လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2021-03-03
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီကနေ့ဟာ သွေးထွက်သံယို အများ ဆုံး ဖြစ်တဲ့နေ့လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်း ဘာဂနာ (Christine Burgener) က ပြောလိုက်ပါတယ်။
“ဒီနေ့ တရက်တည်းမှာတင် ၃၈ ဦး သေဆုံးခဲ့တာကြောင့် ဒီကနေ့ဟာ သွေးအစွန်းထင်းဆုံးနေ့ ဖြစ်ခဲ့ပါတယ်။ ဖေ ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အခုဆိုရင် သေဆုံးသူ ၅ဝ ကျော်ရှိသွားပါပြီ။ တော်တော် များ များလည်း ဒဏ်ရာရရှိထားပါတယ်” - လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ဘာဂနာ က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ အွန်လိုင်းကနေ ပြောဆိုခဲ့တာပါ။
မတ်လ ၃ ရက် ဗုဒ္ဓဟူးနေ့က အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ပစ် ခတ်မှုကြောင့် တနိုင်ငံလုံးမှာ သေဆုံးသူ အနည်းဆုံး ၂၆ ဦး ရှိခဲ့တယ်လို့ RFA က ကနဦး အတည်ပြုချက် ရရှိထားပါတယ်။
Link :Here
No comments:
Post a Comment