" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Saturday, March 23, 2024

ရိုဟင်ဂျာအလောင်းတချို့ အာချေးကမ်းလွန်မှာတွေ့

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၃ မတ်၊ ၂၀၂၄ 

အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းလွန်အတွင်း မှောက်နေတဲ့လှေပေါ်တွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၁၊ ၂၀၂၄)
 
အင်ဒိုနီးရှားနိုင်ငံ အနောက်အာချေး ကမ်းလွန်မှာ ရိုဟင်ဂျာ အလောင်းနှစ်လောင်း ဒီကနေ့ ဆယ်ယူခဲ့ပြီး ပင်လယ် ထဲ ပေါလောပေါ်နေတဲ့ မဆယ်နိုင်သေးတဲ့ နောက်ထပ် အလောင်းတချို့လည်း တွေ့ထားတယ်လို့ ဒေသခံ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ လူ ၁၅၀ လောက်ပါတယ်လို့ ယူဆရတဲ့ စက်လှေမှောက်ပြီး ပျောက် ဆုံး ဒါမှမဟုတ် သေဆုံးနေသူတွေကို ရှာဖွေ ကယ်ဆယ်တာတွေ ဆက်မလုပ်တော့ဘူးလို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောဆိုပြီး နောက်တနေ့မှာ အခု အလောင်း ၂ လောင်းကို ဆယ်ယူခဲ့တာပါ။

Friday, March 22, 2024

ရေးတွင် ရိုဟင်ဂျာ ၇၈ ဦး ဖမ်းဆီးရမိ

လွတ်လပ်သော မွန်သတင်း
March 21, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားကုတ်ကျွန်း အနောက်တောင်ဘက်တွင် ရိုဟင်ဂျာ ၇၈ ဦး ဖမ်းဆီးရမိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ရေးမြို့နယ်၌ ရိုဟင်ဂျာ ၈၀ ခန့် ဖမ်းဆီးခံရ

DVB ·
March 21, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ် ပင်လယ်ပြင်အတွင်း စက်လှေတစီးနဲ့ ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၇၈ ဦး မတ် ၁၉ ရက် မနက်ပိုင်းက ဖမ်းဆီးခံရတယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း ရိုဟင်ဂျာများကို စစ်ကောင်စီအသုံးချနေ

လွတ်လပ်သော မွန်သတင်း
March 21, 2024 

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် စစ်ရေးအခြေအနေများအတွင်း စစ်ကောင်စီက ရိုဟင်ဂျာများကို အသုံးချနေကြောင်း ရိုဟင်ဂျာအရေးလှုပ်ရှားသူတို့က ဆိုသည်။

ရိုဟင်ဂျာတွေကို ကန်လက်ခံကူညီဖို့ USCIRF တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၂ မတ်၊ ၂၀၂၄ 

အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းလွန်အတွင်း မှောက်နေတဲ့လှေပေါ်တွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၁၊ ၂၀၂၄)
 
မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုအလွန်ကာလမှာ ရိုဟင်ဂျာဒုက္ခသည်တွေ ကိုယ့်ဆန္ဒနဲ့အညီ နေရပ်ပြန်နိုင်ဖို့ အခွင့် အလမ်းတွေရှိလာရေး အမေရိကန်ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာအသိုက်အဝန်းနဲ့ လက်တွဲပြီး ကူညီဆောင် ရွက်သွားဖို့ USCIRF နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ပြည်ထောင်စုကော်မရှင်က တိုက် တွန်းပါတယ်။

စစ်တွေမြို့က ရာနဲ့ချီတဲ့ရိုဟင်ဂျာတွေ AA အလိုမရှိကြောင်း ဆန္ဒပြ

RFA
RFA Burmese
2024.03.21

ရခိုင်ပြည်နယ် စစ်တွေမြို့တွင်ရိုဟင်ဂျာများမှ AA အလိုမရှိ၊ တိုက်ပွဲအလိုမရှိဆိုပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်။ MRTV

ရခိုင်ပြည်နယ် စစ်တွေမြို့က ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ရက္ခိုင့်တပ်တော် (AA) အလိုမရှိကြောင်းနဲ့ တိုက်ပွဲအလိုမရှိကြောင်း မတ်လ ၂၁ ရက်နေ့က စစ်တွေမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ရိုဟင်ဂျာတွေကို လေကြောင်းတိုက်ခိုက်မှု BROUK ရှုတ်ချ

RFA
RFA Burmese
2024.03.21 

မင်းပြားမြို့နယ် သာဒါရိုဟင်ဂျာရွာကို ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့ကလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးနေသည့် နေအိမ်အဆောက်အအုံကို ရက္ခိုင့်တပ်တော်(AA)မှ ထုတ်ပြန်ထားသည့်ကို တွေ့ရစဉ်။ AA Info Desk
 
ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရပ်သားတွေကို စစ်ကောင်စီက ပစ်မှတ်ထားပြီး လေကြောင်းကတိုက်ခိုက်တာကို ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာ အသင်း (BROUK) က မနေ့က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

Thursday, March 21, 2024

အမေရိကန်ဘာသာရေးလွတ်လပ်ခွင့် USCIRF အဖွဲ့က ရိုဟင်ဂျာတွေအတွက် အဆိုပြုချက်ထုတ်ပြန်

RFA
RFA Burmese
2024.03.21

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kutupalong ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ AFP

ရိုဟင်ဂျာတွေကို လူမျိုးတုံးသုတ်သင်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်က အခုအချိန်မှာ သူတို့ကို စစ်မှုထမ်းပြီးရင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုမယ်ဆိုတဲ့အစီအစဉ်တောင်မပါဘဲ စစ်တပ်ထဲထည့်ဖို့ ကြိုးစားနေတယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် USCIRF ကော်မရှင်မင်းကြီး အဲရစ်ဟူးလန်းဒ် က မနေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ တပ်မတော်ဟာ တိုင်းပြည်ကို ဖရိဖရဲနဲ့ စည်းလွတ်ဝါးလွတ်အုပ်ချုပ်နေတယ်လို့ သူက ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်လှေ နစ်မြုပ် အင်ဒိုနီးရှား

VOA
သတင်းထောက် ဗွီအိုအေ

မတ်လ 20 ရက်၊ 2024

အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ် အနောက်အာချေးတွင် မတ် ၂၀ ရက်၊ ၂၀၂၄ ခုနှစ် မတ် 20 ရက်၊ 2024 ခုနှစ် Antara Foto ရိုက်ကူးထားသည့် ဓာတ်ပုံတွင် အင်ဒိုနီးရှားငါးဖမ်းသမားများက ၎င်းတို့၏ လှေကို ဒီရေတက်မှုကြောင့် ကယ်ဆယ်နိုင်ခဲ့ပြီးနောက် ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်များသည် Samatiga ခရိုင်ရုံးတွင် အနားယူနေကြပါသည်။ 


ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေကို သယ်ဆောင်လာတဲ့ သစ်သားလှေတစ်စင်း အင်ဒိုနီးရှားနိုင်ငံ မြောက်ဘက်စွန်းစွန်း ၁၁ ကီလိုမီတာအကွာမှာ ဗုဒ္ဓဟူးနေ့က တိမ်းမှောက်ခဲ့ပါတယ်။

ဘူးသီးတောင်မြို့နယ်၌ စစ်ကောင်စီတပ်က ရိုဟင်ဂျာများကို ရိုဟင်ဂျား

DVB
March 20, 2024 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်မှာ ရိုဟင်ဂျာလူမျိုးတွေက “AA အလိုမရှိ"၊ “စစ်ပွဲအလိုမရှိ” ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီနဲ့ဆက်ဆံတာ ရပ်ဆိုင်းဖို့ ကုလကိုယ်စားလှယ်တိုက်တွန်း

RFA
RFA Burmese
2024.03.20

၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပသည့် ကုလလူ့အခွင့်အရေးကောင်စီညီလာခံ တက်ရောက်လာသည့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး။ AFP

စစ်မြေပြင်မှာ ကျရှုံးပြီး ပြည်သူတွေ ဆန့်ကျင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကြုံနေရတဲ့ မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေအပေါ် ပိုမိုတိုက်ခိုက်လာတဲ့အတွက် နိုင်ငံတကာက အားပိုကောင်းတဲ့ ဟန်ချက်ညီ အရေးယူဆောင် ရွက်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး (Tom Andrews)က မတ်လ ၂၀ ရက်မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ 

စစ်ကောင်စီ ကြိုးကိုင်မှုနဲ့ ရိုဟင်ဂျာတွေဆန္ဒပြတာလို့ နှစ်ဖက်အသိုင်းအဝိုင်းထောက်ပြ

RFA
RFA လွတ်လပ်တဲ့အာရှအသံ
21 March 2024

■ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်က ရက္ခိုင့်တပ်တော် (AA) အလိုမရှိကြောင်း ရိုဟင်ဂျာခုနစ်ရာကျော်ပါဝင်ခဲ့တဲ့ ဆန္ဒပြပွဲဟာ လူမျိုးရေးပဋိပက္ခကို ဦးတည်တဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်သာ ဖြစ်တယ်လို့ ရခိုင်၊ ရိုဟင်ဂျာ အသိုင်းအဝိုင်းနှစ်ခုလုံးက ထောက်ပြကြပါတယ်။ RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။

Link : Here

Wednesday, March 20, 2024

ဘူးသီးတောင် ခမရ- ၅၅၂ တပ်ရင်းမှ စစ်ကောင်စီတပ်သားများ စခန်းမှ စတင်ဆုတ်ခွာထွက်ပြေး

AYEYARWADDY TIMES
March 19, 2024 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ-၅၅၂တပ်ရင်းကို ရက္ခိုင့် တပ်တော်(AA)က ထိုးစစ် ဆင်တိုက်ခိုက်လျက်ရှိသည့်အတွက် စစ်ကောင်စီတပ်သားများ စခန်းကို စတင်စွန့်ခွာထွက်ပြေးနေကြောင်း သိရ သည်။

AA အကြမ်းဖက်အဖွဲ့အား အလိုမရှိကြောင်း” ဘူးသီးတောင်မှ မွတ်ဆလင်များ မြို့လုံးကျွတ် ဆန္ဒပြ

True News
၁၈-၃-၂၀၂၄

အမ်း-တောင်ကုတ် အဝေးပြေးလမ်းကို အကြမ်းဖက်စစ်ကောင်စီက ဘတ်ဟိုးဖြင့် ဖျက်ဆီး ဖြတ်တောက်

Arakan Bay News
ABN-004
March 19, 2024

ရက္ခိုင်ပြည်ရှိ အမ်း-တောင်ကုတ်အဝေးပြေးလမ်းကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ယနေ့ မတ်လ ၁၉ရက်နေ့၊ နံနက် ၈နာရီခွဲအချိန်တွင် ဘတ်ဟိုးဖြင့် တူးဖော်ဖျက်ဆီး ဖြတ်တောက်လိုက်ကြောင်း ဒေ သခံများက အတည်ပြုပြောဆိုသည်။

မောင်တောမှာ ရိုဟင်ဂျာလူငယ်တွေ ဖမ်းဆီးခံနေရကြောင်း ဒေသခံတွေပြော

RFA
RFA Burmese
2024.03.19 

မောင်တောမြို့တွင် အုန်းသီးရည်ကို တွန်းလှည်းနှင့်လှည့်ရောင်းနေသည့် ရိုဟင်ဂျာလူငယ်တချို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းက တွေ့ရစဥ်။ Photo: RFA

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ မတ်လ ၁၈ ရက်မနေ့ကပြီး ရိုဟင်ဂျာလူငယ်တွေကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေတာကြောင့် မြို့ခံတချို့ ထွက်ပြေးနေကြရတယ်လို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

Tuesday, March 19, 2024

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာရွာတစ်ရွာကို လေကြောင်းဖြင့်တိုက်ခိုက် အရပ်သား ၃၀ နီပါးသေဆုံး

လွတ်လပ်သော မွန်သတင်း အေဂျင်စီ
March 18, 2024

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သာဒါရိုဟင်ဂျာရွာကို စစ်ကောင်စီတပ်က ယနေ့ မတ်လ ၁၈ ရက်နေ့ နံနက်အစောပိုင်းက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရိုဟင်ဂျာအရေးလှုပ်ရှားနေသူတို့ထံမှ သိရသည်။

မင်းပြားတွင် ညအချိန် လေကြောင်းမှ ဗုံးကြဲ၍ ၂၁ ဦးအထိသေဆုံး

Myanmar Now
ခင်ငြိမ်းချမ်း မိုးဦး
March 18, 2024
 


သာဒါရွာကို ဗုံးနှစ်လုံးကြဲချစဉ် ရွာခံ ၉ ဦးနှင့် ဆင်ကြီးပြင်ဆိုသောရွာမှ စစ်ရှောင်ရောက်နေသူ ၁၂ ဦး စုစုပေါင်း ၂၁ ဦး ပွဲချင်းပြီးသေဆုံးသည်။

ယနေ့ (မတ် ၁၈) နံနက်အစောပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့အနီးကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၂၁ ဦးအထိ သေ ဆုံး ပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရသည်ဟု သိရသည်။

ဥပုသ်လ ကာလ ရိုဟင်ဂျာတွေရဲ့ အခက်အခဲ

VOA
ဆုမွန်

၁၈ မတ်၊ ၂၀၂၄
Link : Here

ရခိုင်စစ်ပွဲကြားက ရိုဟင်ဂျာတွေကို နိုင်ငံတကာ ကာကွယ်ပေးဖို့ တောင်းဆို

RFA
RFA Burmese
2024.03.18 

မင်းပြားမြို့နယ် သာဒါကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရအပြီး ၂ဝ၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်။
Photo: Telegram/ Arakan Princess Media

ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်နေတဲ့ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တို့ကြားတိုက်ပွဲတွေ အ တွင်း ရိုဟင်ဂျာတွေ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အ ကာအကွယ်ပေးဖို့ ရိုဟင်ဂျာ တရားမျှတရေး ကြိုးပမ်းတဲ့အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */