" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Tuesday, April 2, 2024

ဘူးသီးတောင်ထောင်က အကျဉ်းသားတွေကို စစ်တွေထောင် ရွှေ့ပြောင်း

RFA
2024.04.01
 

ရခိုင်ပြည်နယ် စစ်တွေ အကျဉ်းထောင် ကို ၂၀၁၈၊ အောက်တိုဘာ ၆ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ဘူးသီးတောင်မြို့ အကျဉ်းထောင်က အကျဉ်းသားတွေကို မတ်လ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့မှာ စစ်တွေအကျဉ်းထောင်ကို ရွှေ့ပြောင်းလိုက်တယ်လို့ ကိုယ်တိုင်တွေခဲ့တဲ့ ဒေ သခံတွေက ပြောပါတယ်။

Friday, March 29, 2024

အိန္ဒိယမှာ ရိုဟင်ဂျာ လေးဦး ဖမ်းဆီးခံရ

RFA
RFA Burmese
2024.03.29

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ မိုရေးမြို့ရှိ အင်ဒို-မြန်မာနယ်စပ်ဂိတ် တစ်နေရာအား ၂ဝ၁၇ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့က တွေ့ရစဉ်။ AFP

အိန္ဒိယနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာ လေးဦးကို ဖမ်ဆီးထားတယ်လို့ ဥတာပရာဒက်ရှ်ပြည်နယ် အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ (ATS) က ပြောကြောင်း အိန္ဒိယသတင်းစာ Times of India က မတ်လ ၂၉ ရက် ဒီနေ့ ဖော်ပြပါတယ်။

စစ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လက်ပစ်ဗုံးကြောင့် ရိုဟင်ဂျာ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

RFA
RFA Burmese
2024.03.28

ရခိုင်ပြည်နယ် စစ်တွေမြို့အား ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။ Photo: RFA


ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မောင်နီပြင်ကျေးရွာအုပ်စု ဒုံးပြင်ရွာမှာ မတ်လ ၂၇ ရက် မနေ့ညနေပိုင်းက စစ်ကောင်စီတပ်သားနှစ်ဦးက လက်ပစ်ဗုံးတစ်လုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရိုဟင်ဂျာ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားခဲ့တယ်လို့ ရွာသားတွေက RFA ကို ဒီနေ့ ပြောပါတယ်။

အင်ဒိုကမ်းခြေရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို ဒေသခံတွေမောင်းထုတ်ခဲ့

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၉ မတ်၊ ၂၀၂၄ 

အင်ဒိုနီးရှားနိုင်ငံ၊ အာချေးအနောက်ပိုင်းဒေသကို ထပ်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ? (မတ်လ ၂၃၊ ၂၀၂၄)

အင်ဒိုနီးရှားရဲ့ အနောက်ဘက်ဆုံးကမ်းခြေကို ရောက်လာခိုလှုံနေကြတဲ့ရိုဟင်ဂျာတွေကို သူတို့ ယာယီခိုနားရာနေရာကနေ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ယာယီစခန်းတွေကနေ ကားနဲ့ ဆယ်မိနစ်လောက်သွားရတဲ့ ဒေသန္တရ အုပ်ချုပ်ရေးမှူးရုံး နောက်ဘက်ကဝင်းကို ရွှေ့ပြောင်းပေးခဲ့တာဖြစ်ပါတယ်။

Thursday, March 28, 2024

စစ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လက်ပစ်ဗုံးကြောင့် ရိုဟင်ဂျာ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

RFA
RFA Burmese
2024.03.28

                        ရခိုင်ပြည်နယ် စစ်တွေမြို့အား ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။ Photo: RFA 

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မောင်နီပြင်ကျေးရွာအုပ်စု ဒုံးပြင်ရွာမှာ မတ်လ ၂၇ ရက် မနေ့ညနေပိုင်းက စစ်ကောင်စီတပ်သားနှစ်ဦးက လက်ပစ်ဗုံးတစ်လုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရိုဟင်ဂျာ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားခဲ့တယ်လို့ ရွာသားတွေက RFA ကို ဒီနေ့ ပြောပါတယ်။

အမုန်းစကားလှုံ့ဆော်မှု မြန်မာစစ်တပ်ပါဝင်တဲ့အထောက် အထား IIMM ထုတ်ပြန်

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၈ မတ်၊ ၂၀၂၄

ရခိုင်ပြည်နယ်မြောက်ပိုင်း ဂေါဒုဇာရာရွာမှာ နေအိမ်တွေ မီးလောင်ကျွမ်းနေပုံ။ (စက်တင်ဘာ ၇၊ ၂၀၁၇)

၂၀၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်တဲ့အထိ ဖြစ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံရတဲ့ ရခိုင်မြောက်ပိုင်းက နယ်မြေရှင်းလင်းရေး မတိုင်ခင်ကတည်းက ရိုဟင်ဂျာတွေအပေါ် အမုန်းစကားတွေဖြန့်ချိနေပြီး အဲဒီလိုလုပ်ဆောင်နေတဲ့ Facebook လူမှုကွန်ရက်စာမျက်နှာ ဒါဇင်နဲ့ချီရဲ့နောက်ကွယ်မှာ မြန်မာစစ်တပ်ရှိနေတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

Wednesday, March 27, 2024

စစ်တွေတွင် ရိုဟင်ဂျာများကိုစစ်မှုထမ်းခိုင်းရန် စစ်တပ်က ရွာထဲအထိ ဝင်ရောက်ပေါ်တာဆွဲ

DVB
March 27, 2024

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ရိုဟင်ဂျာတွေ စစ်မှုထမ်းဖို့ လူထပ်မပေးတာကြောင့် စစ်ကောင်စီတပ်က ရွာထဲအထိ ဝင်ရောက်ပေါ်တာဆွဲနေတယ်လို့ ဒေသခံ မွတ်စလင် ရိုဟင်ဂျာတွေက ပြောပါတယ်။

ရိုဟင်ဂျာတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု IIMM အစီရင်ခံစာ

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၇ မတ်၊ ၂၀၂၄ 

အင်ဒိုနီးရှားပြည်နယ် အာချေးပြည်နယ်ကို လှေနဲ့ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များကို ဒေသခံအသိုင်းအဝိုင်းက ယာယီကမ်းကပ်ခွင့်ပေးဖို့ ဆုံးဖြတ်အပြီးတွေ့ရစဉ် (နိုဝင်ဘာ ၁၆၊ ၂၀၂၃)


ရိုဟင်ဂျာတွေ အပေါ် လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့၀င်တွေကို အပြစ်ပေးအရေးယူဖို့ မြန်မာအာဏာပိုင်တွေ ပျက်ကွက်ခဲ့ကြောင်း IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားရဲ့ အစီရင်ခံစာမှာ အတိအကျ ဖေါ်ပြလိုက်ပါတယ်။

ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားတွေ မြန်မာစစ်တပ် ဖြန့်ဝေခဲ့ကြောင်း IIMM ထုတ်ပြန်

RFA
RFA Burmese
2024.03.27

ရခိုင်ပြည်နယ် စစ်တွေမြို့အနီးရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် နေထိုင်သူများအား ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ RFA


၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေချိန်မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာ ဆန့်ကျင်ရေး အမုန်းစကားဖြန့်ဝေတာတွေကို အချိန်ကိုက်လုပ်ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM က မတ်လ ၂၇ ရက်နေ့မှာ အစီရင်ခံစာထုတ်လိုက်ပါတယ်။

ရခိုင်မှာလူမျိုးရေးပဋိပက္ခထပ်မကြုံစေဖို့ ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူ သတိပေး

VOA
အင်ကြင်းနိုင်

၂၇ မတ်၊ ၂၀၂၄ 

George Washinton တက္ကသိုလ်က မြန်မာ့ရေးဆွေးနွေးပွဲမှ မဝေဝေနု (မတ်လ ၂၆၊ ၂၀၂၄/ဗွီအိုအေ မြန်မာဌာန)
 
ရခိုင်နဲ့ရိုဟင်ဂျာတွေကြား ပဋိပက္ခတွေထပ်မကြုံလာစေဖို့ နှစ်ဘက်ခေါင်းဆောင်တွေ သဘောထားမှန်မှန်ကန်ကန်ထားဖို့လိုမယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနုက George Washington တက္ကသိုလ်မှာလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ သတိပေးပြောဆိုပါတယ်။ စစ်အာဏာပိုင်တွေဘက်က ရိုဟင်ဂျာတွေကိုဖိအားပေးအကြပ် ကိုင်ပြီး AA ကို ဆန့်ကျင်ခိုင်းတယ်ဆိုတဲ့ သတင်းတွေပေါ်လာတဲ့နောက် ရခိုင်နဲ့ ရိုဟင်ဂျာကြား ပဋိပက္ခတွေ ထပ်ဖြစ်လာမှာ စိုးရိမ်နေကြချိန်ဖြစ်ပါတယ်။ George Washinton တက္ကသိုလ်က မြန်မာ့ရေးဆွေးနွေးပွဲကို ကိုယ်တိုင်တတ်ရောက်သတင်းယူခဲ့တဲ့ မအင်ကြင်းနိုင် သတင်းပေးပို့ထားပါတယ်။

ဘာသာရေးအတွက် စစ်တိုက်ရမယ်ဆိုပြီး ရိုဟင်ဂျာတွေကို စစ်တပ် စည်းရုံး

RFA
RFA Burmese
2024.03.26 

 

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာတွေကို ဘာသာရေးအတွက် စစ်တိုက်ရမယ်၊ ရပ်ကွက်ကျေးရွာတွေကို ကာကွယ်ရမယ်ဆိုပြီး ဒေသအခြေစိုက် ခမရ ၅၃၅ တပ်ရင်းက အဓမ္မစစ်သားစုဆောင်းနေတယ်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။ အခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ စစ်သားစုဆောင်းခံရပြီး မတ်လဆန်းက ထွက်ပြေးလွတ်မြောက်လာတဲ့ ရိုဟင်ဂျာတစ်ဦးကို RFA က မေးမြန်းထားပါတယ်။

ရိုဟင်ဂျာအလောင်းတွေ အာချေးကမ်းလွန်မှာ ထပ်တွေ့

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၆ မတ်၊ ၂၀၂၄ 

အာချေးကမ်းလွန်မှာ ရိုဟင်ဂျာအလောင်းတွေ ထပ်တွေ့ (မတ် ၂၃၊ ၂၀၂၄)
 
ရိုဟင်ဂျာ ၁၅၀ လောက် လိုက်ပါလာတဲ့သစ်သားလှေတစီးဟာ ပြီးခဲ့တဲ့ အပတ်က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည် နယ်အနီး မှောက်သွားတာမှာ ရုပ်အလောင်း ၁၁ လောင်းကို ဆယ်ယူရရှိတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက မတ်လ ၂၅ ရက်နှောင်းပိုင်းက ပြောပါတယ်။

ရိုဟင်ဂျာ နိုင်ငံရေးအတိုင်ပင်ခံအင်အားစု ဖွဲ့စည်းရေး ဦးဆောင်အဖွဲ့ ဖွဲ့စည်း

RFA
RFA Burmese
2024.03.26 

၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်ကို ရောက်ရှိခိုလှုံလာကြသော ရိုဟင်ဂျာဒုက္ခသည်များ။Photo: AFP

ရိုဟင်ဂျာအင်အားစုအားလုံးပါဝင်တဲ့ နိုင်ငံရေးအင်အားစုကြီးတစ်ရပ်ပေါ်လာလာဖို့နဲ့ ရိုဟင်ဂျာလူထုတွေရဲ့အသံကို ကိုယ်စားပြုဖော်ပြနိုင်မဲ့ ရိုဟင်ဂျာနိုင်ငံရေးအင်အားစုတစ်ရပ်ပေါ်ပေါက်လာရေး ဦးဆောင်လှုပ်ရှားမှုအဖွဲ့(ယာယီ) ကို မတ်လ ၂၆ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်။

Tuesday, March 26, 2024

လူမျိုးရေးပဋိပက္ခဖြစ်အောင် စစ်ကောင်စီဖန်တီးနေကြောင်း AA ထုတ်ပြန်

RFA
RFA Burmese
2024.03.25

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က ဆန္ဒပြခဲ့ကြသည့် ရိုဟင်ဂျာများ။ဓာတ်ပုံ - ဟန်ငြိမ်းဦး


စစ်ကောင်စီဟာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပေါ်လာအောင် ရည်ရွယ်တဲ့ လုပ်ဆောင်ချက်တွေကို ဒီရက်ပိုင်းအတွင်း ပိုပြီးလုပ်ဆောင်လာနေကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) က မတ်လ ၂၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်ရေးအရ ရှုံးနိမ့်နေတာတွေကို အာရုံလွှဲဖို့အတွက် ကြိုးစားတာလို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောဆိုထားပါတယ်။

အာချေးကမ်းရိုးတန်းမှာ ရိုဟင်ဂျာရုပ်အလောင်းတွေ ထပ်မံတွေ့ရှိ

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၅ မတ်၊ ၂၀၂၄ 

အာချေးကမ်းရိုးတန်းမှာ ရိုဟင်ဂျာရုပ်အလောင်းတချို့ ကယ်ဆယ်ရေးအဖွဲ့တွေ ထပ်မံတွေ့ရှိခဲ့ (မတ် ၂၃၊ ၂၀၂၄)


ပြီးခဲ့တဲ့ အပတ်က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် အနီးမှာ ရိုဟင်ဂျာ ၁၅၀ လောက် လိုက်ပါလာတဲ့ သစ်သားလှေမှောက်သွားတာမှာ အနည်းဆုံးလူ ၅ ဦးရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူရရှိခဲ့တယ်လို့ ကုလသမဂ္ဂ အရာရှိတွေက ဒီနေ့ပဲ ပြောပါတယ်။

Monday, March 25, 2024

အင်ဒိုနီးရှားကမ်းခြေမှာ ရိုဟင်ဂျာအလောင်း ၁၁ လောင်းပြန်တွေ့

RFA
RFA Burmese
2024.03.25

၂ဝ၂၄ ခုနှစ် မတ်လ ၂၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ် ကမ်းခြေအနီးတွင် တွေ့ရှိခဲ့သည့် ရိုဟင်ဂျာ ရုပ်အလောင်းတချို့အား ကယ်ဆယ်ရေးအဖွဲ့က သယ်ဆောင်လာစဉ်။ Handout/Basarnas Aceh/via BenarNews

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် အနောက်ဘက်ကမ်းခြေမှာ ရိုဟင်ဂျာလှေတစ်စင်း တိမ်းမှောက်ခဲ့ပြီးနောက် ပျောက်ဆုံးနေတဲ့သူတွေထဲက အလောင်း ၁၁ လောင်းကို ပြန်ရှာတွေ့ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Sunday, March 24, 2024

အင်ဒိုနီးရှားကမ်းခြေမှာ ရိုဟင်ဂျာအလောင်းတွေတွေ့

RFA
RFA Burmese
2024.03.24 

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ကမ်းခြေတွင် တွေ့ရှိရသည့် ရိုဟင်ဂျာဒုက္ခသည် ရုပ်အလောင်းတစ်လောင်းအား ၂ဝ၂၄ ခုနှစ် မတ်လ ၂၄ ရက်နေ့က ကယ်ဆယ်ရေးအဖွဲ့ဝင်များ သယ်ဆောင်လာစဉ်။ Photo: Reuters

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် အနောက်ဘက်ကမ်းခြေမှာ ရေထဲမျောလာတဲ့ ရိုဟင်ဂျာအလောင်းနှစ်လောင်း တွေ့ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Saturday, March 23, 2024

လူမျိုးရေးပုံစံမျိုး စစ်တပ်ဘက်က အသုံးချနေတယ်

ဧရာဝတီ
23 March 2024

၂၀၁၇ ခုနှစ်က တွေ့ရသည့် ဘူးသီးတောင်- မောင်တော ကားလမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်တခု

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) ရဲ့ ထိုးစစ်တွေကြောင့် မြို့တွေ၊ တပ်ရင်းဌာနချုပ်စခန်းတွေ လက်လွှတ် ခဲ့ရတဲ့ စစ်ကောင်စီဟာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေဖန်တီးဖို့ ကြိုးပမ်းလုပ်ဆောင်တာတွေ ရှိနေပါတယ်။

ရခိုင်က မွတ်ဆလင်များကို စစ်တပ်က ဖိအားပေးပြီး အေအေကို ဆက်တိုက် ဆန္ဒပြခိုင်းနေ

DVB
March 23, 2024

ရခိုင်ပြည်နယ်က စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ မြို့တော်စစ်တွေနဲ့ ဘူးသီးတောင်မြို့နယ်တို့မှာ စစ်ကောင်စီက ဖိအားပေးစေခိုင်းလို့ ဒေသခံမွတ်ဆလင်တွေဟာ ရက္ခိုင့်တပ်တော်(အေအေ)ကို ဆန့်ကျင်ဆန္ဒပြတာတွေ ဆက်တိုက်ဆိုသလို ရှိလာနေပါတယ်။

အင်ဒိုနီးရှား ကမ်းလွန်မှာ သင်္ဘောမှောက်ခဲ့ပြီးနောက် ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ကယ်ဆယ်ခဲ့

NHK WORLD
March 23 2024 

အင်ဒိုနီးရှားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ သင်္ဘောတစ်စင်းနစ်မြုပ်ခဲ့ပြီးနောက် ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ကယ်ဆယ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလို့သိရတဲ့ အဲဒီဒုက္ခသည်တွေဟာ ခိုလှုံခွင့်တောင်းဖို့ သြစတြေးလျနိုင်ငံကို သွားနေခဲ့ကြတာဖြစ်ပါတယ်။ တခြားလူအများအပြား ပျောက်ဆုံးနေဖွယ် ရှိပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */