RFA
RFA Burmese
2024.03.24
.bmp)
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် အနောက်ဘက်ကမ်းခြေမှာ ရေထဲမျောလာတဲ့ ရိုဟင်ဂျာအလောင်းနှစ်လောင်း တွေ့ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ပျောက်ဆုံးနေသူတွေထဲ အမျိုးသမီးနှစ်ယောက်ရဲ့ အလောင်းကို ဒေသခံငါးဖမ်းသမားတွေ စနေနေ့က တွေ့ခဲ့တာဖြစ်ပြီး နောက်ထပ်ရေနစ်နေတယ်သူတွေရှိသေးတယ်လို့လည်း ရိုက်တာသတင်းမှာ မတ်လ ၂၄ ရက်နေ့က ဖော်ပြပါတယ်။
ပျောက်ဆုံးနေတဲ့သူတွေကို အာဏာပိုင်တွေက ရှာဖွေနေဆဲဖြစ်ပြီး၊ ဒါဟာ ဒီနှစ်ထဲမှာ လူအသေအပျောက် အ များဆုံးဖြစ်မယ်လို့လည်း ဆိုပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေဟာ ရေကြောင်းခရီးကြမ်းကို ဖြတ်ပြီး အင်ဒိုနီးရှားကမ်းခြေတွေဘက် ထွက်ပြေးနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ်တစ်နှစ်တည်းမှာတင် အင်ဒိုနီးရှားဘက်ကို ရောက်လာတဲ့ ရိုဟင်ဂျာ အယောက် ၂၃ဝဝ ကျော်ရှိပြီး၊ ရိုဟင်ဂျာအယောက် ၅၇ဝ နီးပါးကတော့ ပင်လယ်ပြင်မှာ သေဆုံးပျောက်ရှခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။
ဆက်နွယ်သောသတင်းများ
- စစ်သင်တန်းတက်ဖို့ ခေါ်ယူခံရတဲ့ ရိုဟင်ဂျာခုနစ်ဦးအလောင်း စစ်ကောင်စီပြန်ပို့
- အမေရိကန်ဘာသာရေးလွတ်လပ်ခွင့် USCIRF အဖွဲ့က ရိုဟင်ဂျာတွေအတွက် အဆိုပြုချက်ထုတ်ပြန်
- စစ်တွေမြို့က ရာနဲ့ချီတဲ့ရိုဟင်ဂျာတွေ AA အလိုမရှိကြောင်း ဆန္ဒပြ
- ရိုဟင်ဂျာတွေကို လေကြောင်းတိုက်ခိုက်မှု BROUK ရှုတ်ချ
- ရေးမြို့နယ်မှာ လှေစီး ရိုဟင်ဂျာ ၈၀ ခန့် ဖမ်းဆီးခံရ
Link : Here
No comments:
Post a Comment