" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label Video. Show all posts
Showing posts with label Video. Show all posts

Wednesday, July 8, 2020

ရသေ့တောင် အဓမ္မပြုကျင့်မှုစွပ်စွဲချက် ပြည်နယ်ရဲတပ် ဖွဲ့စစ်ဆေး

မြန်မာဌာန | သတင်းများ
2020.07.07



ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ညက အသက် ၃၆ နှစ်အ ရွယ် အမျိုးသမီးတစ်ဦးကို တပ်မတော်သား သုံးဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ကာယကံရှင်အမျိုးသမီး RFA ကို ဇူလိုင်လ ၂ ရက်နေ့က ထုတ်ဖော်ပြောဆိုလိုက်တဲ့နောက် မနေ့က ဇူလိုင်လ ၆ ရက်နေ့မှာတော့ ကာယ ကံရှင် အမျိုးသမီးနဲ့အတူရှိနေခဲ့တဲ့ အမျိုးသမီး သုံးဦးကို ရဲတပ်ဖွဲ့က စစ်တွေမြို့ အရန်ရဲတပ်ဖွဲ့မှူးရုံးမှာ ခေါ် ယူစစ်ဆေး ခဲ့ပါတယ်။

ကာချုပ်ကို ဗြိတိန်က စီးပွားရေးပိတ်ဆို့တာ နိုင်ငံရေးရည် ရွယ်ချက်လို့ တပ်မတော်ဘက်က တုံ့ပြန်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ နေရိန်ကျော်
2020-07-07

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယ - ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ကို ဗြိတိန်အစိုးရက စီးပွားရေးအရေးယူပိတ်ဆို့လိုက်တယ်လို့ ဇူလိုင်လ ၆ ရက်နေ့မှာ ကြေညာ လိုက်ပါတယ်။

Sunday, July 5, 2020

တပ်မတော်ကကျူးလွန်မှုတွေကိုတာဝန်ခံလာအောင် နိုင်ငံ တကာလက်တွဲဖို့ HRW တိုက်တွန်း

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ရဲစည်သူကာ
2020-07-05

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ် သြဂုတ်လက ဖြစ်ခဲ့တဲ့ ဂူတာပြင်ကျေးရွာက ရိုဟင်ဂျာတွေကို အစုလိုက် အပြုံ လိုက် သတ်ခဲ့တဲ့ ရာဇဝတ်မှုနဲ့ပတ်သက်လို့ ကျူးလွန်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာ အရာရှိ နှစ်ယောက်နဲ့ အခြား အ ဆင့် တစ်ယောက်၊ စုစုပေါင်း သုံးယောက်ကို စစ်ခုံရုံးနဲ့ အရေးယူလိုက်တယ်ဆိုတာဟာ အစိုးရရဲ့ တာဝန်ခံမှုနဲ့ ပတ် သက်လို့ ရှောင်လွှဲတဲ့ လုပ်ရပ်တစ်ခုသာဖြစ်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲက ဇူ လိုင်လ ၃ ရက်နေ့က ဆောင်းပါးတစ်စောင်ရေးပြီး ထောက်ပြလိုက်ပါတယ်။

Saturday, July 4, 2020

တပ်သားသုံးဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း ရသေ့တောင် အမျိုးသမီး ပြောကြား၊ တပ်မတော် ငြင်းဆို

မြန်မာဌာန | သတင်းများ
2020-07-03

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တောင်ပိုင်း မူစဲကမ်းပေါ်မှာရှိတဲ့ ဦးဂါကျေးရွာက အမျိုးသမီးတစ်ဦးကို ပြီးခဲ့တဲ့ဇွန်လ ၃၀ ရက်နေ့ညက တပ်မတော်သား ၃ ဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ကာယကံရှင်ကပြောဆို ပေမယ့် တပ်မတော်ကတော့ ဒါဟာ တပ်မတော်အပေါ် ပြည်သူလူထုအထင်အမြင်လွဲမှားစေဖို့ လုပ်ကြံဖန် တီးမှု တရပ်သာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

Wednesday, July 1, 2020

Myanmar finds troops guilty in Rohingya atrocities court-martial

Aljazeera
30 Jun 2020

In rare action, three military officers found guilty as Myanmar faces genocide charges at UN court over 2017 crackdown.
 Some 750,000 Rohingya fled to neighbouring Bangladesh with accounts of widespread murder, rape and arson [File: Showkat Shafi/Al Jazeera]


Three Myanmar military officers have been found guilty by a court-martial investigating atrocities against the Rohingya in conflict-ridden Rakhine state, the army announced.

The rare action against members of the military on Tuesday comes as Myanmar faces charges of genocide at the UN's top court over a brutal 2017 crackdown against the Rohingya.

Some 750,000 mostly Muslim Rohingya fled to neighbouring Bangladesh during the crackdown, carrying with them accounts of widespread murder, rape and arson.

ဂူတာပြင်သတ်ဖြတ်မှု တပ်မတော်ကြေညာချက် ပွင့်လင်းမှု မရှိဟု ပြည်တွင်းပြည်ပ ဝေဖန်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ခင်မောင်စိုး
2020-06-30
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာမှာ ၂ဝ၁၇ ခုနှစ်က မြန်မာ့တပ်မတော်ရဲ့ စစ် ဆင်ရေးအတွင်း လူအစုအပြုံလိုက်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အရာရှိ ၂ ဦးနဲ့ စစ်သည် ၁ ဦးကို စစ်တရားရုံးကအပြစ် ရှိကြောင်းနဲ့ ပြစ်ဒဏ်ချမှတ်ချက်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက အတည်ပြုပြီးဖြစ်ကြောင်း တပ်မတော် က မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Sunday, June 28, 2020

အင်ဒိုနီးရှားရောက် လှေစီးပြေးဒုက္ခသည်တွေကို COVID -19 ရောဂါရှိမရှိစစ်ဆေးနေ

VOA
ဗွီအိုအေ (မြန်မာဌာန)
29 ဇွန်၊ 2020
ကိုဉာဏ်ဝင်းအောင်
 
အင်ဒိုနီးရှားနိုင်ငံအထိ လှေစီးပြေး ရောက်လာကြတဲ့ ရိုဟင်ဂျာဒုက္ခသည် (၁၀၀)နီးပါးကို ဒေသခံ တံငါသည်  တွေ ကယ်တင်ခဲ့ပြီး လောလောဆယ် အာဏာပိုင်တေကွ နေစရာပေးစောင့်ရှောက်ထားသလို၊ ကိုဗစ်ရောဂါ ပိုးရှိမရှိ စစ်ဆေးပေးနတဲ့အကြောင်း AFP သတင်းကို အခြေခံပြီး ဉာဏ်ဝင်းအောင်ပါ ပြောပြပါလိမ့်မယ်။ 

Friday, June 26, 2020

'Best of humanity': Indonesian fishermen rescue stranded Rohingya

Aljazeera
26th June 2020
Aceh residents bring stranded Rohingya ashore themselves in defiance of authorities as rights groups urge ASEAN action.

Nearly 100 Rohingya people who were stranded off the coast of Indonesia were pulled to shore on Thursday by local people furious at local authorities' refusal to give them shelter because of fears about the coronavirus.

Some 94 people from the persecuted Myanmar minority - including 30 children - were plucked from their boat by fishermen this week before being intercepted by maritime officials from Sumatra island who pulled them closer to shore.

Tuesday, June 23, 2020

၂၀၂၀ မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြီးပြတ်အောင် လုပ် ဆောင်နိုင်ပါ့မလား

မြန်မာဌာန | သတင်းများ
ဝေမာထွန်း
2020-06-22


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ရှိ ၂၀၂၀ ပြည့်နှစ်မှာ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်တွေ ပြီးပြတ်အောင် ဆောင်ရွက်ဖို့ ရည်မှန်းထားတယ်လို့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်း က တည်းက အများသိရှိအောင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

တပ်မတော်ရဲ့ ငြိမ်းချမ်းရေးရည်မှန်းချက်ဟာ လက်ရှိ ၂၀၂၀ နှစ်ဝက်တာကာလမှာ ဘယ်လိုအခြေအနေကို ရောက်နေပါပြီလဲ။

ရခိုင်စစ်ပွဲအပေါ် ဘယ်လိုရှုမြင်ကြသလဲ

မြန်မာဌာန | သတင်းများ
2020-06-22


မြန်မာ့တပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော်တို့အကြား တစ်နှစ်ခွဲနီးပါး ကြာမြင့်လာတဲ့ လက်နက်ကိုင် တိုက်ပွဲ တွေ အတွင်း လူပေါင်းရာနဲ့ချီ သေဆုံးခဲ့ပြီး ဖြစ်သလို၊ လူဦးရေ တစ်သိန်းခြောက်သောင်းထက်မနည်း အိုး အိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရကတော့ AA ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပါ တယ်။ ရခိုင်ပြည်နယ်ကစစ်ပွဲ၊ AA အဖွဲ့နဲ့ တပ်မတော်အပေါ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ထိပ်တန်း သံ အရာရှိဟောင်းတစ်ဦး၊ လူ့အခွင့်အရေးကျွမ်းကျင်သူတစ်ဦးနဲ့ တပ်မတော်အရာရှိဟောင်းတစ်ဦးတို့ရဲ့ ရှုမြင် သုံးသပ်ချက်တွေကို တင်ပြထားပါတယ်။

လင့်၊https://www.rfa.org/burmese/program_2/rakhine-aa-army-06222020135750.html

Saturday, June 20, 2020

အနောက်တံခါးဝ မဟာလိမ်လည်မှုနှင့် ARSA အကြမ်းဖက် အဖွဲ့ အတွင်းရေးအကြောင်း အထောက်အထားအခိုင်အလုံ ထွက်ပေါ်







( ဇွန် - ၁၉၊ ၂၀၂၀ )

အပိုင်း ( ၁ ) ARSA အတွင်းရေး

ARSA မူဂျာဟေဒင် ထိပ်သီးခေါင်းဆောင်တစ်ဦးဆီက သိမ်းဆည်းရမိခဲ့တဲ့ ကွန်ပျူတာအပြင် အခြား ဖမ်း ဆီး ရမိခဲ့တဲ့ Hard drive တွေ၊ မိုဘိုင်းဖုန်းတွေဟာ အံ့ဩစရာကောင်းတဲ့ အချက်အလက်တွေကို ဖွင့်ချပြ လိုက်ပါတယ်။

ဒီအစီအစဉ်ကို တင်ပြသူက Rick Hizman ဖြစ်ပါတယ်။
ကွန်ပျူတာမှာ ပါလာတဲ့ ရုပ်ထွက်ကောင်းတဲ့ ဗီဒီယို ၇၀၀ ကျော်က ပြသနေတဲ့အချက်တွေကတော့ –

နံပါတ်တစ်အနေနဲ့ ဘင်္ဂါလီမွတ်စလင်တွေရဲ့ လက်နက်နဲ့ဖောက်ခွဲရေးပစ္စည်းတွေအကြောင်း သင်ယူ လေ့ကျင့်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မေယုတောင်တန်းပေါ်က လျှို့ဝှက်လေ့ကျင့်ရေးစခန်းတွေ

Friday, June 19, 2020

ICJ အစီရင်ခံစာကို လျှို့ဝှက်အဆင့်သတ်မှတ်ထားတယ်လို့ အစိုးရ ပြော

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020.06.19


မြန်မာအစိုးရဘက်က ICJ ထံ တင်သွင်းထားတဲ့ ပထမဆုံး အစီရင်ခံစာနဲ့ ပတ်သက်ပြီး အများပြည်သူက ပွင့်ပွင့် လင်းလင်း အသိမပေးတဲ့အတွက် ဝေဖန်မှုတချို့နဲ့ ရင်ဆိုင်နေရပြီး သမ္မတရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာနကတော့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

စစ်တွေမြို့တဝိုက် ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေ

VOA
ဗွီအိုအေ (မြန်မာဌာန)
19 ဇွန်၊ 2020
သက်နိုင်

ရခိုင်ပြည်နယ်အတွင်း၂၀၁၂ ပဋိပက္ခအတွင်းကစလို့ အိုးအိမ်စွန့်ခွာပြေးကြရသူတွေဟာ ဒုက္ခသည်စခန်းတွေ မှာ ဆယ်စုနှစ်တခုနီးပါး နေထိုင်နေကြရသလို၊ အခု ဖြစ်နေတဲ့ စစ်ရေပဋိပက္ခတွေကြောင့်လည်း စစ်ဘေး ဒုက္ခသည် တွေ တိုးသထက်တိုးလာနေပါတယ်။ စစ်တွေ့မြို့အနီးတဝိုက်က ဒုက္ခသည်စခန်းတွေရဲ့ အခြေ အနေကို ကျနော် သက်နိုင် သတင်းယူထားပါတယ်။

လင့်၊https://burmese.voanews.com/a/sittwe-rakhine-refugees-situation/5468996.html

Tuesday, June 16, 2020

ဂမ်ဘီယာ;နဲ့ မြန်မာကိစ္စ လေ့လာသူတွေ အမြင်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများခင်မောင်စိုး
2020-06-16


မြန်မာအစိုးရကို ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုနဲ့ ပတ်သက်ပြီး တရားစွဲထားတဲ့ ဂမ်ဘီယာ နိုင်ငံရဲ့ ရှေ့နေအဖွဲ့က ဖေ့စ်ဘွတ်လူမှုစာမျက်နှာမှာ မြန်မာတပ်မတော်နဲ့ စစ်တပ်က ရေးသားခဲ့တဲ့ အချက်အ လက်တွေကို ထုတ်ပြန်ပေးရေးအတွက် ဖေ့စ်ဘွတ်ကုမ္ပဏီကို တောင်းခံပေးဖို့ ဝါရှင်တန်ဒီစီမှာရှိတဲ့ ခရိုင်တရားရုံးမှာ ဇွန်လ ၈ ရက်နေ့က တင်ပြလျှောက်ထားခဲ့ပါတယ်။

ကပ်ဘေးကာလအလွန် ရိုဟင်ဂျာဒုက္ခသည်ပြန်လည် လက်ခံရေး ဆောင်ရွက်မည်

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန | သတင်းများကျော်လွင်ဦး၊ သက်စုအောင်
2020-06-16

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ် နိုင်ပြီ ဆိုရင် ပြန်လည်ဆောင်ရွက်သွားမယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

Sunday, June 14, 2020

ရိုဟင်ဂျာတွေကို လက်ခံစောင့်ရှောက်ဖို့ မလေးရှားနဲ့ ထိုင်း ကို HRW တိုက်တွန်း

2020-06-13

မလေးရှားနိုင်ငံရဲ့ ရေပိုက်နက်ထဲကို ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၃၀၀ ဝန်းကျင်တင်ဆောင်လာတဲ့ စက်လှေ တစ်စီးကို မလေးရှားကမ်းခြေစောင့်တပ်က ကမ်းကပ်ခွင့်မပေးတာကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက် ကြာသ ပတေးနေ့က သူတို့လာရာလမ်းကို ပြန်လည်ထွက်ခွာသွားပြီလို့ အနာဒိုလူ သတင်းမှာ သောကြာနေ့က ဖော်ပြပါတယ်။

အဲဒီစက်လှေဟာ ပင်လယ်ထဲမှာ ၃ လကျော်ကြာမြင့်ပီး အစောပိုင်းမှာ ထိုင်းနိုင်ငံထဲက Koh Adang (ခိုအ ဒန်း) ကျွန်းနားကို ရောက်လာတာလို့ ဒေသတွင်းသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

Friday, June 12, 2020

လူမျိုးဘာသာမရွေး လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ် ခွင့်ရှိဖို့ တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
ဇာဏီထွဏ်း
2020-06-12


လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ရွေး ချယ် တဲ့အခါ လူမျိုးရေး၊ ဘာသာရေး မခွဲခြားဘဲ ရွေးချယ်သင့်တယ်လို့ နိုင်ငံရေးပါတီတချို့နဲ့ လူမှုအဖွဲ့ အ စည်းတွေက ပြောကြပါတယ်။

Thursday, June 11, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်း ကိုရိုနာဗိုင်းရပ်ကူးစက်မှု

VOA
 ဗွီအိုအေ (မြန်မာဌာန)
မသိင်္ဂီထိုက်
11 ဇွန်၊ 2020

မိသားစုနဲ့ခွဲပြီး သီးခြားခွဲ စောင့်ကြည့်ခံရမယ့် အရေး စိုးရိမ်မှုတွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမခံကြတာကြောင့် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းမှာ COVID 19 ကူးစက်ပျံ့နှံ့မယ့် အရေး စိုးရိမ်စရာ ဖြစ်နေတဲ့ အကြောင်း AP နဲ့ Reuters သတင်းတွေကို အခြေခံပြီး တင်ပြပါမယ်။ ကျမ သိင်္ဂီထိုက်ပါ။
 
Link : Here 

ရိုဟင်ဂျာအရေး ဂမ်ဘီယာရဲ့လုပ်ဆောင်ချက်ကို အမေရိကန် ချီးကျူး

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ၊ ရဲခေါင်မြင့်မောင်
2020-06-10


ပြီးခဲ့တဲ့နှစ်က ဂမ်ဘီယာနိုင်ငံဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက်  မြန်မာနိုင်ငံကို ICJ နိုင်ငံ  တ ကာ တရားရုံးမှာ တရားစွဲဆိုပြီး ရုံးတင်စစ်ဆေးနိုင်ခဲ့တာဟာ အပြုသဘောဆောင်တဲ့ အောင်မြင်မှု တစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ် ပွန်ပီယိုက မနေ့က ပြုလုပ်တဲ့ နိုင်ငံတကာ ဘာသာ ရေး လွတ် လပ်ခွင့်အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

စစ်တွေ အမြင့်ကျွန်းရွာထဲ ပစ်ခတ်ခံရလို့ အရပ်သားတစ်ဦး သေ၊ နှစ်ဦးဒဏ်ရာပြင်းထန်

မြန်မာဌာန | သတင်းများ
2020-06-10



ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ မင်းချောင်းတံတားဘက်မှာဒီနေ့ မနက် ၁ နာရီလောက်က တပ်မတော်ရေယာဉ်ကို အေအေအဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကျေးရွာ သားတွေ က ပြောပါတယ်။

အဲဒီလိုတိုက်ခိုက်တာကြောင့် တပ်မတော်ရေယာဉ်ကနေ ပြန်လည်ပစ်ခတ်ရာမှာ အမြင့်ကျွန်း ကျေးရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေကျရောက်လို့ အသက် ၈၀ ကျော်အရွယ် အဘွားအိုတစ်ဦး သေဆုံးပြီး အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား တစ်ဦးတို့ အပြင်းအထန်ဒဏ်ရာတွေ ရရှိသွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */