" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, July 1, 2020

ဂူတာပြင်သတ်ဖြတ်မှု တပ်မတော်ကြေညာချက် ပွင့်လင်းမှု မရှိဟု ပြည်တွင်းပြည်ပ ဝေဖန်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ခင်မောင်စိုး
2020-06-30
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာမှာ ၂ဝ၁၇ ခုနှစ်က မြန်မာ့တပ်မတော်ရဲ့ စစ် ဆင်ရေးအတွင်း လူအစုအပြုံလိုက်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အရာရှိ ၂ ဦးနဲ့ စစ်သည် ၁ ဦးကို စစ်တရားရုံးကအပြစ် ရှိကြောင်းနဲ့ ပြစ်ဒဏ်ချမှတ်ချက်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက အတည်ပြုပြီးဖြစ်ကြောင်း တပ်မတော် က မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ အရာရှိကြီးတဦး၊ အရာရှိတဦးနဲ့ အခြားအဆင့် စစ်သည်တဦးတို့ကို ပြစ်ဒဏ် ချ မှတ်ခဲ့တယ်လို့ပဲ ပါရှိပြီး အဲဒီသူတွေရဲ့ အမည်၊ ကျူးလွန်တဲ့ပြစ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ချက်တွေကို ဖော်ပြထား ခြင်း မရှိတဲ့အတွက် ပြည်တွင်းပြည်ပ ဝေဖန်မှုတွေ မြင့်မားလာနေပါတယ်။

ရခိုင်ပြည်နယ်အရေးအခင်းစုံစမ်းစစ်ဆေးခဲ့တဲ့ ကိုဖီအာနန်အကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က အရေးယူတာကို ကြိုဆိုရင်း အခုလိုအကြံပေးပါတယ်။

“ ပထမအချက်က ဒီလိုဖြစ်ခဲ့တယ်ဆိုတာကို ဝန်ခံတယ်။ တော်တော်ခိုင်ခိုင်လုံလုံ စုံစမ်းတယ်။ စုံစမ်းပြီး စွဲချက်တင်ဖို့ အတိအကျရမှ စစ်ခုံရုံးနဲ့ စစ်တယ်။ စစ်ဆေးပြီး ပြစ်မှုထင်ရှားတဲ့အတွက် အပစ်ပေးလိုက်ပြီ။ ဒီအဆင့်အ ထိကတော့ ကောင်းသောလက္ခဏာလို့ ကျနော်တို့ကြိုဆိုရမယ်။ ဒါပေမယ့် ပွင့်လင်းမြင်သာမှု ရှိ ရင်တော့ ပိုကောင်းနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုပြစ်မှုကျူးလွန်တာတွေကို ကျနော်တို့ အရေးယူ ပါတယ်။ Impunity လို့ခေါ်တဲ့ ပြစ်မှုကျူးလွန်သူတွေကို အရေးမယူဘဲ အကာအကွယ်ပေးတာဆိုတာ မရှိ ပါဘူးဆိုတာကို ကျနော်တို့ ပြနိုင်မယ်ဆိုရင် နောက်နောင် ပြစ်မှုကျူးလွန်သူတွေကိုလဲ အဟန့်အတား ဖြစ် သွားနိုင်တယ်”

ရန်ကုန်မြို့ရှိ ရှေ့နေကြီး ဦးအောင်သိန်းကလည်း …..

“ ပြစ်ဒဏ်တခုချမှတ်တယ်ဆိုရင် ဘယ်ဥပဒေကြောင့် ဘယ်လိုကျူးလွန်လို့ ဘယ်ပုဒ်မအရ ပြစ်ဒဏ်ဘယ်လောက် ချလိုက်တယ်ဆိုတာ တရားစီရင်ရေးစနစ်မှာ ကျင့်ထုံးဖြစ်ပါတယ်။ စစ်တရားရုံးနဲ့ ပြစ်ဒဏ်ပေး
ပေး  အရပ်ဖက်တရားရုံးနဲ့ ပြစ်ဒဏ်ပေးပေးပွင့်လင်းမြင်သာမှုရှိအောင်ထုတ်ပြန်ကြေညာပေးသင့်ပါတယ်”


လန်ဒန်အခြေစိုက် မြန်မာ ရိုဟင်ဂျာအစည်းအရုံး ဥက္ကဋ္ဌ ဦးထွန်းခင်က တပ်မတော်ရဲ့ ထုတ်ပြန်ချက်ကို ယုံ ကြည်မှုမရှိဘူးလို့ RFA ကို ပြောပါတယ်။

“ ဒီတရားရုံးဆုံးဖြတ်ချက်မှာ ဘယ်သူတွေပါလဲ ဘယ်လိုတရားစီရင်ချမှတ်သလဲ-ဥပမာ ထောင်ဒဏ် ၅ နှစ် လား ၁ဝ နှစ်လား တသက်တကျွန်းချတာလား။ အဲဒါလုံးဝမရှိဘူး။ လုပ်နေကျအတိုင်း လူမျိုးတုံးသတ် ဖြတ်မှုရော၊ ရာဇဝတ်မှု ကျူးလွန်တာတွေ အများကြီးရှိတော့ ဒီဟာကို နိုင်ငံတကာအာရုံပြောင်းလဲအောင် ဗန်းပြပြီးလုပ် ဆောင်တာဖြစ်တယ်။ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးကော်မတီ ဝင်ပြီးတော့ မစစ်ဆေးသရွှေ့ ဘာတခုမှ အမှန်တရားပေါ်ထွက်လာမှာမဟုတ်ဘူး”

ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်ကလည်း ဟန်ပြလုပ်ဆောင်ချက်ပဲလို့ ဝေဖန်ပါတယ်။

“ICJ ကိစ္စမှာ နိုင်ငံတကာတင်ပြလို့ ကောင်းအောင် သဘောလောက်ပဲ လုပ်တယ်ဆိုတော့ လိုအပ်ချက်တွေ ရှိတယ်လို့ ထင်ပါတယ်”

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တန်ခါလီဒုက္ခသည်စခန်းက ရိုဟင်ဂျာလူငယ်အစည်းအရုံး ဒါရိုက်တာ ဦးခင်မောင် က တပ် မတော်ရဲ့ကြေညာချက်ဟာ တရားမျှတမှု မရှိဘူးလို့ ပြောပါတယ်။

“ ဒီကိစ္စကို လက်ခံလို့မရဘူး။ အရပ်သားအစိုးရလက်အောက်မှာရှိတဲ့ တရားကစစ်ဆေးမှသာအမှုမှန်ပေါ် ပေါက်နိုင်မယ်။”

အခုလို ဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်း ထွန်း ကို မေးမြန်းဖို့ ကြိုးစားပေမယ့် အခုအချိန်ထိ ဆက်သွယ်လို့ မရသေးပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */