" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, March 5, 2022

ရခိုင်ပြည်နယ်ကို ၆၀ ရာခိုင်နှုန်းထိန်းချုပ်ထားနိုင်တယ်လို့ အေအေပြော

 B B C

ဘီဘီစီမြန်မာပိုင်း
2022-03-05
ဓာတ်ပုံ ရင်းမြစ်, AA, အေအေ ပြောခွင့်ရ ဦးခိုင်သုခ

ရက္ခိုင့်တပ်တော် (အေအေ) အနေနဲ့ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်းမှာ ရခိုင်ပြည်နယ်အ တွင်း နယ်မြေ ၆၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ အေအေ အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက မတ်လ ၅ ရက်နေ့ကလုပ်တဲ့ အေအေရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကို အွန်လိုင်းကနေ လုပ်တာဖြစ်ပြီး အေအေအဖွဲ့ ပေါ်ပေါက်လာတဲ့ ၁၀ နှစ်ကျော်အတွင်း ပထမဆုံး ပြုလုပ်တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲ ဖြစ်ပါတယ်။ ရခိုင်ဘာသာစကားနဲ့ လုပ်တာလည်း ဖြစ်ပါ တယ်။ 

 

"တချို့နေရာတွေမှာ ကျွန်တော်တို့ ၆၀ ရာနှုန်းထိန်းချုပ်ထားတဲ့နေရာရှိတယ်။ တချို့နေရာတွေမှာ ၇၀ရာနှုန်းထိန်း ချုပ်ထားတာရှိတယ်။ ဒါကတော့ တစ်နေရာနဲ့တစ်နေရာ အခြေအနေချင်းမတူဘူး။ ရခိုင်တစ်ပြည်လုံးအနေနဲ့ ဆို ရင် တော့ ၆၀ ရာနှုန်းလောက် ထိန်းချုပ်ထားတယ်ဆိုတာ တွေ့ရပါတယ်'' လို့ ဦးခိုင်သုခက ပြောပါတယ်။

ဒါ့အပြင် အေအေချမှတ်ခဲ့တဲ့ 'ရက္ခိတလမ်းစဉ်'ဟာ ရခိုင်ပြည်သူတွေ လွတ်မြောက်ရေးအတွက် ဖော်ဆောင်နေတဲ့ တိုက်ပွဲခေါ်သံတစ်ခုဖြစ်ပြီး လက်ရှိမှာ အလုံးစုံမရနိုင်သေးပေမယ့် တော်လှန်ရေးရေချိန်ဟာ ရပ်တန့်မသွားဘဲရတဲ့ အထိ တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

                  ကွန်ဖရက်ဒရေးရှင်းပုံစံ ဖြစ်ချင်တယ်လို့ အေအေခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ချပြခဲ့,                                                        ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images                  

အေအေဟာ ရခိုင်ပြည်နယ်ကို ဝ ဒေသလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ဒေသ ဖြစ်ချင်တယ်၊ ကွန်ဖရက်ဒရေးရှင်းပုံစံ ဖြစ်ချင်တယ်လို့ အေအေခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အရင်က ပြောခဲ့ဖူးတာ ရှိပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ဦးခိုင်သုခက ''ဒီအခြေအနေနဲ့ ရောင့်ရဲနေတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ နိုင်ငံ ရေးရည်မှန်းချက်တွေကို ထုတ်ပြောထားပြီး ဖြစ်ပါတယ်။ ရက္ခိတလမ်းစဉ်အတိုင်း တစ်သဝေမတိမ်းဆက်ပြီးတော့ ချီတက်နေပါတယ်'' လို့ ပြောပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားတာ သိပ်မရှိပေမယ့် ယာယီအပစ်ခတ်ရပ်စဲရေး နား လည်မှုယူထားတဲ့ အခြေအနေပဲ ဖြစ်တာကြောင့် အချိန်မရွေး ပစ်ခတ်မှုတွေ ပြန်ဖြစ်လာနိုင်တယ်လို့လည်း ဦးခိုင် သုခက ပြောပါတယ်။



''အခြေအနေကို၌က ကျွန်တော်တို့ တရားဝင်အပစ်ခတ်ရပ်စဲထားတာမဟုတ်ဘူး။ ဒါကြောင့် ဘယ်အချိန်မှာ ဘာ ဖြစ်လာမယ်ဆိုတာ ခန့်မှန်းရခက်ပါတယ်။"

မောင်တောတိုက်ပွဲ အခြေအနေ အေအေက ဘာပြောသလဲ




ဓာတ်ပုံ ရင်းမြစ်, ICJ

အိုင်စီဂျေအမှုကနေ တရားမျှတမှုရရှိရေး


ရခိုင်ပြည်နယ်အတွင်းနေထိုင်ခဲ့ကြတဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံ အပေါ် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲဆိုထားတာနဲ့ပတ်သက်လို့ အေအေအ နေနဲ့ ကန့်ကွက်ခြင်းမရှိသလို တရားမျှတမှု ရရှိဖို့အတွက် ဘယ်နိုင်ငံနဲ့မဆို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

"ULA/AA ရဲ့ မူဝါဒကတော့ တရားမျှတမှုရရှိရေးကို ဦးတိုက်ထားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူမ ဆို အဖိနှိပ်ခံရတဲ့ အခြေအနေက တရားမျှတမှုရရှိဖို့ လှုပ်ရှားရုန်းကန်မှုဟူသမျှကို ကျွန်တော်တို့က အသိအမှတ် ပြု လေးစားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒါကြောင့် အဖိနှိပ်ခံရတဲ့ မတရားညှင်းပန်းနှိပ်စက်ခံရတဲ့ ဒီလိုမတရား မှုတွေအောက်က တရားမျှတမှုရဖို့အတွက် ကျွန်တော်တို့ ULA/AA အနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပဲ ဖြစ် ဖြစ်၊ ဘေးက အိမ်နားနီးချင်း နိုင်ငံတွေနဲ့ဖြစ်ဖြစ် လိုအပ်လာရင် လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားဖို့ အစီစဉ် တွေရှိတယ်ဆိုတာ ပြောကြားလိုပါတယ်။"

အေအေရဲ့ တရားစီရင်ရေး


အေအေဟာ ရခိုင်ပြည်နယ်တွင်းက တရားစီရင်ရေးကဏ္ဍတွေကိုလည်း ဆောင်ရွက်နေတဲ့အကြောင်း ဦးခိုင်သုခ က ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း တိုင်ကြားလာတဲ့အမှုပေါင်း ၃၈၀၀ ကျော်လက်ခံရရှိတဲ့အနက် ၅၀ ရာခိုင်နှုန်းခန့် ကို ဖြေရှင်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်တွင်း အေအေရဲ့ တရားစီရင်ရေးကိုင်တွယ်မှုမှာ သေချာအရေးယူ ဆောင်ရွက်နိုင်တာမရှိ ဘူးဆိုတဲ့ ဝေဖန်မှုတွေနဲ့ပတ်သက်လို့ ဦးခိုင်သုခက ပြည်သူတွေအနေနဲ့ ULA/AA ရဲ့ ဆောင်ရွက်ချက်၊ ရပ်တည် ချက်တွေကို ဂဃနဏ မသိဘဲ စွပ်စွဲတိုက်ခိုက်ပြောဆိုတာမလုပ်ဖို့ ပြောကြားပါတယ်။

တချို့ကိစ္စရပ်တွေမှာ အောက်ခြေမှာ တာဝန်ပေးထားရသူတွေဟာ ကောင်းကောင်းမွန်မွန် သင်ကြားပို့ချထားသူ တွေ မဟုတ်တဲ့အတွက် လုပ်ကိုင်တဲ့အခါမှာ မှားယွင်းမှုတွေလည်းရှိနေပြီး ဒီလိုကိစ္စမျိုးတွေကိုကြုံရလို့ရှိရင်လည်း တိုင်ကြားကြဖို့အတွက်ကို အေအေအနေနဲ့ တိုက်တွန်းထားတယ်လို့ ဦးခိုင်သုခက ပြောပါတယ်။

အေအေနဲ့ စစ်အာဏာသိမ်းမှု တော်လှန်ရေး

စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ ဒီအပေါ် ထုတ်ဖော်ပြောဆိုတာ မလုပ်ဘဲ အေအေအနေနဲ့ ရေငုံနှုတ်ပိတ်နေ တယ်လို့ ဝေဖန်မှုတွေရှိပါတယ်။

ဒါနဲ့ပတ်သက်လို့ ဦးခိုင်သုခကတော့ ဒါဟာ ရခိုင်ရဲ့တော်လှန်ရေးသမိုင်းနဲ့ လက်ရှိအခြေအနေကိုနားမလည်လို့ ပြော ဆိုနေကြခြင်းသာဖြစ်ပြီး ရခိုင်ဟာ စစ်အာဏာသိမ်းမှုတော်လှန်တာကို စိတ်မဝင်စားလို့ သီးခြားရပ်တည် နေ တာမျိုးမဟုတ်ဘဲ တော်လှန်ရေးရဲ့ မတူညီတဲ့အခြေအနေတစ်ခုသာဖြစ်တယ်လို့ ပြောပါတယ်။

အေအေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တရားဝင်ပူးပေါင်းဆောင်ရွက်မှုမရှိပေမယ့် သူတို့ရဲ့ တော်လှန်တဲ့စွမ်းရည်တွေကို မလေးစားဘဲ မနေနိုင်ကြောင်းနဲ့ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုအနေနဲ့ စည်း ကမ်းကျနဖို့နဲ့ စည်းရုံးမှုရှိဖို့အတွက်လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */