" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, March 23, 2024

အင်ဒိုနီးရှား ကမ်းလွန်မှာ သင်္ဘောမှောက်ခဲ့ပြီးနောက် ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ကယ်ဆယ်ခဲ့

NHK WORLD
March 23 2024 

အင်ဒိုနီးရှားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ သင်္ဘောတစ်စင်းနစ်မြုပ်ခဲ့ပြီးနောက် ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ကယ်ဆယ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလို့သိရတဲ့ အဲဒီဒုက္ခသည်တွေဟာ ခိုလှုံခွင့်တောင်းဖို့ သြစတြေးလျနိုင်ငံကို သွားနေခဲ့ကြတာဖြစ်ပါတယ်။ တခြားလူအများအပြား ပျောက်ဆုံးနေဖွယ် ရှိပါတယ်။
သင်္ဘောပေါ်မှာ စုစုပေါင်း လူ ၁၅၁ ဦး လိုက်ပါခဲ့ကြောင်း သိရပါတယ်။ ဒေသခံအာဏာပိုင်တွေနဲ့ ငါးဖမ်းသမားတွေက လူ ၇၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ အသက်ဆုံးရှုံးမှု ပမာဏနဲ့ ပတ်သက်ပြီး စိုးရိမ်တယ်လို့ UNHCR က ပြောပါတယ်။

၂၀၁၇ ခုနှစ်က ကြီးမားတဲ့ စစ်ဆင်ရေးတစ်ခုအပြီးမှာ မြန်မာနိုင်ငံကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ကြပါတယ်။ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရတာ အလွန်တရာ ကြမ်းတမ်းပါတယ်။ တချို့က အဲဒီနေရာအစား အင်ဒိုနီးရှားကို သင်္ဘောနဲ့သွားဖို့ ကြိုးပမ်းကြပါတယ်။

ဖေဖော်ဝါရီလကစပြီး ၃ လအတွင်း အင်ဒိုနီးရှားကို ရိုဟင်ဂျာ ၂,၀၀၀ နီးပါး ရောက်ရှိခဲ့တယ်လို့ UNHCR က ပြောပါတယ်။

အဲဒီလို အလုံးအရင်းနဲ့ ဝင်ရောက်လာမှုကြောင့် ဒုက္ခသည်တွေအပေါ် မကျေမနပ်ခံစားချက်တွေ ကြီးထွားလာနေပါတယ်။ အဲဒီလူတွေဟာ ဒေသထဲကအရင်းအမြစ်တွေကို သုံးစွဲပစ်နေတယ်လို့ တချို့က ခံစားနေကြပါတယ်။ ဒီဇင်ဘာလမှာ ဒုက္ခသည်အိမ်ရာတွေထဲကို ကျောင်းသားတွေက ဝင်ရောက်စီးနင်းခဲ့ပြီး ဒုက္ခသည်တွေကို ပြည်နှင်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီသင်္ဘောကနေ ကယ်ဆယ်ခဲ့တဲ့ ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ မော်တော်ယာဉ်တွေကို တားဆီးဖို့ ဒေသခံတချို့က လမ်းတွေကို ပိတ်ဆို့ထားခဲ့ကြတယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */