Wednesday, July 10, 2019

ရန်ဟီးလီး မလေးရှားက မြန်မာ့လူ့အခွင့်အရေး ကိစ္စ တွေ သွားလေ့လာပြီး ထုတ်ပြန်မယ်

B B C
ဘီဘီစီ မြန်မာပိုင်း
10-07-2019
                  ရန်ဟီးလီး မလေးရှားက မြန်မာ့လူ့အခွင့်အရေး ကိစ္စတွေသွားလေ့လာပြီးထုတ်ပြန်မယ် 
 
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စရန်ဟီးလီးက ထိုင်းနိုင်ငံမှာ ရောက် ရှိနေတဲ့ မြန်မာလူမှုအဖွဲ့အစည်းတွေနဲ့ မဲဆောက်မြို့၊ မယ်တော်ဆေးခန်းမှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးမယ်လို့ သိရပါတယ်။

နှစ်ရက်တာတွေ့ဆုံဆွေးနွေးမှုတွေ ပြီးရင်တော့ မလေးရှားနိုင်ငံကိုသွားပြီး မြန်မာ့လူ့အခွင့်အရေးကိစ္စတွေ ကို သွားရောက်လေ့လာမယ်လို့ သိရပါတယ်။

အာဆီယံဒေသတွင်းနိုင်ငံတွေထဲမှာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံက မြန်မာနိုင်ငံအပေါ် အတက်ကြွဆုံးဝေဖန်ပြောဆိုနေတဲ့ နိုင်ငံတခုလည်းဖြစ်ပါတယ်။

မလေးရှားခရီးမတိုင်မီ မဲဆောက်မှာ ထိုင်းနိုင်ငံရောက်မြန်မာအရေးလှုပ်ရှားနေတဲ့ ကရင်လူ့အခွင့် အ ရေးအ ဖွဲ့၊ မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင်အပြင် အခြားလူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေ၊ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။

အဲဒီလိုသွားရောက်ရာမှာတွေ့ရှိခဲ့တဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ဇူလိုင်လ ၁၈ရက်မှာ မလေ ရှား နိုင် ငံ မှာပဲ သတင်းစာရှင်း လင်းပွဲလုပ်မယ်လို့ သိရပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */