Thursday, June 11, 2020

စစ်တွေ အမြင့်ကျွန်းရွာထဲ ပစ်ခတ်ခံရလို့ အရပ်သားတစ်ဦး သေ၊ နှစ်ဦးဒဏ်ရာပြင်းထန်

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
မြန်မာဌာန | သတင်းများ
2020-06-10

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ မင်းချောင်းတံတားဘက်မှာဒီနေ့ မနက် ၁ နာရီလောက်က တပ်မတော်ရေယာဉ်ကို အေအေအဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကျေးရွာ သားတွေ က ပြောပါတယ်။

အဲဒီလိုတိုက်ခိုက်တာကြောင့် တပ်မတော်ရေယာဉ်ကနေ ပြန်လည်ပစ်ခတ်ရာမှာ အမြင့်ကျွန်း ကျေးရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေကျရောက်လို့ အသက် ၈၀ ကျော်အရွယ် အဘွားအိုတစ်ဦး သေဆုံးပြီး အမျိုး သမီး တစ်ဦးနဲ့ အမျိုးသား တစ်ဦးတို့ အပြင်းအထန်ဒဏ်ရာတွေ ရရှိသွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

ကိုယ့်အိမ်မှာ အသီးသီးအိပ်နေရင်းနဲ့ လက်နက်ကြီးတွေကျလို့ သေဆုံးဒဏ်ရာရကြတာလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးကပြောပါတယ်။

“ဖြစ်တာနဲ့ ကျနော်စပြီးကြည့်လိုက်တယ်။ အဲဒီအချိန်က ၁၂ နာရီ ၂၆ မိနစ်။ ပြီးတဲ့အချိန်က ၁၂ နာရီ ၄၅ မိ နစ်။ အဲလောက်အချိန်ထိဖြစ်တာ။ ထိခိုက်ဒဏ်ရာရခဲ့တဲ့ထဲက တစ်ယောက်ကတော့ ဆုံးသွားပါပြီ။ ရွာမှာ အိပ်နေတုန်း ကျည်မှန်ပြီသေတာ။ နေဗီကပစ်တယ်လို့ပဲ ကျနော်တို့က သိရတယ်။ လက်နက်အကြီး အငယ် တွေ ပစ်တယ်။ လက်နက်ငယ်တွေလည်း ရွာထဲကိုကျတယ်”

ဒဏ်ရာရသူစုစုပေါင်း ၄ ဦးရှိပြီး အဲဒီအထဲက နှစ်ဦးကတော့ သာမန် ပွန်းပဲ့ဒဏ်ရာဖြစ်လို့ ဆေးရုံကိုပို့ဖို့ မလို လိုက်ဘူးလို့ ဆိုပါတယ်။

ဒဏ်ရာပြင်းထန်တဲ့ ကျန် နှစ်ဦးကို စစ်တွေဆေးရုံကို ချက်ချင်း ပို့ဆောင်ဖို့ကြိုးစားခဲ့ပေမယ့် ကျောက်တန်း လုံခြုံ ရေး ဂိတ်ကတားထားလို့ မနက်ပိုင်းမှ ပို့ဆောင်လိုက်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက် ထပ် ကျေးရွာသားတစ်ဦးကပြောပါတယ်

“လက်နက်ကြီးတွေကျတယ်။ လက်နက်ကြီးကျည် သုံးလုံးကျလို့ အိမ်သုံးလုံးမှာ သံဖြူတွေ၊ အကာတွေ အကုန် လုံးပေါက်သွားတယ်။ ပြီးရင် ဒဏ်ရာရတယ်။ နန္ဒာဝင်းနဲ့ ဦးကျော်မြင့်က ဒဏ်ရာပြင်းထန်တယ်။ စစ်တွေဆေးရုံကို ကျနော်တို့ ၂ နာရီခွဲမှာ သွားတယ်။ သွားတဲ့အခါ စစ်တွေ ကျောက်တန်းစစ်ဆေးရေး ဂိတ် က မသွားရဆိုပြီး ကားကိုရပ်ထားတယ်။ မနက် ၅ နာရီခွဲမှ လူနာတင်လာတဲ့ကားကို သွားခိုင်းပါတယ်”

ကျောက်တန်းစစ်ဆေးရေးဂိတ်ဟာ ယာဉ်အသွားအလာတွေကို တပ်မတော်၊ ရဲ၊ လဝက ပူးပေါင်းစစ်ဆေးနေ တဲ့ လုံခြုံရေးဂိတ်တစ်ခုပါ။

ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာက လက်နက်ကြီးဒဏ်ရာရ လူနာ တွေကို အချိန်မီဖြတ်ခွင့်မပေးဘဲ ရပ်တန့်ထားရာကနေ လူနာတင်ကားပေါ်မှာ လူနာ နှစ်ဦး သေဆုံးခဲ့ရတဲ့ ဂိတ်လည်း ဖြစ်ပါတယ်

ဒီနေ့မနက် တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် အမြင့်ကျွန်းရဲကင်းစခန်းက ရဲစခန်းမှူးလည်း ထိခိုက်ဒဏ်ရာရသွားလို့ ဆေးကုသမှုခံယူနေရတယ်လို့လည်း ကျေးရွာသားတွေကပြောပါတယ်။

အမြင့်ကျွန်းကျေးရွာမှာ ဒီနေ့မနက်ကနေစလို့ တပ်မတော်နဲ့ ရဲ လုံခြုံရေးတွေချထားလို့ ကျေးရွာသား အများ အပြား ဟာ နီးစပ်ရာကို ထွက်ပြေးနေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ကျေးရွာ သား တစ်ဦးကပြောပါတယ်။

“စစ်သားတွေကပစ်မှာကို ရွာသားတွေကကြောက်လန့်ပြီး ထွက်ပြေးကြတာပါ့။ စစ်တွေမြို့ကို ကိုသွားတယ်။ အဓိဌာန်ကျောင်းကို သွားတယ်။ မင်းဂံကိုသွားတယ်။ သူတို့ကရွာထဲကို လျှောက်သွားနေတာ။ စစ်သား တွေေ ရာ ရဲသားတွေရောပါပဲ။ ရွာသားတွေ အကုန်လုံး ထွက်ပြေးနေကြတော့ ရွာအခြေအနေကတော့တိတ် ဆိတ်နေတာ ပေါ့နော်။ စစ်သားတွေ ရဲသားတွေက ဟိုနေရာမှာတစ်စု ဒီနေရာမှာတစ်စု ဒီလိုလျှောက သွား နေေ တာ့ ရွာသားတွေက ကြောက်လို့ထွက်ပြေးတာပေါ့”

ဒီနေ့မနက်က တိုက်ခိုက်မှုအပြင် အရပ်သားတွေထိခိုက်တဲ့ကိစ္စနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြော ခွင့်ရသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

စစ်တွေမြို့နယ် အမြင့်ကျွန်းရွာဘက်မှာ AA အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားတာ မရှိကြောင်း၊ မြန်မာတပ်ဘက်က လူမျိုးရေးအရ အညိုးအတေးတွေနဲ့ ရွာတွေကို ပစ်ခတ်တာဖြစ်နိုင်ကြောင်း၊ AA အနေနဲ့ ပစ်ခတ်တာမျိုး လည်း မရှိကြောင်း၊ ဒီကျုးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် AA က ပစ်ခတ်တဲ့အတွက် ပြန်လည် ပစ်ခတ်တာလို့ ပြောဆိုတာဖြစ်နိုင်ကြောင်း၊ မေယု၊ ကုလားတန်နဲ့ လေးမြို့မြစ်တွေမှာ သွား လာ တိုင်း ကျေးရွာတွေကို မကြာခဏ ပစ်ခတ်လေ့ရှိကြောင်း AA ပြောခွင့်ရသူ ခိုင်သုခက RFA ကို ပြောပါ တယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီနေ့မနက် ၁ နာ ရီလောက် မှာ စစ်တွေကနေ ပုဏ္ဏားကျွန်းကိုသွားတဲ့ တပ်မတော်စစ်ရေယာဉ်ကို အမြင့်ကျွန်းရွာနားမှာ အေေ အအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်လို့ စစ်သည်တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြော ပါတယ်။

အေအေအဖွဲ့အနေနဲ့ တပ်မတော်ရေယာဉ်တွေကို ရွာနားတွေကနေ ပစ်ခတ်လေ့ရှိပြီး တပ်ကပြန်လည် ပစ် ခတ် ရာ မှာ အရပ်သားတွေ ထိခိုက်တာတွေရှိကြောင်း၊ ရပ်ရွာကို အကာအကွယ်ယူပြီးတိုက်ခိုက်ရင် မသက် ဆိုင်တဲ့ အရပ်သားတွေ ထိခိုက်တတ်ပေမယ့် အေအေအဖွဲ့က အဲဒီပုံစံအတိုင်းပဲလုပ်ဆောင်နေ တာကို တွေ့ရကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။

တပ်မတော်နဲ့ AA အဖွဲ့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည် နယ် ပလက်ဝမြို့နယ်တွေမှာ အရပ်သားတွေ ထိခိုက်မှုက ပိုများလာနေပါတယ်။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ ဒီနေ့အထိ သေဆုံးတဲ့ အရပ်သား ၂၅၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်းက ၅၆၄ ဦးအထိ ရှိနေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */