B B C
ဘီဘီစီမြန်မာပိုင်း
သူတို့အပြောအရ အာဆာလို့လူသိများတဲ့ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် အဖွဲ့ဝင်တွေ ဘက်က ပြန်လုပ်လာတယ်လို့ဆိုပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၃ခုနှစ် ဇန်နဝါရီလအတွင်းမှာကို ဒေသခံရိုဟင်ဂျာ ၂၀နီးပါး သတ်ဖြတ်ခံခဲ့ ရတယ်လို့ ဆိုပါတယ်။သတ်ဖြတ်ခံရသူတွေထဲ အမျိုးသမီးတွေလည်းပါဝင်ပြီး အားလုံးက ARSPH အဖွဲ့ဝင် တွေဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကိုရွှေ့ပြောင်းနေထိုင်နေရချိန် ဒီလို အခြေအနေကြုံနေရတာကိုခြိမ်း ခြောက်ခံရသူတစ်ဦးက “မြန်မာပြည်မှာလည်း ကျွန်တော်တို့အတွက်နေစရာမရှိဘူး အဲဒါမို့လို့ ဒီဘက်ကို ထွက် ပြေးလာရတယ်။ ဒီဘက်မှာလည်းသတ်ဖြတ်ခံရဖို့ခြိမ်းခြောက်ခံနေရတော့ ကျွန်တ်ောတို့စိတ်မကောင်းဖြစ်နေရတယ်” လို့ပြောပြပါတယ်။
ခြိမ်းခြောက်ရတဲ့ အကြောင်းအရင်းတွေထဲ သတင်းမီဒီယာတွေမှာ စခန်းတွေက အခြေအနေကို မပြောဆိုဖို့၊ ARSPH မှာမပါဝင်ဖို့၊ အခွင့်အရေးတောင်းဆိုတာတွေ မလုပ်ဖို့နဲ့ အာဆာနဲ့ ပူးပေါင်းဖို့ ဆိုပြီး လူကိုယ်တိုင်လာ ရောက်ခြိမ်းခြောက်တဲ့အထိ အခု ၃လအတွင်း ဆက်တိုက်ပြုလုပ်နေတာ လို့ ခြိမ်းခြောက်ခံရသူတွေက ဘီဘီစီကို ပြောပြကြပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း၊ တောင်ပြိုလက်ဝဲအပိုင် ဘင်္ဂလားဒေ့ရှ် - မြန်မာနယ်စပ်မိုင်တိုင် ၃၅အနီး က စစ်ဘေး ရှောင် စခန်းတွေထဲမှာ အာဆာအဖွဲ့ဝင်တွေက ခြေကုတ်ယူပြီး နှစ်နိုင်ငံအတွင်းကရိုဟင်ဂျာ စခန်းတွေကို ဝင်ရောက်လှုပ်ရှားနေကြတာလို့ ရိုဟင်ဂျာ ဒေသခံတွေက ပြောပြကြပါတယ်။
၂၀၁၈ခုနှစ်နောက်ပိုင်းကစလို့ အခုလိုသတ်ဖြတ်မှုတွေကြောင့် ရိုဟင်ဂျာ ၅၀၀ လောက်သေဆုံးခဲ့ပြီလို့ NUG အစိုးရလူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ အကြံပေး ဖြစ်သူဦးအောင်ကျော်မိုးက သူရရှိထားတဲ့ အချက် အလက်တွေကို ကိုးကားပြောပြပါတယ်။
သတ်ဖြတ်ခံရပြီး တရားမျှတမှုမရရှိကြတဲ့ အတွက် အခုလိုအခြေအနေမျိုးတွေကို အကောင်းဆုံးလုပ်ဆောင် ဖြေရှင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ နိုင်ငံတကာလုပ်ဆောင်ပေးသင့်တယ်လို့ သူကပြောပါတယ်။
မြန်မာဘက်ကနေ ဘင်္ဂလားဒေံရှ်ဘက်ကို ရောက်ရှိတဲ့ ၂၀၁၇ခုနှစ် နောက်ပိုင်းမှာ ARSPH အဖွဲ့ကို ဦးမူဟိ ဘူလာ အပါအဝင် အဖွဲ့ဝင် ၅၁ ဦးနဲ့ ဖွဲ့စည်းခဲ့တာပါ။
ဦးမူဟိဘူလာကို ၂၀၂၁ခုနှစ် နှောင်းပိုင်းမှာဘဲ ARSA အဖွဲ့ဝင်တွေက လုပ်ကြံသတ်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီလုပ်ကြံသတ်ဖြတ်မှုအပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက စခန်းတွေအတွင်း စီးနင်းပြီးနောက် အာဆာ အဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့ပါတယ်။ ဦးမူဟိဘူလာအပါအဝင် ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုနဲ့ အာဆာခေါင်း ဆောင်အချို့အပါအဝင် ၂၉ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးအရေးယူထားပါတယ်။
ကော့ဘဇားခရိုင်ထဲက အူကီးယား မြို့နယ် နဲ့ တက္ကနာဖ့် မြို့နယ်စတဲ့မြို့နယ် ၂ခုအတွင်း ဒုက္ခသည်စခန်းပေါင်း ၃၄ ခုမှာ ရိုဟင်ဂျာ ၉သိန်းကျော် နေထိုင်နေကြတာပါ။
Link : Here
No comments:
Post a Comment