" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, April 20, 2022

ရင်ရင်နွယ်(သို့မဟုတ်)မင်းအောင်လှိုင်ကိုကြိုးဆွဲကနေသူ

ရင်ရင်နွယ်(သို့မဟုတ်)မင်းအောင်လှိုင်ကိုကြိုးဆွဲကနေသူ


အပိုင်း(၁)


၁။ အကြမ်းဖက် ဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အာဏာတည်မြဲရေးအတွက် နောက် ကွယ်က ဒေါက် တိုင် တွေထဲကတစ်ခုအဖြစ် အဓိက ပံ့ပိုးပေးသူတစ်ဦးမှာ "ယခင်အာဏာရှင်ဟောင်း ဦးနေဝင်း၏ချွေးမ ဒေါ် ရင် ရင် နွယ်" ဖြစ်ပါတယ်။ အသက်(၇၀)အရွယ် ဦးနေဝင်း၏သား ဖြိုးဝေ ဝင်းရဲ့ ဇနီးဖြစ်သူ ဒေါ် ရင်ရင်နွယ်ဟာ ကျိုင်း တုံ စော်ဘွား စပ်ဆိုင်ခွန်ရဲ့သမီးဖြစ်ပါတယ်။ ကောက်ကျစ်တဲ့မျက်လုံး တစ်စုံပိုင်ဆိုင်ထားတဲ့ ဒေါ် ရင်ရင် နွယ်ဟာ ငယ် စဉ်ကတည်းက ရည်မှန်းချက်ကြီးသူဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်က ဘူမိဗေဒဘွဲ့ရခဲ့တဲ့ သူမ ဟာ မဆလခေတ် ဦးနေဝင်းလက်ထက်မှာ နိုင်ငံတကာထွက်ခွာခွင့်ရဖို့အတွက် ဦးနေဝင်းရဲ့သားဖြစ်သူ ဖြိုး ဝေ ဝင်းကို ချဉ်းကပ်ပြီး ရ အောင်ယူခဲ့သူဖြစ်ပါတယ်။


၂။ ဖြိုးဝေဝင်းကိုရပြီးနောက် သူမသွားချင်တဲ့ ပညာတော်သင် လမ်းကြောင်းအတိုင်း ကိန်းဘရစ်တက္ကသိုလ်၊ လန်ဒန်တက္ကသိုလ်တို့မှ ဘွဲ့တွေ ရရှိခဲ့ပြီးနောက်မြန်မာနိုင်ငံကိုပြန်လာခဲ့ပါတယ်။ သူမရဲ့ရည်မှန်းချက်က First Lady ဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့် စန္ဒာဝင်း၊ ကြေးမုံဝင်းတို့ကို မကျော်နိုင်ဘဲ ဦးနေဝင်းရဲ့ ဦးစားပေးမခံရတဲ့ "အိမ် နိမ့်စံ ချွေးမ" အဖြစ်နဲ့သာနေလာခဲ့ရပေမယ့် သူမရဲ့အကြံအစည်များအတိုင်း ကျိုင်းတုံအခြေပြု ရှမ်းနိုင် ငံ တော် တည် ထောင်ဖို့ အိပ်မက်အမြဲမက်နေခဲ့သူပါ။ ဒါကိုသိတဲ့ ဦးနေဝင်းက သူမကိုအမြဲစောင့်ကြည့်နေခဲ့လို့ ဒေါ်ရင် ရင် နွယ်ဟာ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနမှာ မထင်မရှားဆရာမအဖြစ်နဲ့သာ နေခဲ့ရသူဖြစ်ပါတယ်။

၃။ ၈၈အရေးအခင်းပြီးလို့ ဦးနေဝင်းပြုတ်ကျချိန်မှာ လူလည်မ-ဒေါ် ရင်ရင်နွယ်ဟာ နိုင်ငံရေးတွင်မပါဝင် သလို လို၊ ပညာရှင်လိုလိုဟန်ဆောင်ပြီး ကုလသမဂ္ဂရဲ့ UNICEF မှာ Project officer အဖြစ်သွားရောက်လုပ်ကိုင်ခဲ့ပါ တယ်။ အစပိုင်းမှာ မထင်မရှား နိုင်ငံငယ်လေးတွေမှာလုပ်ကိုင်နေရင်း ၂၀၀၆ မှာတော့ UNICEF ရဲ့တရုတ်ကိုယ် စားပြု Representative ရာထူးကိုရယူနိုင်ခဲ့ပါတယ်။ အင်္ဂလိပ်စကားပြောကျွမ်းကျင်တဲ့ ဒေါ် ရင်ရင်နွယ်ဟာ သူမ၏ ရည် မှန်းချက်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် နိုင်ငံတကာမှာရှိတဲ့ အဖွဲ့အစည်းများ စွာ ကိုချိတ် ဆက် ပြီး အဆက်အသွယ်ကောင်းတွေဖန်တီးခဲ့ပါတယ်။ ၂၀၂၁မှာတော့ ဦးစိုးသိန်းထောက်ခံမှုနဲ့ ကမ်း လှမ်းမှုကြောင့် ဒေါ် ရင်ရင်နွယ်ဟာ ရခိုင်စုံစမ်းစစ်ဆေးရေးကောင်မရှင်မှာ အဖွဲ့ဝင်အဖြစ်နဲ့စတင် လုပ်ကိုင်ပါ တော့တယ်။ သူမရဲ့ရည် မှန်းချက်တွေကိုအကောင်အထည်ဖော်နိုင်ဖို့ လမ်းစတွေစရလာတဲ့ ဒေါ် ရင်ရင်နွယ်ဟာ နိုင်ငံရေးလောကကို စ တင် အခြေချတဲ့အနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC) မှာ စတင်ဆောင်ရွက်ပါ တော့တယ်။

၄။ တကယ်တော့ဒေါ် ရင်ရင်နွယ်ဟာ မြန်မာပြည်ငြိမ်းရေးဆိုတာထက် သူမရဲ့အကျိုးစီးပွားဖြစ်တဲ့ ကျိုင်းတုံအင် ပါယာ ပြန်လည်တည်ထောင်နိုင်ရေးကိုသာ တစိုက်မတ်မတ်လုပ်ကိုင်လာသူပါ။ အနောက်နိုင်ငံက မိတ်ဆွေ ကောင်း အချို့နဲ့ချိတ်ဆက်မှုရှိပြီး ပညာရှင်ဟန်ဆောင်ကာဆက်သွယ်နေပေမဲ့လည်း သူမတကယ် အချိတ်အ ဆက် အပေးအယူရှိတာက တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီဝင်အချို့နဲ့ပဲဖြစ်ပါတယ်။ ဦးသိန်း စိန် လက် ထပ်မှာအကြံ ပေးအဖြစ် ဆောင်ရွက်ခဲ့ပေမဲ့ သူ့ထက်ငါ နိုင်ငံရေးလူစွမ်းကောင်းတွေကြောင့် နေရာမရဘဲ သူမလို ချင်တဲ့အရာကို အကောင်အထည်မဖော်နိုင်သေးပဲ အချိန်အခါကောင်းကို အမြဲစောင့်ဆိုင်း နေခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ဦးသိန်းစိန် ပြုတ်ကျပြီးတဲ့နောက်မှာ ဒေါ် ရင်ရင်နွယ် ဟာ နေရာပျောက်နေခဲ့သော်လည်း သူမရဲ့ခြေလှမ်း တွေဟာ ရပ် တန့်မ သွား ခဲ့ပါဘူး။ ဒါကြောင့် သူမလိုချင်တဲ့အရာတွေကိုအကောင်အထည်ဖော်နိုင်ဖို့ အတွက် သားကောင် ကိုဆက် လက်ရှာဖွေရင်း "မအူမလည်တပ်ချုပ်ပေါက်စ မင်းအောင်လှိုင်" ကို ပစ်မှတ်အဖြစ် စတင် တွေ့ရှိသွားပါတော့တယ်။ သို့သော်လည်း ဦးသန်းရွှေ လောင်းရိပ်အောက်မှာရှိနေတဲ့ မင်းအောင်လှိုင်ကို အစပိုင်း မှာ ဒေါ်ရင်ရင်နွယ် ချဉ်း ကပ်ဖို့ မရဲခဲ့ပါဘူး။ ယောက္ခမဖြစ်သူဦးနေဝင်းကို ရက်ရက်စက်စက် နှိပ်ကွပ်ပြခဲ့တဲ့ ဦး သန်းရွှေက မင်းအောင်လှိုင် နောက်မှာ အခိုင်အမာရှိနေတာကိုသိတဲ့အတွက် သူမလှုပ်ရှားရင် ဦးသန်းရွှေရိပ်မိ မှာစိုးရိမ်နေခဲ့လို့ပါပဲ။ဒါကြောင့် ဒေါ် ရင်ရင်နွယ် ဟာ ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဗိုလ်ချုပ်ရာပြည့် တို့နှင့်အတူ ငြိမ်းချမ်းရေးလုပ်သလိုလို၊ ပညာရေး အကြံပေးလုပ်သလိုလို နေထိုင်ရင်း အကွက်ပျောက်နေခဲ့ပါတယ်။ တဘက် မှာလည်းမင်းအောင်လှိုင်ကို အကြောင်း အမျိုးမျိုးနဲ့တွေ့ဆုံပြီး နိုင်ငံတကာအရေး၊ အခြားအကြောင်းအရာ တွေ ကိုပြောပြဆိုပြရင်း တဖြည်းဖြည်းမင်း အောင် လှိုင်အားကိုးလာအောင် စိတ်ရှည်ရှည်နဲ့သူမစတင်သိမ်းသွင်း ဆောင်ရွက်လာပါတော့တယ်။

ရင်ရင်နွယ်(သို့မဟုတ်)မင်းအောင်လှိုင်ကို ကြိုးဆွဲကနေသူအပိုင်း(၂)



၁။ တကယ်တော့အစောပိုင်းကာလမှာ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နိုင်ငံရေးကိုစိတ်ဝင်စားမှု မရှိခဲ့ပါဘူး။ ၂၀၁၀အကူးအပြောင်းကာလမှာ အသက်ငယ်ငယ်နဲ့ မရွယ်ဘဲစော်ကဲမင်းဖြစ်လာသူ မင်းအောင် လှိုင် ဟာ သူ့ဆရာ ဦးသန်းရွှေ ညွှန်ကြားချက်အတိုင်း တပ်တည်ဆောက်ရေးအပိုင်းမှာပဲဆောင်ရွက်ခဲ့ ပါတယ်။ မင်း အောင်လှိုင်ကို တပ်ချုပ်မပေးခင် ဦးသန်းရွှေဇနီး ဒေါ်ကြိုင်ကြိုင်မှ နေအိမ်ဘုရားခန်းခေါ်လျက် ရွှေပေါ်ကျွန်းဆ ရာ တော်ဓာတ်လုံးစိမ်ထားတဲ့သစ္စာရေသောက်ခိုင်းပြီး ဦးသန်းရွှေကိုသစ္စာစောင့်သိဖို့ သစ္စာပြုခဲ့ရတဲ့ အကြောင်း တရားကြောင့်လည်းပါ ပါတယ်။ ထို့ပြင်သူ့စီနီယာဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်တစ်အုပ်ကို ဘေးမှအကာအကွယ်ပေး ရုံ ပဲ ဆောင်ရွက်ခဲ့ပါတယ်။ ဦးသိန်းစိန်ဟာ သူ့တပည့်ကျော် ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့ရဲ့ ပြည်ပမှ နိုင်ငံရေး ဇာတ်ပျက်များကို ခေါ်သွင်းလာတာကို စတင်လက်ခံခဲ့ချိန်ကပြီး နိုင်ငံရေးလက်တံရှည် လာပါတော့တယ်။ ဒေါ် ရင်ရင်နွယ် ရဲ့ညီမ ဒေါ်တာတာရဲ့ အမျိုးသားအမေရိကန်သံအမတ်ဟောင်း DSA(11)မှ ဦးလင်းမြိုင်က ဦးစိုးသိန်း နဲ့အင် မတန်ရင်းနှီးသူဖြစ်ပြီး သူမှတဆင့် UN မှာလုပ်နေတဲ့ ဒေါ်ရင်ရင်နွယ် ကိုစတင် ချိတ်မိကာ ဦးသိန်းစိန် အောက်လုပ် ဖို့ သဘောတူညီမှုရခဲ့ပါတယ်။ တကယ်တော့ဒေါ်ရင်ရင်နွယ်ဟာ UN မှာလည်း လုပ်ပိုင်ခွင့်ရှိသူမ ဟုတ် ပါဘူး။ အင်္ဂ လိပ်စကားပြောကျွမ်းကျင်ပြီး၊ ဦးနေဝင်းချွေးမဖြစ်တာရယ်၊ UN မှာလုပ်နေ တာရယ်၊ သူမ ရဲ့ဟိတ်ဟန်အပြည့် စ ကား ပြောတတ်မှုတွေကြောင့် ဦးသိန်းစိန်က အကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်ခံခဲ့ရပါ တော့တယ်။

၂။ ဦးသိန်းစိန်တာဝန်မပေးခင်က ဒေါ်ရင်ရင်နွယ်ဟာ အမေရိကန်ရဲ့ ကုမ္ပဏီတစ်ခုမှာ CEO လုပ်နေတဲ့သား ဖြစ် သူ”တိုးနေဝင်း”ဆီသွားရောက်နေထိုင်ဖို့ကြိုးစားနေချိန်ဖြစ်ပါတယ်။ ဦးသိန်းစိန်ကရာထူးတာဝန်ပေးချိန်မှာ သူ့ အ တွက် ရေကန်အသင့် ကြာအသင့်ဖြစ်ပြီးအမေရိကန်မှာရှိတဲ့ ချင်းလူမျိုးများထောက်ပံ့မှုနဲ့ဒေါက်တာဘွဲ့ရခဲ့တဲ့ ဆ လိုင်း ငုံကြုံးလျန်၊မင်းဇော်ဦး၊ VOA ကဦးခင်ညွန့်နဲ့အပတ်စဉ်တူဗိုလ်မှူးကြီးတစ်ဦးရဲ့သားဖြစ်သူ သန်းလွင် ထွန်း ၊ရော်နီငြိမ်း၊ (၈၈)အရေးအခင်းတုန်းက အင်္ဂလန်သံရုံးမှာသာမန်ဝန်ထမ်းအဖြစ်လုပ်နေရာမှ ထောက်လှမ်း ရေး ဖမ်း ဆီးမှုကြောင့် ကိုယ်ဝန်ကြီးနဲ့ထွက်ပြေးပြီး ယခု BBC မှာ အလုပ်လုပ်နေတဲ့ဒေါ်ရီရီအောင်၊ DSA(16) မှ အခုနိုင်ငံခြားရေးဝန်ကြီးလုပ်နေတဲ့ ဝဏ္ဏမောင်လွင်မိန်းမရဲ့အမRFA မှ ဒေါ်စန်စန်းတင့်တို့ဟာ ဒေါ်ရင်ရင်နွယ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးတွေရှိခဲ့ကြသလို ဦးသိန်းစိန်၏ရက်ရောမှု ကြောင့်သူတို့တတွေဟာ လုပ်ပိုင်ခွင့်ရပိုင်ခွင့် တွေရ ရှိ ခဲ့ကြ ပါတယ်။ ကျန်သောသူများက ဦးသိန်းစိန်နဲ့ပူးပေါင်းပြီး အနောက်ကမ္ဘာက ဦးသိန်းစိန်အစိုးရကို ထောက်ခံ လာ အောင် ကြိုးစားပေးနေချိန် ဒေါ်ရင်ရင်နွယ်က ထိုလုပ်ငန်းတွေအပြင် မင်းအောင်လှိုင်ကို သူမ လေ့လာဖူးသော၊ အခြားသူများထံမှ ကြားသိရသော မြန်မာ့နိုင်ငံရေးအကြောင်းများကို အမြဲမပြတ်ပြော ကြား နေရင်း သူမကိုမင်း အောင်လှိုင်အထင်ကြီးလာအောင်၊ နိုင်ငံရေးကိုစိတ်ဝင်စားလာအောင် လုပ်ဆောင်လာပါ တော့တယ်။

၃။ ၂၀၁၅ရွေးကောက်ပွဲမှာ ဦးသိန်းစိန်က နောက်ထပ်သူရွေးကောက်ခံရအုံးမှာပဲဆိုတဲ့အထိ လက်အောက်က လူတွေလိမ်ညာမှုကြောင့် ထင်တစ်လုံးရောက်ခဲ့ပါတယ်။ ဒီအချိန်မှာမသိမသာတပ်ကို ဖြည်းဖြည်းချင်းရွယ်တူနဲ့ အကြီးပိုင်းတွေကို လွှတ်တော်ထဲပို့ရင်းတပ်အာဏာကို စတင်တည်ဆောက်နေသူက နိုင်ငံရေးကိုစိတ်ဝင်စား လာ တဲ့ ဒေါ်ရင်ရင်နွယ်ပြောဆိုစည်းရုံးချက်များကိုသဘောကျနေတဲ့ ယနေ့အကြမ်းဖက်စစ်ခါင်းဆောင် မင်း အောင်လှိုင်ပါ။ ၂၀၁၅ အရပ်သားအစိုးရတက်လာချိန်မှာ အရင်လူတော်တော်များများနေရာ ပျောက်ကုန်ကြပေမဲ့ ဒေါ်ရင်ရင်နွယ် ဟာ မင်းအောင်လှိုင်ကိုချိတ်ပြီးသားဖြစ်နေလို့ သူမအတွက်နေရာမပျောက်ခဲ့ပါဘူး။ NLD အစိုးရ ရဲ့ အမျိုးသားရင် ကြား စေ့ရေးပေါ်လစီကြောင့် မင်းအောင်လှိုင်ဟာ ပြည်သူများအကြား စတင်သတိထားမိ လာ ပါတော့ တယ်။ မင်း အောင်လှိုင်နဲ့ အရပ်သားအစိုးရကြားပွတ်တိုက်မှုတိုင်းမှာ မင်းအောင်လှိုင်ဘက်ကနေ ဒေါ် ရင်ရင်နွယ်တို့ သိသိသာ သာ ရပ်တည်ပေးခဲ့ကြပါတယ်။ အဲ့ဒီအချိန်တုန်းက ဘာသာရေးအစွန်းရောက်အုပ်စုရဲ့ အမျိုးသားရေး လှုပ်ရှားမှု များကို သွယ်ဝိုက်တွန်းအားပေးတဲ့အနေနဲ့ဒေါ်ရင်ရင်နွယ် ဟာသတင်းဌာနတွေမှာ Debate, Talk Show တွေပြု လုပ်ပြီး အမျိုးသားရေးအစွန်းရောက်ထောက်ခံမှုတွေကို မသိမသာရယူခဲ့ပါတယ်။ ရခိုင်အရေးရှုပ်ထွေးချိန် မှာ ရခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခိုင်းရန် အစိုးရကိုဖိအားပေး ခိုင်းပြီး အစိုးရနဲ့ ရခိုင်လူမျိုး ပြဿနာတက်ဖို့ကြံစည်လုပ်ဆောင်ခဲ့ကြတာတော့ ရခိုင်အရေးစုံစမ်းရေးအ ဖွဲ့ဝင် ဒေါ်ရင်ရင်နွယ်တို့ပါပဲ။ မထင်မှတ် ဘဲ ဂမ်ဘီယာနိုင်ငံက ICJ မှာတရားစွဲဆိုလို့မင်းအောင်လှိုင်တစ်ယောက် အရူ မီးဝိုင်းသွားချိန်မှာ ဒေါ်ရင်ရင်နွယ်က မင်းအောင်လှိုင်ဘက်က ရပ်တည်အကြံဉာဏ်တွေပေးခဲ့ပါတယ်။

၄။ ဒေါ်အောင်ဆန်းစုကြည်က ICJ အရေးကို သွားရောက်ဖြေရှင်းချိန်မှာ ဒေါ်ရင်ရင်နွယ်အတွက်လုပ်ကွက်များ စွာရရှိသွားပါ တော့တယ်။ လူမျိုးတုန်းသတ်ဖြတ်မှုတွေမှာ နိုဘလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က အကာအ ကွယ် ပေးနေတာပါဆိုပြီး နိုင်ငံတကာအသိုင်းအဝိုင်းတွေဆီ ဒေါ်ရင်ရင်နွယ်တို့ စာများပေးပို့မှုကြောင့် ဒေါ် အောင်ဆန်းစု ကြည်ဟာ နိုင်ငံတကာပုံရိပ်ကျဆင်းခဲ့ရပြီး ဆုတံဆိပ်များစွာ ရုပ်သိမ်းခံခဲ့ရပါတယ်။ ဒါပေမယ့် ဒေါ်ရင်ရင်နွယ်တို့ လုပ်ဆောင်သလို နိုင်ငံတကာပုံရိပ်မှာ လူထုခေါင်းဆောင်ကျဆင်းခဲ့ပေမဲ့ ပြည်တွင်း ထောက် ခံမှု ကတော့တဟုန် ထိုးတိုးတက်လာသလို တပ်မတော်သားများပါ ထောက်ခံမှုရရှိခဲ့ခြင်းကြောင့် မင်းအောင် လှိုင် အကြပ်ရိုက်သွားခဲ့ တယ်။ ဒီအချိန်မှာ ဒေါ်ရင်ရင်နွယ်တို့ထပ်ကစားတာကတော့ ဘာသာရေးကိစ္စတွေပါ။ပြည်သူတစ်ရပ်လုံးကအစိုးရ ဘက်ကကြံ့ကြံ့ခံမှုကြောင့် ဒေါ်ရင်ရင်နွယ်တို့ ထင်တိုင်းမပေါက်ခဲ့ဘူး။ ထိုအချိန် မှာပဲ ဒေါ်ရင်ရင်နွယ်အတွက် မ မျှော်လင့်ဘဲ မင်းအောင်လှိုင်ကိုလိုသလိုခြယ်လှယ်လို့ ရနိုင်မဲ့ အခွင့်အရေးတစ်ခု ထပ်မံပေါ်ပေါက်ခဲ့ပါတယ်။ ဒါက တော့ မင်းအောင်လှိုင်သားအောင်ပြည့်စုံနဲ့ ဦးသန်းရွှေမြေး နေရွှေသွေးအောင် တို့ လူငယ်ချင်းဖြစ်တဲ့ပြဿနာပါ။ နေရွှေသွေးအောင်က ဦးသန်းရွှေရဲ့အသည်းကျော်ပါ၊ သူတို့နှစ်ဦးပြဿနာက အာဏာရှင်ဟောင်းဦးသန်းရွှေနဲ့မင်း အောင်လှိုင်ကြားဆက်ဆံရေးအေးခဲစေခဲ့ပြီး အာဏာရှင်ဟောင်း ဦးနေဝင်း မြေးအေးနေဝင်း၊ ဦးနေဝင်းချွေးမ ဒေါ် ရင်ရင်နွယ်တို့ နဲ့မင်းအောင်လှိုင်ဆက်ဆံရေးက ပိုပိုပြီးနီးကပ်သွား ပါ တော့တယ်။ သူတို့မှာလည်း အငြိုးအာ ဃာတ တွေနဲ့ပဲလေ။

ရင်ရင်နွယ်(သို့မဟုတ်)မင်းအောင်လှိုင်ကို ကြိုးဆွဲကနေသူအပိုင်း(၃)


၁။ ၂၀၁၀ ဦးသိန်းစိန်အစိုးရတက်လာတော့ စစ်တပ်နဲ့ပက်သက်တဲ့လုပ်ငန်းတွေကို နေရွှေသွေးအောင်က အကူ အညီတောင်းရင် စစ်ထောက်ချုပ်ရုံးက ဆောင်ရွက်ပေးလေ့ရှိပါတယ်။ အရပ်သားအစိုးရတက်ရောက် လာတော့ တပ် ရာထူးအပြောင်းအရွှေ့တွေမှာ စစ်ထောက်ချုပ်က ဗိုလ်ချုပ်ညိုစောဖြစ်ခဲ့တဲ့ချိန်ကစပြီး နေရွှေသွေးအောင် အကူအ ညီတောင်းရင် လုပ်ကိုင်ပေးခြင်းမရှိတော့ပဲ စတင်ရှောင်ဖယ်ပါတော့တယ်။ ညိုစောကတကယ်တော့ မင်းအောင် လှိုင် ရဲ့အကျိုးစီးပွားကို အဓိကလုပ်ကိုင်ပေးနေရသူပါ။ အောင်ပြည့်စုံရဲ့လုပ်ငန်းတွေရဲ့ နောက်ကွယ်  မှာညိုစောက အဓိကရှိနေပါတယ်။မင်းအောင်လှိုင်သားအောင်ပြည့်စုံနဲ့သမီးခင်သီရိသက်မွန်တို့ရဲ့ လုပ်ငန်း ပေါင်းများ စွာနောက် ကွယ်မှာ အဓိကစီမံခန့်ခွဲပေးနေတာကတော့ ညိုစောနဲ့ တလောကအသတ်ခံရတဲ့ သိန်း အောင်ပါ။ Amazing group ကအောင်မျိုးမင်းဒင်လည်းပါတာပေါ့။အခုနောက်ပိုင်းသိန်းအောင် အသတ်ခံရတော့ မင်းအောင်လှိုင်က ညို စောကိုသံသယပွါးပြီးသိပ်မသုံးတော့လို့အောင်မျိုး မင်းဒင်ကအဓိကလူဖြစ် လာပါတော့ တယ်။လက်ဆုပ်လက် ကိုင်မ ပြနိုင်ပေမဲ့သိန်းအောင် အသတ်ခံရတာညိုစောပယောဂမကင်းဘူးဆိုတာ စစ် တပ် ဗိုလ်ချုပ်အသိုင်း အဝိုင်းကသိ နေ ပြီးသားပါ။ငွေကြေး၊အာဏာအတွက်ဆို သူငယ်ချင်းအရင်းတောင်အသက် ချမ်းသာမပေးတတ်တာ စစ်ဗိုလ်ချုပ် တွေရဲ့ အလေ့အထပါ။ထုံးစံအတိုင်းသူတို့က PDF လူငယ်တွေကိုပဲလွှဲချကြ တာပေါ့။ ဆက်ရရင်အောင်ပြည့် စုံရဲ့ လုပ်ငန်းများကို လုပ်ကိုင်ပေးနေတဲ့ စစ်ထောက်ချုပ်ကြောင့် နေရွှေသွေး အောင် အမြတ်ဒေါသထွက်ခဲ့ရပြီး အောင် ပြည့် စုံကိုသူ့ကိုလာတွေ့ဖို့ခေါ်ခဲ့ပေမယ့် အောင်ပြည့်စုံက သူကိုယ် တိုင်သွားမတွေ့ဘဲ သူ့လက်ထောက်ဥက္ကာကိုသာ သွားရောက်တွေ့ဆုံစေခဲ့တဲ့အတွက်ကြောင့် စီနီယာအာ ဏာ ရှင်နဲ့ ဂျူနီယာအာဏာရှင်တို့ရဲ့ မျိုးဆက်ကြားဆက်ဆံ ရေးဟာကတီပါလမ်းခွဲဖြစ်သွားပါတော့တယ်။ သိသာ ထင်ရှားတဲ့အချက်ကတော့ ၂၀၁၉ခုနှစ် မင်းအောင်လှိုင်မြေး မွေးနေ့မှာ နေရွှေသွေးအောင်တို့ကို မဖိတ်ဘဲ အေး နေဝင်း၊ ဒေါ်ရင်ရင်နွယ်၊ ဒေါ်စန္ဒာဝင်းတို့ကိုသာ ဖိတ်ကြားခဲ့ပါ တယ်။ နေရွှေသွေးအောင်ကပဲ ဦးသန်းရွှေကို မ ပြောခဲ့တာလား၊ ဦးသန်းရွှေကပဲ ရေငုံနှုတ်ပိတ်နေတာ လားမသိရ ပေ မယ့်အပေါင်းအသင်း တွေဆုံတိုင်း စိတ် ညစ်တယ် ၊ စိတ်ဖိစီးတယ်လို့ မကြာခနပြောလေ့ရှိတဲ့ နေရွှေသွေး အောင် ဟာ MTV သီချင်းတွေဆက် တိုက် ရိုက်ရင်း သူ့စိတ်သူဖြေနေခဲ့ပါတော့တယ်။ဘေးကနေ ဖခင်ဖြစ်သူဒေါက် တာ နေစိုးမောင်(ဒုဗိုလ်မှုးကြီးဟောင်း) ကလည်းလိုက်ပါစောင့်ရှောက်ပေးနေတဲ့အတွက်ကြောင့် အရင်လိုမရမ်း ကား တော့ပါဘူး။

၂။ မင်းအောင်လှိုင်ထောက်ခံမှုကို ရလာတဲ့ဖျာဝင်ခင်းသူ ဗိုလ်ချုပ်နေဝင်းမြေး၊ဒေါ်ရင်ရင်နွယ်တူ၊ဒေါ်စန္ဒာဝင်း သား အေးနေဝင်းဟာ တပ်ထောက်ခံရေးပွဲတွေမှာနောက် ကွယ်က အဓိကပံ့ပိုးပေးပြီး လူမှုကွန်ယက်စာ မျက်နှာ တွေပေါ် က နေ ပြည်သူကိုလှောင်ပြောင်တဲ့စကားတွေအပြင် အရင်အာဏာရှင်ဟောင်းဦးသန်းရွှေကို တိုက်ခိုက် တဲ့စကား တွေ ပေါ်တင်လုပ်ဆောင်လာပါတော့တယ်။ အမျိုးသားရေးလုပ်စားများ၊တပ်ကိုမှီပြီးလုပ်စားနေ တဲ့ တပ်အရာရှိ ဟောင်းများနဲ့ အေးနေဝင်းတို့ တပူးတွဲတွဲတွေ့မြင်နေရပါတော့တယ်။ အဲ့ဒီအချိန်တုန်းက ဒေါ်ရင်ရင် နွယ်မွှေခဲ့တဲ့ ရခိုင်စစ်မီးဟာ အရှိန်ညီးညီးတောက်လောင်နေပေမဲ့ ရခိုင်အရေးကို ဒေါ်ရင်ရင်နွယ်တို့ အားလုံးတ လုံး တပါဒမျှ ပြောကြားခြင်းမရှိဘဲ အရပ်သားအစိုးရကိုအပြစ်ပုံချရင်း ရှမ်းလူမျိုးသမိုင်း၊ ရှမ်းစာပေတွေ အ ကြောင်းကို သာသူမ ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြနေခဲ့ပါတယ်။ ၂၀၂၀ရွေးကောက်ပွဲ နီးချိန်မှာ ကြံ့ ခိုင်ရေးပါတီနဲ့ စစ်တပ် အခြေအနေမကောင်းတာကိုသိလာတဲ့ ဒါ်ရင်ရင်နွယ်တို့အုပ်စုဟာ လူထုထောက်ခံမှု မရှိ တဲ့ အိမ်ဖြည့်နိုင်ငံရေး ပါ တီ(၃၂)ပါတီကို မင်းအောင်လှိုင်နဲ့ တွေ့ဆုံနိုင်အောင်စီစဉ်ခဲ့ပြီး မင်းအောင်လှိုင်ရဲ့သမ္မတ စိတ်ကူးပေါ်အောင် စတင် အသက်သွင်းခဲ့ပါတော့တယ်။ ဒေါ်ရင်ရင်နွယ်တို့ အကြိမ်ကြိမ်စကားနားသွင်းမှုတွေ ကြောင့် မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူအဟုတ်ထင်ပြီး သမ္မတစိတ်ကူးကပိုပိုပြီးကြီးထွားလာပါတော့တယ်။ ဒုတိယပင်လုံညီလာခံမှာ ဒေါ်ရင် ရင် နွယ်တို့အုပ်စုက ငြိမ်းချမ်းရေးရအောင်လုပ်နိုင်တာက တပ်ချုပ်ကြီးပါဆိုပြီး အဆုံးထိသွေးနားထင် ရောက် အောင်မင်းအောင်လှိုင်ကိုမြှောက်ပင့်ခဲ့ပါတော့တယ်။ ထို့အပြင် ယောမင်းကြီး စ ကားဝိုင်းကဲ့သို့သော အကြောင်းရာ မယ်မယ်ရရမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်အလွန် နိုင်ငံရေး၊ တပ်မတော် ဟာ မြန်မာ့နိုင်ငံရေးမှာ အရေးပါဆုံးပဲ ဆိုတဲ့ လူထုကိုဝေဝါးသွားစေတဲ့ ခေါင်းစဉ်တွေတင်ပြီး ဆွေးနွေးပွဲများ၊debateများပြုလုပ်ကာ PPPကရွှေ နန်း တော်သက်သက်ခိုင်ကိုရှေ့ ထုတ်ပြီး ဒေါ်ရင်ရင်နွယ်တို့အုပ်စုက နိုင်ငံ ရေးနှပ်ကြောင်းပေး အကောက် ကြံခဲ့ကြ ပြန် တယ်။

၃။ Covid (19) ကပ်ရောဂါကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ရင် တပ်ကိုအာဏာခေတ္တလွှဲပေးဖို့ ၊ကာ/လုံခေါ်ဖို့ ဒေါ်ရင်ရင်နွယ်တို့ကမင်းအောင်လှိုင်ကိုတိုက်တွန်းခဲ့ကြပါတယ်။ အရပ်သားအစိုးရကငြင်းဆန်ခဲ့ပြီး ရွေးကောက် ပွဲ ကျင်းပဖို့စီစဉ်တဲ့အခါ မှာလည်း ရောဂါအဖြစ်များနေချိန်ရွေးကောက်ပွဲမလုပ်သင့်ဘူး ဆိုပြီးကန့်လန့် တိုက် ပြန်ပါတယ်။ တကယ်တော့ ရွေးကောက်ပွဲကျင်းပသည်ဖြစ်စေ၊ မကျင်းပသည်ဖြစ်စေ မင်းအောင်လှိုင်က အာ ဏာ သိမ်းဖို့ကို တင်ကူးကြံရွယ် ပြီးသားဖြစ်ပါတယ်။ ဒါတွေကိုအရင်းစစ်ကြည့်ရင် မင်းအောင်လှိုင် ကိုနောက် ကွယ်က မြှောက်ပင့်ပေးသူတွေက ကြံ့ခိုင်ရေးပါတီဗိုလ်ချုပ်ဟောင်းများနှင့် ရုပ်အင်္ဂါ်ချို့တဲ့ပြီး စိတ်ဓာတ်သိမ်ဖျင်း တဲ့ကိုယ်ကျိုးရှာသမားဒေါ်ရင်ရင်နွယ်တို့အုပ်စုပါပဲ။ ၂၀၂၀ဒီဇင်ဘာလ ကတည်းကနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဆိုတာ လျှို့ဝှက်လုပ်ဆောင်နေကြောင်းကို ဦးသိန်းညွန့် (ယခုစကစကောင်စီဝင်) သားကဖော်ကောင် လုပ်ခဲ့ ပါတယ်။ အရပ်သားအစိုးအနေနဲ့ ထိုစဉ်ကတည်းက ရိပ်မိခဲ့သလား၊ မရိပ်မိခဲ့သလား တော့မသိပါ။ မဲစာ ရင်းမှားတယ်ဆိုတဲ့အခြေအမြစ်မရှိတဲ့ စွတ်စွဲချက်တွေကို ပေလျကန်လုပ်ပြီးအရပ်သားအစိုးရက ပြည်သူ့ဆန္ဒ အတိုင်းလွှတ်တော်ခေါ်ယူရေးပြင်ဆင်ချိန် ၂၀၂၁ဖေဖော်ဝရီ(၁)ရက်နေ့မှာ အငိုက်ဖမ်း အာဏာသိမ်းခြင်း ခံခဲ့ရ ပါတော့တယ်။ မင်းအောင်လှိုင်ကို ရူးရူးမိုက်မိုက်အာဏာသိမ်းအောင် မြှောက်ပင့်ပေးခဲ့တဲ့ သမိုင်းတရားခံ တွေ ကတော့ ဥပဓိရုပ်ညံ့ဖျင်းလှပြီး စိတ်သဘောထားညစ်နွမ်းလှတဲ့ ဒေါ်ရင်ရင်နွယ်တို့အုပ်စုနဲ့ ကြံခိုင်ရေးပါတီက မစားရတဲ့အမဲသဲနဲ့ပက်တဲ့ဗိုလ်ချုပ်ဟောင်းတစ်သိုက်ပါပဲ။အာဏာလငပုတ်ဖမ်း လို့ မြန်မာပြည်ကြီးအ မှောင် တိုက် ကျသွားတော့တာပေါ့လေ။မင်းအောင်လှိုင်အာဏာသိမ်းခြင်းနဲ့အတူ နောက်ကွယ်ကဒေါ်ရင်ရင်နွယ် တို့ ဟာမင်းအောင်လှိုင်ကိုပိုမိုဆိုးရွားတဲ့အကြံတွေပေးရင်း ၊သူတို့အကျိုးစီးပွါးရပိုင်ခွင့်များယူရင်း အာဏာရှင် တည် မြဲရေးအတွက် ပုံစံမျိုးစုံကြိုးစားကြတော့တာပါပဲ။


ရင်ရင်နွယ်(သို့)မင်းအောင်လှိုင်ကို ကြိုးဆွဲကနေသူအပိုင်း(၄) - အဆုံးသတ်အပိုင်:


၁။ မင်းအောင်လှိုင် အာဏာသိမ်းချိန်ကစပြီး စကစ(သူတို့အခေါ် နစက)မှာ တန်ခိုးထွားလာသူကတော့ အနီး ကပ်အကြံပေးနေတဲ့ဒေါ်ရင်ရင်နွယ်ပါပဲ။ ရှမ်းတိုင်းရင်းသားခေါင်းဆောင်တစ်ယောက် ကိုဖမ်းထားလို့ လွှတ် ပေးသင့်ကြောင်း ဗိုလ်ချုပ်ကြီးများက တိုက်တွန်းပေမဲ့မင်းအောင်လှိုင်လက်မခံခဲ့ပါဘူး။ နောက်ဆုံး ဒေါ်ရင်ရင် နွယ်ကို ပြောပြလိုက်ချိန်မှာဒေါ်ရင်ရင်နွယ်က မင်းအောင်လှိုင်ကိုဖုန်းဆက်လိုက်ရုံနဲ့ချက်ခြင်း လွှတ်ပေးလိုက်တဲ့ အခြေအနေထိရှိပါတယ်။ မင်းအောင်လှိုင်ကိုစကားပေါက်အောင်ပြောနိုင်သူ သုံးဦးရှိပါတယ်။ သူတို့ကတော့ ဦးနေဝင်းချွေးမဒေါ်ရင်ရင်နွယ်၊ မင်းအောင်လှိုင်ရဲ့မယားညီကို ဝဏ္ဏမောင်လွင်၊ဦးကိုကိုလှိုင်(ဖယောင်းတိုင် ကို ကိုလှိုင်)တို့(၃)ဦးသာရှိပါတယ်။ မင်းအောင်လှိုင်ကိုတစ်ခုခုတင်ပြချင်ရင် “Lady ရင်”ကိုပြောလိုက်ဆိုပြီး ဗိုလ် ချုပ်အသိုင်းအဝိုင်းကချဉ်း ကပ်ရသည်အထိ ဒေါ်ရင်ရင်နွယ် တန်ခိုးထွားလာပါတော့တယ်။ ပြည်သူတွေ ငြိမ်း ချမ်းစွာဆန္ဒပြတုန်းက ရက်စက်စွာ ပစ်ခတ်သတ်ဖြတ် မှုများတွင်လည်း ဒေါ်ရင်ရင်နွယ်တို့က သတင်းအချက် အလက်များကိုလိမ်လည်ပြီး နိုင်ငံတကာကိုအချက်အလက်မှားတွေကိုပေးပို့နေခဲ့ကြပါတယ်။ ရလဒ်က တော့ နိုင်ငံတကာသံရုံးတွေအနေနဲ့ မြန်မာပြည်ကထွက်မသွားဘဲအခြေအနေစောင့်ကြည့်နေကြခြင်းပါ။ CRPH, NUG ကိုလည်းအင်တာပို ကိုလိမ်လည်ပြီးသတင်းမှားပေးပို့ လျက်ဖမ်းဆီးရန်တိုက်တွန်းခဲ့သလို ယနေ့ PDF လူငယ် များရဲ့တိုက်ခိုက်မှုမှာ အကြမ်းဖက်ပုံသဏ္ဍာန်ပုံဖော်ပြီး နိုင်ငံတကာကိုသတင်းအချက်အလက်မှားများ ဆက် တိုက်လျှို့ဝှက်ပေးပို့ နေတာကတော့ ဒေါ်ရင်ရင်နွယ်တို့ပါပဲ။ တကယ်တော့ဒေါ်ရင်ရင်နွယ်ဟာ မြန်မာ့နိုင်ငံ ရေး ကိုသေချာမသိပါဘူး။ သူ့ကိုထပ်ဆင့်ပူးပေါင်းပြီး ယုတ်မာတဲ့အကြံဉာဏ်တွေပေးနေသူတွေကတော့ သိန်းညွန့်၊ ခင်မောင်ဆွေ၊ ဖဒိုမန်းငြိမ်းမောင်၊ဆလိုင်း ငုံကြုံးလျန်နဲ့ သူတို့တစ်အုပ်စုလုံးပဲဖြစ်ပါတယ်။

မိုးဟိန်း၊ ကိုကိုကြီး၊အောင်နိုင်ဦး၊မင်းဇော်ဦး၊လှမောင်ရွှေ၊ရာပြည့်တို့ကတော့ကြံရာပါပေါ့။ကြားပွဲစားအနေနဲ့ဂျပန် က ကာကာဆာဝါကိုငွေအမြောက်အများပေးပြီး မြန်မာ့နိုင်ငံရေးမှာ ဝင်ဆို့၊ထွက်ဆို့ဆောင်ရွက်နေစေတာပေါ့။ဒေါ်ရင်ရင်နွယ်တို့အုပ်စုကခြေလှမ်းသွက်လှပါတယ်။ကုလသမဂ္ဂဆိုင်ရာမြန်မာအထူးကိုယ်စားလှယ်သစ် စင်္ကာ ပူသူ နိုလင်းဟေဇာကိုလည်းသူမနဲ့ပုဂ္ဂိုလ်ရေးရင်းနှီးမှုရှိတဲ့ပြည့်ဝေသျှန်လုပ်ငန်းစုပိုင်ရှင်ဗိုလ်ချုပ်ဟောင်း ညွန့် တင်မှတဆင့်စည်းရုံးပြီး စကစ ဘက်ယိမ်းတဲ့စကစကိုအကာကွယ်ပေးစေတဲ့စကားတွေပြောဆိုစေခဲ့ပေမဲ့လည်း မြန်မာပြည်သူတစ်ရပ်လုံးဝိုင်းဝန်းကန့်ကွက်မှုကြောင့် စင်္ကာပူသူက သူ့စကားကိုပြန်တောင်းပန်ပြီး အသာလေး နောက်ပြန်ဆုတ်သွားပါတော့တယ်။ UN ကိုယ်စားလှယ်ကိုလှည့်စားတက်စည်းရုံး ခဲ့တဲ့ဒေါ်ရက်ရင်နွယ်တို့ လုပ် ဆောင်မှုတွေက လျှော့တွက်လို့တော့မရပါဘူး။


၂။ မင်းအောင်လှိုင်ရဲ့ခေါင်းကိုင်မိခင်ကြီးဖြစ်လာတဲ့ ဒေါ်ရင်ရင်နွယ်ဟာသူတို့အိပ်မက်တွေကိုစတင် အကောင် အထည်ဖော်နေခြင်းက မင်းအောင်လှိုင်ကျိုင်းတုံကိုမကြာခန သွားရောက်နေခြင်းကိုကြည့်ပြီးသိနိုင် ပါတယ်။ မကြာသေးမီက ကျိုင်းတုံဟော်နန်းတည်ဆောက်ရေးကို မင်းအောင်လှိုင်က စတင်ဆောင်ရွက်ချိန်မှာ ရှမ်းအ သိုင်း အဝိုင်းမှာလူကြီးလူငယ်ပြဿနာကြီးထွားလာတာကို သတိထားမိကြမှာပါ။ ဒေါ်ရင်ရင်နွယ်ဟာ တူဖြစ် သူ အေးနေဝင်းကိုပွဲထုတ်တဲ့လုပ်ဆောင်ချက်တွေကိုလည်းလုပ်ဆောင်ခဲ့ပါတယ်။ လောင်စာဆီအခက်အခဲ ဖြစ် နေ တဲ့ မင်းအောင်လှိုင်ကို ကူဖို့အေးနေဝင်းက ဒူဘိုင်းသွားပြီးအရှေ့အလယ်ပိုင်းနိုင်ငံတွေဆီကလောင်စာဆီ ဝယ် ယူဖို့ကြိုးစားခဲ့ကြပါတယ်။ US ကအေးမင်းခိုင်၊အေးနေဝင်းတို့နဲ့အီရန်ကုမ္ပဏီ၊အရှေ့အလယ် ပိုင်းအာရပ် နိုင်ငံ သားအချို့နဲ့လျှို့ဝှက်တွေ့ဆုံမှုမှတ်တမ်းမှတ်ရာတွေလည်းရှိပါတယ်။ ဂျာမနီကငွေ စက္ကူကုန်ကြမ်း သွင်း ဖို့ပိတ် ပင် ခံရချိန်မှာ UAE နိုင်ငံကငွေစက္ကူပုံနှိပ်ထုတ်ပေးသည်အထိ အေးနေဝင်း၊ အောင်ပြည့်စုံနဲ့ ဒေါ်ရင်ရင် နွယ် တို့ ဆောင်ရွက်ခဲ့ ကြပါတယ်။ အိန္ဒိယနိုင်ငံ၊ ရုရှားနဲ့မိတ်ဖက်နိုင်ငံများမှ လက်နက်ခိုးသွင်းတာတွေအပြင် နောက်ဆုံး မင်းအောင်လှိုင် က ရုရှားကိုပေါ်ပေါ်တင်တင်ချဉ်းကပ်လိုက်တာဟာ ဒေါ်ရင်ရင်နွယ်တို့အကြံပေးအုပ် စုလက် ချက် တွေပါပဲ။ တရုတ် ငြိုငြင်မှုကိုခံရပြီး ရုရှားကိုအပြီးကပ်လိုက်ချိန်မှာ မမျှော်လင့်ပဲရုရှား-ယူကရိန်း စစ် ဖြစ်လို့ တစ်ကမ္ဘာလုံးက ရုရှားကို အရေးယူချိန်မှာ ဒေါ်ရင်ရင်နွယ်တို့အကြပ်ရိုက်ပါလေတော့တယ်။ ယခု အခါ တရုတ် ကိုပြန်လည်ချဉ်းကပ်ပြီး တရုတ်နဲ့အပေးအယူညှိနှိုင်းမှုတွေ စတင်လုပ်ဆောင်လာ အောင် ဒေါ်ရင်ရင်နွယ်တို့ ပြန်လည်ကြိုးစားကြပြန်ပါ တယ်။ 

ဘယ်လောက်တောင်အံဩစရာကောင်းလဲဆိုရင်နိုင်ငံတကာငွေကြေးလဲမှုမှာ ဒေါ်လာအစားတရုတ်ငွေ ’ယွမ်’ကို သတ်မှတ်ပြီးတရုတ်အလိုကျဆောင်ရွက်ဖို့စီစဉ်နေခဲ့ကြတဲ့အထိ တောင်ပါပဲ။အာဏာသိမ်းပြီးချိန် ကစပြီးမီဒီယာ အားလုံးကို နှင်ထုတ်ခဲ့ပေမဲ့ အဓိကမီဒီယာကြီးသုံးခုဖြစ်တဲ့ BBC, VOA, RFA တို့ကိုပြည်တွင်းမှာ ချန်ထားတာကို အားလုံးသတိမူမိမှာပါ။ မီဒီယာကို မီဒီယာနဲ့တိုက်ဆိုတဲ့ဗျူဟာအတိုင်း ဒေါ်ရင်ရင်နွယ်တို့အုပ်စုဖြစ်တဲ့ VOA သန်း လွင်ထွန်း၊ BBC ဒေါ်ရီရီအောင်၊ RFA ကဒေါ်စမ်းစမ်းတင့်တို့ဟာ မြန်မာ့အရေး ကိုသာမန်သတင်းအဖြစ်သာ ကမ္ဘာ ကလက်ခံဖို့၊ မြန်မာ့သတင်းမှေးမှိန်စေဖို့ပုံစံမျိုးစုံနဲ့ စကစဖက်ယိမ်းတဲ့သတင်းထုတ်ပြန် မှုတွေကို မကြာ မကြာလုပ်နေကြတာပါ။ VOA ကသန်းလွင်ထွန်းဆို စကစဖက်ကိုယိမ်းတဲ့ သူ့သုံးသပ်ချက်အာဘော် ကို VOA သတင်းဌာနကပြန်လည်မျှဝေတာတွေမင်းအောင်လှိုင်ကိုထောက်ခံပြီးတပ်ကိုမှီစားနေတဲ့တပ်အရာရှိဟောင်း နိုင်ဆွေဦးတို့လိုလူတွေကိုမ ကြာခနအင်တာဗျူးပြီးတပ်ဘက်ရပ်တည်တဲ့သတင်းထုတ်ပြန်မှုတွေ၊ BBC ကဒေါ် ရီရီ အောင်နဲ့ အင်တာဗျူးရင်စစ်ကြောရေးမှာ မေးသလို သတင်းနှိုက်နေပုံတွေ ဒါတွေအားလုံးကို နိုင်ငံခြားသ တင်းဌာနတွေနဲ့ မင်းအောင်လှိုင်တို့ ချိတ်မိအောင် ဒေါ်ရင်ရင်နွယ်တို့ဆောင်ရွက်ခဲ့ကြပါတယ်။တကယ်သာ အဆို ပါသတင်းဌာနရဲ့တာဝန်ရှိသူတွေကို မြန်မာပြည်သူတွေတိုင်တန်းရင် အဆိုပါVOA ကသန်းလွင်ထွန်း၊BBCက ဒေါ်ရီရီအောင်၊RFA ကဒေါ်စမ်းစမ်းတင့်တို့ဟာအလုပ်တာဝန်ရပ်နားခံရသည်အထိဖြစ်သွားပါလိမ့်မယ်။အကြမ်း ဖက်သမားတွေကို ထောက်ခံရေးသားတဲ့သတင်းသမားတွေအတွက် အနောက်ဒီမိုကရေစီနိုင် ငံတွေကသူတို့ နေ ရာမှာကြာရှည်ထားလေ့မရှိပါဘူး။


၃။ ဒေါ်ရင်ရင်နွယ်ဟာ သူမဖြစ်ချင်သလို ဖြစ်လာခဲ့ပေမဲ့ သူ့ရည်မှန်းချက်က ရပ်တန့်မသွားခဲ့ပါဘူး။ ရခိုင်အရေး ကိုမီးမွှေးခဲ့ပေမဲ့ မင်းအောင်လှိုင်အာဏာရချိန်မှာ AA တပ်တော်ကို အကြမ်းဖက်အဖွဲ့ကချက်ခြင်းပယ်ချက် ခိုင်း ပြီး ရခိုင်ဒေသကိုသေနတ်မပေါက်စေခဲ့ပါဘူး။ ယခုအချိန်မှာသူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ စကစနဲ့ ပူး ပေါင်း လို့ ရခိုင်ဒေသငြိမ်းချမ်းသလိုဖော်ဆောင်ရေးသားနေပါတယ်။ ရှမ်းစာပေ၊ ရှမ်းယဉ်ကျေးမှုကို ဖော်ထုတ် သလိုရေးသား နေပေမဲ့ သူမရဲ့ဖောက်ပြန်တဲ့စိတ်ဓာတ်ကိုသိထားတဲ့ ရှမ်းလူမျိုးတွေက သူမကိုလက်မခံကြပါဘူး။RCSS ကရွက်ဆစ်ကို တည်ပြီးနယ်မြေခိုးဖို့ ကြိုးစားပေမဲ့ SSPP , TNLA နဲ့ ‘ဝ အဖွဲ့ ‘တွေပူးပေါင်းတိုက် ခိုက် မှုကြောင့် RCSS အထိနာနေပြီး ဒေါ်ရင်ရင်နွယ်မှန်းသလိုမှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပြန်ပါဘူး။ တကယ်တော့ ဒေါ်ရင်ရင်နွယ်တို့ကြောက်တဲ့သူတစ်ဦးရှိပါတယ်။ သူကတော့စာဖတ်နေသူအာဏာရှင် ဟောင်းဦးသန်းရွှေပါ။ သားမက်ဖြစ်သူဒေါက်တာနေစိုးမောင်ကိုတော်လှန်ရေးပြည်သူ့ဘက်ရပ်တည်နေတယ် အကြောင်းပြပြီး ဦးသန်း ရွှေမျိုးဆက်ကိုအရေးယူဖို့အထိ စီစဉ်ခဲ့ကြပေမဲ့ ဒုတပ်ချုပ်စိုးဝင်းအပါအဝင် ဦးသန်းရွှေ လူဟောင်းတော်တော် များ များက အုပ်ချုပ်ရေးယန္တရားထဲမှာရှိနေတဲ့ အတွက်ကြောင့် နောက်ဆုတ်ခဲ့ကြတာပါ။ အရင်ဦးသန်းရွှေကျေး ဇူးခံဗိုလ်ချုပ်ကြီးတွေရဲ့ တပည့်သားမြေးတွေ ကလည်းတပ်မှာရှိနေကြသေးကြတာ ကြောင့်လည်းပါတာ ပေါ့။ အာဏာသိမ်းပြီးနောက်ပိုင်းမှာဦးသန်းရွှေကို မင်းအောင်လှိုင်သွားတွေ့ ခဲ့ပြီးအပြန်မှာ စိတ်ဆိုးမာန်ဆိုးနဲ့ မင်း အောင်လှိုင်ပြန်ထွက်သွားခဲ့သလိုသူတို့နှစ်ဦးဘာတွေပြောကြလဲဆိုတာတော့ အတည်ပြုမရဘူးဆိုတဲ့ သတင်း ကို အိမ်တော် အသိုင်းအဝိုင်းကပြောဆိုနေကြပါတယ်။ နယ်မြေဒေသအသီးသီးမှာ ခုခံတော်လှန်စစ်တွေ တ ဖြည်းဖြည်းကြီးထွား လာလို့အရာရှိတွေ၊ရဲဘော်တွေသေဆုံးမှုကြောင့် မင်းအောင်လှိုင်ကိုတပ်ထောက်ခံ သူတွေ မကြိုက်ကြတော့ပါဘူး။ ဒါကိုအချိန်မီ တားနိုင်ဖို့အတွက် မင်းအောင်လှိုင်က အာဏာရှင်ဟောင်း ဦးသန်းရွှေ အ ပါအဝင် ယခင်စစ်ဗိုလ်ချုပ်ဟောင်းတွေကို ဘွဲ့ထူး ဂုဏ်ထူးပေးဖို့ ဒေါ်ရင်ရင်နွယ်တို့ အကြံပေးကြပြန်ပါတယ်။ ရီစရာကောင်းတဲ့အဖြစ်အပျက်ကတော့ အူလည်လည်မင်းအောင်လှိုင်က သေပြီးသားလူတွေကိုတောင် ဘွဲ့တွေ ပေးနေပြီးသူ့စီနီယာ ဦးသိန်းစိန်နဲ့ ဦးခင်ညွန့်တို့ကိုဘွဲ့မပေးဘဲချန်ထားခဲ့ပေမဲ့ သူ့ကိုယ်သူ ပါဘွဲ့ ပြန်ပေးလိုက် ခြင်းပါပဲ။


၄။ ဒေါ်ရင်ရင်နွယ်တို့အုပ်စုမြှောက်ပင့်ပေးမှုကြောင့် သမ္မတစိတ်ကူးနဲ့ အာဏာသိမ်းလိုက်တဲ့မင်းအောင်လှိုင် ကြောင့်အညွန့်တလူလူမြန်မာပြည်ဟာ နှစ်သုံးဆယ်လောက် ခေတ်နောက်ပြန်ရောက်သွားခဲ့ပါတယ်။ နိုင်ငံတ ကာ ရင်းနှီး မြှုပ်နှံမှုတွေ ထွက်ခွာသွားခြင်းနဲ့အတူ လောင်စာဆီရှားပါးမှု ၊ နိုင်ငံခြားငွေရှားပါမှု၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးသွားခြင်းကြောင့် တိုင်းပြည်ဟာ အလုပ်လက်မဲ့ပြသနာ၊အစားအစာရှားပါးမှု၊တိုင်းပြည် မငြိမ်းချမ်းမှုတွေကြောင့်မကြာခင်အငတ်ဘေးဆိုက်ရောက်ပါတော့မယ်။ တိုင်းပြည် ကလည်းကျရှုံးနိုင်ငံ (Failed State) ကိုဦးတည်နေပါတယ်။

 ဒါပေမယ့် မင်းအောင်လှိုင်ရဲ့ သမ္မတစိတ်ကူးကဆက်ရူး သွပ်ဆဲဖြစ်ပြီး ၂၀၂၃ မှာရွေးကောက်ပွဲကျင်းပပြီး PR စနစ်ကို အသက်သွင်းဖိုးကြိုးစားနေပြန်ပါတယ်။ တစ်တိုင်း ပြည်လုံးခုခံတော်လှန်မှုကြောင့်ပရုတ်လုံးလို တပ် အင် အားပြုန်းတီးလာပြီး တပ်ပျက်တော့မည့်အနေအထားကို ရောက်ရှိလာပါတယ်။ စဉ်းလဲတဲ့မျက်ဝန်းတစ်စုံ၊ အင်္ဂါရုပ်ချို့တဲ့လှတဲ့ ဒေါ်ရင်ရင်နွယ်ကတော့ သမိုင်းတရားခံဖြစ်နေသည့်တိုင် မင်းအောင်လှိုင်ကို ဆက်လက် ကြိုးဆွဲကာ ကနေတုန်းပါ။ ပြည်သူတစ်ရပ်လုံးကလည်း လက်မခံ၊ ခုခံစစ်ကလည်းနေရာအနှံဖြစ်ပေါ်နေပေမဲ့ “အာဏာစုန်းပြူးနေတဲ့ စစ်မိစ္ဆာတွေကို” ဒေါက်တိုင်အဖြစ် ရပ်တည်ဆောင်ရွက်ပေးနေတဲ့ ဒေါ်ရင်ရင် နွယ်တို့ လိုအာဏာရှင်ဟောင်းမျိုးဆက်တွေ၊မင်းအောင်လှိုင်လို ရူးကြောင်ကြောင်အာဏာရှင်လက်သစ်တွေဟာ မြန့်မာ့ မြေပေါ်မှာ မရှိ သင့်တော့ပါဘူး။ထူးခြားတဲ့ နွေဦးတော်လှန်ရေးနဲ့အတူ အာဏာရှင်ဟောင်းဦးနေဝင်းမျိုးဆက်၊ အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ ခေတ်သစ်အာဏာရှင် မင်းအောင်လှိုင်တို့ဟာ ဆက်လက်တည်မြဲမလား၊ ပျက် သုဉ်းမလားဆိုတာက တော့ပိတ်ကားပေါ်စောင့်ကြည့်ရပါဦးမယ်။NUG,NUCC,တိုင်းရင်းသား EAOsတွေ၊PDF တွေ၊Gen Zလူငယ်တွေနဲ့ပြည်တွင်းပြည်ပမြန်မာပြည်သူတစ်ရပ်လုံးရုန်းအားပေါ်တည်မှီနေပါတယ်။
“ပြည်တင်းလျှင် မင်းမခံနိုင်”
“အာဏာရှင်ဟာ အရှင်ထွက်ရိုးမရှိ၊အသေထွက်ပဲရှိပါတယ်”
“ဓမ္မနဲ့အဓမ္မတိုက်ပွဲမှာ ဓမ္မသာလျှင်နောက်ဆုံးအောင်နိုင်ရာပါ”
အရးတော်ပုံအောင်ရမည်။
အကိုကြီးညီ
#ddaychannel

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */