" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, March 23, 2024

လူမျိုးရေးပုံစံမျိုး စစ်တပ်ဘက်က အသုံးချနေတယ်

ဧရာဝတီ
23 March 2024

၂၀၁၇ ခုနှစ်က တွေ့ရသည့် ဘူးသီးတောင်- မောင်တော ကားလမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်တခု

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) ရဲ့ ထိုးစစ်တွေကြောင့် မြို့တွေ၊ တပ်ရင်းဌာနချုပ်စခန်းတွေ လက်လွှတ် ခဲ့ရတဲ့ စစ်ကောင်စီဟာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေဖန်တီးဖို့ ကြိုးပမ်းလုပ်ဆောင်တာတွေ ရှိနေပါတယ်။

စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေကို ဖိအားပေး စစ်မှုထမ်းခိုင်းတာတွေ လုပ်နေသလို ပြီးခဲ့တဲ့ မတ် ၁၉ ရက်ကလည်း ဘူးသီးတောင်မြို့ပေါ်မှာ AA အလိုမရှိကြောင်း၊ တိုက်ပွဲတွေအလိုမရှိကြောင်း စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်စေပြီး ရိုဟင်ဂျာတွေကို ဆန္ဒပြဖို့ ဖိအားပေးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ AA က ထိုးစစ်ဆင်သိမ်းပိုက်ဖို့ကျန်နေတဲ့ ဘူးသီးတောင်၊ မောင်တောနဲ့ စစ်တွေမြို့တွေမှာ လတ်တလော ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရခိုင်ဒေသခံတဦးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ အရင်ဆုံး ဘူးသီးတောင်အခြေအနေလေး ပြောပြပေးပါဦး။

ဖြေ ။ ။ စစ်ကောင်စီက မွတ်စလင်တွေကို သုံးပြီး မြို့ပေါ်မှာ ဆန္ဒပြခိုင်းတယ်။ မြို့ခံတွေကလည်း မြို့ထဲမှာလတ် တလော ပိတ်မိနေတယ်။ တနေ့ကဆိုရင် ဘူးသီးတောင် ဆိပ်ကမ်းမှာ မြို့ခံတွေအများကြီးပဲ။ စစ်ကောင်စီဆီမှာ ဖမ်းခံရတဲ့သူတွေလည်း အများကြီးပဲ။ ပျောက်ဆုံးနေတဲ့ သူတွေ လည်းရှိတယ်။ မြို့ပေါ်မှာ တချို့အလောင်းတွေ တွေ့တယ်လို့ လည်း ပြောကြတယ်။ ဘယ်သူဘယ်ဝါတော့ မသိဘူးပေါ့။

မေး ။ ။ တိုက်ပွဲအခြေအနေရော ဘာကြားသေးလဲ။

ဖြေ ။ ။ ဘူးသီးတောင်မှာရှိတဲ့ တပ်ရင်းတွေ စတိုက်ဖို့လုပ်နေပြီလို့ ကြားတယ်။ စစ်ကောင်စီတပ်သားတွေက အဲဒီ မှာရှိတာကိုး။ မောင်တောဘက်မှာလည်း စစ်ကောင်စီက လူတွေကို ခံစစ်ပုံစံမျိုး လုပ်ထားတယ်၊ ရေတပ်က လူတွေ ကျသွားပြီလို့ ကြားတယ်။ ရဲစခန်းဘက်မှာကျတော့ ရဲတွေက တဖြည်းဖြည်းနဲ့ မြို့ပေါ်ကို ဆုတ်လာပြီ။

လမ်းတွေပိတ်ထားတယ်။ ဘယ်မှသွားလို့မရဘူး။ ဘူးသီးတောင်မှာက မြို့ပေါ်မှာပဲ ရခိုင်တွေရှိတာ။ နယ်ဘက်မှာက အားလုံး မွတ်စလင်ရွာတွေဆိုတော့ အခုက လူမျိုးရေးပုံစံမျိုး စစ်တပ်ဘက်က အသုံးချနေတယ်ဆိုတော့ လူတွေက ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်ဘက်ကိုပဲသွားဖို့ ကြိုးစားနေကြတယ်။

မေး ။ ။ စစ်တွေမြို့ အခြေအနေကရော ဘယ်လိုရှိလဲ။

ဖြေ ။ ။ စစ်တွေအခြေအနေက ဆိုးတယ်။ ထွက်ပြေးဖို့လုပ်နေတဲ့ လူတွေ ကလည်း ထွက်ပြေးဖို့ အဆင်မပြေတော့ဘူး။ စစ်တွေမြို့ထဲကို အဝင်အထွက် လက်မခံတော့ဘူး။ စစ်တွေကနေ အသက်စွန့်ပြီး နေ့တိုင်းထွက်ပြေးနေတဲ့လူတွေ ရှိတယ်။ ဒါပေမယ့် နည်းနည်းပါးပါးလောက်ပဲ ထွက်ခွင့်ရတယ်။ မြို့ပေါ်မှာ ကျန်နေတဲ့လူတွေကိုလည်း စာရင်းတွေ လိုက်ကောက် တယ်။ ဘယ်ရပ်ကွက်မှာ လူငယ်ဘယ်လောက်ကျန်သေးလဲ ဆိုပြီးတော့ တ အိမ်ဝင်တအိမ်ထွက် စာရင်းလိုက်ကောက် တယ်။ မြို့မှာရှိတဲ့ အရပ်ဘက်အဖွဲ့တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ သွေး လှူရှင်အသင်းတွေ၊ လူမှုကူညီရေးအသင်းတွေ၊ နာရေးကူညီမှုအသင်းကလူတွေ မရှိတော့ဘူး။ ထွက်ပြေးကုန်ပြီ။

မေး ။ ။ ရခိုင်မှာရှိနေတဲ့ ဒေသခံလူထုတွေရဲ့ စားဝတ်နေရေး အခြေအနေကရော ဘယ်လိုရှိလဲ။

ဖြေ ။ ။ စားဝတ်နေရေး အခြေအနေကတော့ ပစ္စည်းတွေအကုန်လုံး ပြတ်နေတဲ့အတွက် မသေရုံတမယ်ပဲရှိတယ်။ စစ်ရှောင်တွေနေတဲ့ မြို့ပေါ်အနီးတဝိုက်နေရာတွေကိုလည်း စစ်ကောင်စီဘက်က ကြုံရင်ကြုံသလို လာပြီး လေကြောင်းနဲ့ ဗုံးကြဲနေတယ်။ မနေ့က မနက်ပိုင်းဆိုရင် မြောက်ဦးနားက လေးညှင်းတောင်ဆိုတဲ့ရွာကို ဗုံးကြဲလို့ ကလေး အပါအဝင် လူ ၅ ယောက် သေပြီး လူ ၂၀ လောက် ဒဏ်ရာရတယ်။ ပြီးတော့ တနေ့ကဆိုရင် ပုဏ္ဏားကျွန်းမြို့နဲ့ စစ်တွေကြား ပုဏ္ဏားကျွန်းမြို့ အပိုင်လို့ ပြောလို့ရတဲ့ ကွမ်းလုံရွာကို လက်နက်ကြီးနဲ့ အလုံး ၃၀ နီးပါးပစ်တယ်။ ဒါပေမယ့် လူမရှိတဲ့အတွက် လူအထိခိုက်တော့ မရှိခဲ့ဘူး။ နေအိမ်တွေကတော့ ပျက်စီးသွားတာပေါ့။

You may also like these stories:

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */