" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, July 10, 2019

စင်္ကာပူနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ AA နဲ့ ပတ်သက်သူ ခြောက်ဦးကို ပြည်နှင်ဒဏ်ပေးမည်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-10
 ၂ဝ၁၉ ဧပြီလ ၈ ရက်နေ့က စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁ဝ ကြိမ်မြောက် ရခိုင့်တပ်တော် AA ဂုဏ်ပြုပွဲ အခမ်းအနား။Photo: Arakan Thu/FB
 
AA ရခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီ - ကိုအောင်မြတ်ကျော် အပါအဝင် ရခိုင်-စင်္ကာပူအသင်းက ၆ ယောက်ကို စင်္ကာပူ အာဏာပိုင်တွေက မနေ့က ဖမ်းဆီးလိုက်ပါတယ်။ သူတို့တွေကို စင်္ကာပူနိုင်ငံကနေ ပြည်နှင်ဒဏ် ပေးသွားမှာ ဖြစ်တယ်လို့ စင်္ကာပူ ပြည်ထဲရေးဌာနက ဇူလိုင်လ ၁ဝ ရက် ရက်စွဲနဲ့ ကြေညာ ချက် တစ်စောင် ထုတ်ပြန်ပါတယ်။
သူတို့တွေဟာ မြန်မာအစိုးရကို တိုက်ခိုက်နေတဲ့ AA အဖွဲ့ကို ပံ့ပိုးကူညီ နေတာကြောင့် အရေးယူသွားမှာ ဖြစ်တယ်လု့ိ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။ အခု ဖမ်းဆီးခံရတဲ့ သူတွေဟာ မြန်မာအစိုးရက အကြမ်း ဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ AA နဲ့ ရခိုင်ညီညွတ်ရေးအဖွဲ့ ULA တို့အတွက် လူသစ်စုဆောင်းတာ၊ စည်းရုံးရေးဆင်းတာ၊ ရန်ပုံငွေ ကောက်ခံတာတွေကို စင်္ကာပူနိုင်ငံမှာရှိတဲ့ မြန်မာအသိုင်းဝိုင်းကြားမှာ ပြုလုပ် ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စင်္ကာပူရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်အရ AA ကို အထောက်အပံ့ပေးနေတဲ့ မြန်မာနိုင်ငံသားတွေ စင်္ကာပူမှာ ရှိနေတယ်လု့ိ့ တွေ့ရှိရပြီး၊ အဲဒီအထဲက တဦးဟာ AA အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်တဦးနဲ့ တိုက်ရိုက်ပတ်သက်နေသူဖြစ်တယ်လို့ လည်း ဖော်ပြခဲ့ပါတယ်။ သူ့ကို စင်္ကာပူရောက် ရခိုင်အသိုင်းအဝိုင်းက ထောက်ခံနေ တာတွေ့ရှိရသလို သူကလည်း အဖရခိုင်ပြည်အတွက် ရန်ပုံငွေထည့်ဝင်ကြဖို့ စည်းရုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလိုစည်း ရုံးရာမှာ စင်္ကာပူရောက် မြန်မာအသိုင်းအဝိုင်းကလည်း လစဉ်ကြေး ထည့်ဝင်ကြတယ်လို့ စင်္ကာပူပည်ထဲရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Link :  Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */