Wednesday, July 10, 2019

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် စစ်တွေမြို့သို့ရောက်ရှိ

မြန်မာ့အလင်း သတင်းစာ
စစ်တွေ ဇူလိုင် ၁၀
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ် Mrs. Christine Schraner Burgener ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ လေကြောင်း ခရီးဖြင့် ရောက်ရှိကြသည်။
                                                                      
  အထူးကိုယ်စားလှယ်နှင့်အဖွဲ့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ် ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်၊ ဦးအောင်ကျော်ဇံနှင့် တာဝန်ရှိသူများ က စစ်တွေလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။

ယင်းနောက် အထူးကိုယ်စားလှယ် နှင့်အဖွဲ့သည် စစ်တွေမြို့ လမ်းမတော် တောင်ရပ်ကွက်ရှိ ရခိုင်အမျိုး သား ပါတီ ဗဟိုဌာနချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ထို့နောက် အထူးကိုယ်စားလှယ် နှင့် အဖွဲ့သည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံတို့နှင့်အတူ နယ်မြေ လုံခြုံရေးအခြေအနေကြောင့် နေရပ် စွန့်ခွာသူများ ခေတ္တနေထိုင်ရာ စစ်တွေမြို့မင်းဂံရပ်ကွက် အကွက်(၁၃)ရှိ ဝိဘဇ္ဇဝါဒီ(ပရဟိတ) ကျောင်းတိုက်သို့ သွားရောက်၍ လတ်တလော နေထိုင်စားသောက်မှု အခြေအနေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီး ဌာနနှင့် ပြည်နယ်အစိုးရမှ ထောက်ပံ့နေမှု၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများနှင့် စေတနာရှင်များ၏ထောက် ပံ့ ကူညီပေးနေမှု၊ ကျောင်းသူ ကျောင်းသားများ ပညာဆက်လက် သင်ကြားနေမှုများနှင့် ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေများကို တွေ့ ဆုံမေးမြန်းခဲ့သည်။

သတင်း-အောင်ရဲသွင်
ဓာတ်ပုံ-တင်ထွန်း(ပြန်/ဆက်)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */