" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, February 8, 2024

ထွက်ပြေးရင် လက်နက်တွေရောင်းဖို့ နယ်ခြားစောင့်တပ် နဲ့ ARA ကြိုညှိခဲ့တယ်လို့ သုံ့ပန်းတွေထွက်ဆို

BBC
၈ ဖေဖော်ဝါရီ ၂၀၂၄

ARA တပ်စခန်းထဲက နေ တာကာ ဆယ်သန်းနဲ့ ရောင်းချခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ပြန် သိမ်းမိခဲ့

ရခိုင် - ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တောင်ပြို (လက်ဝဲ - လက်ယာ) ဗျူဟာစခန်းတွေကို ရက္ခိုင့်တပ်တော် အေအေ က ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဘင်္ဂါလီ လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ ARA နဲ့ RSO တို့ ကြိုတင်ညှိနှိုင်းထားတဲ့အကြောင်းတွေကို ဖေဖော်ဝါရီ ၈ ရက် မှာ သတင်းထုတ်ပြန်လာပါတယ်။
တောင်ပြို (လက်ဝဲ - လက်ယာ) စခန်းတွေကို ဖေဖော်ဝါရီ ၆ ရက်နေ့မှာ အေအေ က သိမ်းပိုက်ပြီးတဲ နောက်စခန်း ရှင်းလင်းရေးလုပ်တဲ့အခါ တောင်ပြို (လက်ဝဲ) စခန်းနဲ့ ဘင်္ဂါလီတပ် ARA ရဲ့ အဓိကစခန်းကြား ချိတ်ဆက်ထားတဲ့ အင်္ဂတေလူသွားလမ်းတွေကို တွေ့ရတယ်လို့ ပြောပါတယ်။

အေအေရဲ့ ထုတ်ပြန်ချက်အရ တောင်ပြို (လက်ဝဲ) စခန်းနဲ့ နတ်မြစ်ကမ်းစပ်မှာရှိတဲ့ ARA အဓိကစခန်းဟာ မီတာ ၁ ထောင်ကျော်ပဲဝေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

အေအေ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းတွေရဲ့ ပြောစကားအရ ထွက်ပြေးမယ့်အခြေအနေကြုံလာရင် လက်နက်တွေကို ဘင်္ဂလားဒေ့ရှ်ငွေ တာကာ ဆယ်သန်း‌ နဲ့ ရောင်းချဖို့ နယ်ခြားစောင့်တပ်မှူးတွေနဲ့ ဘင်္ဂါလီ လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ (ARA) နဲ့ (RSO) တို့အကြား ကြိုတင်ညှိနှိုင်းထားခဲ့ကြတယ်လို့ ‌ထည့်သွင်းရေးထားတာပါ။

ARA တပ်စခန်းထဲက နေ တာကာ ဆယ်သန်းနဲ့ ရောင်းချခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ပြန် သိမ်းမိခဲ့တယ်လို့ အေအေက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးဝင်ရောက်နိုင်ဖို့အတွက် ARA အဖွဲ့ဆီ အကူအညီတောင်းခံခဲ့တယ်လို့ စစ်သုံ့ပန်းတွေက ထွက်ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်းမှာရှိတဲ့ တောင်ပြိုင် (လက်ဝဲ - လက်ယာ) စခန်းနှစ်ခုကို အေအေတိုက် ခိုက်တဲ့ နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂၉ ဦး ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံဘက်ထွက်ပြေးလာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရေးဝန်ကြီး ဒေါက်တာဟာဆန်မာမွတ်က ထုတ်ပြောထားပါတယ်။

အဲဒီထဲက တချို့ဟာ ထိခိုက်ဒဏ်ရာရထားတာကြောင့် ကော့ဘဇားဆေးရုံကို ပို့ဆောင်ပေးထားပြီး စစ်ကောင်စီတပ်သားတွေကို ပြန်လည်ပို့ဆောင်ဖို့ မြန်မာစစ်တပ်နဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ကြားဆွေးနွေးနေတယ်လို့ ဖေဖော်ဝါရီ ၅ ရက်နေ့က ပြောပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ တပ်သားတွေ လက်နက်ချတဲ့အခြေအနေအပါအဝင် ဘင်္ဂလီလက်နက်ကိုင်တပ်နဲ့ ပူးပေါင်းနေတယ်ဆိုတဲ့ အေအေ ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ဒီကနေ့ နေ့လယ်ပိုင်းအချိန်အထိ တစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */