" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, March 27, 2024

ရိုဟင်ဂျာတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု IIMM အစီရင်ခံစာ

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၇ မတ်၊ ၂၀၂၄ 

အင်ဒိုနီးရှားပြည်နယ် အာချေးပြည်နယ်ကို လှေနဲ့ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များကို ဒေသခံအသိုင်းအဝိုင်းက ယာယီကမ်းကပ်ခွင့်ပေးဖို့ ဆုံးဖြတ်အပြီးတွေ့ရစဉ် (နိုဝင်ဘာ ၁၆၊ ၂၀၂၃)


ရိုဟင်ဂျာတွေ အပေါ် လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့၀င်တွေကို အပြစ်ပေးအရေးယူဖို့ မြန်မာအာဏာပိုင်တွေ ပျက်ကွက်ခဲ့ကြောင်း IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားရဲ့ အစီရင်ခံစာမှာ အတိအကျ ဖေါ်ပြလိုက်ပါတယ်။

ဒီကနေ့ ထုတ်ပြန်တဲ့ IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်ရဲ့ ကြေညာချက်မှာ-၂၀၁၇ ခုနှစ်က ရခိုင်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ အင်အားသုံးနယ်မြေရှင်းလင်းတဲ့ စစ်ရေးအတွင်း ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်လို့ IIMM က အစီရင်ခံစာ နှစ်စောင်ကို ထုတ်ပြန်လိုက်ကြောင်း ဖေါ်ပြထားပါတယ်။

ပထမအစီရင်ခံစာမှာ နယ်မြေရှင်းလင်းရေးအတွင်း စစ်တပ်ရာ သူ့ရဲ့ လျှို့ဝှက်ဖေ့စ်ဘုတ်ကွန်ရက်ကတဆင့် ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားတွေကို စနစ်တကျဖြန့်ဝေခဲ့တဲ့အကြောင်း အသေးစိတ်ဖေါ်ပြထားပါတယ်။ ဒုတိယအစီရင်ခံစာမှာ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးတွေအပေါ် စစ်တပ်ရဲ့ လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ မြန်မာအာဏာပိုင်တွေဟာ နိုင်ငံတကာဥပဒေအရ စုံစမ်းစစ်ဆေး အပြစ်ပေးအရေးယူဖို့ ပျက်ကွက်ခဲ့တယ်လို့ ထုတ်ဖေါ်ရေးသားထားပါတယ်။

ဒါအပြင် IIMM ယန္တရားအနေနဲ့ ICC နိုင်ငံတကာရာဇ၀တ်ခုံရုံး၊ ICJ နိုင်ငံတကာတရားရုံးနဲ့ အာဂျင်တီးနားတရား ရုံးတွေမှာ စုံစမ်းစစ်ဆေးနေဆဲ ရိုဟင်ဂျာတွေနဲ့ သက်ဆိုင်တဲ့ အမှုတွေအတွက် အထောက်အထားတွေကို ပေးပို့ထားပြီးဖြစ်တယ်လို့ လည်း IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။

ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာတွေဟာ အများပြည်သူသိရှိအောင် ဖေါ်ပြထားတဲ့အတွက် လုံခြုံရေးဆိုင်ရာ ထိလွယ်ရှလွယ်တဲ့အချက်အလက်တွေကို ထည့်သွင်းမထားဘူးလို့လည်းဆိုပါတယ်။ IIMM ယန္တရားအဖွဲ့ကြီးကို ၂၀၁၈ ခုနှစ် မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */