" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label 2023. Show all posts
Showing posts with label 2023. Show all posts

Wednesday, January 18, 2023

ကျိုက်ထို မရမ်းချောင်းစစ်ဆေးရေးဂိတ်တွင် ရိုဟင်ဂျာ ၆ ဦးနှင့် ယာဥ်မောင်း ၁ ဦး ဖမ်းဆီးခံရ

DVB
18 January, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်မှာ ဇန်နဝါရီ ၁၈ ရက် ဒီနေ့မနက် ၉ နာရီခွဲက ၂၂ ဘီးယာဥ်တစီးပေါ်ကနေ ရိုဟင်ဂျာ ၆ ဦးနဲ့ ယာဥ်မောင်းကိုပါ စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့မနက်ပိုင်းက မရမ်းချောင်းစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ ရန်ကုန်ကနေ မောင်းနှင်လာတဲ့ အဖြူရောင် ၂၂ ဘီးယာဥ်ကို စစ်ဆေးရာက ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

၂၀၂၂ ခုနှစ် ပင်လယ်ပြင်မှာ ရိုဟင်ဂျာတွေသေဆုံးမှုအများဆုံးအဖြစ် ကုလမှတ်တမ်းတင်

VOA
ဗွီ အိုအေမြန်မာပိုင်း
​ခင်မျိုးသက်
၁၈ ဇန်နဝါရီ၊ ၂၀၂၃
YE Asia Photos 2020

၂၀၂၂ ခုနှစ်ဟာ ရိုဟင်ဂျာတွေ ပင်လယ်ပြင်မှာသေဆုံးမှုအများဆုံးဖြစ်သလို အသက်အန္တရာယ်ကြီးတဲ့ ပင်လယ်ပြင်ကိုကျော်ဖြတ်ပြီး ထွက်ပြေးဖို့ကြိုးစားမှုလည်း အများဆုံးဖြစ်ကြောင်း ကုလသမဂ္ဂက အင်္ဂါနေ့မှာပြောပါတယ်။ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဒီဒုက္ခသည်တွေကို ထိထိရောက်ရောက် အကူညီတွေပေးကြဖို့လည်း ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပန်ကြားလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေဟာ ၂၀၂၁ ခုနှစ်ကနဲ့ယှဉ်ရင် ၂၀၂၂ ခုနှစ်ထဲမှာ ဘင်္ဂလားပင်လယ်အော်နဲ့ မုတ္တမပင်လယ်တွေကို သက်စွန့်ဆံဖျားကျော်ဖြတ်ထွက်ပြေးဖို့ ကြိုးစားမှုတွေ အတော့်ကိုများလာတယ်လို့ ကုလသမဂ္ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ပြောခွင့်ရ Shabia Mantoo က ဂျနီဗာကုလသမဂ္ဂရုံးချုပ်မှာ သတင်း ထောက် တွေကို ပြောပါတယ်။

ပင်လယ်ပြင်မှာ သေဆုံး၊ ပျောက်ဆုံးခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် သုံးရာကျော်ရှိ

RFA
မောင်သစ်ဆင်း(ဝါရှင်တန်ဒီစီ)
2023.01.17
၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ် ဆိပ်ကမ်းတစ်ခုသို့ ရောက်ရှိခဲ့သည့် ရိုဟင်ဂျာဒုက္ခသည်များ။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ ပင်လယ်ပြင်ကို ကူးဖြတ်ဖို့ ကြိုးစားရင်း သေ ဆုံးခဲ့ရ၊ ပျောက်ဆုံးခဲ့ကြရသူ ရိုဟင်ဂျာ ဒုက္ခသည် အနည်းဆုံး ၃၄၈ ဦး ရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကနဲ့ နှိုင်းစာရင် အသေအပျောက် အများဆုံးဖြစ်ကြောင်း HRW လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

၂၀၂၂ ခုနှစ်အတွင်း စက်လှေနဲ့ပင်လယ်ဖြတ်ကူးတဲ့ ရိုဟင်ဂျာ ထောင်ချီရှိ

B B C

ဘီဘီစီမြန်မာပိုင်း
၁၈ ဇန်နဝါရီ ၂၀၂၃,
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်တုန်းက အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်မှာ ဒုက္ခသည်တွေ ကမ်းပေါ် တက်ခွင့်ရပြီးနောက် ကျောက်ချထားတဲ့ စက်လှေတစ်စင်း

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း တတိယနိုင်ငံကိုသွားရောက်နိုင်ဖို့ စက်လှေတွေနဲ့ ပင်လယ်ဖြတ်ကူးတဲ့ ရိုဟင်ဂျာ ၃၅၀၀ အထိရှိခဲ့တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး ပြောခွင့်ရသူက ဇန်နဝါရီလ ၁၇ ရက်မှာ ပြောလာပါတယ်။

အဲဒီရိုဟင်ဂျာတွေဟာ စက်လှေ ၃၉ စီးနဲ့ ပင်လယ်ဖြတ်ကူးကြသူတွေဖြစ်ပြီး အများစုဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ဖြစ်တယ်လို့ ပြောခွင့်ရသူက ပြောပါတယ်။

Tuesday, January 17, 2023

ဘင်္ဂလားဒေ့ရှ်ဘက် စခန်းတွေက ရိုဟင်ဂျာတွေ ခြိမ်းခြောက် သတ်ဖြတ်ခံရမှုတွေရှိနေ

B B C

ဘီဘီစီမြန်မာပိုင်း
၁၇ ဒီဇင်ဘာလ ၂၀၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်အတွင်းက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာအရေး၊ လူ့အခွင့် အရေးဆောင် ရွက်သူ Rohingya Society for Peace and Human Right(ARSPH) အဖွဲ့ဝင်တွေအပေါ် ခြိမ်းခြောက်တာ၊ ပစ်မှတ်ထားသတ်ဖြတ်တာတွေ ရှိလာတယ်လို့ ကိုယ်တိုင် သတိပေးခံရသူတွေက ပြောလာ ပါ တယ်။

သူတို့အပြောအရ အာဆာလို့လူသိများတဲ့ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် အဖွဲ့ဝင်တွေ ဘက်က ပြန်လုပ် လာ တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ရက်နေ့က လည်း စခန်းအမှတ် ၈ နဲ့ စခန်းအမှတ် ၁၅ တို့က ရိုဟင်ဂျာခေါင်းဆောင်သူတွေ လည်းဖြစ်တဲ့ ARSPH အဖွဲ့ဝင် ၂ဦးသတ်ဖြတ်ခံခဲ့ရတယ်လို့ အဲဒီအဖွဲ့ကပြောပါတယ်။

Rohingya fleeing Myanmar or Bangladesh by sea surged fivefold in 2022- UN

REUTERS
January 17, 2023
Rohingya refugees rescued by fishermen are seen on a boat behind a patrol boat near the coast of Seunuddon beach in North Aceh, Indonesia, June 24, 2020. Antara Foto/Rahmad/via REUTERS/File Photo

NEW DELHI, Jan 17 (Reuters) - The number of Rohingya fleeing Myanmar or Bangladesh by sea surged fivefold to more than 3,500 in 2022 from a year earlier, the U.N. refugee agency said on Tuesday, in the deadliest year for the ethnic minority group at since 2014.

At least 348 Rohingya died or went missing as they attempted to cross the Andaman Sea and the Bay of Bengal last year, with the figure reaching alarming levels after the sinking of a boat in December, with all 180 Rohingya Muslims on board presumed dead, the UNHCR said in a statement.

Bangladesh: Rampant Police Abuse of Rohingya Refugees

H U M A N
R I G H T S
W A T C H
January 17, 2023
Police officers stand guard in front of Rohingya refugees at Kutupalong camp in Cox’s Bazar, Bangladesh, September 30, 2021. © 2021 Mushfiqul Alam/NurPhoto via AP

(Bangkok) – Bangladesh’s Armed Police Battalion (APBn) is committing extortion, arbitrary arrests, and harassment of Rohingya refugees already facing violence from criminal gangs and armed groups, Human Rights Watch said today. Donor governments should press the Bangladesh authorities to investigate alleged abuses against Rohingya living in refugee camps in Cox’s Bazar, ensure that victims have effective remedies, and develop measures to better protect refugees.

HRW accuses APBn of extortion, arbitrary arrests of Rohingya refugees

The Daily Star

Star Digital Report
Tue Jan 17, 202

Human Rights Watch (HRW) today alleged that Bangladesh's Armed Police Battalion (APBn) is committing extortion, arbitrary arrests, and harassment of Rohingya refugees with impunity. The refugees are facing violence from criminal gangs and armed groups and therefore are already vulnerable, said the rights watchdog in a report released today.

The police unit has been in charge of security of the camps since 2020.

"Refugees and humanitarian workers report that safety has deteriorated under the APBn's oversight due to increased police abuses as well as criminal activity. Some refugees allege collusion between APBn officers and armed groups and gangs operating in the camps," said the report.

HRW accuses Bangladesh police unit of ‘rampant’ Rohingya abuse

Aljazeera
17 Jan 2023

Rights group says the Armed Police Battalion is engaged in extortion, harassment and wrongful arrests of refugees it is tasked with protecting.


An elite Bangladesh police unit is engaged in the “rampant” extortion, harassment and wrongful arrests of the Rohingya refugees it has been tasked with protecting, Human Rights Watch (HRW) alleges.

The Armed Police Battalion (APBn) operates in camps housing nearly one million members of the stateless minority, most of whom fled neighbouring Myanmar after a military crackdown that is now the subject of a genocide investigation by the United Nations.

မြန်မာစစ်တပ်ရဲ့ ပြည်တွင်း လက်နက်ထုတ်မှုကို နိုင်ငံခြား ကုမ္ပဏီတွေ ကူညီနေတယ်ဆိုတဲ့ အစီရင်ခံစာထွက်လာ

B B C

ဘီဘီစီမြန်မာပိုင်း
၁၆ ဇန်နဝါရီ ၂၀၂၃
ဆီလီရာဟတ်တန်၊ ဘီဘီစီ သတင်း
အင်းဒင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ မြန်မာစစ်တပ်က ပြည်တွင်းထုတ်လက်နက်တွေ အသုံးပြုခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြ

မြန်မာစစ်တပ်ဟာ သူ့ တို့ကိုဆန့်ကျင်နေတဲ့ ပြည်သူလူထုကို တိုက်ခိုက်သတ်ဖြတ်ဖို့ အနည်းဆုံး နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ရှိတဲ့ ကုမ္ပဏီတွေရဲ့ အထောက်ပံ့အကူညီမှုနဲ့ လက်နက်တွေ အမျိုးစုံထုတ်  လုပ်နေတဲ့အကြောင်း ကုလ သမဂ္ဂ ထိပ်တန်းအရာရှိဟောင်းတွေရဲ့အစီရင်ခံစာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက် စခန်းတွေက ရိုဟင်ဂျာတွေ ခြိမ်းခြောက်သတ်ဖြတ်ခံရမှုတွေရှိနေ

B B C

ဘီဘီစီမြန်မာပိုင်း

၁၆ ဇန္နဝါရီ ၂၀၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်အတွင်းက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာအရေး၊ လူ့အခွင့် အရေးဆောင် ရွက်သူ Rohingya Society for Peace and Human Right(ARSPH) အဖွဲ့ဝင်တွေအပေါ် ခြိမ်း ခြောက်တာ၊ ပစ်မှတ်ထားသတ်ဖြတ်တာတွေ ရှိလာတယ်လို့ ကိုယ်တိုင် သတိပေးခံရသူတွေက ပြောလာ ပါတယ်။

သူတို့အပြောအရ အာဆာလို့လူသိများတဲ့ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် အဖွဲ့ဝင်တွေ ဘက်က ပြန်လုပ်လာတယ်လို့ဆိုပါတယ်။

Saturday, January 14, 2023

51 Years Of Myanmar-Bangladesh Ties – OpEd

eurasiareview 

Jubeda Chowdhury
January 13, 2023

Locations of Bangladesh (green) and Myanmar (Burma). Credit: Wikipedia Commons

January 13, 2023, marks 51 years of bilateral ties between Myanmar and Bangladesh. Myanmar recognized Bangladesh as a sovereign state on January 13, 1972. There were many ups and downs between the two neighbors over these 51 years. Why was this? Because the relations between Bangladesh and Myanmar were strained time to time. But this strained tie must be smoothed for ensuring greater regional interest. But Myanmar-Bangladesh needs to strengthen ties for ensuring the greater interest of the two regions such as South Asia and Southeast Asia.

Second Rohingya leader killed in span of 12hrs

Dhaka Tribune

Tribune Desk
January 8, 2023 
Rohingyas walk on a road at a refugee camp in Cox's Bazar, Bangladesh, on Wednesday, August 11, 2021 Allison Joyce/Dhaka Tribune

Another Rohingya leader was killed in a span of 12 hours, in Balukhali camp in Ukhiya upazila of Cox's Bazar early Sunday.

The deceased was Mohammad Selim, 35, son of Abdus Sobhan of the camp.

Officer-in-Charge (OC) of Ukhiya police station Sheikh Mohammad Ali said Selim was killed after a group of miscreants “from Arsa” called him from his house early in the morning and shot him.

A police team reached the spot after receiving the information, but the miscreants had already fled the area, he said.

မြန်မာ့အရေးဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်ရုံး ဖွင့် လှစ် ဆောင်ရွက်သွားမည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ပြော

DVB
13 January, 2023 


မြန်မာနိုင်ငံက ပဋိပက္ခတွေကို အာဆီယံအဖွဲ့အနေနဲ့ ဦးဆောင်ဖြေရှင်းနိုင်ရေး ရည်ရွယ်ပြီး အသစ်ဖွင့်လှစ် သွား မယ့် မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံးမှာ သူကိုယ်တိုင် ဦးဆောင်သွားမှာဖြစ်တဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ဇန်နဝါရီ ၁၁ ရက်မှာ ပြောပါတယ်။

အင်ဒိုနီးရှားဟာ အခုနှစ်မှာ  အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ  တာဝန်ယူထားတာဖြစ်ပြီး အာဆီယံရဲ့ ဥက္ကဋ္ဌရဲ့ မြန် မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်အဖြစ်  အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက တာဝန်ယူမှာ ဖြစ်ပါတယ်။ 

မြန်မာ ၂၀၂၂ ဖြစ်ရပ်များ ( လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ ) HRW

HRW
2013 Report 


၂၀၂၁၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်သည် စစ်အုပ်ချုပ်ရေးကို ဆန့် ကျင် သော သန်းပေါင်းများစွာသော ပြည်သူများကို တနိုင်ငံလုံးအတိုင်းအတာဖြင့် ရက်စက်စွာ နှိမ်နင်းခဲ့သည်။ စစ်အစိုးရ လုံခြုံရေးတပ်ဖွဲ့များသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ် စက် ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အခြား ကြမ်းကြုတ်ရက်စက်မှုများကို ကျူးလွန်ခဲ့ခြင်းကြောင့် လူသားမျိုး နွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်ရာရောက်သည်။ လွတ်လပ်စွာ ပြောဆိုခွင့်နှင့် စုဝေးခွင့်များကိုလည်း အပြင်း အထန် ကန့်သတ်ထားသည်။

2023 HRW REPORT ( MYANMAR )

Since staging a coup on February 1, 2021, the Myanmar military has carried out a brutal nationwide crackdown on millions of people opposed to its rule. The junta security forces have carried out mass killings, arbitrary arrests, torture, sexual violence, and other abuses that amount to crimes against humanity. Freedom of speech and assembly face severe restrictions.

Friday, January 13, 2023

ကမ္ဘာတလွှား လူ့အခွင့်အရေး ကျဆင်းမှုအခြေအနေ HRW အစီရင်ခံစာဖော်ပြ

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၃ ဇန်နဝါရီ၊ ၂၀၂၃
မြန်မာနိုင်ငံအတွင်း စစ်ကောင်စီက ဖမ်းဆီးကွပ်မျက်ခံရတဲ့ ၈၈ မျိုးဆက် စစ်အာဏာရှင်အဆက်ဆက်ကို ဆန့်ကျင်ခဲ့သူ ကိုဂျင်မီအမှတ်တရ လန်ဒန်မြို့မှာပြသစဉ်။

၂၀၂၂ ခုနှစ်ဟာ ယူကရိန်းကနေ တရုတ်နဲ့အာဖဂန်နစ္စတန်အထိ ကမ္ဘာတလွှား လူ့အခွင့်ရေးအခြေအနေ အဆိုး ဝါးဆုံးဖြစ်ခဲ့တယ်လို့ နယူးရောက်အခြေစိုက် လူ့အခွင့်ရေးအဖွဲ့ကြီးဖြစ်တဲ့ Human Rights Watch က ကြာသ ပတေးနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့်လည်း လူ့အခွင့်အရေး ထုတ်ဖေါ်ပြော ဆိုသူ တွေအများအပြား ထွက်ပေါ်လာခဲ့တာတွေ့ရကြောင်း နိုင်ငံပေါင်း ၁၀၀ လောက်က လူ့အခွင့်ရေးအခြေအနေတွေ ကို တင်ပြထားတဲ့ ၂၀၂၃ အစီရင်ခံစာမှာ ဖေါ်ပြထားတာပါ။

အကူအညီတွေ လိုအပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များ

VOA
VOA Policy
January 09, 2023 

စက်တင်ဘာ ၄ ရက်၊ ၂၀၁၇ ခုနှစ်က မြန်မာပြည်အတွင်းက အလုံးအရင်းနဲ့ထွက်ခွါသွားကြသူ ရိုဟင်ဂျာများ။

မြန်မာစစ်တပ်ကနေ ရိုဟင်ဂျာတွေကို လူမျိုးတုံးစေမယ့် စစ်ဆင်ရေးတွေလုပ်ခဲ့တာဟာ အခုဆိုရင် ၅ နှစ် ရှိပါပြီ။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုှံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကလည်း သူတို့အတွေ့အကြုံတွေကို ပြောပြပါတယ်။ အကြမ်းဖက်မှုတွေကနေ ရှောင်ကွင်းနိုင်ဖို့ ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းခွဲဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရပြီး အခုဆိုရင် ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်အရေအတွက်က ၁ သန်း နီးပါး ရှိနေပြီဖြစ်ပါတယ်။

Thursday, January 12, 2023

ကလေး ၁၂ ဦးအပါအဝင် ရိုဟင်ဂျာများကို ထောင်ဒဏ်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၂ ရက်။

ဘိုကလေးတွင် ဖမ်းမိသည့် ကလေးငယ်များ ၁၂ ဦး အပါအဝင် ရိုဟင်ဂျာ ၁၁၂ ဦးကို စစ်ကောင်စီက ထောင်ဒဏ် အသီးသီးချမှတ်လိုက်သည်ဟု တရားရေးနှင့် နီးစပ်သူများက ပြောသည်။

စက်လှေ သောင်တင်ကာ ဝမ်းဗိုက်ပေါက်ပြီးနောက် ဖမ်းဆီးခြင်းခံရသည့် ရိုဟင်ဂျာ ၁၁၂ ဦးကို ဧရာဝတီတိုင်း ဘိုကလေး မြို့ နယ် တရားရုံးက ထောင်ဒဏ် အသီးသီး ချမှတ်လိုက်သည်ဟု ဘိုကလေး တရားရေးဌာန နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

လှေစီးပြေး ဒုက္ခသည်များကို ဒေသတွင်းနိုင်ငံများက ဝိုင်းဝန်း ကာကွယ်စောင့်ရှောက်ပေးရေး ကုလ လူ့အခွင့်အရေး မဟာ မင်းကြီး ပန်ကြား

မဇ္ဖျိမ 
UN News Centre
12 January 2023

အန္တရာယ်များသော ပင်လယ်ပြင်ခရီးကို စက်လှေများဖြင့် ထွက်လာသည့် ရိုဟင်ဂျာဒုက္ခသည်များကို အင်ဒိုနီးရှား ငါးဖမ်းသမားများက ကယ်ဆယ်ပေးခဲ့ပြီးနောက် ရက်များအကြာ လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည်များကို ဒေသ တွင်းနိုင်ငံများက ကာကွယ်စောင့်ရှောက်မှုများ တိုးမြှင့်ပေးအပ်ရေး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်း ကြီး ဗော့လ်ကာ တာ့ခ်က ပြီးခဲ့သည့် ဒီဇင်ဘာလကုန်တွင် ပန်ကြားလိုက်သည်။
 
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */