" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, August 2, 2022

မောင်တောမြောက်ပိုင်းရှိ အကြမ်းဖက်စစ်တပ်စခန်းတစ်ခု ကို အေအေတိုက်ခိုက်သိမ်းပိုက်

Myanmar Photopress Agency
MPA
ဩဂုတ် 2, 2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ မိုင်တိုင်အမှတ် ၄၀ အနီးရှိ အကြမ်းဖက်စစ်တပ်၏ နယ်ခြား စောင့် စခန်းတစ်ခုကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ရက္ခိုင်တပ်တော်(AA)က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက် လိုက်ကြောင်း သတင်းရရှိသည်။

” မိုင်တိုင် ၄၀ အနီးက နယ်ခြားစောင့်စခန်းကို အေအေကဝင်တိုက်တာပါ။ အဲဒီမှာရှိတဲ့ နယ်ခြားစောင့်တွေကျ သွားသလို စခန်းလည်းကျသွားတယ်လို့ကြားပါတယ် ” ဟု တောင်ပြိုလက်ဝဲရှိ ဌာနဆိုင်ရာအရာရှိတစ်ဦးက MPA သို့ပြောသည်။
အဆိုပါစခန်းရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်အရာရှိအပါအဝင် တပ်ဖွဲ့ဝင်အများအပြား သေဆုံးကြောင်း ထိုအရာရှိကဆိုသော်လည်း အရေအတွက်အတိအကျကို MPA က သီးခြားအတည်မပြုနိုင်သေး ပေ။

” စက်သေနတ်ပစ်သံ၊ လက်နက်ကြီးပစ်သံတချို့တော့ ကြားလိုက်ရပါတယ်။ အချိန်အကြာကြီးတော့မဟုတ် ပါ ဘူး။ ဘယ်အဖွဲ့တွေဖြစ်ကြတာလဲတော့ သေချာမသိပါဘူး ” ဟု ဒေသခံတစ်ဦးကMPA သို့ပြောသည်။

ထိုပစ်ခတ်သံများကြားရသည့်နေရာမှာ လက်ပံတောင်ကြော၏ အရှေ့မြောက်ဖက် နယ်စပ်မိုင်တိုင် ၄၀ အနီးအ နားဖြစ်ပြီး ထိုအနီးတွင် အကြမ်းဖက်စစ်တပ်၏ နယ်ခြားစောင့်စခန်းတစ်ခုရှိကြောင်း ဒေသခံများက အတည်ပြု ပြောကြသည်။

” ပြီးခဲ့တဲ့တိုက်ပွဲဖြစ်ပြီးကတည်းက စစ်တပ်ကတော့ အင်အားတိုးထားပါတယ်။ တချို့စခန်းတောင်ကုန်းတွေပေါ် မှာ လက်နက်ကြီးတွေ တည်ထားတာတွေ့ရပါတယ် ” ဟု မောင်တောဒေသခံတစ်ဦးက MPA သို့ပြောသည်။

ထိုမောင်တောမြောက်ပိုင်းတွင် ပြီးခဲ့သည့်ဇူလိုင်လ ၁၈ ရက်နေ့က ရက္ခိုင့်တပ်တော်(AA)နှင့် အကြမ်းဖက်စစ်တို့ ကြား ထိတွေ့တိုက်ပွဲနှစ်နေရာဖြစ်ပွားခဲ့ပြီး အရာရှိတစ်ဦးအပါအဝင် အကြမ်းဖက်တပ်ဖွဲ့ဝင် ၁၄ ဦးကို အေအေ ဖက်က ဖမ်းဆီးရမိခဲ့သည်။

ထိုထိတွေ့တိုက်ပွဲအတွင်း အရာရှိအပါအဝင် အကြမ်းဖက်တပ်ဖွဲ့ဝင် ၂၀ ခန့် သေဆုံးခဲ့ပြီး နောက်တစ်နေ့ ဇူလိုင် လ ၁၉ ရက်နေ့မှစတင်ပြီး အကြမ်းဖက်စစ်တပ်မှ တပ်မ ၂၂ အပါအဝင် အင်အား၂၀၀ နီးပါး ထပ်တိုးချထားခဲ့ သည်။

ထို့အပြင် ရသေ့တောင်မြို့နယ်၊ အငူမော်ဆိပ်ကမ်းမှတဆင့် အကြမ်းဖက်စစ်တပ်၏ ကမ်းထိုးရေယာဥ်နှစ်စီးဖြင့် ဇူလိုင် လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ အကြမ်းဖက်စစ်သား ၃၀၀ ခန့်နှင့် လက်နက်ရိက္ခာများပါ ဖြည့်တင်း ထားကြောင်းလည်း မြင်တွေ့ရသူများက ဆိုသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */