" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, April 2, 2024

ဘူးသီးတောင်ထောင်က အကျဉ်းသားတွေကို စစ်တွေထောင် ရွှေ့ပြောင်း

RFA
2024.04.01
 

ရခိုင်ပြည်နယ် စစ်တွေ အကျဉ်းထောင် ကို ၂၀၁၈၊ အောက်တိုဘာ ၆ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ဘူးသီးတောင်မြို့ အကျဉ်းထောင်က အကျဉ်းသားတွေကို မတ်လ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့မှာ စစ်တွေအကျဉ်းထောင်ကို ရွှေ့ပြောင်းလိုက်တယ်လို့ ကိုယ်တိုင်တွေခဲ့တဲ့ ဒေ သခံတွေက ပြောပါတယ်။

အကျဉ်းသားတွေကို ကားနဲ့ မောင်တောမြို့ကိုခေါ်သွားပြီး အဲဒီကမှ မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် က ညင်ချောင်း စီးပွားရေးဇုန် ဆိပ်ကမ်းကနေတစ်ဆင့် ဇက်ရေယာဥ်နဲ့ စစ်တွေမြို့ကိုခေါ်သွားတာလို့ မောင်တောမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကညင်ချောင်း စီးပွားရေးဇုန်ကနေပို့နေတာ အကျဉ်းသားတွေကို။ မောင်တောကနေ ကားနဲ့ဖြတ်သွားတာ အရေအတွက်ကိုတော့ မသိရဘူး”

စစ်ကောင်စီတပ်နဲ့နီးစပ်တဲ့ မောင်တောမြို့ခံတစ်ဦးကတော့ စစ်တွေမြို့ကိုပို့လိုက်တဲ့ အကျဉ်းသားတွေထဲမှာ ရိုဟင်ဂျာအကျဉ်းသား အများစုပါဝင်ပြီး စစ်မှုထမ်းဖို့ခေါ်သွားတာ ဖြစ်နိုင်တယ်လို့ RFA ကို ပြောပါတယ်။

“မနေ့က အကျဉ်းသား၊ တင့်ကား၊ ဟောင်ဝစ်ဇာ လက်နက်ကြီး၊ အတွဲလိုက်ပစ်တဲ့ မစ်ဇိုင်းလက် နက် ကြီးတွေကို ကားကြီးတွေနဲ့ ချယူသွားတာ မြင်လိုက်တယ်။ မွတ်စလင်အကျဉ်းသားတွေကိုတော့ စစ်မှုထမ်းဖို့အတွက် ယူသွားတာ”

မတ်လ ၂၉ ရက်နေ့ကစ ရွှေ့ပြောင်းတဲ့အထဲမှာ အကျဉ်းသားတွေနဲ့ လက်နက်ကြီးတွေအပြင် စစ်ကောင် စီတပ်ရဲ့ မိသားစုဝင်တွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ဘူးသီးတောင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး မတ်လ ၂၅ ရက်နေ့ကလည်း တောင်ဘဇာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ (AA) က မတ်လ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဆက်နွယ်သောသတင်းများ  

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */