ခေတ်သစ်မီဒီယာ
ရန်ကုန်၊ အောက်တိုဘာ ၂၃AA အနေဖြင့် ပြည်ပ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကူအညီပေးမှုများ ရပ်ဆိုင်းရန် ဦးဇော်ဌေးပြောရခိုင် တပ်တော်AA အနေဖြင့် ပြည်ပ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကူအညီပေးမှုများ ရပ်ဆိုင်းရန် နိုင်ငံ တော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆို သည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ၎င်းကအထက်ပါ အတိုင်းပြောဆို လိုက်ခြင်း ဖြစ် သည်။ရန်ကုန်၊ အောက်တိုဘာ ၂၃AA အနေဖြင့် ပြည်ပ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကူအညီပေးမှုများ ရပ်ဆိုင်းရန် ဦးဇော်ဌေးပြောရခိုင် တပ်တော်AA အနေဖြင့် ပြည်ပ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကူအညီပေးမှုများ ရပ်ဆိုင်းရန် နိုင်ငံ တော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆို သည်။
“AA အနေနဲ့ ပြည်ပက အဖွဲ့အစည်းတွေ အစိတ်အပိုင်းတွေ အဲဒါနဲ့ ပူးပေါင်းပြီး အကူအညီပေးတာတွေ ရပ် ဆိုင်း ဖို့လိုတယ်။ ကျနော်တို့ ပြောရရင်တော့ ကိုယ့်ပြည်ထောင်စုသားအချင်းချင်း နောက် ကိုယ့်ပြည် နယ် အ စိုးရတွေ ပြည်နယ်ထဲက အင်အားစုတွေ ပြည်ထောင်စုရဲ့ အင်အားစုတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ရေးကို ဦးတည်သင့်တယ်လို့ ဒုတိယအကြိမ်ပြောလိုတယ်” ဟု ဦးဇော်ဌေးက ပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်ကာလ မွတ်စလင်(ရိုဟင်ဂျာ)များကို သတ်ဖြတ်ခဲ့သည်ဟုဝန်ခံထားသော တ ပ် မ တော်သား ၂ ဦး AA ထံမှတစ်ဆင့် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) တရားရုံးသို့ သက်သေထွက်ဆိုနိုင်ရန် ရောက်ရှိနေပြီဖြစ်ကြောင်း စက်တင်ဘာလ ၉ ရက်နေ့က နိုင်ငံတကာသတင်းဌာနများက သတင်းဖော်ပြခဲ့ သည်။
ဘူးသီးတောင်အခြေစိုက် စကခ ၁၅ လက်အောက်ခံ၊ ခမရ ၅၆၅ မှ (တ-၅၂၂၃၁၁ ) တပ်သားမျိုးမင်းထွန်း နှင့် ရခိုင်အခြေစိုက် ခမရ ၃၅၃ မှ တပ်သား ဇော်နိုင်ထွန်း တို့သည် AA ထံတွင် ထိန်း သိမ်းခံရပြီးနောက် ဘင်္ဂလား ဒေ့ရှ်မှတစ် ဆင့် နယ်သာလန်နိုင်ငံ၊ The Hague ရှိ နိုင်ငံတကာရာဇဝတ်တရားရုံးICC ထံသို့ ရောက်ရှိပြီး သက် သေထွက်ဆိုနိုင်ဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ရခိုင်တပ်တော်AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက တပ်မတော်သား ၂ ဦးသည် တပ်မတော်မှ ထွက်ပြေးလာခြင်း ဖြစ်ပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခြင်း မဟုတ်ကြောင်း၊ ယင်းတပ်မတော်သား ၂ ဦး မည်သည့်နေရာတွင် ရှိနေ သည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ မြန်မာတပ်မတော်၏ ကျူးလွန်ခံခဲ့ရသူများအတွက် တရားမျှတမှု ပေါ်ေ ပါက်ရေး ဆောင်ရွက်ရန် တပ်သား ၂ ဦးက ဆုံးဖြတ်ထားသည်ဟု ထိုစဉ်က ပြောဆိုခဲ့သည်။
နိုင်ငံတော်သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက AA အနေဖြင့် ငြိမ်းချမ်းရေးအတွက် ပြန်လည်ဆန်းစစ်ရန် လိုအပ်ကြောင်းလည်းပြောဆိုသွားသည်။
“AA အနေနဲ့ ပြန်ပြီး သူတို့ကိုယ်တိုင် ပြန်ဆန်းစစ်ဖို့လိုတယ်။ ဆန်းစစ်ပြီးတာနဲ့ ဘယ်နည်းလမ်းက ရခိုင်ပြည် နယ် အတွက်ရော ပြည်ထောင်စုအတွက်ရော ကောင်းမွန်မလဲဆိုတာကို သူတို့ ဆုံးဖြတ်လိုတယ်။ ဒီလိုမှမ ဟုတ်ဘူးဆိုရင် ပြဿနာတွေ ပိုကြီးထွားလာမယ်။ မြေပြင်အခြေအနေ ပေါ်မူတည်ပြီးတော့ ငြိမ်းချမ်းရေး ေ ဆွးနွေးမှုတွေက ပိုပြီးတော့ ခက်ခဲလာမယ်။ ခက်ခဲလို့လည်း မြောက်ပိုင်း ၄ ဖွဲ့နဲ့လည်း ဆွေးနွေးတဲ့အခါမှာ အခက်အခဲတွေကြုံလာတယ်။ ဒီအနေအထားတွေ ရှိပါတယ်။
နောက်တတိယအချက်က မြေပြင်မှာ ရခိုင်ပြည်နယ်မှာ အပြစ်မဲ့ ရခိုင်ပြည်သူတွေ ထိခိုက်နစ်နာတဲ့လုပ် ရပ် တွေ ရပ်ဖို့ပေါ့။ အထူးသဖြင့်ပေါ့ ရခိုင်မှာဆိုရင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတာ တစ်ဝက်လောက်ရှိတယ်။ ပြီးရင်လူတွေမှာလည်း ကျီးလန့်စာ စားနေရတဲ့ အနေအထားရှိတယ်။ ကျနော်တို့ အစိုးရဘက်ကတော့ ငြိမ်း ချမ်းရေး ဆွေးနွေးပွဲကိုလာရင် လာတဲ့ကိုယ်စားလှယ်တွေအတွက် ၁၀၀ ရာခိုင်နှုန်းလုံခြုံရေးအာမခံတယ် ပြော ထားပြီးပြီ။ အဲဒီတော့ ဒီအတွက် ဘာမှ စိုးရိမ်ကြောင့်ကြမှုမရှိနဲ့ ဒီ Dialogue လမ်းကြောင်း ဒီနေရာကို ရောက် ခွင့်ပေးတဲ့အတိုင်း လာဖို့လိုတယ်” ဟု ဦးဇော်ဌေးက အောက်တိုဘာလ ၂၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
Link :Here
No comments:
Post a Comment