" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, January 17, 2023

ဘင်္ဂလားဒေ့ရှ်ဘက် စခန်းတွေက ရိုဟင်ဂျာတွေ ခြိမ်းခြောက် သတ်ဖြတ်ခံရမှုတွေရှိနေ

B B C

ဘီဘီစီမြန်မာပိုင်း
၁၇ ဒီဇင်ဘာလ ၂၀၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်အတွင်းက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာအရေး၊ လူ့အခွင့် အရေးဆောင် ရွက်သူ Rohingya Society for Peace and Human Right(ARSPH) အဖွဲ့ဝင်တွေအပေါ် ခြိမ်းခြောက်တာ၊ ပစ်မှတ်ထားသတ်ဖြတ်တာတွေ ရှိလာတယ်လို့ ကိုယ်တိုင် သတိပေးခံရသူတွေက ပြောလာ ပါ တယ်။

သူတို့အပြောအရ အာဆာလို့လူသိများတဲ့ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် အဖွဲ့ဝင်တွေ ဘက်က ပြန်လုပ် လာ တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ရက်နေ့က လည်း စခန်းအမှတ် ၈ နဲ့ စခန်းအမှတ် ၁၅ တို့က ရိုဟင်ဂျာခေါင်းဆောင်သူတွေ လည်းဖြစ်တဲ့ ARSPH အဖွဲ့ဝင် ၂ဦးသတ်ဖြတ်ခံခဲ့ရတယ်လို့ အဲဒီအဖွဲ့ကပြောပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၃ခုနှစ် ဇန်နဝါရီလအတွင်းမှာကို ဒေသခံရိုဟင်ဂျာ ၂၀နီးပါး သတ်ဖြတ်ခံခဲ့ ရ တယ်လို့ ဆိုပါတယ်။သတ်ဖြတ်ခံရသူတွေထဲ အမျိုးသမီးတွေလည်းပါဝင်ပြီး အားလုံးက ARSPH အဖွဲ့ဝင်တွေဖြစ် တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကိုရွှေ့ပြောင်းနေထိုင်နေရချိန် ဒီလို အခြေအနေကြုံနေရတာကို ခြိမ်း ခြောက်ခံရသူတစ်ဦးက “မြန်မာပြည်မှာလည်း ကျွန်တော်တို့အတွက်နေစရာမရှိဘူး အဲဒါမို့လို့ ဒီဘက်ကို ထွက်ပြေး လာရတယ်။ ဒီဘက်မှာလည်းသတ်ဖြတ်ခံရဖို့ခြိမ်းခြောက်ခံနေရတော့ ကျွန်တ်ောတို့စိတ်မကောင်းဖြစ်နေရတယ်” လို့ပြောပြပါတယ်။

ခြိမ်းခြောက်ရတဲ့ အကြောင်းအရင်းတွေထဲ သတင်းမီဒီယာတွေမှာ စခန်းတွေက အခြေအနေကို မပြောဆိုဖို့၊ ARSPH မှာမပါဝင်ဖို့၊ အခွင့်အရေးတောင်းဆိုတာတွေ မလုပ်ဖို့နဲ့ အာဆာနဲ့ ပူးပေါင်းဖို့ ဆိုပြီး လူကိုယ်တိုင်လာ ရောက်ခြိမ်းခြောက်တဲ့အထိ အခု ၃လအတွင်း ဆက်တိုက်ပြုလုပ်နေတာ လို့ ခြိမ်းခြောက်ခံရသူတွေက ဘီဘီစီကို ပြောပြကြပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း၊ တောင်ပြိုလက်ဝဲအပိုင် ဘင်္ဂလားဒေ့ရှ် - မြန်မာနယ်စပ်မိုင်တိုင် ၃၅ အနီး က စစ်ဘေး ရှောင် စခန်းတွေထဲမှာ အာဆာအဖွဲ့ဝင်တွေက ခြေကုတ်ယူပြီး နှစ်နိုင်ငံအတွင်းကရိုဟင်ဂျာ စခန်းတွေ ကို ဝင်ရောက်လှုပ်ရှားနေကြတာလို့ ရိုဟင်ဂျာ ဒေသခံတွေက ပြောပြကြပါတယ်။

၂၀၁၈ခုနှစ်နောက်ပိုင်းကစလို့ အခုလိုသတ်ဖြတ်မှုတွေကြောင့် ရိုဟင်ဂျာ ၅၀၀ လောက်သေဆုံးခဲ့ပြီလို့ NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ အကြံပေး ဖြစ်သူဦးအောင်ကျော်မိုးက သူရရှိထားတဲ့ အချက် အ လက် တွေကို ကိုးကားပြောပြပါတယ်။

သတ်ဖြတ်ခံရပြီး တရားမျှတမှုမရရှိကြတဲ့ အတွက် အခုလိုအခြေအနေမျိုးတွေကို အကောင်းဆုံးလုပ်ဆောင် ဖြေ ရှင်း ပေးဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ နိုင်ငံတကာလုပ်ဆောင်ပေးသင့်တယ်လို့ သူကပြောပါတယ်။

မြန်မာဘက်ကနေ ဘင်္ဂလားဒေံရှ်ဘက်ကို ရောက်ရှိတဲ့ ၂၀၁၇ခုနှစ် နောက်ပိုင်းမှာ ARSPH အဖွဲ့ကို ဦးမူဟိ ဘူလာ အပါအဝင် အဖွဲ့ဝင် ၅၁ ဦးနဲ့ ဖွဲ့စည်းခဲ့တာပါ။

ဦးမူဟိဘူလာကို ၂၀၂၁ခုနှစ် နှောင်းပိုင်းမှာဘဲ ARSA အဖွဲ့ဝင်တွေက လုပ်ကြံသတ်ဖြတ်ခဲ့တာလည်းဖြစ်ပါ တယ်။ အဲဒီလုပ်ကြံသတ်ဖြတ်မှုအပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက စခန်းတွေအတွင်း စီးနင်းပြီးနောက် အာဆာ အဖွဲ့ဝင်တွေ ကို ဖမ်းဆီးခဲ့ပါတယ်။ ဦးမူဟိဘူလာအပါအဝင် ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုနဲ့ အာဆာခေါင်း ဆောင်အချို့အပါ အဝင် ၂၉ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးအရေးယူထားပါတယ်။

ကော့ဘဇားခရိုင်ထဲက အူကီးယား မြို့နယ် နဲ့ တက္ကနာဖ့် မြို့နယ်စတဲ့မြို့နယ် ၂ခုအတွင်း ဒုက္ခသည်စခန်းပေါင်း ၃၄ ခုမှာ ရိုဟင်ဂျာ ၉သိန်းကျော် နေထိုင်နေကြတာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */