" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, March 27, 2024

ရိုဟင်ဂျာအလောင်းတွေ အာချေးကမ်းလွန်မှာ ထပ်တွေ့

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၆ မတ်၊ ၂၀၂၄ 

အာချေးကမ်းလွန်မှာ ရိုဟင်ဂျာအလောင်းတွေ ထပ်တွေ့ (မတ် ၂၃၊ ၂၀၂၄)
 
ရိုဟင်ဂျာ ၁၅၀ လောက် လိုက်ပါလာတဲ့သစ်သားလှေတစီးဟာ ပြီးခဲ့တဲ့ အပတ်က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည် နယ်အနီး မှောက်သွားတာမှာ ရုပ်အလောင်း ၁၁ လောင်းကို ဆယ်ယူရရှိတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက မတ်လ ၂၅ ရက်နှောင်းပိုင်းက ပြောပါတယ်။

မနေ့ကအစောပိုင်းအထိကတော့ ရုပ်အလောင်း ၅ လောင်းကို ဆယ်ယူနိုင်ခဲ့ပြီး နောက်ထပ် ရုပ်အလောင်း ၆ လောင်း ထပ်ရခဲ့တာပါ။

ဒေသတွင်း ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်း အကြီးအကဲ Muhammad Fathur Rachman က ရိုဟင်ဂျာ ဒါဇင်ဝက်ခန့်ဟာ ကမ်းစပ်မှ ရေမိုင် ၁၄ မိုင် (၂၆ ကီလိုမီတာ) အကွာ ပင်လယ်ပြင်မှာ သေဆုံးလျက် တွေ့ရတယ်လို့ AFP ကို ပြောပါတယ်။ နောက်ထပ်ရတဲ့ ရုပ်အလောင်း ၆ လောင်းဟာ အမျိုးသမီးတွေဖြစ်ကြောင်းနဲ့ အလောင်းတွေကို ဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း သူက ပြောပါတယ်။

နစ်မြုပ်သွားတဲ့ သစ်သားလှေပေါ်ကနေ အသက်ရှင်ကျန်ခဲ့သူတချို့က လှေနစ်ချိန်မှာ ဒါဇင်နဲ့ချီတဲ့လူတချို့ အကူ အညီရဖို့အတွက် တခြားလှေတွေဆီကို ကူးခတ်သွားလာနေတယ်လို့ သတင်းပို့ပေခဲ့ပေမဲ့ အင်ဒိုနီးရှား ကယ်ဆယ်ရေး သမားတွေက ဒုက္ခသည် ၇၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့အပတ် သောကြာနေ့က ရှာဖွေမှုတွေ ရပ်ဆိုင်းလိုက်ပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင် အများစုပါတဲ့ လှေဟာ မြန်မာနိုင်ငံက ထွက်ခွာလာသူတွေလို့ ယူဆထားပြီး နှစ်စဥ် ဒီလို ဒုက္ခ သည် ထောင်နဲ့ချီဟာ အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတွေကို လာဖို့အတွက် ငွေကြေးအမြောက်အများ ပေးရကာ ပင်လယ်ရေကြောင်း ခရီးရှည်ကို အသက်စွန့် ထွက်ခွာခဲ့ကြရတာပါ။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ မငြိမ်သက်မှုတွေကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလယ်ကနေ ဇန်နဝါရီလနှောင်း ပိုင်းအထိ အမျိုးသမီးတွေနဲ့ ကလေးငယ်အများစုပါဝင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၇၅၂ ဦးဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးနဲ့ မြောက်ဆူမားတြားပြည်နယ်ထဲကို ဝင်ရောက်ခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) ကပြောပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */