" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, January 12, 2023

ကလေး ၁၂ ဦးအပါအဝင် ရိုဟင်ဂျာများကို ထောင်ဒဏ်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၂ ရက်။

ဘိုကလေးတွင် ဖမ်းမိသည့် ကလေးငယ်များ ၁၂ ဦး အပါအဝင် ရိုဟင်ဂျာ ၁၁၂ ဦးကို စစ်ကောင်စီက ထောင်ဒဏ် အသီးသီးချမှတ်လိုက်သည်ဟု တရားရေးနှင့် နီးစပ်သူများက ပြောသည်။

စက်လှေ သောင်တင်ကာ ဝမ်းဗိုက်ပေါက်ပြီးနောက် ဖမ်းဆီးခြင်းခံရသည့် ရိုဟင်ဂျာ ၁၁၂ ဦးကို ဧရာဝတီတိုင်း ဘိုကလေး မြို့ နယ် တရားရုံးက ထောင်ဒဏ် အသီးသီး ချမှတ်လိုက်သည်ဟု ဘိုကလေး တရားရေးဌာန နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

တရားလွှတ်တော် ရှေ့နေတစ်ဦး “စက်လှေပျက်လို့ ဖမ်းမိတဲ့ ရိုဟင်ဂျာတွေကို မှတ်ပုံတင်အက် ဥပဒေ ပုဒ်မ ၆-၃ နဲ့ ထောင်ဒဏ် ချလိုက်တယ်။ ကျခံရမယ့် နှစ်တွေက မတူသလို ကျခံရမယ့် ထောင်ကလည်း မတူကြပါဘူး” ဟု ပြောသည်။။

ဒီဇင်ဘာလ ၂၀ ရက်နေ့က အဖမ်းခံလိုက်ရသည့် ရိုဟင်ဂျာ ၁၁၂ ဦးအနက် အသက် ၁၃ နှစ်အောက် ကလေး ၅ ဦး ကို ထောင်ဒဏ် ၂ နှစ်စီ၊ အသက် ၁၃ နှစ် အထက် ကလေး ၇ ဦးကို ထောင်ဒဏ် ၃ နှစ်စီ၊ အမျိုးသား ၅၃ ဦးနှင့် အမျိုးသမီး ၄၇ ဦး ကို ထောင်ဒဏ် ၅ နှစ်စီ အသီးသီး ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု တရားလွှတ်တော် ရှေ့ နေ တစ်ဦး က ပြောသည်။

အဆိုပါ ရိုဟင်ဂျာတို့ကို ဇန္နဝါရီ ၆ ရက်နေ့က ထောင်ဒဏ်များ အသီးသီး ချမှတ်လိုက်ကာ ဇန္နဝါရီလ ၈ ရက်နေ့ က အသက် ၁၈ နှစ် အထက် ရှိသူများကို ဖျာပုံအကျဉ်းထောင်ကို ပို့လိုက်ပြီး အသက် ၁၈ နှစ်အောက် ရှိသူများ ကိုမူ ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်ရှိ ငှက်အော်စမ်း လူငယ် ထိန်းသိမ်းရေး စခန်းကို ပို့လိုက်သည်ဟု နီးစပ်သူ များ က ပြောသည်။

ထောင်ဒဏ်များ အသီးသီး ချမှတ်ခံလိုက်ရသည့် အဆိုပါ ရိုဟင်ဂျာ ၁၁၂ ဦးသည် မလေးရှားနိုင်ငံ၌ အလုပ်လုပ် ရန် ရခိုင်ပြည်နယ် ကျေးလက်ဒေသက ထွက်ခွာလာစဉ် ၎င်းတို့ စီးလာသည့် စက်လှေမှာ သောင်တင်ကာ ဝမ်း ဗိုက်ပေါက်ပြီး ဒုက္ခရောက်နေစဉ် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့များ၏ ဖမ်း ဆီးခြင်းကို ခံလိုက်ရခြင်းဖြစ်သည်ဟု ဒေသခံ မူဆလင် အချို့က ပြောသည်။

ဒေသခံ မူဆလင် လူငယ်တစ်ဦးက “သူတို့တွေက ရခိုင်ဘက်မှာ နေရေးရော စားရေးရော ခက်ခဲလို့ မွေးရပ်မြေ ကို စွန့်ပြီး ထွက်လာကြတဲ့ ဒုက္ခသည် တွေပါ။ ဒုက္ခသည်တွေ စက်လှေဝမ်းပေါက်လို့ ဒုက္ခထပ်ဖြစ်ရနေချိန် အဖမ်း ခံရပြီး ထောင်ကျရတယ်။ တကယ့် ဒုက္ခသည်တွေပါဗျာ။ လူသားချင်း စာနာစိတ်ထားသင့်ပါတယ်” ဟု ပြော သည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ အမာမြို့နယ်ခွဲ၊ ကတုံးလေးကျွန်းအနီးတွင် စက်လှေပျက် ၍ ဖမ်းဆီးမိသည့် ရိုဟင်ဂျာများ အနက် ၄၈ ဦးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ကူးလာသူများ အဖြစ် တရားရုံးက ဆုံးဖြတ်ခဲ့သည်။

ယင်း ရိုဟင်ဂျာ ၄၈ ဦးအနက် အသက် ၁၈ နှစ် ပြည့်ပြီးသူ ၃၅ ဦးကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ကာ အသက် ၁၈ နှစ် မပြည့်သေးသည့် ရိုဟင်ဂျာ ၁၃ ဦးကို ငှက်အော်စမ်း လူငယ်ထိန်းသိမ်းရေး စခန်း၌ ပို့ဆောင်ရန် ဘိုကလေး မြို့နယ် တရားရုံးမှ နိုဝင်ဘာလ ၁၆ ရက်နေ့က အမိန့်ချ လိုက်သေးသည်ဟု နီးစပ်သူများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်း အတွင်း ဖမ်းဆီးမိသည့် ရိုဟင်ဂျာ ၇၀၀ ဦး ကျော် ရှိနေ သည့် အနက် ထောင်ဒဏ်ချမှတ်ခံရပြီးသူ အယောက် ၃၀၀ ကျော် ရှိနေပြီဟု လဝက ဦးစီးဌာနနှင့် နီးစပ်သူများ က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်တွင် နေထိုင်ကြသည့် ရိုဟင်ဂျာများက ရေလမ်း ကုန်းလမ်း ထိစပ်နေသည့် ဧရာဝတီတိုင်းအတွင်းသို့ မကြာခဏ နယ်မြေဖြတ်ကျော်ကာ ဝင်ရောက်လာလေ့ရှိသည်။

Link : Here
 
 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */