" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Saturday, October 31, 2020

သတင်းစာ ( ကြေးမုံ) အောက်တိုလ၊၂၀၂၀

ရက်စွဲအလိုက် သတင်းစာများကို ဤနေရာတွင် ဝင်ရောက် ရှာဖွေ နိုင်ပါ သည်။

       (31.10.2020)

                                

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ရိုဟင်ဂျာ ဒုက္ခသည် စခန်းကို ရွှေ့ပြောင်း

B B C

ဘီဘီစီ မြန်မာပိုင်း
၃၀ အောက်တိုဘာ ၂၀၂၀

ရခိုင်ပြည်နယ်က ထွက်ပြေးသွားခဲ့ကြတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်က ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းကြီးထဲမှာ နေထိုင်ခဲ့ကြတာ ၃နှစ်အထိ ရှိနေခဲ့ပါပြီ။ အဲဒီမှာလည်း အကြမ်းဖက်မှုတွေ၊ မူးယစ်ဆေး ဝါး မှုတွေ နဲ့ လူကုန်ကူးမှုပြဿနာတွေကြောင့် သူတို့ရဲ့ လုံခြုံရေးအခြေအနေက တည်တည်ငြိမ်ငြိမ် မရှိသေးပါ ဘူး။ ဒုက္ခသည်စခန်းထဲမှာ မှုခင်းဖြစ်ပွားမှုတွေများပြားနေတာကြောင့် စခန်းမှာနေထိုင်ကြသူတွေကို ဘာရှန် ချာလို့ ခေါ်တဲ့ ကျွန်းလေးဆီကို ပို့ဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက စီစဉ်နေပါတယ်။ အဲဒီမှာ ဘယ်လို အခြေအနေတွေရှိနေပါသလဲ။ ကိုဘိုဘိုက ပြောပြပေးမှာပါ။


Link : Here

Thursday, October 29, 2020

နေ့စဉ် ရေဒီယိုသတင်း (အသံဖိုင် ) ၊အောက်တိုလ၊ ၂၀၂၀

အသံဖိုင်များကို " သတင်းနားဆင်ရန်လင့် " တွင်ကလစ်လုပ်၍ နားဆင်နိုင်ပါသည်။
အောက်ဖေါ်ပြပါ ကော်လံများရှိ အသံဖိုင်များကို သတင်းနားဆင်ရန် လင့်တွင် ကလစ်လုပ်၍ နားဆင်နိုင်ပါသည်။

ရက်စွဲ့
သတင်းဌာန
နံနက်ပိုင်းအစီအစဉ်
ညနေပိုင်းအစီအစဉ်
31.10.2020
VOA
VOA
VOA
31.10.2020
BBC
BBC
BBC
31.10.2020
RFA
RFA
RFA

Wednesday, October 28, 2020

AA နှင့် ARSA အရေး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ ၂ နိုင်ငံ ကြား ပူးပေါင်းဖြေရှင်းရမည်

ဧရာဝတီ
28 October 2020
လွန်ခဲ့သောလက ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်၏ ရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝေဖန်လိုက်ပြီး မွတ်ဆလင်ဒုက္ခသည်များ ပြန် လည်လက်ခံရေး တုံ့ဆိုင်းနေရခြင်းမှာ ထိုလုပ်ငန်းစဉ်ကို အနှောက်အယှက်ပေးနေသည့် စစ်သွေးကြွအုပ်စု များ နှင့် ၎င်းတို့ကို ထောက်ခံသူများကို ဘင်္ဂလားဒေ့ရှ်က ဖြိုခွဲရန် ပျက်ကွက်ခြင်းကြောင့်ဖြစ်ကြောင်း ပြောကြား ခဲ့ သည်။

အားလုံးပါဝင်သည့်ရွေးကောက်ပွဲကျင်းပရေး ဒေါ်အောင် ဆန်းစုကြည်ကို အမေရိကန် ဖိအားပေး

မဇ္ဈိမ
By AFP
အောက်တိုဘာ ၂၈

Photo - AFP
 

အမေရိကန်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား အားလုံးခြုံငုံပါဝင်သည့် အေ ထြေ ထွရွေးကောက်ပွဲကျင်းပပေးရန် အောက်တိုဘာ ၂၇ က တိုက်တွန်း ပြောဆိုလိုက်ပြီး လူနည်းစု ရိုဟင်ဂျာ (မူရင်း) များ ပစ်ပယ်ခံရမှုအပေါ် စိုးရိမ်မိကြောင်း ထပ်မံပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်သုံးရာထူးရှိသည့် ဒေးဗစ်ဟေးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တယ်လီဖုန်းဖြင့် ပြောဆိုစဉ်တွင် ဒေးဗစ်ဟေးက မြန်မာနိုင်ငံ၏ ဒီမိုကရေစီကိုထောက်ခံကြောင်း ပြောဆိုခဲ့ပြီး နိုဝင်ဘာ ၈ ရက်၌ ယုံကြည်စိတ်ချရပြီး ပွင့်လင်းမြင်သာမှုရှိသည့် အားလုံးပါဝင်သော ပြည်လုံးကျွတ်ရွေး ကောက်ပွဲ ကျင်းပပေးရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွပ်စွဲခံရသူ ရ၀မ်ဒါစီးပွားရေးလုပ် ငန်းရှင် the Hague လွှဲပြောင်းယူ

VOA
27 အောက်တိုဘာ၊ 2020  
ပြင်သစ်နိုင်ငံ Paris မြို့က တရားခွင် မြင်ကွင်း။ (မေ ၂၀၊ ၂၀၂၀)
 
၁၉၉၄ ခုနှစ်က ရ၀မ်ဒါနိုင်ငံမှာဖြစ်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ငွေကြေးထောက်ပံ့ခဲ့တယ်လို့ သံသယနဲ့ စွဲချက်တင်ခံထားရတဲ့ ရ၀မ်ဒါ စီးပွားရေးလုပ်ငန်းရှင်တဦးကို နယ်သာလန်နိုင်ငံက The Hague နိုင်ငံတကာ ခုံရုံးကို လွှဲပြောင်းပေးလိုက်ပါပြီ။ ရ၀မ်ဒါနိုင်ငံက နိုင်ငံတကာပြစ်မှုတွေ အရေးယူရာမှာ ကျန်နေသေးတဲ့ အမှု တွေအတွက် ကိုင်တွယ်ရတဲ့ IRMCT ခေါ်တဲ့ နိုင်ငံတကာတရားရုံးကို လွှဲပြောင်းပေးလိုက်တာဖြစ်ပြီး အသက် ၈၇ နှစ်အရွယ် Felicien Kabuga ကို မကြာခင်ပဲ တရားရုံးမှာ စစ်ဆေးကြားနာမယ်လို့ IRMCT က တနလာင်္ နေ့က ကြေညာချက်ထုတ်ပါတယ်။

Tuesday, October 27, 2020

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တ ရား သတင်းလွှာ (၂)

မေယုတောင်ခြေက နယ်ခြားစောင့်စခန်းနှင့် ယာယီ တပ်စ ခန်းကို AA တိုက်ခိုက်

ဧရာဝတီ

By မင်းအောင်ခိုင်
27 October 2020

ရခိုင်ပြည်နယ် မြောက်ပိုင်းက နယ်ခြားစောင့် တပ်စခန်း တခု / ကျော်ခ / ဧရာဝတီ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်အစပ် မေယုတောင်ခြေ အနီး ယာယီစွဲထားသည့် တပ်စခန်းနှင့် နယ်ခြားစောင့်ရဲ တပ်စခန်းတို့ကို အောက်တိုဘာလ ၂၆ ရက်နေ့ မနက်ပိုင်းက ရက္ခိုင်စစ်တပ် (AA) က လာရောက် တိုက်ခဲ့သည့်အတွက် တပ်ဖွဲ့ဝင်တချို့ထိခိုက်ကျဆုံးမှု ရှိကြောင်း သတင်း ရရှိသည်။

Monday, October 26, 2020

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဖေ့စ်ဘုတ်နဲ့ ဂမ်ဘီယာရဲ့ လူမျိုးတုံးသတ်ဖြတ်မှု လျှောက်လဲချက် အပေါ် ဘီဘီစီ နဲ့ အွန်လိုင်း က ဆက်သွယ်မေးမြန်းမှု

B B C

ဘီဘီစီ မြန်မာပိုင်း
၂၅ အောက်တိုဘာ ၂၀၂၀


ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုလုပ်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံကနေ မြန်မာကို တရားစွဲထားတဲ့အမှုမှာ နိုင်ငံတကာတရားရုံး (အိုင်စီဂျေ) က လက်ခံခဲ့ပြီးနောက် ဂမ်ဘီယာရဲ့ ပထမဆုံးလျှောက်လဲချက်ဖြစ်တဲ့ မမ်မိုရီ ယယ်အဆိုလွှာကို အောက်တိုဘာ ၂၃ ရက်မှာ အိုင်စီဂျေ တရားရုံးကို တင်သွင်းခဲ့ပါတယ်။

ဂမ်ဘီယာဘက်က တင်သွင်းခဲ့တဲ့အဆိုလွှာအကြောင်း ရှေ့နေ ပေါလ်ရိုက်ကလာကို ဘီဘီစီ က အွန်လိုင်းမှ တစ်ဆင့် ဆက်သွယ်မေးမြန်းထားတာကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ 

ဂမ်ဘီယာနိုင်ငံရဲ့ ရှေ့နေအဖွဲ့ခေါင်းဆောင် ပေါလ်ရိုက်ကလာ

Sunday, October 25, 2020

မွတ်စလင်ဒေသခံ လူငယ် ၂ ဦး သေဆုံးမှု မြန်မာစစ်တပ် ပြန်စုံစမ်းစစ်ဆေး

VOA 
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန်
25 အောက်တိုဘာ၊ 2020
နေပြည်တော် စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲ။ (အောက်တိုဘာ ၂၄၊ ၂၀၂၀)

အောက်တိုဘာ ၅ ရက်နေ့တုန်းက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည် (မွတ်စလင်) ကျေးရွာက လူငယ်လေးနှစ်ဦး သေဆုံးတာနဲ့ပတ်သက်လို့ တပ်မတော်ဘက်က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေ ပါ တယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် စုစည်းတင်ပြထားပါတယ်။

သေဆုံးခဲ့တဲ့ လူငယ်နှစ်ဦး အပါအဝင် လူ ၁၅ ဦးလောက်ကို တပ်မတော်က ခေါ်ဆောင်သွားပြီး AA နဲ့ဖြစ်ကြ တဲ့ တိုက်ပွဲအတွင်း သေဆုံးခဲ့တာလို့ ဒေသခံကျေးရွာတွေက ပြောဆိုခဲ့ကြပေမယ့် ဒါဟာ သူတို့လက်ချက် ကြောင့် မဟုတ်ဘူးလို့ တပ်မတော်ဘက်က ငြင်းဆန်ထားတာပါ။ ဒါပေမယ့် ဒီဖြစ်စဉ်ကို တပ်မတော်ဘက်က ပြန်လည်စုံစမ်းမှုတွေ လုပ်နေတယ်လို့ မြန်မာစစ်တပ် ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်း လင်းပွဲမှာ ပြောခဲ့ပါတယ်။

ဘာသာပြန်သတင်းများ( 24.10.2020 )

H2OU
24/10/2020

မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒုက္ခသည်ရိုဟင်ဂျာများ သေဆုံးနေဟု ဘင်္ဂ လားဒေ့ရှ်သတင်းစာ ဖော်ပြ။ မြန်မာပိုင်နက်အတွင်း သွားရောက်ခဲ့ပြီး ပြန်ဝင်လာစဉ်။

 ဘင်္ဂလားဒေ့ရှ်နယ်မြေအတွင်း မိုင်းနင်းမိ၊ မြန်မာက နယ်ခြားတွင် မိုင်းထောင်ခြင်းကို နိုင်ငံတကာအဖွဲ့ အစည်း တို့ စိုးရိမ်ဟု ပြော


မြန်မာနိုင်ငံနယ်စပ်တလျှောက်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒုက္ခသည်ရိုဟင်ဂျာ သေဆုံးလျှက်ရှိရာ လွန် ခဲ့သည့် သောကြာနေ့ မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဘန်ဒရာဘန်၌ ဒုက္ခသည်ရိုဟင်ဂျာ လူ ငယ်တစ်ဦး သေဆုံးသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။

ရိုဟင်ဂျာများကို ပြန်လက်ခံမည်ဟု မြန်မာက တရုတ်ကို အာမခံဟုဆို

မဇ္ဈိမ
အောက်တိုဘာ ၂၅၊ ၂၀၂၀

Photo Creadit - ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအတွင်းက လှေစီးပြေး ရိုဟင်ဂျာများကို ရခိုင်ပြည်နယ်၊ စစ်တွေရှိ ဒုက္ခသည်စခန်းသို့ ပြန်လည် ခေါ်ဆောင်လာစဉ် (ဓာတ်ပုံ - AFP)

ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာ ရိုဟင်ဂျာများ ကို ပြန်လက်ခံသွားမည်ဟု တရုတ်အစိုးရကို မြန်မာ က မကြာသေးမီတွင် အာမခံ ပြောဆိုထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် ဒါကာ ထရီးဗြူးသတင်းစာက ရေး သားထားသည်။

Saturday, October 24, 2020

မြန်မာအပေါ် Genocide စွဲချက် အချက်အလက်အပြည့် အစုံ ဂမ်ဘီယား တင်သွင်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
24 အောက်တိုဘာ၊ 2020
ဂျီနိုဆိုက် လူမျိုးတုန်းသတ်ဖြတ်မှု ဟန့်တားရေးသဘောတူစာချုပ်ကို မြန်မာနိုင်ငံက ချိုးဖောက်တယ်လို့ စွပ်စွဲ ထားတဲ့ ဂမ်ဘီယာ နိုင်ငံက မနေ့ သောကြာနေ့ အောက်တိုဘာလ ၂၃ ရက်မှာ Memorial လို့ ခေါ်တဲ့ စာမျက် နှာ ၅၀၀ ရှိတဲ့ အချက်အလက် အပြည့် အစုံတင်ပြချက်ကို နိုင်ငံတကာ တရားရုံး ICJ ကို တင်သွင်းလိုက်ပြီဖြစ် ပါတယ်။

AA အနေဖြင့် ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကူ အညီပေးမှုများ ရပ်ဆိုင်းရန် ဦးဇော်ဌေးပြော

ခေတ်သစ်မီဒီယာ
ရန်ကုန်၊ အောက်တိုဘာ ၂၃

AA အနေဖြင့် ပြည်ပ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကူအညီပေးမှုများ ရပ်ဆိုင်းရန် ဦးဇော်ဌေးပြောရခိုင် တပ်တော်AA အနေဖြင့် ပြည်ပ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကူအညီပေးမှုများ ရပ်ဆိုင်းရန် နိုင်ငံ တော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆို သည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ၎င်းကအထက်ပါ အတိုင်းပြောဆို လိုက်ခြင်း ဖြစ်သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့နဲ့ ဒုတိယအကြိမ် ၃ ပွင့်ဆိုင်ဆွေး နွေးရေး တရုတ်စီစဉ်

VOA


ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးကိစ္စ တရုတ်၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ ဆွေးနွေးပွဲ ဒုတိယအကြိမ်ကျင်း ပနိုင်ဖို့အရေး တရုတ် နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အာမခံ ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြားရေး ဝန်ကြီးရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး United News of India - UNI သတင်းဌာနက ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး Dr. AK Abdul Momen ကို ကြာ သပတေးနေ့က ညနေပိုင်းက တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောရာမှာ မြန်မာနိုင်ငံမှာ အထွေထွေ ရွေး aကာက်ပွဲ ကျင်းပပြီးနောက်ပိုင်း သုံးပွင့် ဆိုင် ဆွေးနွေးကြဖို့ကို မူအားဖြင့် သဘောတူညီခဲ့ကြ ဖြစ်လို့လည်း ပြောပါတယ်။

ရိုဟင်ဂျာတွေပြန်လက်ခံရေး မြန်မာ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် သုံးပွင့်ဆိုင် ဆွေးနွေးဖွယ်ရှိ

VOM
ဒါကာ၊ အောက်တိုဘာ-၂၄-၂၀၂၀
မျိုးဆက် (VOM)

ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ အာမခံချက်တွေကို တရုတ်နိုင်ငံ က ဘင်္ဂလားဒေ့ရှ်ကို အသိပေးအကြောင်းကြားခဲ့တယ်လို့ The Nation သတင်းဌာနက ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲပြီးရင် ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံရေးနဲ့ပတ်သက်တဲ့ နောက်ထပ်ဆွေး နွေးမှုတွေကို ပြန်စဖို့မြန်မာနိုင်ငံက ဆန္ဒရှိနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မိုမန်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောဆိုခဲ့ပါတယ်။

Friday, October 23, 2020

အိုင်စီဂျေမှာ ဂမ်ဘီယားက အဆိုလွှာတင်

B B C

 ဘီဘီစီ မြန်မာပိုင်း
2020.10.23

အိုင်စီဂျေမှာ ဂမ်ဘီယာက အဆိုလွှာတင် လွန်ခဲ့သော ၄ နာရီ က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု လုပ် တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံကနေ မြန်မာကို တရားစွဲထားတဲ့အမှုမှာ နိုင်ငံတကာတရားရုံး (ICJ) က လက်ခံ ခဲ့ပြီးနောက် အခုအခါ ဂမ်ဘီယာနိုင်ငံရဲ့ ပထမဆုံးလျှောက်လဲချက်ဖြစ်တဲ့ Memorial အဆိုပြုလွှာကို ဒီနေ့မှာ အိုင်စီ ဂျေတရားရုံးကို တင်သွင်းဖို့ရှိနေပါတယ်။ ဒီအမှုကို ဂမ်ဘီယာဟာ အစ္စလာမ္မစ်နိုင်ငံများပူးပေါင်း ဆောင်ရွက် ရေးအဖွဲ့ (OIC) ကိုယ်စား တရားစွဲခဲ့တာလည်းဖြစ်ပါတယ်။ အခု အဆိုလွှာမှာ ဘာတွေ ပါလဲဆိုတာ သိရ ဖို့ အိုအိုင်စီက ဖွဲ့ပေးထားတဲ့ အာရကန်ရိုဟင်ဂျာယူနီယံရဲ့ ညွှန်ကြားရေးမှူးချုပ်လည်းဖြစ် ဒီအမှုမှာ အကြံပေး အဖြစ်လည်းပါဝင်တဲ့ ဒေါက်တာဝါကာအူဒင်းကို ကိုမိုးမြင့်က မေးကြည့်ထားပါတယ်။

Link : Here
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */