ဧရာဝတီ
11 March 2021အဖွဲ့ဝင် ၁၅ နိုင်ငံလုံး၏ သဘောတူ ထုတ်ပြန်ကြေညာချက်တွင် ကောင်စီအနေဖြင့် “အမျိုးသမီးများ၊ လူငယ် များ၊ ကလေးသူငယ်များအပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွဲခြင်းအား ပြင်းထန်စွာ ရှုတ်ချ သည်”ဟု ရေးသားထားသည်။
ဧရာဝတီ
11 March 2021လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2021-03-10
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆုံးဖြတ်ချက် ချနိုင်ဖို့ မနေ့ကဆွေးနွေးခဲ့ကြပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
ဗြိတိန်နိုင်ငံက တင်သွင်းတဲ့အဆိုပြုချက်မူကြမ်းထဲမှာ - မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့လုပ်ရပ်ကို ရှုတ်ချဖို့၊ အာဏာပိုင်တွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့၊ အာဏာသိမ်းစစ်ကောင်စီအပေါ် နောက်ထပ် အရေး ယူ မှုတွေလုပ်ဖို့ စဉ်းစားမယ်ဆိုတဲ့ အချက်တွေ ပါဝင်တယ်လို့ သံတမန်အသိုင်းအဝိုင်းကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဒီအဆိုပြုချက်မူကြမ်းကို ပြန်ပြင်ဖို့ တိုက်တွန်းတဲ့နိုင်ငံတွေထဲမှာ တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ ဗီယက်နမ် တို့ ပါဝင်ပါတယ်။
သတင်းထဲကသုတ အစီအစဉ်အဖြစ် ဒီတပတ် ကုလသမဂ္ဂလုံခြုံရေးကောင်စီအကြောင်း ပြောပြထားပါတယ်။ နိုင်ငံတကာကသတင်းတွေ ကြည့်ရှုနားဆင်ကြတဲ့အခါ အဲဒီသတင်းတွေထဲမှာ ပါတဲ့ ထူးခြားတဲ့အကြောင်း အ ရာ အချက်အလက်တွေနဲ့ ပတ်သတ်ပြီး ဗဟုသုတရစေဖို့ မညိုညိုလွင်တင်ဆက်ပေးထားပါတယ်။
Link : Here
အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ် မတရားဖမ်းဆီးထောင်ချခံနေရတဲ့ မြန်မာပြည်သူတွေ အေ ပါ် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ Responsibility to Protect R2P အရ အကာကွယ်ပေးဖို့ ကုလသ မဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ် ဒေါက်တာဆာဆာက လုံခြုံရေးကောင်စီထံ တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီကနေ့ မတ်လ ၅ ရက်နေ့ မှာ တံခါးပိတ် အစည်းအဝေး ကျင်းပဖို့ ရှိနေချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရပ်စ်ထံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPHက ခန့်အပ်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူး ကိုယ်စားလှယ် ဒေါက်တာဆာဆာက မတ်လ ၄ ရက်နေ့စွဲနဲ့ စာရေးသားပေးဖို့ တောင်းဆိုလိုက်တာပါ။
လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2021-03-03
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီကနေ့ဟာ သွေးထွက်သံယို အများ ဆုံး ဖြစ်တဲ့နေ့လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်း ဘာဂနာ (Christine Burgener) က ပြောလိုက်ပါတယ်။
“ဒီနေ့ တရက်တည်းမှာတင် ၃၈ ဦး သေဆုံးခဲ့တာကြောင့် ဒီကနေ့ဟာ သွေးအစွန်းထင်းဆုံးနေ့ ဖြစ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အခုဆိုရင် သေဆုံးသူ ၅ဝ ကျော်ရှိသွားပါပြီ။ တော်တော် များ များလည်း ဒဏ်ရာရရှိထားပါတယ်” - လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ဘာဂနာ က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ အွန်လိုင်းကနေ ပြော ဆိုခဲ့တာပါ။
B B C
ဘီဘီစီမြန်မာပိုင်း
အာဏာသိမ်းတဲ့ ရာဇဝတ်မှုကို ကျုးလွန်သူတွေက ဖျက်လို့ တရားဝင် သမ္မတတစ်ယောက်ရဲ့ အာဏာ ပျက်ပြယ်မသွားဘူး ဆိုပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းက သူ့စာထဲ ရေးသား
In August 2017, the Myanmar military perpetrated a genocide on the Rohingyas, an ethnic group residing in Northern Rakhine. Large numbers of Rohingyas were killed, women and girls were raped, villages burnt and upwards of 800,000 men, women and children were driven out of their homes. They crossed the border into Bangladesh to save their lives and are now sheltered in camps in Teknaf and Ukhia, in the southern tip of Bangladesh.
The UK government is committed to continuing its role in the UN Security Council (UNSC) to highlight the plight of the Rohingyas, says British Minister of State for South Asia and the Commonwealth at the UK Foreign, Commonwealth & Development Office (FCDO) Lord Ahmad of Wimbledon.
He praised Prime Minister Sheikh Hasina for hosting over a million Rohingyas in Cox's Bazar and reassured that the UK would continue to stand alongside both the Rohingya community and the government of Bangladesh.
AIR WORLD SERVICE
September 13, 2020
သတင်းအသစ်
လာမည့်နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ရိုဟင်ဂျာများအား ပါဝင်ခွင့်ပြု ရန် မြန်မာနိုင်ငံအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) အဖွဲ့ဝင် ၈ နိုင်ငံက တိုက်တွန်းပြောကြား လိုက်သည်။ အားလုံးပါဝင်နိုင်ပြီး သန့်ရှင်းသည့် ရွေးကောက်ပွဲတွင် ရိုဟင်ဂျာများအပါအဝင် လူမှုအသိုင်း အဝိုင်း အားလုံး လုံခြုံ မှု၊ အပြည့်အဝရှိမှုနှင့် တန်းတူညီမျှမှုတို့နှင့်အတူ ပါဝင်သွားနိုင်ရန် ဘယ်လ်ဂျီယမ်၊ ဒိုမီနီကန်ရီပတ်ဘလစ်၊ အက်စ်တိုနီးယား၊ ပြင်သစ်၊ ဂျာမဏီ၊ တူနီးရှား၊ ဗြိတိန်နှင့် အမေရိကန်တို့မှ သော ကြာနေ့၌ ပူးတွဲထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။