လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2021-03-10
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆုံးဖြတ်ချက် ချနိုင်ဖို့ မနေ့ကဆွေးနွေးခဲ့ကြပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
ဗြိတိန်နိုင်ငံက တင်သွင်းတဲ့အဆိုပြုချက်မူကြမ်းထဲမှာ - မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့လုပ်ရပ်ကို ရှုတ်ချဖို့၊ အာဏာပိုင်တွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့၊ အာဏာသိမ်းစစ်ကောင်စီအပေါ် နောက်ထပ် အရေး ယူ မှုတွေလုပ်ဖို့ စဉ်းစားမယ်ဆိုတဲ့ အချက်တွေ ပါဝင်တယ်လို့ သံတမန်အသိုင်းအဝိုင်းကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဒီအဆိုပြုချက်မူကြမ်းကို ပြန်ပြင်ဖို့ တိုက်တွန်းတဲ့နိုင်ငံတွေထဲမှာ တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ ဗီယက်နမ် တို့ ပါဝင်ပါတယ်။
ဒီနိုင်ငံတွေကနေ ပြန်ပြင်ဖို့ အကြံပြုတဲ့အချက်တွေထဲမှာ “အာဏာသိမ်း” ဆိုတာနဲ့ “နောက်ထပ်အရေး ယူ မှုတွေ လုပ်ဖို့ စဉ်းစားမယ်” ဆိုတဲ့ အသုံးအနှုန်းတွေကို ပြင်ဆင်ဖို့တွေ ပါဝင်ပါတယ်။
ဗြိတိန်နိုင်ငံရဲ့ အဆိုပြုချက်မူကြမ်းနဲ့ပတ်သက်ပြီး ဆက်လက် ဆွေးနွေးမယ့် အလားအလာတွေ ရှိနိုင်တယ်လို့ လည်း သတင်းမှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric ကလည်း .... “ကုလသမဂ္ဂအဖွဲ့ ဝင်နိုင် ငံတွေ အားလုံးအနေနဲ့ တနိုင်ငံချင်းအလိုက်ရော၊ စုပေါင်းပြီးတော့ရော လုပ်နိုင်တဲ့အခန်းကဏ္ဍတွေ အသီးသီး ရှိကြပါ တယ်။ စုပေါင်းပြီးလုပ်တဲ့နေရာမှာတော့ လုံခြုံရေးကောင်စီကနေ ခိုင်မာအားကောင်းတဲ့ အသံတွေ၊ ဆောင်ရွက်ချက်တွေ ထွက်ပေါ်လာဖို့ ကျနော်တို့ အမြဲတမ်း မျှော်လင့်ထားပါတယ်။” - လို့ မတ်လ ၉ ရက် မနေ့ ကလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
အဖွဲ့ဝင် ၁၅ နိုင်ငံရှိတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်တစ်ခု ချနိုင်ဖို့ဆိုရင် နိုင်ငံအားလုံးရဲ့ ဘုံသဘောတူညီချက် လိုအပ်ပါတယ်။
Link : Here
No comments:
Post a Comment