" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, July 5, 2020

တပ်မတော်ကကျူးလွန်မှုတွေကိုတာဝန်ခံလာအောင် နိုင်ငံ တကာလက်တွဲဖို့ HRW တိုက်တွန်း

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ရဲစည်သူကာ
2020-07-05

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ် သြဂုတ်လက ဖြစ်ခဲ့တဲ့ ဂူတာပြင်ကျေးရွာက ရိုဟင်ဂျာတွေကို အစုလိုက် အပြုံ လိုက် သတ်ခဲ့တဲ့ ရာဇဝတ်မှုနဲ့ပတ်သက်လို့ ကျူးလွန်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာ အရာရှိ နှစ်ယောက်နဲ့ အခြား အ ဆင့် တစ်ယောက်၊ စုစုပေါင်း သုံးယောက်ကို စစ်ခုံရုံးနဲ့ အရေးယူလိုက်တယ်ဆိုတာဟာ အစိုးရရဲ့ တာဝန်ခံမှုနဲ့ ပတ် သက်လို့ ရှောင်လွှဲတဲ့ လုပ်ရပ်တစ်ခုသာဖြစ်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲက ဇူ လိုင်လ ၃ ရက်နေ့က ဆောင်းပါးတစ်စောင်ရေးပြီး ထောက်ပြလိုက်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့နဲ့ တရားစွဲဆိုဖို့ကို မြန်မာ အစိုး ရ က အကြိမ်ကြိမ် ပျက်ကွက်ခဲ့တယ်လို့လည်း HRW က ဆိုပါတယ်။

ဂူတာပြင်ကျေးရွာဖြစ်ပျက်နဲ့ပတ်သက်ပြီး အရာရှိ နှစ်ဦးနဲ့ စစ်သည် တစ်ဦးဟာ ညွှန်ကြားချက်တွေကို လိုက် နာမှု အားနည်းခဲ့တာကြောင့်လို့ မြန်မာစစ်တပ်က ဇွန်လ ၃၀ ရက်နေ့က ကြေညာထားပါတယ်။ ပြစ်မှုကျူးလွန်သူတွေရဲ့ နာမည်နဲ့ရာထူးတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအကြောင်းတွေအပြင်၊ တခြား ဘယ် လို သတင်း အချက်အလက်ကိုမှ ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

HRW အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက်သုတေသီ Shayna Bauchner ရှည်နာ ဗောက်ရှ်နာ က ဒါ ဟာ ကုလသမဂ္ဂနှင့် နိုင်ငံတကာတရားခုံရုံးတွေက အရေးယူမှာကို ကာကွယ်နိုင်ဖို့ ဟန်ပြတရားစီရင်မှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လွတ်လပ်တဲ့ နိုင်ငံတကာက စုံစမ်းစစ်ဆေးသူတွေကို တံခါးဖွင့်ပေးဖို့၊ နိုင်ငံတကာက မြန်မာအစိုးရကို တောင်းဆိုသင့်တယ်လို့လည်း သူက ဆိုပါတယ်။

ဒါပေမဲ့ ၂၀၁၉ နိုဝင်ဘာလမှာတော့ တပ်မတော်ဘက်က ဗိုလ်ချုပ် မြတ်ကျော် ဦးဆောင်တဲ့စုံစမ်းရေး ကော် မရှင် ဖွဲ့ပြီးတဲ့နောက် စစ်ခုံရုံးနဲ့ ဘူးသီးတောင်မြို့မှာ စစ်ဆေးခဲ့ပါတယ်။ အဲဒီစစ်ဆေးမှုကို လူအများရှေ့ စစ် ဆေးတာ မဟုတ်ဘဲ၊ ဧပြီလ ၃၀ ရက်နေ့မှာ ပြီးစီးခဲ့ပြီလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး က မေလ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ပွင့်လင်းမြင်သာမှုမရှိခဲ့တဲ့ လုပ်ရိုးလုပ်စဉ် အတိုင်းသာ တရားစီးရင်မှုနဲ့ ပတ်သက်လို့ရော၊ စစ်ဆေးတွေ့ရှိမှုတွေကိုပါ ထုတ်ပြန်ပေးတာ မရှိခဲ့ပါဘူး။

ဒါနဲ့ပတ်သက်လို့ “သူတို့ရဲ့တာဝန်ထမ်းဆောင်ခဲ့မှုနဲ့ ဂုဏ်သိက္ခာကိုထည့်စဉ်းစားရမယ်” လို့ တပ်မတော် သ တင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောခဲ့သလို၊ တပ်မတော်သားတွေဟာ သူတို့ ထမ်းဆောင်ခဲ့တဲ့ တာဝန်တွေကြောင့် စိတ်ဓာတ်ထိခိုက်မှာကို မိမိတို့မလိုလားဘူးလို့ပြောခဲ့တဲ့ အကြောင်း HRW ဆောင်းပါးက ထောက်ပြပါတယ်။

အဲဒီဂူတာပြင်နေရာမှာ အနည်းဆုံး လူ သုံးရာကနေ လေးရာကြား အသတ်ခံရပြီး ရွာကိုလဲမီးရှို့ခဲ့တယ်လို့ နိုင်ငံ တကာအဖွဲ့တွေက ထောက်ပြခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ အစိုးရကလက်မခံဘဲ၊ မြန်မာ့တပ်မတော်က အာဆာအကြမ်းဖက်အဖွဲ့ကို တန်ပြန်တိုက်ခိုက်ခဲ့တာသာဖြစ်ပြီး အကြမ်းဖက် ၁၉ ယောက်သေဆုံးခဲ့ပြီး သူ တို့ကိုကောင်း ကောင်းမွန်မွန်သင်္ဂြိုလ်ခဲ့တယ်လို့သာ တုံ့ပြန်ခဲ့တယ်လို့ HRW ကထောက်ပြပါတယ်။ အဲဒီနောက် ချွတ်ပြင်နဲ့မောင် နုရွာတွေက ဖြစ်ရပ်တွေကိုလည်း တပ်မတော်က ဆက်လက်စုံစမ်းနေတယ်လို့ အာဏာပိုင်တွေက ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ တပ်မတော်က လူ့အခွင့်အရေးနဲ့ စစ်ဥပဒေ ချိုးဖောက်တာတွေကို ဖော်ထုတ်အရေးယူဖို့ တရားစီရင်ရေးစနစ် ပျက်ဆီးနေတာ ဆယ်စုနှစ်နဲ့ချီနေပြီလို့ HRW ကဆိုပါတယ်။ တပ်မတော်နဲ့ သူ့ရဲ့ တရား စီရင်ရေး ဆိုတာက ကာကွယ်ရေးဦးစီးချုပ်ရဲ့ အောက်မှာသာရှိပြီး အရပ်ဘက်တရားစီရင်ရေးရဲ့ သီးခြား ကမ္ဘာမှာ ရောက်နေတယ်လို့လည်း HRW ကထောက်ပြပါတယ်။ သာဓကအနေနဲ့ အင်းဒင်ရွာက အစုလိုက် လူသတ်မှုမှာ ကျူးလွန်တဲ့ တပ်ဖွဲ့ဝင်တွေကို စစ်ဥပဒေအရ ထောင် ၁၀ နှစ်စီချလိုက်တယ် ဆိုပေမယ့် ကာ ကွယ်ရေးဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်နဲ့ အချိန်မတိုင်ခင်စောစော စီးစီးပြန်လွှတ်ပေးခဲ့တာကိုလည်း HRW ဆောင်း ပါးက ထောက်ပြထားပါတယ်။

ဒါကြောင့် ဂူတာပြင်လူသတ်မှုအတွက် အရေးယူတာကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံဟာ သူ့နိုင်ငံထဲမှာသူ စုံစမ်းစစ်ဆေးအရေးယူတဲ့လုပ်ရပ်ဟာ ယုံကြည်နိုင်ဖွယ်မမြင်ရတဲ့အတွက် နိုင်ငံတကာ ကော်မရှင်တွေ၊ တရားရုံးတွေက ပူးပေါင်းဆောင်ရွက်ပြီး မြန်မာအစိုးရကို တွန်းအားပေးသင့်ပြီ၊ ဒါမှသာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာလိမ့်မယ်လို့ HRW အဖွဲ့က တိုက်တွန်းထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */