VOA
ဗွီအိုအေ (မြန်မာဌာန)
ဇာဏီထွဏ်း
2020-06-12
လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ရွေး ချယ် တဲ့အခါ လူမျိုးရေး၊ ဘာသာရေး မခွဲခြားဘဲ ရွေးချယ်သင့်တယ်လို့ နိုင်ငံရေးပါတီတချို့နဲ့ လူမှုအဖွဲ့ အ စည်းတွေက ပြောကြပါတယ်။

လာမယ့် နိုဝင်ဘာလအတွင်း ကျင်းပဖိ့ု လျာထားတဲ့ အထွေထွေရွေးကောက်ပွဲအတွက် အခုချိန်မှာ နိုင်ငံရေး ပါတီတွေက လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့လုပ်ငန်းစဉ်တွေ စတင်နေကြပါပြီ။
ဒီလိုအချိန်မှာပဲ မြန်မာမွတ်စလင် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ လူမှုမဟာမိတ်အဖွဲ့က ၂၀၀၈ အခြေ ခံ ဥပဒေအရ သတ်မှတ်အရည်အချင်းနဲ့ ပြည့်စုံသူဆိုရင် ဘယ်လိုခွဲခြားမှုမျိုးမှ မထားဘဲ လွှတ်တော် ကိုယ် စား လှယ်လောင်းတွေအဖြစ် ရွေးချယ်ယှဉ်ပြိုင်စေချင်တယ်လို့ နိုင်ငံရေးပါတီတွေကို တောင်းဆို လိုက်ပါ တယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၈ မှာ မည်သည့်နိုင်ငံသားကိုမှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူး၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာကို အကြောင်းပြုပြီး ခွဲခြားမှုမရှိစေရလို့ ပြဌာန်း ထားပါတယ်။
မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲတွေ ကျင်းပခဲ့တဲ့ ၁၉၇၄ ခုနစ်ကစလို့ ၂၀၁၀ ရွေးကောက်ပွဲအထိ လွှတ် တော်အတွင်းမှာ အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်တချို့ ရောက်ရှိခဲ့ပေမယ့်လို့ ၂၀၁၅ ရွေး ကောက် ပွဲမှာတော့ အစ္စလာမ်ဘာသာဝင် တစ်ယောက်မှ လွှတ်တော်ထဲ မရှိခဲ့ပါဘူး။
နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တဲ့အခြေခံမူတွေမှာ လူငယ်ဖြစ်ဖို့၊ အမျိုးသမီးကို ဦးစားပေးဖို့၊ တိုင်းရင်းသားဖြစ်ဖို့၊ ဒေသခံလူထု ကြိုက်နှစ်သက်သူဖြစ်ဖို့ စတဲ့ အချက်တွေကို ဦးစားပေး ချ မှတ်ထားတာ တွေ့ရပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ပါတီကြီးတစ်ခုဖြစ်တဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီတွေကအစ လူမျိုးခြား၊ ဘာသာခြား အရည်အချင်းရှိသူတစ်ယောက်ကို ကိုယ်စားလှယ် လောင်း စာရင်းထဲ ထည့်သွင်းသတ်မှတ်ဖို့ တွန့်ဆုတ်နေတတ်တယ်လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။
အစ္စလာမ်ဘာသာဝင်အများစုနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက် တစ် ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်မြင့်က လာမယ့် ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံသားဖြစ်ပြီး အရည် အချင်းရှိ သူဆိုရင် ဘယ်လိုခွဲခြားမှုမျိုးမှ မရှိစေဘဲ ရွေးချယ်ပေးစေချင်တယ်လို့ မဲဆန္ဒရှင်တွေနဲ့ ပါတီတွေကို ပြော လိုက်ပါတယ်။
အမျိုးသားဖံ့ွဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီကနေ ၂၀၁၀ ရွေးကောက်ပွဲမှာ အစ္စလာမ်ဘာသာဝင်ကိုယ် စားလှယ်လောင်းတွေ ယှဉ်ပြိုင်ခွင့်ရခဲ့ပေမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ယှဉ်ပြိုင်ခွင့်တောင် မရခဲ့ဘဲ ကော် မရှင်ရဲ့ ပယ်ချခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို RFA က အကြိမ်ကြိမ် ဆက် သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။
၂၀၁၅ ရွေးကောက်ပွဲမှာ ရွေးချယ်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း အယောက် ၁၁၅၀ ထဲမှာ ၈၉ ရာခိုင်နှုန်းက ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး ၁၁ ရာခိုင်နှုန်းကတော့ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ကြပါတယ်။
တိုင်းပြည်အရေးအတွက် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပါဝင်ပြီး တာဝန်ထမ်းဆောင်နိုင်ခွင့် ရှိသင့်တယ်လို့ ကမန်တိုင်းရင်းသား တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောပါတယ်။
မြန်မာပြည်မှာ အမျိုးသားရေးလှုပ်ရှားသူတွေရဲ့ လူမျိုးရေး ဘာသာရေး ခွဲခြားလှုံ့ဆော်ကန့်ကွက်မှုတွေဟာ NLD ပါတီအတွက် စိန်ခေါ်မှုကြီးတစ်ခုဖြစ်စေခဲ့တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကာလက အခြေအနေ အချိန်အခါအရ NLD ပါတီမှာ အရည်ချင်းရှိတဲ့ အစ္စလာမ်ဘာသာ ဝင်တွေ ရှိပေမယ့် ကိုယ်စား လှယ် လောင်း စာရင်းထဲ မထည့်ဘဲ ချန်ထားခဲ့ရတာမျိုး ရှိကောင်းရှိနိုင်တယ်လို့ NLD ဗဟို ပြန်ကြားရေးကော်မတီဝင် မုံရွာအောင်ရှင်က ပြောပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ အစ္စလာမ်ဘာသာဝင် လွှတ်တော် ကိုယ်စားလှယ်တချို့ ဝင်ရောက်ရွေးချယ်ခံရပေမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာတော့ မပါခဲ့ပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်း လက် ခံဖြေကြားတာ မရှိပါဘူး။
မြန်မာနိုင်ငံ သမိုင်းတလျှောက် လွတ်လပ်ရေးရယူဖို့ လှုပ်ရှားမှုတွေ၊ အာဇာနည်ခေါင်းဆောင်တွေထဲမှာ အစ္စ လာမ်ဘာသာဝင်တွေ ပါဝင်ခဲ့ပါတယ်။ အနီးစပ်ဆုံးအနေနဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၁၅ ကျောင်း သား သ ပိတ်တွေမှာလည်း အစ္စလာမ်ဘာသာဝင်တွေရဲ့အားတွေ ပါဝင်ခဲ့ကြပါတယ်။
နိုင်ငံတကာမှာ မြန်မာနိုင်ငံဟာ လူမျိုးရေး ဘာသာရေးခွဲခြားတဲ့ နိုင်ငံဆိုတဲ့ အမြင်တွေကနေ ဖယ်ရှားနိုင်ဖို့ အပြင် နိုင်ငံတွင်းလွှတ်တော်တွေမှာ အရောင်အသွေးစုံတဲ့ ဒီမိုကရေစီ အသွင်သဏ္ဍန်အဖြစ် ကူးပြောင်းနိုင်ဖို့ ဘာသာ၊ လူမျိုး မခွဲခြားဘဲ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်စေချင်တယ်လို့ တိုက်တွန်းကြပါတယ်။

Link : Here
No comments:
Post a Comment