" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, January 18, 2023

၂၀၂၂ ခုနှစ်အတွင်း စက်လှေနဲ့ပင်လယ်ဖြတ်ကူးတဲ့ ရိုဟင်ဂျာ ထောင်ချီရှိ

B B C

ဘီဘီစီမြန်မာပိုင်း
၁၈ ဇန်နဝါရီ ၂၀၂၃,
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်တုန်းက အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်မှာ ဒုက္ခသည်တွေ ကမ်းပေါ် တက်ခွင့်ရပြီးနောက် ကျောက်ချထားတဲ့ စက်လှေတစ်စင်း

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း တတိယနိုင်ငံကိုသွားရောက်နိုင်ဖို့ စက်လှေတွေနဲ့ ပင်လယ်ဖြတ်ကူးတဲ့ ရိုဟင်ဂျာ ၃၅၀၀ အထိရှိခဲ့တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး ပြောခွင့်ရသူက ဇန်နဝါရီလ ၁၇ ရက်မှာ ပြောလာပါတယ်။

အဲဒီရိုဟင်ဂျာတွေဟာ စက်လှေ ၃၉ စီးနဲ့ ပင်လယ်ဖြတ်ကူးကြသူတွေဖြစ်ပြီး အများစုဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ဖြစ်တယ်လို့ ပြောခွင့်ရသူက ပြောပါတယ်။

အသက်စွန့်စားပြီး ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်ကို ဖြတ်သန်းမှုတွေ အခုလို သိသိသာသာမြင့်တက်လာတာကို ကြည့်ရင် ရိုဟင်ဂျာတွေရဲ့ စိတ်ဆန္ဒပြင်းပြမှုကို ပြသနေတယ်လို့လည်း UNHCR ဘက်က ပြောပါတယ်။

မြန်မာပြည်တွင်းမှာ အာဏာသိမ်းထားတဲ့ စစ်တပ်က ဖိနှိပ်မှုတွေကိုလုပ်နေချိန်မှာ အခုအခြေအနေ ပေါ် ပေါက်လာတာနဲ့၊ နောက် ပင်လယ်ပြင်က ဒုက္ခသည်တွေအသက်ကို ကာကွယ်ဖို့နဲ့ လူကုန်ကူးအမြတ်ထုတ်ခံရတာကို ဟန့်တားဖို့ တောင်အာရှနိုင်ငံတွေကြား ပင်လယ်ကမ်းခြေတစ်လျှောက် ဘက်စုံလွှမ်းခြုံတဲ့ဒေသတွင်း တုံ့ပြန်ရေးအစီအစဥ်မရှိသေးတာကိုလည်း UNHCR က သတိပေးပြောဆိုပါတယ်။

''ပင်လယ်ထဲမျောနေတဲ့ ဒီလူတွေကို ကယ်ဆယ်ပြီး ကမ်းကပ်ခွင့်ပေးဖို့ ဒေသတွင်းက ပင်လယ်ရေကြောင်း အာ ဏာပိုင်တွေကို UNHCR ဘက်က တိုက်တွန်းတောင်းဆိုတာတွေ ရှိခဲ့ပေမဲ့ လျစ်လျူရှုခံခဲ့ရတာတွေရှိလို့ စက်လှေတွေဟာ ပင်လယ်ပြင်မှာ သီတင်းပတ်ချီမျောပါတဲ့အခြေအနေဖြစ်ခဲ့တယ်'' လို့ UNHCR ပြောခွင့်ရ Shabia Mantoo က ပြောသလို ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု တစ်ခုခုမရှိသေးဘူးဆိုရင် ပင်လယ်ထဲမှာ လူတွေ သေဆုံးတာတွေ ဆက်ရှိလာလိမ့်ဦးမယ်လို့ လည်း သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်း ပင်လယ်ကို ဖြတ်ဖို့ ကြိုးစားရင်း ပင်လယ်ပြင်မှာ သေဆုံးသူနဲ့ပျောက်ဆုံးတဲ့ ရိုဟင်ဂျာ အရေ အတွက် ၃၄၈ ဦးအထိ ရှိပြီး ဒါဟာ ၂၀၁၄ ခုနှစ်ကတည်းကဆိုရင် လူသေဆုံးမှု အများဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */