဇ၀င်
၄။ Narameik Hla, The Mrauk U King (၁၉၉၈ ခုနှစ် ရခိုင်တန်ဆောင် နှစ်ပတ်လည်မဂ္ဂဇင်း)
၅။ J. Leider – The Ascondence of Mrauk U Dynasty (2003)
၆။ M. Callis – The Land of Great Image
၇။ ဗိုလ်မှူးဘရှင် – မြန်မာနိုင်ငံသမိုင်း (ပြည်သူ့အလင်းပုံနှိပ်တိုက်၊ ရန်ကုန်)
၈။ ဒေါက်တာကျော်သက် – ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်း (ရန်ကုန် အင်း၀စာပေတိုက်)
၉။ ဒေါက်တာသန်းထွန်း – အသစ်မြင်ဗမာ့သမိုင်း (မန္တလေး သုခ၀တီပုံနှိပ်တိုက်- ၁၉၇၅- အလင်းရောင်ပုံနှိပ်တိုက်)
၁၀။ ဘိုးတော်ဘုရား၏ ရာဇသတ်ကြီး ခေါ် အမိန့်တော်ပြန်တမ်းကြီး စတုတ္ထပိုင်း
၁၁။ ကျောက်နီမော်ဒေသခံတို့၏ မျိုးရိုးစဉ်ဆက်ဇယားများ
(အကျယ်ကိုသိလိုပါလျှင် ဦးကျော်မင်း (နိုင်ငံရေးအကျဉ်းသားဟောင်း)ရေး ““ရခိုင်ပြည်၏ တိမ်မြုပ်နေသောသမိုင်းအခန်းကဏ္ဍ တစေ့တစောင်း”” စာအုပ်နှင့် အင်တာနက်ဆောင်းပါးများ တွင် လေ့လာပါ။)



Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */