" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, March 3, 2021

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊သူသာ ကုလဆိုင်ရာမြန်မာ သံဖြစ်ကြောင်း ဦးကျော်မိုးထွန်း တရားဝင်စာပို့

B B C

ဘီဘီစီမြန်မာပိုင်း
3 မတ် 2021


အာဏာသိမ်းတဲ့ ရာဇဝတ်မှုကို ကျုးလွန်သူတွေက ဖျက်လို့ တရားဝင် သမ္မတတစ်ယောက်ရဲ့ အာဏာ ပျက်ပြယ်မသွားဘူး ဆိုပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းက သူ့စာထဲ ရေးသား

နယူးယောက်မြို့ အခြေစိုက် မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက သူဟာ မြန်မာနိုင်ငံကို တရားဝင် ကိုယ် စားပြုတဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပ တိ ဗော်လ်ကန် ဘော့ဇ်ကဲ နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် တို့ထံ စာရေးသား ပေးပို့ ခဲ့ပါတယ်။                                                                          အာဏာသိမ်း စစ်ကောင်စီက ဦးကျော်မိုးထွန်းကို နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး ရာထူး က ထုတ်ပယ်ကြောင်း ကြေညာခဲ့တဲ့နောက်၊ ဦးကျော်မိုးထွန်းဘက်က အခုလို ထပ်လောင်း လုပ်ဆောင် လာ တာ ဖြစ်ပါတယ်။

သူ့ကို ဒီရာထူးခန့်အပ်ထားတဲ့ သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ဟာ တရားဝင် ရွေးကောက်ခံထားရတဲ့ တည်ဆဲ အစိုးရ အာဏာပိုင်တွေ ဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက ဆိုပါ တယ်။

ဒါ့ကြောင့်၊ တရားမဝင် အာဏာသိမ်းတဲ့ ရာဇဝတ်မှုကို ကျုးလွန်သူတွေက ဖျက်လို့ တရားဝင် သမ္မတတစ် ယောက် ရဲ့ အာဏာ ပျက်ပြယ်မသွားဘူး ဆိုပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းက သူ့စာထဲ ရေးသားထား ပါ တယ်။

ပြီးခဲ့တဲ့သောကြာနေ့တုန်းက မြန်မာအရေးအတွက် သီးသန့်ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အ စည်း အဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက သူဟာ အာဏာသိမ်း စစ်ကောင်စီကို ကိုယ်စားပြုသူ မဟုတ် ဘူးဆိုပြီး ကြေညာခဲ့ပါတယ်။

ဒီနောက်မှာတော့၊ အာဏာသိမ်း စစ်ကောင်စီက နိုင်ငံတကာ သံရုံးတွေမှာ ရှိတဲ့ ရာနဲ့ချီတဲ့ မြန်မာ သံတမန် တွေကို မြန်မာပြည်ထဲက ရာထူးနေရာတွေမှာ ပြောင်းလဲ ခန့်တာမျိုးတွေ ပြုလုပ်လာပါတယ်။

ဦးကျော်မိုးထွန်းရဲ့နေရာ၊ နယူးယောက် အခြေစိုက် ကုလသံအမတ် ရာထူးကို နောက်တစ်ယောက် ပြောင်း ခန့်ထားတယ်ဆိုတဲ့ အသိပေးစာမျိုး ရရှိ မထားဘူးလို့ ကုလသမဂ္ဂရဲ့ ပြောခွင့်ရ စတယ်ဖန် ဒူဂျာရစ်က ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီကို တရားဝင် အစိုးရ တစ်ရပ်သဖွယ် လက်သင့်ခံ မဆက်ဆံကြဖို့၊ လွှတ်တော် ကိုယ် စားပြု ကော်မတီ CRPH အပါအဝင်၊ ဒီမိုကရက်စီ အင်အားစုတွေက ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အစိုး ရကို ပန်ကြား နေပါတယ်။

Link :Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */