By ဧရာဝတီ
10 July 2019
၂၀၁၆ ခုနှစ်က မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူတွင် ဖြစ်ပွားသည့် ဖောက်ခွဲ တိုက်ခိုက်မှု အပြီး တာဝန်ရှိသူများက ရှင်းလင်းနေစဉ် / Reuter
စစ်သွေးကြွ အုပ်စုများတွင် ပါဝင်သည်ဟု သံသယရှိသောကြောင့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ နှစ်ဦးအပါအဝင် နိုင်ငံ ခြားသား လေးဦးကို မလေးရှားက ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာ သည်။
မလေးရှားနိင်ငံတွင် ရိုဟင်ဂျာမွတ်စလင် သောင်းချီရှိပြီး ၎င်းတို့သည် မြန်မာ သို့မဟုတ် ဘင်္ဂလားဒေ့ရှ်မှ မလေးရှားသို့ ခိုလှုံရန် ရောက်ရှိနေသည်မှာ နှစ်အတန်ကြာပြီဖြစ်သည်။

ထိုသံသယရှိသော ရိုဟင်ဂျာနှစ်ဦးစလုံး တို့သည် ၂၀၁၇ တိုက်ခိုက်မှုနောက်ကွယ်မှ အာရကန်ရိုဟင်ဂျာ ကယ် တင်ရေး တပ်ဖွဲ့ (ARSA) ကို ထောက်ခံသည်ဟု သံသယရှိသောကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း မလေးရှားရဲချုပ် အဗ္ဗဒယ် ဟာမစ် ဘဒါ က ကြေညာချက်တစောင်တွင် ပြောသည်။
၎င်းတို့အနက်တဦးဖြစ်သူ အသက် ၄၁ နှစ်အရွယ် ဆောက်လုပ်ရေး လုပ်သားသည် ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ချုပ် ကို သတ်ဖြတ်ရန် ခြိမ်းခြောက်သည့် ဗီဒီယိုကို လူမှုကွန်ရက်တွင် တင်ခဲ့ဖူးသည်ဟု အဗ္ဗဒယ် ဟာမစ်က ပြော သည်။
အခြား ဖမ်းဆီးခံရသူများတွင် အိုင်အက်စ်နှင့် အဆက်အသွယ်ရှိသော စစ်သွေးကြွ အဖွဲ့ဖြစ်သည့်အဘူဆေ ယက် အဖွဲ့နှင့် အဆက်အသွယ်ရှိသော အသက် ၅၄ နှစ်အရွယ် ဖိလစ်ပိုင်နိုင်ငံသား တဦးပါဝင်သည်။
ထိုသူသည် ဖိလစ်ပိုင်တောင်ပိုင်း ဆာဘားပြည်နယ် ရေပိုင်နက်တွင် ပြန်ပေးဆွဲမှုများတွင် ပါဝင်ခဲ့သည်ဟု သံသ ယရှိရကြောင်းလည်း အဗ္ဗဒယ် ဟာမစ်က ပြောသည်။
စတုတ္ထတဦးမှာ အသက် ၂၄ နှစ်အရွယ် အိန္ဒိယနိုင်ငံသား ဖြစ်ပြီး ဆစ်ခ်ခွဲထွက်ရေး အုပ်စု ဘာဘာခယ်ဆာ အင်တာနေရှင်နယ် (BKI) ထိပ်တန်းအဖွဲ့ဝင် တဦးအတွက် လုပ်ငန်းစီစဉ်ပေးသူ ဖြစ်သည်ဟု ဆိုသည်။
ထိုသံသယရှိသူသည် ဓာတ်လှေခါး ထိန်းသိမ်းရေး အလုပ်သမားတဦး ဖြစ်ပြီး အရှေ့တောင်အာရှိ BKI လှုပ်ရှားမှု များ အတွက် ရင်းဂစ် ၇၆၀၀ (ဒေါ်လာ ၁၈၃၅) လွှဲပြောင်း ပေးခဲ့သည်ဟု အဗ္ဗဒယ် ဟာမစ်က ဆိုသည်။
IS နှင့် မဟာမိတ်ဖွဲ့ထားသည့် သေနတ်သမားများက ဂျကာတာတွင်၂၀၁၆ ခုနှစ် ဇန်နဝါရီလက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် မလေးရှားနိုင်ငံသည် ၎င်းတို့၏ လုံခြုံရေးတပ်များကို တပ်လှန့်ထားသည်။
မလေးရှားမြို့တော် ကွာလာလမ်ပူမြို့စွန်ရှိ ဘားတခုကို ၂၀၁၆ ခုနှစ်ဇွန်လတွင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု အတွင်း လူ ၈ ဦး ဒဏ်ရာရခဲ့သည်။ ထိုတိုက်ခိုက်မှုကို IS က ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ယင်းတိုက်ခိုက်မှုသည် ထိုအဖွဲ့၏ မလေးရှားတွင် ပထမဆုံးတိုက်ခိုက်မှု ဖြစ်သည်။
Link : Here၎င်းတို့အနက်တဦးဖြစ်သူ အသက် ၄၁ နှစ်အရွယ် ဆောက်လုပ်ရေး လုပ်သားသည် ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ချုပ် ကို သတ်ဖြတ်ရန် ခြိမ်းခြောက်သည့် ဗီဒီယိုကို လူမှုကွန်ရက်တွင် တင်ခဲ့ဖူးသည်ဟု အဗ္ဗဒယ် ဟာမစ်က ပြော သည်။
အခြား ဖမ်းဆီးခံရသူများတွင် အိုင်အက်စ်နှင့် အဆက်အသွယ်ရှိသော စစ်သွေးကြွ အဖွဲ့ဖြစ်သည့်အဘူဆေ ယက် အဖွဲ့နှင့် အဆက်အသွယ်ရှိသော အသက် ၅၄ နှစ်အရွယ် ဖိလစ်ပိုင်နိုင်ငံသား တဦးပါဝင်သည်။
ထိုသူသည် ဖိလစ်ပိုင်တောင်ပိုင်း ဆာဘားပြည်နယ် ရေပိုင်နက်တွင် ပြန်ပေးဆွဲမှုများတွင် ပါဝင်ခဲ့သည်ဟု သံသ ယရှိရကြောင်းလည်း အဗ္ဗဒယ် ဟာမစ်က ပြောသည်။
စတုတ္ထတဦးမှာ အသက် ၂၄ နှစ်အရွယ် အိန္ဒိယနိုင်ငံသား ဖြစ်ပြီး ဆစ်ခ်ခွဲထွက်ရေး အုပ်စု ဘာဘာခယ်ဆာ အင်တာနေရှင်နယ် (BKI) ထိပ်တန်းအဖွဲ့ဝင် တဦးအတွက် လုပ်ငန်းစီစဉ်ပေးသူ ဖြစ်သည်ဟု ဆိုသည်။
ထိုသံသယရှိသူသည် ဓာတ်လှေခါး ထိန်းသိမ်းရေး အလုပ်သမားတဦး ဖြစ်ပြီး အရှေ့တောင်အာရှိ BKI လှုပ်ရှားမှု များ အတွက် ရင်းဂစ် ၇၆၀၀ (ဒေါ်လာ ၁၈၃၅) လွှဲပြောင်း ပေးခဲ့သည်ဟု အဗ္ဗဒယ် ဟာမစ်က ဆိုသည်။
IS နှင့် မဟာမိတ်ဖွဲ့ထားသည့် သေနတ်သမားများက ဂျကာတာတွင်၂၀၁၆ ခုနှစ် ဇန်နဝါရီလက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် မလေးရှားနိုင်ငံသည် ၎င်းတို့၏ လုံခြုံရေးတပ်များကို တပ်လှန့်ထားသည်။
မလေးရှားမြို့တော် ကွာလာလမ်ပူမြို့စွန်ရှိ ဘားတခုကို ၂၀၁၆ ခုနှစ်ဇွန်လတွင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု အတွင်း လူ ၈ ဦး ဒဏ်ရာရခဲ့သည်။ ထိုတိုက်ခိုက်မှုကို IS က ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ယင်းတိုက်ခိုက်မှုသည် ထိုအဖွဲ့၏ မလေးရှားတွင် ပထမဆုံးတိုက်ခိုက်မှု ဖြစ်သည်။
No comments:
Post a Comment