AA နှင့် ARSA အဖွဲ့တို့၏ အဆိုပါ လုပ်ရပ်များမှာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင် ခြင်းဖြစ် သည်ဟူသော စစ်ကောင်စီ၏ လုပ်ဇာတ်အပေါ် မည်သူမျှ အယုံအကြည် မရှိကြောင်း ရခိုင်နိုင်ငံရေးသမား တဦး ဖြစ်သူ ဦးဖေသန်းကလည်း ပြောသည်။
Friday, September 23, 2022
AA နှင့် ARSA ပေါင်းတိုက်နေဟု စွပ်စွဲချက် ဝါဒဖြန့်မှုသာ ဖြစ်ကြောင်းတုံ့ပြန်
AA နှင့် ARSA အဖွဲ့တို့၏ အဆိုပါ လုပ်ရပ်များမှာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင် ခြင်းဖြစ် သည်ဟူသော စစ်ကောင်စီ၏ လုပ်ဇာတ်အပေါ် မည်သူမျှ အယုံအကြည် မရှိကြောင်း ရခိုင်နိုင်ငံရေးသမား တဦး ဖြစ်သူ ဦးဖေသန်းကလည်း ပြောသည်။
Thursday, September 22, 2022
Myanmar, Bangladesh must solve border tensions peacefully
Fighting in Maungdaw: A Strategic Turning Point in Western Myanmar?
Monday, September 19, 2022
မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု တားဆီးဖို့ AA တောင်းဆို
ငြိမ်းချမ်း
Wednesday, August 31, 2022
ဘင်္ဂလားဒေ့ရှ်နယ်စပ်က စစ်ကောင်စီတပ်စခန်းကို AA သိမ်း ပိုက်
RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန၊ သတင်းများ
2022.08.31
၂ဝ၂၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က ရခိုင်-ဘင်္ဂလားနယ်စပ် မိုင်တိုင် ၄ဝ အနီး ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် သိမ်းဆည်းရမိခဲ့သည့် လက်နက်များအား ရက္ခိုင့်တပ်တော် AA ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားစဉ်။ Photo: AA info desk
Saturday, August 27, 2022
မောင်တောမှာ စစ်ကောင်စီနဲ့ အေအေတို့ တိုက်ပွဲပြင်းထန် နေ ဒေသခံတွေ အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဘေးလွတ် ရာ ပြေးရ
B B C
ဘီဘီစီမြန်မာပိုင်း2022.08.27 ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း မင်းခမောင်းနဲ့ ခမောင်းဆိပ် တို့မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ် တော် AA တို့ တိုက်ပွဲ ပြင်းထန်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာဘက်တွေကို တိမ်းရှောင်နေကြရပါ တယ်။
မနေ့က သြဂုတ်လ ၂၆ ရက်နေ့နေ့လယ်ပိုင်းကစလို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာ ကို စတင် တိမ်းရှောင်နေရတာဖြစ်ပါတယ်။ ဒီနေ့ မနက် အစောပိုင်း ၂နာရီလောက်မှာလည်း တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေပြီး အရုဏ်မတက်ခင် ၅ နာရီ လောက်မှာမှ လက်နက်ကြီးသံတွေ ငြိမ်သွားတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။
မောင်တောနယ် ခမောင်းဆိပ်မြို့ဗျူဟာကုန်းကို AA ဝင်တိုက်
Myanmar Now
နန်းဦးနွေ
Published on Aug 27, 2022
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စခန်းတစ်ခု တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ဒေသတွင်း စစ်ကြောင်း ထိုး နေရာ ရွာသား ၁၂ ဦးကို ဓားစာခံအဖြစ် ခေါ်ထားသည်ဟု သိရသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်မြို့နယ်ခွဲရှိ
စစ်ကောင်စီတပ်၏ ဗျူဟာကုန်းကို သြဂုတ် ၂၆ မွန်းလွဲပိုင်းတွင်
ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ
သိရ သည်။
မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်တွင် နယ်ခြားစောင့်ရဲနှင့်
စစ်တပ်တို့ ပူးပေါင်းအထိုင်ချထားသည့် ခမောင်းဆိပ်ဗျူဟာ ကို ဝင်တိုက်ရာ
တစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထွက်ပြေးလာသည့် ဒေသခံ
အမျိုးသားတစ်ဦးက ပြောသည်။
Monday, August 22, 2022
မောင်တောမြို့နယ်တွင် AA နှင့် တပ်မတော်ကောင်စီတို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
မီယိုတိုင်ရွာအနီး ဝေတောင်ပေါ်တွင် လက်နက်ကြီးတစ်ခု။ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အမျိုးသမီးတစ်ဦးကတော့ နှစ်ဖက်စလုံးက လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
Wednesday, August 17, 2022
ရက္ခိုင့်တပ်တော်ရဲ့ ကွန်ဖက်ဒရိတ်ခရီးနဲ့ ရက္ခိုင့်နိုင်ငံရေး ပဋိပက္ခ
ဩဂုတ် ၁၇ ၂၀၂၂
(ဆောင်းပါး)
ယခုဒုတိယအကြိမ်အဖြစ် ဩဂုတ်လ ၁၁ ရက်နေ့ကပြုလုပ်ခဲ့တဲ့ ရက္ခိုင့်တပ်တော်ရဲ့ Online သတင်းစာရှင်း လင် းပွဲမှာ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက အခိုင်အမာ ပြန်လည်ပြောကြားလာတာကို တွေ့ရပြီးတဲ့နောက် ရက္ခိုင်ပြည်တွင်း နိုင်ငံရေးနဲ့ မြန်မာ့နိုင်ငံရေးကိုပါ ဂယက်ရိုက်ခတ်သွားတာကို တွေ့ရပါတယ်။
ရက္ခိုင့်တပ်တော်(AA)နဲ့ မြန်မာစစ်တပ်တို့ဟာ (၂၀၁၈)နှစ်ကုန်ပိုင်းကနေ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ (၂၀၂၀) နိုဝင်ဘာလ(၁၁)ရက်နေ့ကနေစတင်ကာ အပစ်ရပ်နေခဲ့ပါတယ်။
Tuesday, August 2, 2022
မောင်တောမြောက်ပိုင်းရှိ အကြမ်းဖက်စစ်တပ်စခန်းတစ်ခု ကို အေအေတိုက်ခိုက်သိမ်းပိုက်
MPA
ဩဂုတ် 2, 2022
” မိုင်တိုင် ၄၀ အနီးက နယ်ခြားစောင့်စခန်းကို အေအေကဝင်တိုက်တာပါ။ အဲဒီမှာရှိတဲ့ နယ်ခြားစောင့်တွေကျ သွားသလို စခန်းလည်းကျသွားတယ်လို့ကြားပါတယ် ” ဟု တောင်ပြိုလက်ဝဲရှိ ဌာနဆိုင်ရာအရာရှိတစ်ဦးက MPA သို့ပြောသည်။
Saturday, March 5, 2022
ရခိုင်ပြည်နယ်ကို ၆၀ ရာခိုင်နှုန်းထိန်းချုပ်ထားနိုင်တယ်လို့ အေအေပြော
B B C
ဘီဘီစီမြန်မာပိုင်း2022-03-05
ရက္ခိုင့်တပ်တော် (အေအေ) အနေနဲ့ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်းမှာ ရခိုင်ပြည်နယ်အ တွင်း နယ်မြေ ၆၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ အေအေ အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက မတ်လ ၅ ရက်နေ့ကလုပ်တဲ့ အေအေရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲကို အွန်လိုင်းကနေ လုပ်တာဖြစ်ပြီး အေအေအဖွဲ့ ပေါ်ပေါက်လာတဲ့ ၁၀ နှစ်ကျော်အတွင်း ပထမဆုံး ပြုလုပ်တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲ ဖြစ်ပါတယ်။ ရခိုင်ဘာသာစကားနဲ့ လုပ်တာလည်း ဖြစ်ပါ တယ်။
Wednesday, January 19, 2022
Rebel yell: Arakan Army leader speaks to Asia Times
By BERTIL LINTNER
Wednesday, January 12, 2022
ရခိုင်-မွတ်ဆလင်အရေး AA ကိုင်တွယ်နိုင်မလား
12 January 2022
သမိုင်းနှင့်ချီပြီး ဖြစ်ပွားနေသော လူမျိုးနှစ်ခုအကြားက ပြဿနာမီးပွားများက လတ်တလော အခြေအနေတွင် တိတ်ဆိတ်ငြိမ်သက်လျက် နှစ်ဘက်အသိုင်းအဝန်းကြားတွင်လည်း ချစ်ကြည်ရင်းနှီးမှု ပြန်လည်တိုးတက် ကောင်းမွန်လာသည်ကို တွေ့ရသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ၏ ထိန်းချုပ်နယ်မြေ ကျေးရွာများတွင် ရခိုင်တိုင်းရင်းသားများနှင့် မွတ် ဆလင် ကျေးရွာသားများကြား ချစ်ကြည်ရင်းနှီးမှု တိုးတက် ကောင်းမွန်လာစေရန် ဘောလုံးပွဲများ ကျင်းပေ ပးပြီး တချိန်က မျက်နှာလွှဲ ပစ်ပယ်ခံထားရသော မွတ်ဆလင်ရွာသားများကို အသိအမှတ်ပြု ဆက်ဆံလာ သည် ကို တွေ့လာရသည်။
မောင်တော ဘူးသီးတောင် ခွဲထွက်မယ် ဆိုတာ ကလေးက လား စကားတွေပါ
ဧရာဝတီ
စာရေးဆရာ ဦးအောင်ခင် (စစ်တွေ)
12 January 2022
ရခိုင်ပြည်နယ်အတွင်း ရခိုင် တိုင်းရင်းသားများနှင့် မွတ်စလင် ကျေးရွာသားတို့မှာ ၂၀၁၂ ခုနှစ် အရေးအခင်း ကာလ နောက်ပိုင်းကတည်းက ကူးလူး ဆက်ဆံမှု ပြတ်တောက်သွားပြီး နှစ်ဖက်စလုံး သံသယများဖြင့်သာ နေထိုင်ခဲ့ကြသည်။ ၂၀၁၆ – ၂၀၁၇ ခုနှစ် မောင်တောအရေးအခင်း ဖြစ်ပေါ်မှုကြောင့်လည်း ရခိုင်တိုင်းရင်း သားများနှင့် မွတ်စလင်တို့မှာ ပို၍ပင် စည်းခြားသကဲ့သို့ ဆက်ဆံ သွားလာမှုများ မရှိကြတော့ပေ။
၂၀၁၈ ခုနှစ်နှင့် ၂၀၂၀ အတွင်း ဖြစ်ပွားခဲ့သော ရခိုင်စစ်ပွဲ ကာလအတွင်း မွတ်စလင်များကဲ့သို့ ရခိုင်ကျေး ရွာ သားတို့မှာ ရွာလုံးကျွတ် မီးရှို့ခံရမှု၊ အိုးအိမ်များကို စွန့်ပစ်ကာ ဒုက္ခသည်စခန်းများသို့ ရောက်ရှိခဲ့ကြပြီး လူမျိုးန နှစ်မျိုးစလုံး ဒုက္ခပေါင်းမျိုးစုံ ခါးစည်းခံရကာ ထိုဖြစ်စဉ်များနောက်ပိုင်း နှစ်ဖက်လူမှုအသိုင်းအဝိုင်းတွင်လည်း တစတစ ယခင်အတိုင်း ကူးလူးဆက်ဆံ လာမှုကို ပြန်လည် မြင်တွေ့ရသည်။
Saturday, January 8, 2022
ရခိုင့်ကံကြမ္မာဖန်တီးနိုင်ရေးအတွက် နိုင်ငံရေးဦးဆောင် အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ALP ထုတ်ပြန်
ဇန်နဝါရီ ၆ ၂၀၂၂
ရခိုင့်ကံကြမ္မာကိုဖန်တီးနိုင်ရေးအတွက် ကြိုးပမ်းလှုပ်ရှားနေကြသည့် ရခိုင့်လက်နက်ကိုင်အဖွဲ့များ၊ ပါတီ များနှင့်လက်တွဲကာ လက်နက်ကိုင်လမ်းစဉ်ကိုလက်ကိုင်ထားပြီး နည်းလမ်းပေါင်းစုံဖြင့် အောင်ပွဲရသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ရခိုင်လွတ်မြောက်ရေးပါတီ(ALP)က ယနေ့(ဇန်နဝါရီလ ၆ ရက်)တွင် ထုတ်ပြန်လိုက် သည်။
Tuesday, December 21, 2021
Is There Any Solution to Myanmar’s Rohingya Crisis?
Wednesday, November 10, 2021
မောင်တောတိုက်ပွဲ AA နဲ့ မဟုတ်၊ ARSA နဲ့ တိုက်ခိုက်ခဲ့ တာလို့ဆို
လွတ်လပ်တဲ့အာရှအသံ
2021-11-10
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနယ်မြေ ခမောင်းဆိပ်ရွာရဲ့ အရှေ့တောင်ဘက် မီတာ ၂၀၀၀ လောက် မှာ စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ရက္ခိုင့်တပ်တော် (AA)နဲ့ ဖြစ်ပွားခဲ့တာ မဟုတ်ဘဲ ARSA အ ဖွဲ့နဲ့ ဖြစ်ပွားခဲ့တာလို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
နိုဝင်ဘာ ၉ ရက် မနေ့က မနက် ၁၁ နာရီခွဲလောက်မှာ ARSA အဖွဲ့က အင်အား ၃၀ ခန့်နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ တာ လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။
"တိုက်ပွဲက ၁၀ မိနစ်လောက် ကြာတယ်။ ကျနော်တို့ဘက်ကလည်း စစ်သည်တချို့ ဒဏ်ရာ ရရှိခဲ့တာ ရှိ တယ်။ တချို့မီဒီယာနဲ့ အွန်လိုင်းမှာ ပျံ့နှံ့နေသလို AA နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာ မဟုတ်ပါဘူး။ ARSA အကြမ်းဖ က် သောင်းကျန်းသူတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ မောင်တော နယ်မြေ ဘက်ခြမ်းမှာ လည်း AA က လှုပ်ရှားတာမျိုး မရှိပါဘူး"
Thursday, September 2, 2021
Arakan Army Seeks to Build ‘Inclusive’ Administration in Rakhine State
Kyaw Hsan Hlaing
August 31, 2021