" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, January 12, 2023

လှေစီးပြေး ဒုက္ခသည်များကို ဒေသတွင်းနိုင်ငံများက ဝိုင်းဝန်း ကာကွယ်စောင့်ရှောက်ပေးရေး ကုလ လူ့အခွင့်အရေး မဟာ မင်းကြီး ပန်ကြား

မဇ္ဖျိမ 
UN News Centre
12 January 2023

အန္တရာယ်များသော ပင်လယ်ပြင်ခရီးကို စက်လှေများဖြင့် ထွက်လာသည့် ရိုဟင်ဂျာဒုက္ခသည်များကို အင်ဒိုနီးရှား ငါးဖမ်းသမားများက ကယ်ဆယ်ပေးခဲ့ပြီးနောက် ရက်များအကြာ လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည်များကို ဒေသ တွင်းနိုင်ငံများက ကာကွယ်စောင့်ရှောက်မှုများ တိုးမြှင့်ပေးအပ်ရေး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်း ကြီး ဗော့လ်ကာ တာ့ခ်က ပြီးခဲ့သည့် ဒီဇင်ဘာလကုန်တွင် ပန်ကြားလိုက်သည်။
 
၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံတွင် စစ်တပ်၏ ဖိစီးနှိပ်စက်မှုကြောင့် ထွက်ပြေးခဲ့ကြရသည့် ရိုဟင်ဂျာ ၂၀၀ ကျော် သည် ၂၀၂၂ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ခွာပြီး ကပ္ပလီပင်လယ်ကို ဖြတ်ရန် ကြိုးပမ်းရင်း သေဆုံးခဲ့ ရခြင်းအတွက် အထူးတလည် ဝမ်းနည်းရကြောင်း မစ္စတာ တာ့ခ်က ပြောသည်။ ပင်လယ်ပြင်ခရီး ဖြတ်သန်းရာ တွင် ရိုဟင်ဂျာများ စီးနင်းလိုက်ပါသည့် စက်လှေများသည် “လူပြည့်ကျပ်ပြီး စိတ်မချရ” ရုံသာမက “အကူအညီ မရရှိသဖြင့် ရက်များစွာကြာ ပင်လယ်ပြင်ထဲ မျောပါနေခဲ့” ရကြောင်း မစ္စတာ တာ့ခ်က ပြောသည်။

အထူးတလည် ပန်ကြားချက်

၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း ရိုဟင်ဂျာ ၂,၄၀၀ ခန့်သည် ပင်လယ်ပြင်ခရီးကို ဖြတ်သန်းထွက်ခွာရန် ကြိုးပမ်း ခဲ့ကြသည်။

အကျပ်အတည်းက ပြေလည်အဆုံးသတ်သွားမည့်ပုံ မပေါ်သေးခြင်းနှင့်အတူ အဆိုပါ ရိုဟင်ဂျာများကို ဘေးကင်း စေရေးအတွက် နိုင်ငံများဘက်က တိုးမြင့် ကူညီပေးကြရေး ကုလ လူ့အခွင့်အရေးအကြီးအကဲက တိုက်တွန်း သည်။

နိုင်ငံများအနေဖြင့် ဒုက္ခသည်များကို တက်ကြွစွာဖြင့် ရှာဖွေကယ်ဆယ်မှုများ ညှိနှိုင်းချိတ်ဆက် လုပ်ဆောင်ရေး၊ ၎င်းတို့၏ နိုင်ငံနယ်နိမိတ်များတွင် ရိုဟင်ဂျာဒုက္ခသည်များကို ကမ်းကပ်ခွင့်ပေးရေးနှင့် ကာကွယ်စောင့်ရှောက်မှု များ အသေအချာ လုပ်ဆောင်ပေးရေး မစ္စတာ တာ့ခ်က အထူးတလည် တိုက်တွန်းသည်။

ထို့ပြင် ၂၀၁၇ ခုနှစ်ကတည်းက အကာအကွယ် ခိုလှုံခွင့် တောင်းခံလာသည့် ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းကျော် ကို ကူညီထောက်ပံ့ပေးထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အကူအညီပေးရေး ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာတစ် ဝန်း မှ နိုင်ငံများကို ၎င်းက တိုက်တွန်းသည်။

“ရိုဟင်ဂျာအားလုံး အပြည့်အဝ တန်းတူညီတူ မြန်မာနိုင်ငံသားတွေအဖြစ်နဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အ ရေးတွေကို အပြည့်အဝ လေးစားခံရရင်း မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်စေနိုင်အောင်လို့ အရေးတကြီး ဖြေရှင်းချက်တစ်ခု ရှာရပါလိမ့်မယ်” ဟု ကုလ လူ့အခွင့်အရေး မဟာမင်းကြီးက အလေးပေး ပြောသည်။

နှစ်သစ်အတွက် စာမျက်နှာဖွင့်ခြင်း

၂၀၂၂ နှစ် ကုန်ဆုံးချိန်တွင် “မိမိတို့ အနာဂတ်အတွက် ရေးသားချင်သည့် ဇာတ်လမ်း” ဆိုသည်နှင့်ပတ်သက်ပြီး ကုလအဆင့်မြင့်အရာရှိက အလေးအနက် ပြောသည်။

“ကျွန်တော်တို့ရဲ့ အိမ်တွေမှာ၊ ဝန်းကျင်ဒေသတွေမှာ၊ စာသင်ကျောင်းတွေမှာ၊ လုပ်ငန်းခွင်နေရာတွေမှာနဲ့ အွန် လိုင်းပေါ်မှာ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုပဲ ပတ်သက်ပါစေ၊ ကျွန်တော်တို့ဟာ ကြင်နာ ကရုဏာထားမှု၊ စာနာထောက်ထားမှု၊ စည်းလုံးညီညွတ်မှုနဲ့အတူ ကျွန်တော်တို့ရဲ့ ဘဝတွေကို တစ်ဦးချင်းစီနဲ့ စုပေါင်းညီညွတ်စွာနဲ့ ဦးတည်ဖြတ်သန်းသွားကြမယ် ဆိုတာက နှစ်သစ်အတွက် ကျွန်တော့်ရဲ့ မျှော်လင့်ချက်ဖြစ် ပါတယ်” ဟု ၎င်းက ၂၀၂၃ အတွက် သတင်းစကားပါးသည်။

‘မျှော်လင့်ချက်နှင့် စည်းလုံးညီညွတ်မှု ဇာတ်လမ်း’

အကယ်၍ သေးငယ်သော နေရာများတွင် လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်း မရှိပါကလူ့အခွင့်အရေး သည် အခြားမည်သည့်နေရာတွင်မှာမှ အဓိပ္ပါယ် ရှိမည်မဟုတ်ဟု မစ္စတာ တာ့ခ်က ထပ်လောင်း သတိပေးသည်။

နေအိမ်တွင်းနှင့် အများပြည်သူအကြားထဲတွင် အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရ မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် “ခွဲခြားဆက်ဆံခံရမှုမှ ကင်း ဝေးပြီး အပြည့်အဝ တန်းတူညီမျှမှုနှင့် လွတ်လပ်မှု” တို့ ရှိရလိမ့်မည်ဟု ၎င်းက ပြောသည်။

ကလေးများ၏ မျက်လုံးများကိုလည်း အတိတ်က အမှားများအတွက် ဖွင့်ထားပေးရလိမ့်မည် ဖြစ်ပြီး သို့မှသာ ၎င်းတို့အနေဖြင့် ပိုမို ကောင်းမွန်သော ကမ္ဘာတစ်ခု ဖန်တီးရန် “မျှော်လင့်ချက်နှင့် စည်းလုံးညီညွတ်မှု ဇာတ်လမ်း တစ်ပုဒ်ကို ရေးသားနိုင်”မည် ဖြစ်ကြောင်းနှင့် အဆိုပါ ပိုကောင်းသော ကမ္ဘာထဲတွင် “မိမိတို့အနေဖြင့် တသီးတ သန့် တစ်ကွဲတစ်ပြားနေခြင်းထက် အတူတကွ ရှိနေခြင်းက ပိုမိုအားကောင်းမည် ဆိုသည်ကို လက်ခံယုံကြည် ရင်း မတူကွဲပြားမှုကို ချီးကျူးဂုဏ်ပြုမည်” ဖြစ်ကြောင်း ကုလလူ့အခွင့်အရေး မဟာမင်းကြီးက ပြောသည်။

လူလူချင်းစာနာမှုဖြင့် လမ်းကြောင်းပေး

အခြားသော အမြင်သဘောထားများကို ထည့်သွင်းစဉ်းစားခြင်း၊ အမြင်မတူ သဘောကွဲလွဲမှုများကို အလေးထား ခြင်း၊ မတူကွဲပြားမှုများကို လက်ခံခြင်းအားဖြင့် အမုန်းစကားနှင့် သတင်းအမှားများမှ အကာအကွယ်ပေးထား သည့် အွန်လိုင်းပေါ် ထုတ်ဖော်ရေးသားမှု အနာဂတ်တစ်ခုကို ကုလ အဆင့်မြင့်အရာရှိကြီးက မျှော်လင့်ထား သည်။

“လူတစ်ယောက်အကြောင်း အမြင်တစ်ဖက်ကနေ မကြည့်ဘဲ တစ်ခြားတစ်ဖက်ကနေလည်း ပြန်တွေးကြည့်ပေး ပါ” ဟု ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တိုက်တွန်းသည်။ “သရုပ်လက္ခဏာ အထောက်အထားပြ နိုင်ငံရေး အသုံးပြုပြီး အခြားသူတွေကို လူ့ဂုဏ်သိက္ခာကင်းမဲ့စေဖို့အတွက် နေရာမရှိပါ” ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့ရဲ့ အမြင်၊ ရည်မှန်းချက်ချင်း တူညီတဲ့ လူလူချင်းစာနာမှုကပဲ ကျွန်တော်တို့ရဲ့ လမ်းပြ ဖြစ်လိမ့်မယ် လို့ ကျွန်တော် မျှော်လင့်ပါတယ်”

စုစည်းညီညွတ်သော အင်အားများ

လူ့အခွင့်အရေးဆိုသည်က “မိမိတို့ကို အတူပါဝင်စေပြီး စည်းလုံးစေသည့် အင်အား” အဖြစ် မစ္စတာ တာ့ခ်က သ ဘောထားသည်။ ယင်းအင်အားက လူတိုင်းကို မိမိတို့ မည်သူမည်ဝါ ဖြစ်ခြင်း၊ လူသားဂုဏ်သိက္ခာ နှင့် မိမိတို့ အားလုံးကို တစ်ယောက်နှင့် တစ်ယောက် ချိတ်ဆက်ပေးသည့် အခြေခံမူလတရားများဆီ ပြန်ရောက်စေသည်ဟု ၎င်းက သတ်မှတ်သည်။

လူတစ်ဦးတစ်ယောက်၏ ထိခိုက်နာကျင်မှုက အဆုံးစွန်တွင် လူတိုင်းကို ထိခိုက်စေကြောင်း ၎င်းက ပြောပြီး လက်ရှိမျိုးဆက်နှင့် အနာဂတ်မျိုးဆက်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် အရေးကြီးကြောင်း အလေးထားပြောသည်။

“ကျွန်တော်တို့ရဲ့ ကမ္ဘာကို ကြင်နာကရုဏာရှိမှု၊ ထိုက်တန်တဲ့ နှိမ့်ချမှုတို့နဲ့အတူ ဆက်ဆံကြပါစို့၊ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်တဲ့ လုပ်ဆောင်ချက်တွေကို အားလုံးရဲ့ လူ့အခွင့်အရေးမှာ အခြေတည် စေရေး သေချာအောင် လုပ်ကြပါစို့”

လူတိုင်း တရားမျှတ၊ ဂုဏ်သိက္ခာရှိစွာဖြင့် ၎င်းတို့၏ အခွင့်အရေးများကို ဘေးကင်းစွာ အသုံးချနိုင်သည့် နေရာ တစ် ခုတွင် နေထိုင်ရန် အခြားသူများ မှားနေချိန်တွင် နားထောင်ပေးပြီး ပြောဆိုပေးနိုင်သည့် သတ္တိနှင့် ရဲရင့်မှုတို့ လိုအပ်ကြောင်း ကုလ အဆင့်မြင့်အရာရှိက ပြောသည်။

“နှစ်သစ်မှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ၇၅ နှစ်ပြည့် အထိမ်းအမှတ်ဆီ မိမိတို့ ရောက် ရှိမှာဖြစ်တာကြောင့် မိမိတို့အနေနဲ့ ပိုမို ခံ့ညား သိက္ခာရှိတဲ့၊ လူတိုင်းရဲ့ အခွင့်အရေးတွေ လေးစားခံရတဲ့ ကမ္ဘာကြီး ဖြစ်စေဖို့ ကြိုးစားသွားကြပါစို့” ဟု ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */