" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, September 13, 2020

ရိုဟင်ဂျာများအား ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပေးရန် မြန်မာနိုင်ငံအား UNSC အဖွဲ့ဝင်နိုင်ငံများက တိုက်တွန်း

AIR WORLD SERVICE
September 13, 2020
သတင်းအသစ်


လာမည့်နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ရိုဟင်ဂျာများအား ပါဝင်ခွင့်ပြု ရန် မြန်မာနိုင်ငံအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) အဖွဲ့ဝင် ၈ နိုင်ငံက တိုက်တွန်းပြောကြား လိုက်သည်။ အားလုံးပါဝင်နိုင်ပြီး သန့်ရှင်းသည့် ရွေးကောက်ပွဲတွင် ရိုဟင်ဂျာများအပါအဝင် လူမှုအသိုင်း အဝိုင်း အားလုံး လုံခြုံ မှု၊ အပြည့်အဝရှိမှုနှင့် တန်းတူညီမျှမှုတို့နှင့်အတူ ပါဝင်သွားနိုင်ရန် ဘယ်လ်ဂျီယမ်၊ ဒိုမီနီကန်ရီပတ်ဘလစ်၊ အက်စ်တိုနီးယား၊ ပြင်သစ်၊ ဂျာမဏီ၊ တူနီးရှား၊ ဗြိတိန်နှင့် အမေရိကန်တို့မှ သော ကြာနေ့၌ ပူးတွဲထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် ဆက်လက်ဖြစ်ပွားနေသည့် မြန်မာအစိုးရစစ်တပ်နှင့် ရခိုင်စစ်တပ် AA တို့ကြားက တိုက်ခိုက်မှုများကို စိုးရိမ်ကြောင်း UNSC အဖွဲ့ဝင်နိုင်ငံများက ပြောကြားခဲ့ပြီး၊ တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ပေးရန် တောင်းဆိုလိုက်သည်။ အဆိုပါနိုင်ငံများမှာ မြန်မာနိုင်ငံ၏ COVID-19 တိုက်ဖျက် ရေးလုပ်ငန်း ဆောင်တာများကို စီးပွားရေး ထောက်ပံ့မှုတွေ၊ အရပ်ဘက် အသိပညာပေး စည်းရုံးလှုံ့ဆော် ခြင်းနှင့် တခြားလုပ်ဆောင်မှုများမှတဆင့် ဆက်လက်ထောက်ပံ့ကူညီခဲ့ကြသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */