Thursday, March 11, 2021

မြန်မာစစ်တပ် အကြမ်းဖက်နေမှု ကုလ လုံခြုံရေးကောင်စီ ရှုတ်ချ

ဧရာဝတီ

11 March 2021

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူများအား စစ်တပ်နှင့် ရဲက အကြမ်းဖက်နေခြင်းကို ရှုတ်ချခဲ့သည် / ဧရာဝတီ 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူများအား စစ်တပ်နှင့် ရဲက အကြမ်းဖက်နေခြင်းကို ရှုတ်ချခဲ့ပြီး လုံးဝ ချုပ်တည်းရန် စစ်ကောင်စီကို တိုက်တွန်းလိုက် သည်။


အဖွဲ့ဝင် ၁၅ နိုင်ငံလုံး၏ သဘောတူ ထုတ်ပြန်ကြေညာချက်တွင် ကောင်စီအနေဖြင့် “အမျိုးသမီးများ၊ လူငယ် များ၊ ကလေးသူငယ်များအပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွဲခြင်းအား ပြင်းထန်စွာ ရှုတ်ချ သည်”ဟု ရေးသားထားသည်။

“ကောင်စီအနေဖြင့် စစ်တပ်အား လုံးဝ ချုပ်တည်းထားရန် တောင်းဆိုပြီး နောက်ဆက်တွဲ အခြေအနေများကို အနီး ကပ် စောင့်ကြည့်နေကြောင်း အလေးပေးပြောလိုသည်” ဟုလည်း ကြေညာချက်က ဆိုသည်။

ထိုကြေညာချက်စာသားများကို နောက်ဆုံး အပြီးသတ်ချိန် အင်္ဂါနေ့နှောင်းပိုင်းတွင် တရုတ်၊ ရုရှား၊ အိန္ဒိနှင့်ဗီယက် နမ်တို့က ဗြိတိန်က မူကြမ်းရေးဆွဲသည့် ကြေညာချက်တွင် အာဏာသိမ်းမှုအား ရည်ညွှန်းခြင်းနှင့် နောက် ထပ်အရေးယူမှုများ စဉ်းစားသုံးသပ်ရန် ခြိမ်းခြောက်ခြင်း စသည်တို့ကို ဖယ်ရှားခြင်းအပါအဝင် ပြင်ဆင်ချက်များ ထည့်သွင်းကြသည်။

စစ်ကောင်စီက ချမှတ်သည့် အရေးပေါ်အခြေအနေအပေါ် စိုးရိမ်ကြောင်း လုံခြုံရေးကောင်စီက လွန်ခဲ့သောလ က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်တောင်းဆိုသော်လည်း တရုတ်နှင့် ရုရှားတို့က ကန့်ကွက်သောကြောင့် စစ်အာဏာသိမ်းမှုကို ရှုတ်ချနိုင်ခြင်း မရှိပေ။

ယခု ထုတ်ပြန်ကြေညာချက်တွင်လည်း သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူများ လွှတ်ပေးရန် တောင်းဆိုသည်။

“ကောင်စီအနေဖြင့် မြန်မာပြည်သူလူထုနှင့် အချုပ်အခြာအာဏာ၊ နိုင်ငံရေး လွတ်လပ်မှု၊ နယ်မြေထိန်းချုပ်ခွင့်၊ မြန်မာနိုင်ငံ စည်းလုံးညီညွတ်မှုတို့အပေါ် ၎င်းတို့၏ အင်အားရှိသော သစ္စာတရားကို ထောက်ပံ့ကူညီရန် ထပ် မံခိုင်မာစေသည်”ဟုလည်း ရေးသားဖော်ပြသည်။

ဆေးဝန်ထမ်းများ၊ လူမှုအခြေပြုအဖွဲ့အစည်းများ၊ သတင်းသမားများနှင့် မီဒီယာ အလုပ်သမားများကို ကန့် သတ်ခြင်းအပါအဝင် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို ချိုးဖေါက်ခြင်းအတွက် စိုးရိမ်ကြောင်း လည်း ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူတဦးနှင့် နယူးယောက် အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တို့က လုံခြုံရေးကောင်စီအနေဖြင့် ကမ္ဘာ့လက်နက်ပိတ်ဆို့မှု ချမှတ်ရန်နှင့် စစ်ကောင်စီကို ပစ်မှတ်ထား အရေးယူရန် တောင်းဆိုကြသည်။

သို့သော် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး လုံခြုံရေးကောင်စီအတွင်း ညီညွတ်မှုရရန် အားထုတ်မှုအနေဖြင့် အရေး ယူပိတ်ဆို့မှုများကို မကြာမီ စဉ်းစားသုံးသပ်နိုင်ဖွယ် မရှိကြောင်း၊ ထိုကိစ္စကို တရုတ်နှင့် ရုရှားတို့က ဆန့်ကျင် မည်ဖြစ်ကြောင်း သံတမန်များပြောသည်။ တရုတ်နှင့် ရုရှားသည် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ် တို့နှင့်အတူ ဗီတိုအာဏာရသော လုံခြုံရေးကောင်စီအဖွဲ့ဝင်များဖြစ်သည်။

You may also like these stories:


Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */