Monday, October 26, 2020

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဖေ့စ်ဘုတ်နဲ့ ဂမ်ဘီယာရဲ့ လူမျိုးတုံးသတ်ဖြတ်မှု လျှောက်လဲချက် အပေါ် ဘီဘီစီ နဲ့ အွန်လိုင်း က ဆက်သွယ်မေးမြန်းမှု

B B C

ဘီဘီစီ မြန်မာပိုင်း
၂၅ အောက်တိုဘာ ၂၀၂၀

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုလုပ်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံကနေ မြန်မာကို တရားစွဲထားတဲ့အမှုမှာ နိုင်ငံတကာတရားရုံး (အိုင်စီဂျေ) က လက်ခံခဲ့ပြီးနောက် ဂမ်ဘီယာရဲ့ ပထမဆုံးလျှောက်လဲချက်ဖြစ်တဲ့ မမ်မိုရီ ယယ်အဆိုလွှာကို အောက်တိုဘာ ၂၃ ရက်မှာ အိုင်စီဂျေ တရားရုံးကို တင်သွင်းခဲ့ပါတယ်။

ဂမ်ဘီယာဘက်က တင်သွင်းခဲ့တဲ့အဆိုလွှာအကြောင်း ရှေ့နေ ပေါလ်ရိုက်ကလာကို ဘီဘီစီ က အွန်လိုင်းမှ တစ်ဆင့် ဆက်သွယ်မေးမြန်းထားတာကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ 

မ်ဘီယာနိုင်ငံရဲ့ ရှေ့နေအဖွဲ့ခေါင်းဆောင် ပေါလ်ရိုက်ကလာ

ဘီဘီစီ။ ။ ဂမ်ဘီယာက အခုတင်လိုက်တဲ့ အဆိုလွှာ Memorial ထဲမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ဘယ်လို သက်သေထူထားပါလဲ။

ပေါလ်ရိုက်ကလာ။ ။နိုင်ငံတကာဥပဒေမှာက ဂျီနိုဆိုက်ဆိုတာ ဘာသာရေးဆိုင်ရာ၊ မျိုးနွယ်စုဆိုင်ရာ ဒါမှမ ဟုတ် လူအုပ်စုတစ်ခုကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးပစ်တာပဲဖြစ်ပါတယ်၊၊အခုကိစ္စမှာတော့ ရိုဟင်ဂျာတွေဟာ ဘာသာရေးအရရော၊ မျိုးနွယ်စုအရရော၊ လူအုပ်စုတစ်ခုအနေနဲ့ပါ ရှိနေပြီး ဒါကို မြန်မာဘက်က ပစ်မှတ်ထား လုပ်ဆောင်ခဲ့ပါတယ်။ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ဂျီနိုဆိုက်လုပ်ဖို့ကြံရွယ်ကြောင်း သက်သေပြနိုင် တဲ့ အချက် ၇ ချက်ရှိပါတယ်။ ဒီအချက် ၇ ချက်လုံးကို သက်သေအထောက်အထား အမြောက်အမြားနဲ့အတူ ဒီအမှုမှာ တွေ့ရတယ်။ အဲဒီအချက်တွေထဲမှာ ပထမအချက်က လူအုပ်စုတစ်စုကို ပစ်မှတ်ထားပြီး ခွဲခြားဆက် ဆံထားတဲ့၊ အခြေခံအခွင့် အရေးတွေ ဖြတ်တောက်ထားတဲ့ ဥပဒေ နဲ့ မူဝါဒတွေ ရှိနေတာပါ။ နောက်တစ်ချက် က အမုန်းစကားတွေပါ။ ဒီအမုန်းစကားတွေကို အစိုးရခေါင်းဆောင်ပိုင်းကပြောတာ၊ ဒါမှမဟုတ် လူမှုအဖွဲ့ အ စည်းခေါင်းဆောင်ပိုင်းက ပြောတာကို အစိုးရခေါင်းဆောင်ပိုင်းက ခွင့်ပြုထားတာမျိုး။ ဒီအမှုမှာဆို ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ရော၊ အစိုးရခေါင်းဆောင်ပိုင်းတချို့နဲ့ ဘာသာရေးခေါင်းဆောင်တချို့ကပါ ရိုဟင်ဂျာတွေ အပေါ် လူမဆန်စွာ အမုန်းစကားတွေ ပြောခဲ့တာ၊ ဒါမှမဟုတ် ခွင့်ပြုတာတွေ လုပ်ခဲ့ပါတယ်။ နောက်တစ် ချက် ကတော့ ရက်စက်ကြမ်းကြုတ်မှုပဲ ဖြစ်ပါတယ်။ နယ်မြေရှင်းလင်းရေးဆိုတဲ့စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာတွေ ကို သတ်ဖြတ်တာ မီးရှို့တာတွေ ရှိခဲ့တယ်။ နောက်တစ်ချက်က လိင်အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ကြတယ်။ နောက်ပြီး အစီအစဉ်တကျ သွေးထွက်သံယိုအကြမ်းဖက်မှုတွေ လုပ်တယ်။ ဒါက စစ် သားတချို့တစ်လေက ကြုံသလို လုပ်တာမျိုးထက် အထက်ကအမိန့်နဲ့ အစီအစဉ်ချလုပ်တာမျိုးပါ။ နောက်ဆုံး တစ်ချက်က အပြစ်ကျူးလွန်သူတွေကို ပြစ်မှုပြစ်ဒဏ် မလုပ်ဘဲ လွတ်ငြိမ်းခွင့်ပေးထားတာပဲ ဖြစ်ပါတယ်။ အ ထူး သဖြင့် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို တရားစွဲတာ အပြစ်ပေးတာ မပြောနဲ့ စုံစမ်းစစ်ဆေး တာ တောင် မတွေ့ရပါဘူး။ ဒီလို လူမျိုးတုံးသတ်ဖြတ်မှုကို ရည်ရွယ် ချက်ရှိရှိ လုပ်ဆောင်တယ်ဆိုတာကို ကျွန်တော် တို့က အထောက်အထားအများကြီးနဲ့ သက်သေထူထားပါတယ်။

ဘီဘီစီ။ ။သက်သေအထောက်အထားတွေကိုရော ဘယ်လိုယူခဲ့ပါသလဲ။ ကိုဗစ်ကပ်ရောဂါ လည်းဖြစ်နေတော့ အခက်အခဲတွေ ရှိခဲ့လား။

ပေါလ်ရိုက်ကလာ။ ။ကိုရိုနာဗိုင်းရပ်စ်ကြောင့် အတားအဆီးအခက်အခဲတချို့တော့ ရှိခဲ့ပါတယ်။အထူးသဖြင့် ခရီးသွားဖို့ ခက်ခဲတာပါ။သက်သေအထောက်အထားစုဖို့ အချိန်လည်း ပိုယူခဲ့ရပါတယ်။ သက်သေတွေ ကို လည်း သူတို့ရှိတဲ့နေရာတွေမှာ အင်တာဗျူးတွေ လုပ်ခဲ့ပါတယ်။ သူတို့ ဘယ်သူတွေလဲ၊ ဘယ်နေရာမှာ လုပ်ခဲ့ သလဲဆိုတာကိုတော့ အခုချိန်မှာ သူတို့လုံခြုံရေးအရ မပြောနိုင်ပါဘူး။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျွန်တော် တို့လိုချင်တဲ့ အချက် အလက်တွေ၊သက်သေအထောက်အထားတွေ ရခဲ့လို့ အခုလို အဆိုလွှာကို တင်နိုင်ခဲ့ တာ ပါ။

ဘီဘီစီ။ ။ ပြီးခဲ့တဲ့လပိုင်းကပဲ ဖေ့စ်ဘုတ်ဆီကနေ သက်သေအထောက်အထားတွေရယူနိုင်ဖို့ မစ္စတာရိုက်က လာတို့ဘက်က ဖေ့စ်ဘုတ်ကို တောင်းဆိုခဲ့ပေမဲ့ ပယ်ချခံခဲ့ရတယ်။ အဲဒါကြောင့် ဒီအမှုအတွက် တချို့အထာက် အထားတွေရဖို့က ခက်သွားခဲ့သလားဗျ။

ပေါလ်ရိုက်ကလာ။ ။ဖေ့စ်ဘုတ်ပေါ်က အချက်အလက်အများအပြားက လူတိုင်းကြည့်နိုင်တဲ့ အရာတွေ ဖြစ်ပါ တယ်။ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောတဲ့ အမုန်းစကားတွေဆိုရင် လူသိရှင်ကြား တင် ထား တာတွေ ဖြစ်ပါတယ်။ ဒီတရားစွဲတာ မဖြစ်ခင်က၊ နယ်မြေရှင်းလင်းရေးလုပ်စဉ်က တင်ထားတာတွေ ရှိပါတယ်။ အဲဒီလို သက်သေတွေကို ကျွန်တော်တို့ဟာ ဖေ့စ်ဘုတ်ကရော တွစ်တာကပါ ရထားပါတယ်။ အမေရိကန်တ ရားရုံးက တစ် ဆင့် ကျွန်တော်တို့ကဖေ့စ်ဘုတ်နဲ့ တွစ်တာဆီက အချက်အလက်တောင်းတယ်ဆိုတာက စစ် ဗိုလ်ချုပ်ကြီးတွေကြား ချက်ဘောက်စ်တွေ၊သီးသန့် ချက် ဂရုပ်တွေထဲမှာ ဆက်သွယ် စကားပြောတာတွေကို တောင်းတာပါ။ တွစ်တာက တော့ ချက်ချင်းပဲ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဖေ့စ်ဘုတ်ဆီကတော့ ကျွန်တော် တို့ လိုချင်တဲ့ အချက်အလက်အားလုံး မရသေးဘူးလို့ ခံစားရပါတယ်။ ဒါပေမဲ့ ဖေ့စ်ဘုတ်ဟာ အချက်အလ က်အတော်များများကို ဂျနီဗာက ကုလသမဂ္ဂရဲ့လွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့တစ်ခုဆီကို ပေးထားတာ ရှိပါ တယ်။ အဲဒီကနေ ကျွန်တော်တို့ အချက် အလက်တွေ ရပါတယ်။ ဒါပေမဲ့ ဖေ့စ်ဘုတ်ဆီက ကျန်နေသေးတဲ့ အ ချက်အလက်တွေကို တရားရုံးကတစ်ဆင့် ဆက်တောင်းပါမယ်။

ဘီဘီစီ။ ။Provisional Measures လို့ခေါ်တဲ့ ကြားဖြတ်အစီအမံတွေနဲ့ပတ်သက်လို့ မြန်မာဘက်က တရားရုံး ကို တင်ထားပါတယ်။ ဒီအပေါ် ဘယ်လို မှတ်ချက်ပေးချင်ပါဘလဲ။

ပေါလ်ရိုက်ကလာ။ ။တရားရုံးအမိန့်အရဆိုရင်တော့ မြန်မာဘက်ကနေ ကြားဖြတ်အစီအမံတွေကို လိုက်နာ ကြောင်း အစီရင်ခံစာကို တရားရံးက အမိန့်ချပြီးနောက် ၄ လအကြာမှာ တင်ရပါတယ်။ အဲ ဒီနောက် ၆ လ တစ်ကြိမ် ဆက်တင်နေရပါမယ်။ ၄လကြာတော့ မြန်မာဘက်က တင်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာကို တရား ရံးကနေ ကျွန်တော်တို့ ဂမ်ဘီယာဘက်ကိုဖတ်ရှုခွင့်နဲ့ မှတ်ချက်ပေးဖို့ ခွင့်ပြုခဲ့ပါတယ်။ မြန်မာဘက်က နောက် တစ်ကြိမ်အနေနဲ့ နိုဝင်လာလကုန်လောက်မှာ ထပ်တင်ရပါမယ်။ ကျွန်တော်တို့အနေနဲ့တော့ ဒီအစီရင်ခံစာမှာ ဘာတွေ ပါတယ်၊ ကျွန်တော်တိုဘက်က ဘာမှတ်ချက်ပြုတယ်ဆိုတာ ထုတ်ပြောဖို့ အခြေအနေမရှိပါဘူး။ တ ရားရုံးက စကြားနာတဲ့အထိ အစီရင်ခံစာပါအချက်တွေက လျှို့ဝှက်ထားရမယ်လို့ တရားရုံးက ယူဆပါတယ်။ ကျွန်တော်တို့အခုတင်တဲ့ အဆိုလွှာထဲ ပါတဲ့အချက်တွေကလည်း လျှို့ဝှက်ထားရမှာဖြစ်ပြီး အခု ကျွှန်တော် ခင်ဗျားကို ပြောတာကလည်း အသေးစိတ်ကို ပြောတာမဟုတ်ဘဲ ယေဘုယျကိုပဲ ပြောနိုင်တာဖြစ်ပါတယ်။

ဘီဘီစီ။ ။ ဒီအမှုက ဘယ်လောက်ကြာမယ်လို့ မှန်းပါလဲ။

ပေါလ် ရိုက်ကလာ။ ။
မြန်မာဘက်ကနေ Counter-Memorial ချေလွှာတင်တာက နောက် ၉ လနေမှပါ။ အဲဒါ ပြီး ရင် နောက်တစ်ကျော့ စာနဲ့ရေးပြီး လျှောက်လဲချက်တွေ တင်ရဖွယ်ရှိပါတယ်။ အဲဒါကလည်း တစ်ဖက်စီမှာ လေးလစီလောက် အချိန်ရနိုင်ပါတယ်။ အဲဒါ နောက်ထပ် ၁၇ လလောက်ဆိုတော့ တစ်နှစ်ခွဲလောက်က ဒီလို လျှောက်လဲချက်တွေ အပြန်အလှန်တင်ရမယ်လို့ ထင်ပါတယ်။ အဲဒီနောက်တရားရုံးက လအနည်း ငယ် လောက် အတွင်း ကြားနာဖို့ လုပ်နိုင်ပါတယ်။ကြားနာမှုကလည်း ဒီလိုအမှုကြီးမျိုးမှာ ၂ ပတ် ၃ ပတ်ကြာနိုင်ပါ တယ်။ ကြားနာမှုတွေ ပြီးသွားတဲ့အခါ တရားရုံးရဲ့နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ ဒီလိုအမှုအတွက် ၈ လေ လာက်ထိ ကြာတတ်ပါတယ်။ ဒါကလည်း တရာရုံးအပေါ်ပဲ မူတည်ပါမယ်။ ကျွန်တော်မှန်းတာတော့ နောက် ဆုံးအမိန့်ကျဖို့ဆိုရင် နောက်ထပ် ၂၆ လကနေ ၂၈ လ၊အကြမ်းဖျင်းအားဖြင့် ၂ နှစ်ခွဲလောက်ထိ ကြာနိုင်ပါ တယ်။

ဘီဘီစီ။ ။
ဒီအမှုကနေ ဘယ်လို ရလဒ်မျိုးထွက်လာဖို့ မျှော်လင့်ထားပါလဲ။

ပေါလ် ရိုက်ကလာ။ ။ ကျွှန်တော်တို့ မျှော်မှန်းချက်က တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ တရားရုံးကနေ အချက် အလက်တွေကို အခြေခံပြီး ဥပဒေအရပဲ ဆုံးဖြတ်တာကို မျှော်လင့်ထားပါတယ်။ အဲဒါကတော့ မြန်မာဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အပြစ်ရှိတယ်ဆိုတာပါပဲ။ နိုင်ငံတကာတရားရုံး အိုင်စီဂျေကို တင်လာ တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေထဲမှာ ဒီလိုထင်ရှားခိုင်မာတဲ့ အမှုမျိုးက ဒီတစ်ခုပဲ ရှိတယ်လို့ ပြောချင်ပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */