" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, July 9, 2019

ကံပြင်ရွာသား ၂၀ ကျော် ဘုန်းကြီးကျောင်းမှာ ထိန်း သိမ်း ခံထားရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-09
AA နဲ့ တပ်မတော် တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ် စည်တောင်ရွာကို ၂၀၁၈ ဒီဇင်ဘာလ ၁၁ ရက်နေ့က ထွက်ပြေးလာတဲ့ ကံပြင်ရွာသားတွေကို တွေ့ရစဉ်hoto: Mg Soe Than


■ ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာကို တပ်မ - ၂၂ ရဲ့ အင်အား ၁၀၀ ဝန်းကျင်လောက်ပါတဲ့ တပ်မေ တာ် စစ်ကြောင်းတစ်ခုဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကရောက်ရှိလာပြီး စခန်းချနေတာလို့ ရွာသားတွေ ကပြောပါတယ်။

တပ်မတော်စစ်ကြောင်းဟာ ရွာနဲ့ကပ်လျက် ဘုန်းတော်ကြီးကျောင်းနဲ့ ကျောင်းနောက်ကတောင်ပေါ်မှာ စခန်းချနေတာလို့ ဆိုပါတယ်။

အဲဒီနေ့ကစပြီး ရွာထဲမှာရှိတဲ့ လူကြီးလူငယ်အမျိုးသား ၂၀ ကျော်ကို ကျေးရွာဘုန်းတော်ကြီးကျောင်းမှာ ခေါ်ယူထိန်းသိမ်းထားသလို အမျိုးသမီးတွေကိုလည်း ရံဖန်ရံခါ ဘုန်းတော်ကြီးကျောင်းကိုခေါ်ယူ စုရုံးခိုင်း ထားတယ်လို့ဆိုပါတယ်။

တပ်မတော်ဟာ ပြည်သူတွေကို စောင့်ရှောက်ဖို့လာရောက်တာလို့ပြောဆိုသလို AA အဖွဲ့က ဒီအနီးအနား ကို လာရောက်တာရှိမရှိ မေးမြန်းတာလို့လည်း ရွာသားတွေကပြောပါတယ်။

ရွာသားတွေဟာ အပြင်ကိုထွက်ခွင့်မရတာကြောင့် ဆန်ရိက္ခာပြတ်လပ်တာတွေကြုံနေရတယ်လို့ အမည် မဖော် လိုတဲ့ ရွာသားတစ်ဦးက RFA ကိုပြောပါတယ်။

“အခုရွာသားတွေက တော်တော့ကို ထိတ်လန့်နေတယ်။ စားနပ်ရိက္ခာတွေလည်းမရှိတော့ဘူး။ တော်တော့ကိုအခက်အခဲရှိနေတယ်။ ထမင်းငတ်တာတောင်ရှိနေပြီလေ အခုဆိုရင်။ ရွာသူရွာသားတွေက ဒုက္ခဖြစ်နေတယ်။ ကလေးတွေအတွက် နို့မှုန့်ဝယ်ဖို့သွားရင်၊ ရိက္ခာတွေယူဖို့ သွားမယ်ဆိုရင်တောင်မှ မသွားရဘူး။ နောက်တစ်နေ့သွားပါဆိုပြီး အဲလိုကြပ်ထားတယ်သူတို့က။ ကျွန်တော့်အနေနဲ့က ရွာသူရွာသားတွေ ဘာမှဒုက္ခမဖြစ်စေဖို့၊ အေးအေးဆေးဆေးနဲ့ပဲ လွတ်လွတ်လပ်လပ်နေချင်တာပေါ့”

ကံပြင်ကျေးရွာမှာ အိမ်ခြေ ၅၀ ကျော်၊ လူဦးရေ ၃၀၀ ခန့်နေထိုင်ပြီး ရသေ့တောင်-ဘူးသီးတောင်ကားလမ်း မနဲ့ မလှမ်းမကမ်းမှာရှိတာပါ။

ဒီနှစ်ဆန်းပိုင်းကနေစလို့ ဒီအနီးတဝိုက်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ရွာသားတွေဟာ နီးစပ်ရာကျေးရွာတွေမှာ ထွက်ပြေးခိုလှုံနေကြရပါတယ်။

ပြီးခဲ့တဲ့လက ရွာသား ၄၀ ကျော်လောက်ဟာ လယ်လုပ်ဖို့ဆိုပြီး ရွာကိုပြန်သွားကြပြီးတဲ့နောက် တပ်မတော် စစ်ကြောင်းတစ်ခုရောက်ရှိလာလို့ ကန့်သတ်မှုတွေ ကြုံတွေ့နေရတာလို့ ကျေးရွာသားတွေကပြောပါတယ်။

ဘုန်းတော်ကြီးကျောင်းမှာ ခေါ်ယူထိန်းသိမ်းထားတဲ့ အမျိုးသား ၂၀ ကျော်ကို အဖွဲ့ ၃ ဖွဲ့ခွဲပြီး တစ်ဖွဲ့စီကို အချိန်ပိုင်းနဲ့အိမ်ပြန်ခိုင်းပြီး၊ ဘုန်းတော်ကြီးကျောင်းကိုပဲ ပြန်လာကြရတယ်လို့ဆိုပါတယ်။

ဒါကြောင့် သူတို့ရဲ့ လယ်ယာလုပ်ငန်း၊ ငါးရှာဟင်းခူးစတဲ့ အလုပ်တွေကို လုပ်ကိုင်နိုင်ခြင်းမရှိကြဘူးလို့လည်း ရွာ သားတွေကပြောပါတယ်။

ဒါ့ကြောင့် နီးစပ်ရာရွာတွေမှာ ခိုလှုံနေရတဲ့ရွာသားတွေဟာ သူတို့ ကံပြင်ကျေးရွာကို မပြန်ရဲကြဘဲ ဖြစ်နေ တယ်လို့ အမည်မဖော်လိုတဲ့ နောက်ထပ်ရွာသားတစ်ဦးက ပြောပါတယ်။

“ကျန်တဲ့ရွာသားတွေကလည်း ရွာကိုမပြန်ချင်ကြဘူး။ အဲဒီမှာရှိတဲ့ရွာသားတွေကိုတောင် မလွှတ်ပေးဘူး ဆိုတော့ မသွားရဲဘူးဖြစ်နေတယ်။ သွားလို့ရှိရင်လည်း လွတ်မှာမဟုတ်ဘူး၊

ဖမ်းဆီးခေါ်ဆောင်သွားမှာစိုးလို့။ ဖုန်းတွေကိုလည်း အကုန်လုံးသိမ်းထားတယ်ပြောတယ်။ ဒီမနက်ကဆိုရင် ရွာ သားတွေကိုအကုန်လုံး မိန်းမရော၊ ယောက်ျားရောခေါ်တယ်ပြောတယ်။ လူတွေမရှိတုန်း အိမ်ကိုတက်ရှာတယ်လို့ပြောတယ်”

ဒီနေ့မနက်ပိုင်းမှာ တပ်မတော်က ကျေးရွာသားအားလုံးကို ဘုန်းတော်ကြီးကျောင်းမှာ စုခိုင်းပြီး အိမ်တွေကို ဝင်ရောက်ရှာဖွေတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလိုရှာဖွေရာမှာ ရွှေလက်စွပ်တစ်ကွင်းနဲ့ ငွေ တစ်သိန်းပျောက်သွားတယ်လို့လည်း ဒေသခံ မလှစိုးက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ နေ့လယ်က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အဲဒီနေရာမှာ လှုပ်ရှားနေတဲ့ တပ်မတော်စစ်ကြောင်းတွေ မရှိကြောင်းနဲ့ အဲဒီလိုလုပ်ဆောင်တာတွေမရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။


“မဟုတ်ပါဘူးဗျ အဲဒါတော့၊ မရှိပါဘူးဗျ”

ရွာမှာတပ်စွဲထားတဲ့ တပ်မတော်စစ်ကြောင်းဟာ သူတို့မှာလည်း ဆန် ရိက္ခာတွေ လိုတယ်လို့ဆိုပြီး မနီးမဝေး မှာရှိတဲ့ စည်တောင် ကျေးရွာကို ဆန်နှစ်အိတ်ဝယ်ဖို့ ရွာသား ၄ ဦးကို ဒီနေ့လွှတ်လိုက် ရာမှာ အဲဒီရွာသားတွေ က ဆက်လက်ထိန်းသိမ်းခံရမှာစိုးလို့ ရွာ ကိုပြန်ဖို့ကြောက် ရွံ့နေကြတယ်လို့ အဲဒီရွာသားတွေက ပြောပါ တယ်။

ဘူးသီးတောင်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကတော့ ကံပြင်ကျေးရွာ သားတွေ စားနပ် ရိက္ခာပြတ်လပ်နေတဲ့ကိစ္စကို အကူအညီပေးဖို့ အပြည်ပြည် ဆိုင်ရာကြက်ခြေနီကော် မတီ ICRC ကို အကူအညီတောင်းထားတယ်လို့ပြောပါတယ်။
ကံပြင်ကျေးရွာမှာ တပ်မတော်က တပ်စွဲထားတာနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက အခုလိုပြောပါတယ်။

“စုံစမ်းစစ်ဆေးမှုတွေကို လုပ်သင့်တာလည်းလုပ်ပြီးပြီး အခု တစ်ပတ်လောက်ရှိပြီပေါ့နော်။ သူတို့ လိုအပ်တဲ့ ဟာတွေရ လို့ရှိရင် ပြန်သွားဖို့ပဲလိုတယ်။ အခုကဒီလိုတမင်တကာ လုပ် ထားတယ်ဆိုတာ လူ့အခွင့်အေရးချိုးဖောက်တာတစ်ခုပဲ။ နောက်တစ်ခုက အရင်တုန်းက အဲဒီမှာဖြစ်သွားတဲ့ ကျောက် တန်းကိစ္စတို့လို ပုံစံ မျိုးဖြစ်သွားမှာကိုစိုးတယ်။ သတင်း အ မှန်တွေဖော်ပြဖို့လိုတယ်။ ဘာတွေလုပ်နေပါတယ်၊ ဘာဖြစ်နေ တယ် ဆို တာကိုသိဖို့လိုတယ်။ အဲဒီလိုမသိဘဲနဲ့ ဒီလိုပဲဆက် ပြီးတော့ လုပ်နေမယ်ဆိုလို့ရှိရင် မလိုလား အပ် တဲ့ ပြဿနာတွေေ ပါ့နော် ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေ ပေါ်ပေါက်လာမှာကိုစိုးတယ်”

 ကံပြင်ရွာ ဘုန်းကြီးကျောင်းမှာ တပ်မ - ၂၂ က တပ်စွဲပြီး ရွာသား ၂၀ ကျော်ကို ထိန်းသိမ်းထားတယ်ဆိုတဲ့ ပြော ဆိုချက်တွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲတွေကြောင့် စစ်ဘေးသင့်ဒုက္ခသည်ဦးရေ ငါး သောင်းနီးပါးခန့်ရှိနေပြီး အဲဒီအထဲက လူပေါင်း နှစ်သောင်းခြောက်ထောင်ကျော်ဟာ ကယ်ဆယ်ရေးစ ခန်းတွေဆီကို ရောက်မလာဘဲ ကျေးရွာအသီးသီးမှာ စားနပ်ရိက္ခာအခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ ရခိုင် တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC က ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */