" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label RSO. Show all posts
Showing posts with label RSO. Show all posts

Tuesday, May 14, 2024

တက်ကြွလှုပ်ရှားသူများက လူမျိုးရေးကို ခုတုံးလုပ်ကာ ကိုယ်ကျိုးရှာနေကြောင်း AA ခေါင်းဆောင်ပြော

Myanmar Photo Agency
12 May 2024 By MPA CJ 012 

ရခိုင်ဒေသတွင်း တိုက်ပွဲများကြောင့် ရခိုင်ဒေသရှိ ရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာလူမျိုးများကြား လူမျိုးရေးပဋိပက္ခများနှင့် ပတ်သက်ပြီး ဝေဖန်မှုများ မြင့်တက်နေချိန်တွင် ရက္ခိုင့်တပ်တော်၏ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တက်ကြွလှုပ်ရှားသူများအနေဖြင့် လူမျိုးရေးအား ခုတုံးလုပ်ကာ ကိုယ်ကျိုးရှာနေကြောင်း ၎င်း၏ တွစ်တာစာမျက်နှာမှတစ်ဆင့် ပြောဆိုလိုက်သည်။

Sunday, May 12, 2024

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေစိုးရိမ်နေရ

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၁ မေ၊ ၂၀၂၄ 

 ယခင်မှတ်တမ်းရုပ်ပုံ | Cox's Bazar မှာရှိတဲ့ ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းကိုတွေ့ရစဉ် (ဇွန် ၂၊ ၂၀၂၀)

ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းက ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ မွတ်ဆလင်အမျိုးသားတွေကို မွတ်ဆလင်အကြမ်းဖက်အဖွဲ့တွေက ဖမ်းဆီး ခေါ်ဆောင်တာတွေရှိနေတာကြောင့် ဒုက္ခသည်စခန်းအတွင်းက အမျိုးသားတွေ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ မွတ်လင်ဒုက္ခသည်တဦးက ပြောပါတယ်။ 

Thursday, May 9, 2024

ရိုဟင်ဂျာတွေကို စစ်ကောင်စီစည်းရုံးခဲ့ပုံ USIP စာတမ်းဖော်ပြ

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၉ မေ၊ ၂၀၂၄ 

ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေကြောင်း ပျံ့နှံ့နေသည့် ဓာတ်ပုံ (မတ် ၂၀၂၄)

စစ်ကောင်စီဟာ ရိုဟင်ဂျာတွေကို စစ်သားသစ်စုဆောင်းပြီး စစ်သင်တန်းပေးရာမှာ အစ္စာလာမ်ဘာသာရေးအခြေခံပြီး ဂျီဟတ်ဒ်ဝါဒနဲ့ ဟောပြော စည်းရုံးနေတယ်လို့ စစ်သားအဖြစ် စုဆောင်းခံခဲ့ရာကနေ ထွက်ပြေးလာသူတဦးကို ကိုးကားပြီး အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျု (USIP) ရဲ့ လေ့လာချက် စာတမ်းတခုမှာ ဗုဒ္ဓဟူးနေ့က ဖော်ပြပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ စစ်ကောင်စီအတွက် လူသစ်စုဆောင်းခံနေရကြောင်း AA ပြော

RFA
FA Burmese
2024.05.09 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kutupalong ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာများအား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ MUNIR UZ ZAMAN / AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေဟာ စစ်ကောင်စီအတွက် လူသစ်စုဆောင်းခံနေရတယ်လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ခိုင်သုခက သူ့ရဲ့ တယ်လီဂရမ် လူမှုကွန်ရက်ကနေတစ်ဆင့် မနေ့က ပြောပါတယ်။

Tuesday, April 30, 2024

Rakhine's tangled web worsens Rohingya plight

Dhaka Tribune
Tribune Desk
Publish : 30 Apr 2024,
 

  • Sensationalized narratives sideline Rohingya struggles
  • Urgent advocacy is needed for their rights and peace
File Photo: The remains of a burned Rohingya village is seen in this aerial photograph near Maungdaw, north of Rakhine State, Myanmar on September 27, 2017. Photo: Reuters
 
The ongoing conflict in Myanmar's Rakhine state reveals a concerning reality: as the Arakan Army (AA) and the Military Junta engage in their respective battle, the Rohingya people are caught in the crossfire, often overlooked amidst sensationalized narratives and shifting alliances in the region.

Saturday, March 30, 2024

The ‘Night Government’ Expands Its Violent Reach in Rohingya Camps

The New York Times
By Verena Hölzl
Reporting from Cox’s Bazar, Bangladesh
March 30, 2024,

Gunfights, kidnappings and homicides have become widespread in the refugee settlements in Bangladesh, as armed groups and criminal gangs have become more brazen.

A Rohingya refugee camp, along the Naf River, near Cox’s Bazar, Bangladesh, in November.Credit...Munir Uz Zaman/Agence France-Presse — Getty Images
 
They could not worship freely. The authorities denied their very existence and razed evidence of their historical communities. Then came a campaign of ethnic cleansing that forced them to flee to a foreign country where they crowded into bamboo-and-tarp shelters. There they have waited years for a better life.

Monday, March 4, 2024

ရက္ခိုင်ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ၏ မျက်နှာစာအသစ်တစ်ခုလား မြန်မာစစ်တပ်၏ ‘ခွဲခြား-ထိမ်းချူပ်ရေး’ မဟာဗျူဟာ၏ အဓိက နည်းဗျူဟာများ

tni

ပဋိပက္ခနှင့် ထိခိုက်ခံစားရမှုများ ဆက်လက်ဖြစ်ပေါ်နေချိန်မှာ နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီ (State Administration Council) သည် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် တော်လှန်ခုံခံမှုများကို နှိမ်နှင်းရန် ‘ခွဲခြား-အုပ်ချုပ်ရေး’ (divide and rule) နည်းဗျူဟာများကို အသုံးပြုန်ရန် ကြိုးစားအားထုတ်လျက်ရှိသည်။ သို့သော်ရက္ခိုင် ပြည်တွင်း အတွေ့အကြုံများကို သုံးသက်ချက်အရ အသိုင်းအဝိုင်းများကြား ပဋိပက္ခကို ဖော်ဆောင်၍ဖြစ်စေ၊ အတိုက်အခံလှုပ်ရှားမှုများကို ပြိုကွဲစေ၍ဖြစ်စေ စစ်ကောင်စီ၏ ထိုကဲ့သို့ သွေးခွဲသက်သျှိုသော နည်းဗျူဟာများသည် အလုပ်ဖြစ်နိုင်ခြေနည်းကြောင်း ကိုနိုင်လင်းမှ ယခု ဆောင်းပါးတွင် ရှင်းပြထားပါသည်။ ယင်းအစား စစ်ကောင်စီသည် အတိတ်ကာလများမှ ကျရှုံးမှုများကို ထပ်ခါကျူးလွန်နေပြီး၊ တဖက်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (United League of Arakan) မှ နယ်မြေဒေသတလွှားတွင်လည်း ဩဇာလွမ်းမိုးမှုကို ဆက်လက်တည်ဆောက် လျက်ရှိနေသည်။ 

Border News Agency (နယ်စပ် ခြံစည်းရိုးအနီးရှိ မြန်မာနယ်ခြားစောင့်တပ် ရဲတပ်ဖွဲ့ဝင်တဦးကို တွေ့ရစဥ်၊ မောင်တောမြို့နယ်) ဓါတ်ပုံ- (နယ်စပ်ဒေသ သတင်းဌာန)
 

မြန်မာနိုင်ငံသည် လက်ရှိအချိန်၌ နိုင်ငံရေးနှင့် စီးပွါးရေးဆိုင်ရာ အရေးပေါ်ကာလတစ်ခုတွင် ရောက်ရှိနေသည်။ ၂၀၂၁ စစ်အာဏာသိမ်းမှု (၂) နှစ်ခွဲကြာလာသည့်တိုင် ‘နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီ’ ဟု တရားဝင်သိထား ကြသော စစ်ကောင်စီသည် ဖက်ဒရယ်ဒီမိုကရေစီကို ထောက်ခံလိုလားသော တော်လှန်ခုခံလှုပ်ရှားမှုများဆက်လက် ဖြစ်ပေါ်၊ တိုးလာနေစဥ်မှာပင် နိုင်ငံအတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို ပြန်လည် မတည်ဆောက်နိုင်သေးပေ။ အခု အခြေအနေများသည် ၁၉၈၈ စက်တင်ဘာ ယခင် စစ်အာဏာသိမ်း မှုနောက်ပိုင်းဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံးဆိုင်ရာ ကသောင်းကနင်း အခြေအနေများနှင့်လည်း လွန်စွာ ကွဲပြားလှပါသည်။ 

Monday, February 12, 2024

မောင်တောတွင် စစ်ကောင်စီ၊ ARAနှင့် RSO တို့က AA ကို တိုက်ခိုက်ခဲ့၊ စစ်ကောင်စီတပ်သား၊ ARAနှင့် RSO တို့၏ အလောင်း အများအပြားနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိ

Western News
ဖေဖော်ဝါရီ ၈

ရခိုင်ပြည်၊ မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်း တောင်ပြို (လက်ဝဲ-လက်ယ)ဗျူဟာ စခန်းတို့အား AA က တိုက်ခိုက် သိမ်းပိုက်ချိန်တွင် စစ်ကောင်စီတပ်၊ ARAနှင့် RSO တို့က AA ကို ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Saturday, February 10, 2024

Bangladeshis fret over unconfirmed return of Rohingya militant Nabi Hossain amid Myanmar conflict

bdnews24.com
Golam Mortuja Antu
Published : 9 Feb 2024, 


After the arrest of 23 armed Rohingya trespassers, locals speculate the ethnic Muslims are involved in the ongoing fighting in Myanmar

The arrest of 23 armed Rohingya trespassers has fuelled speculation that the ethnic Muslims have engaged in the ongoing conflict between the Myanmar military and various rebel factions.

Thursday, February 8, 2024

တောင်ပြိုစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီက ရိုဟင်ဂျာတပ်ဖွဲ့တချို့နဲ့ ပူးပေါင်းခုခံခဲ့ဟု AA ထုတ်ပြန်

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၈ ဖေဖော်ဝါရီ၊ ၂၀၂၄ 

၂၀၂၄၊ ဖေဖော်ဝါရီလ (၄/၅/၆) မှာ စစ်ကောင်စီတပ်ရဲ့ နယ်ခြားစောင့်တပ်စခန်းများဖြစ်သော တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းတွေနဲ့ ARA၊ RSO စခန်းတို့ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီး သိမ်းဆည်းခဲ့တဲ့ လက်နက်ခဲယမ်းမီးကျောက်များ။ (Photo: AA Info Desk)

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်က တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ Arakan Rohingya Army (ARA) နဲ့ Rohingya Solidarity Organisation (RSO) တပ်ဖွဲ့တွေနဲ့ ပူးပေါင်းခုခံခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) ဘက်က ဖေဖော်ဝါရီ (၇) ရက် (ဗုဒ္ဓဟူးနေ့) က သတင်းထုတ်ပြန်ပါတယ်။

ထွက်ပြေးရင် လက်နက်တွေရောင်းဖို့ နယ်ခြားစောင့်တပ် နဲ့ ARA ကြိုညှိခဲ့တယ်လို့ သုံ့ပန်းတွေထွက်ဆို

BBC
၈ ဖေဖော်ဝါရီ ၂၀၂၄

ARA တပ်စခန်းထဲက နေ တာကာ ဆယ်သန်းနဲ့ ရောင်းချခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ပြန် သိမ်းမိခဲ့

ရခိုင် - ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တောင်ပြို (လက်ဝဲ - လက်ယာ) ဗျူဟာစခန်းတွေကို ရက္ခိုင့်တပ်တော် အေအေ က ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဘင်္ဂါလီ လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ ARA နဲ့ RSO တို့ ကြိုတင်ညှိနှိုင်းထားတဲ့အကြောင်းတွေကို ဖေဖော်ဝါရီ ၈ ရက် မှာ သတင်းထုတ်ပြန်လာပါတယ်။

Wednesday, February 7, 2024

တောင်ပြို(လက်ဝဲ) (လက်ယာ) စခန်းနှစ်ခုလုံးကို ရက္ခိုင့်တပ်တော် အောင်မြင်စွာသိမ်းပိုက်

Narinjara News
ရက်စွဲ: ၀၇ ဖေဖော်ဝါရီ ၂၀၂၄

(လက်နက်ခဲယမ်းအများအပြားနှင့် နယ်ခြားစောင့်တပ် အလောင်းအများအပြားနှင့် ARA နှင့် RSO တပ်ဖွဲ့ဝင်များ၏ အလောင်းအချို့ သိမ်းဆည်းရမိ)

ရက္ခိုင့်တပ်တော် ( AA)သည် ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်း (တစ်နည်း) ဗျူဟာစခန်းနှစ်ခုဖြစ်သော တောင်ပြို (လက်ဝဲ- လက်ယာ) ဗျူဟာစခန်းတို့အား ရက္ခိုင့်တပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့၊ နံနက် (၅) နာရီ (၁၀) မိနစ်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယင်းနေ့ ညနေ (၆) နာရီခန့်တွင် တောင်ပြို (လက်ယာ) ဗျူဟာစခန်း တစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ (၁၂) နာရီအတွင်း အလုံးစုံ သိမ်းပိုက်ရယူနိုင်ခဲ့သည်သည်ဟု ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်သည်။

Friday, January 26, 2024

Three ARSA Suspects Held Over Rohingya Camp Fires in Bangladesh

The Irrawaddy
by Muktadir Rashid
January 26, 2024

The Rapid Action Battalion with three ARSA suspects in Cox's Bazar on Thursday.

DHAKA — The Bangladeshi authorities say three suspected Arakan Rohingya Salvation Army (ARSA) members have been arrested for allegedly setting fire to Rohingya camps near Cox’s Bazar.

Thursday, December 7, 2023

ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေထဲက သတ်ဖြတ်မှုတွေ

BBC
December 7' 2023 

ပြိုင်ဘက် လူဆိုးဂိုဏ်းတွေ မင်းမူဖို့ ကြိုးစားနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေထဲ လူ ၄ ဦး သတ်ဖြတ် ခံလိုက်ရတယ်လို့ ဘင်္ဂလား ဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒုက္ခသည် စခန်းတွေထဲ လှုပ်ရှားနေကြတဲ့ ပြိုင်ဘက် အဖွဲ့ ၂ ခုကြား တိုက်ခိုက်ရာကနေ အခုလို သေ ဆုံး ခဲ့တာလို့လည်း ဆိုပါတယ်။

Wednesday, December 6, 2023

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာစခန်းအတွင်း ပစ်ခတ်မှု ၄ ဦးသေ

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၆ ဒီဇင်ဘာ၊ ၂၀၂၃ 

ရိုဟင်ဂျာများခိုလှုံနေတဲ့ Kutupalong ဒုက္ခသည်စခန်း၊ မေ ၁၅၊၂၀၂၃။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းအတွင်း ရန်ဖက်လက်နက်ကိုင် အဖွဲ့ကြား ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၄ ဦး သေဆုံးသွားတယ်လို့ အာဏာပိုင်တွေကို ကိုးကားပြီးသတင်းတွေကဖော်ပြပါ တယ်။ ARSA အဖွဲ့ နဲ့ RSO ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေကြား မနေ့ညက ၁ နာရီလောက်ကြာ အ ပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည် ၄ ဦး သေဆုံး၊၂ဦးအပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံရဲမှူး Shamim Hossain (ရှာမင် ဟိုဆန်) ကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

ရိုဟင်ဂျာအပေါ် ကန့်သတ်မှုများ လျှော့ပေးရန်နှင့် အကူ အညီ ပြန်တိုးပေးရန် ICG တိုက်တွန်း

DVB
December 6, 2023

နေရပ်ပြန်နိုင်ရေး မသေချာသေးတဲ့အချိန်မှာ အထောက်အပံ့တွေ လျှော့ချခံရလို့ ဒုက္ခထပ်ကြုံနေတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေအပေါ်မှာ ကန့်သတ်တာတွေကို လျှော့ပေးဖို့နဲ့ အကူအညီတွေ ပြန် တိုးပေးဖို့ လိုတယ်လို့ နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) က တိုက်တွန်း လိုက်ပါ တယ်။

Monday, November 27, 2023

မောင်တောတွင်တိုက်ပွဲမဖြစ်စေရန်စစ်ကောင်စီနှင့်မြို့မိမြို့ဖ များ တွေ့ဆုံဆွေးနွေး

DVB
November 27, 2023

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ တိုက်ပွဲမဖြစ်စေဖို့ စစ်ကောင်စီနဲ့ မြို့လူကြီးတွေ နိုဝင်ဘာ ၂၅ ရက်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ မောင်တောဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်မမှူး ဦးဆောင်တဲ့အဖွဲ့နဲ့ မောင်တောမြို့ခံ မြို့မိမြို့ဖတွေ ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

Friday, October 6, 2023

ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေအန္တရာယ် ဒုက္ခသည်တွေ စိုးရိမ်

VOA
ဗွီအိုအေမြန်မာပိုင်း
စံကျော်

၀၅ အောက်တိုဘာ၊ ၂၀၂၃ 

    ဝရမ်းပြေးအဖြစ် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က လိုချင်နေတဲ့ လက်နက်ကိုင် ARSA အဖွဲ့ဝင်များ (Photo: C J)

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို အာဏာပိုင်တွေ နှိမ်နင်းနေပေမဲ့ ဒုက္ခသည်တွေကတော့ စိုးရိမ်နေဆဲ ဖြစ်ပါတယ်။ ဒီသီတင်းပတ်ထဲမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာလွတ်မြောက်ရေးတပ် (ARSA) အဖွဲ့ခေါင်းဆောင်အဖြစ် မသင်္ကာသူတဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ ဖမ်းဆီးလိုက်သလို၊ ARSA အဖွဲ့နဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) အဖွဲ့ကြား ပဋိပက္ခကြောင့် အနည်းဆုံး ၂ ဦး သေဆုံးခဲ့တာပါ။ ဒုက္ခသည်စခန်းတွေက အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထား တာကို ကိုစံကျော် တင်ပြထားပါတယ်။

Thursday, October 5, 2023

ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း သတ်ဖြတ်မှု ၂ ဦး သေဆုံး

ဧရာဝတီ
5 October 2023
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်အတွင်းရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတခု / REUTERS
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ အူခီးယားမြို့ ရိုဟင်ဂျာဒုက္ခသည်စခန်း၌ ယမန်နေ့ မနက်ပိုင်း က ပစ်ခတ်မှု ဖြစ် ပွားရာ အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) အဖွဲ့ဝင် ၁ ဦး သေဆုံးပြီး၊ စခန်းနေ ရိုဟင်ဂျာ လူငယ် ၁ ဦးလည်း ဓားခုတ် သတ်ဖြတ်ခံရကြောင်း သတင်း ရရှိသည်။

ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး အာဆာအသတ်ခံရတဲ့ တပ်ခွဲမှူးအပါအ၀င် ၂ ဦး သေဆုံး၊

Ukhia သတင်း
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 4 ရက်၊ 2023 ခုနှစ်၊ မွန်းလွဲ 1:27 နာရီ ( BD အချိန် )

ကော့ဘဇားရှိ Ukhiya Rohingya စခန်းတွင် Arakan Rohingya Salvation Army (ARSA) နှင့် Rohingya Solidarity Organization (RSO) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ လက်နက် ကိုင် ရဲတပ်ဖွဲ့ တပ်ရင်း (APBN) မှ အဖွဲ့ နှစ်ဖွဲ့မှ အဖွဲ့ဝင် နှစ်ဦး ပစ်ခတ် သတ်ဖြတ် ခံခဲ့ရကြောင်း သိရ သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */