" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, July 10, 2019

ကုလအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ်စစ်တွေ ရောက်ရှိ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-10
ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတင်းဘာဂနာ စစ်တွေမြို့ကို ၂၀၁၉ ဇူလိုင် ၁၀ ရက်နေ့က ရောက်ရှိလာစဉ် Photo: Min Thein Aung/RFA

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတင်းဘာဂနာဟာ ဒီနေ့ မနက်က ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ရခိုင်အမျိုးသားပါတီ ANP ရုံးမှာ ပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံနေပါတယ်။

သူ့ရဲ့ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း တိုက်ပွဲတွေကြောင့် စစ်တွေမြို့ကိုထွက်ပြေးရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခ သည်တွေနဲ့ တွေ့ဆုံဖို့ရှိသလို အရပ်ဘက်အဖွဲ့တွေနဲ့ပါ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

မနက်ဖြန်မှာ မြေပုံမြို့က မွတ်ဆလင်ဒုက္ခသည်စခန်းကိုပါ သွားရောက်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */