" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, October 24, 2020

မြန်မာအပေါ် Genocide စွဲချက် အချက်အလက်အပြည့် အစုံ ဂမ်ဘီယား တင်သွင်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
24 အောက်တိုဘာ၊ 2020
ဂျီနိုဆိုက် လူမျိုးတုန်းသတ်ဖြတ်မှု ဟန့်တားရေးသဘောတူစာချုပ်ကို မြန်မာနိုင်ငံက ချိုးဖောက်တယ်လို့ စွပ်စွဲ ထားတဲ့ ဂမ်ဘီယာ နိုင်ငံက မနေ့ သောကြာနေ့ အောက်တိုဘာလ ၂၃ ရက်မှာ Memorial လို့ ခေါ်တဲ့ စာမျက် နှာ ၅၀၀ ရှိတဲ့ အချက်အလက် အပြည့် အစုံတင်ပြချက်ကို နိုင်ငံတကာ တရားရုံး ICJ ကို တင်သွင်းလိုက်ပြီဖြစ် ပါတယ်။

ဂမ်ဘီယာက တင်သွင်းတဲ့ Memorial လို့ ခေါ်တဲ့ အချက်အလက်အပြည့်အစုံတင်ပြချက်ဟာ မြန်မာနိုင်ငံကို သူတို့ စွဲဆိုထားတဲ့ ဂျီနိုဆိုက် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ဘယ်လောက်ထိ ခိုင်မာမှုရှိလဲဆိုတာ ကိုဖော် ပြထားတဲ့သက်သေအထောက်အထားတွေပါဝင် မှာ ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံက ပြီးခဲ့တဲ့ နိုဝင်ဘာလက မြန် မာနိုင်ငံကို ICJ မှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ပဏာမ ကြားနာဆွေးနွေးအပြီးမှာ ICJ က မြန်မာ နိုင်ငံအနေနဲ့ ကြားဖြတ် အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ကနဦး ကြားနာမှုအရ စွပ်စွဲချက်တွေမှာ လုံလောက်တဲ့ အထောက်အထားတွေ တွေ့ရှိတာကြောင့် ဒီ အမှုကို ဆက်လက် ကြားနာ ဖို့ အတွက် ICJက ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း၊ အခုလို ဂမ်ဘီယာ နိုင်ငံက Memorial ကို တင်သွင်းလိုက်တာက အရေးပါတဲ့ ခြေလှမ်း တစ်ရပ် ဖြစ်ကြောင်းနဲ့ ဒီ အမှု အောင်မြင်မှု ရှိမရှိက Memorial ထဲမှာ ပါရှိတဲ့ အချက်အလက်တွေ အပေါ် မူတည်နေတယ်လို့လည်း the Daily Star သတင်းစာက ပြောပါ တယ်။

ICJ နိုင်ငံတကာ တရားရုံးက ဒီနှစ် ဇန်နဝါရီလ ၂၃ ရက်မှာ မြန်မာနဲ့ ဂမ်ဘီယာ အပေါ် ချမှတ်ခဲ့တဲ့ အမိန့်စီရင် ချက်တွေအရ ဂမ်ဘီ ယာဘက်က လျှောက်လှဲချက်ကို ဇူလိုင်လ ၂၃ ရက်မှာ တင်သွင်းရမှာဖြစ်ပေမယ့် ကိုဗစ် -၁၉ကပ်ရောဂါအခြေအနေကြောင့် အောက်တိုဘာလ ၂၃ ရက်နေ့ထိ ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။ မြန်မာဘက် ကလည်း ဂျီနိုဆိုက်မကျူးလွန်ပါဘူးဆိုတဲ့ ပြန်လည် ခုခံချေပချက်ကို ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၅ ရက်မှာ ICJ ကိုတင်သွင်းရမှာဖြစ်ပါတယ်။ Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */