" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Thursday, February 25, 2021

လူ့အခွင့်အရေးကောင်စီအဆင်မြင့်ကိုယ်စားလှယ်ဆွေးနွေးပွဲက မြန်မာ့အရေး

VOA
သားညွန့်ဦး
24 ဖေဖော်ဝါရီ၊ 2021
ရန်ကုန်မြို့ ဆန္ဒပြပွဲ မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၄၊ ၂၀၂၁)

အမေရိကန်ပြည်ထောင်စုအနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ ပြန်လည်ထိစပ်ဆက်ဆံခဲ့ပြီးနောက် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီအခြေအနေ ဆုတ်ယုတ်လာတဲ့အခြေအနေကို ပထမဆုံးကိုင်တွယ်ခဲ့တယ်လို့ အေ မရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က ပြောပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အ ဆင့်မြင့်တာဝန်ရှိသူတွေဆွေးနွေးပွဲလုပ်နေရာမှာ ဒီနေ့မှာလည်း သက်ဆိုင်ရာနိုင်ငံအဆင့်မြင့်တာဝန်ရှိ သူတွေ က မြန်မာ့အရေးက ထည့်သွင်းဆွေးနွေးခဲ့တာပါ။ ကိုသားညွန့်ဦး ပြောပြပါလိမ့်မယ်။

Wednesday, February 24, 2021

မြန်မာကုလသံအမတ်ကြီး ရာထူးက နုတ်ထွက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
24 ဖေဖော်ဝါရီ၊ 2021
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီး ဦးမြင့်သူ။ (အောက်တိုဘာ ၃၀၊ ၂၀၁၈)
 
ဂျီနီဗာမြို့ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီး ဦးမြင့်သူ ရာထူးက နုတ်ထွက်သွားတယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံခြားရေးဌာန အရာရှိတဦးက ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။

ဒီလို ရာထူးက နုတ်ထွက်စာတင်ပြီး မကြာခင်မှာပဲ သူ့ကို မြန်မာနိုင်ငံကို ပြန်လည်ခေါ်ယူတဲ့ နေရာရွှေ့ပြောင်းတဲ့စာလည်း ထွက်လာတယ်လို့ သိရပါတယ်။ လူမှုကွန်ယက်တွေမှာ ပျံ့နှံ့လာတဲ့ နိုင်ငံခြားရေးဌာန ရုံးစာထဲမှာတော့ သံအမတ်ကြီး ဦးမြင့်သူကို နိုင်ငံခြားရေးဌာနရုံးကို ပြန်လည်ရွှေ့ပြောင်းမိန့် ထုတ်ပြန်ထားတာတွေ့ရပါတယ်။

Friday, February 12, 2021

ကန်အကူအညီ အာဏာသိမ်းအဖွဲ့ မရစေဖို့ ကဏ္ဍပြောင်း ရွှေ့ကူညီနေ

VOA   
ဗွီအိုအေ (မြန်မာပိုင်း)
12 ဖေဖော်ဝါရီ၊ 2021
USAID Logo တံဆိပ်။
အမေရိကန်အစိုးရက နိုင်ငံတကာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အကူအညီပေးနေတဲ့ USAID အဖွဲ့က မြန် မာ နိုင်ငံအတွက် ပေးနေတဲ့ အကူအညီတွေကို အာဏာသိမ်း စစ်အုပ်စုအတွက် အထောက်အပံ့မဖြစ်အောင် ပြန် လည်သုံးသပ်ပြီး ကူညီငွေ ဒေါ်လာ ၄၂ သန်းကျော်ကို ချက်ချင်း နေရာပြောင်း ကူညီတာတွေ လုပ်ဆောင် လိုက် တယ်လို့ ပြောပါတယ်။

Thursday, February 11, 2021

စစ်အာဏာသိမ်းအုပ်စုပေါ် ကန်အ ရေးယူတဲ့သက်ရောက်မှု ကြီးမားနိုင်ကြောင်း ခန့်မှန်းချက်တွေထွက်ပေါ်

VOA
ဗွီအိုအေ (မြန်မာဌာန)
မေခ
11 ဖေဖော်ဝါရီ၊ 2021
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းလိုက်တဲ့ စစ်တပ်အပေါ် အမေရိကန် ပြည်ထောင် စုက အရေးယူ ဒဏ်ခတ်ဖို့ ကြေညာလိုက်တာကြောင့် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ တက် ကြွလှုပ်ရှားသူတွေနဲ့ အကဲခတ်တွေ ခန့်မှန်းနေကြပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာ ဖိအားတွေ နောက်ထပ် တိုးလာနိုင်တဲ့အပေါ် အမြင်တွေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက စုစည်း တင်ပြထားပါတယ်။

Wednesday, February 10, 2021

စစ်အာဏာသိမ်းမှု နဲ့ နိုင်ငံ့ရှေ့ရေး

VOA 
ဗွီအိုအေ (မြန်မာဌာန) 
ဦးကျော်ဇံသာ
10 ဖေဖော်ဝါရီ၊ 2021
A police officer (C) aims a gun during clashes with protesters taking part in a demonstration against the military coup in Naypyidaw on February 9, 2021. (Photo by STR / AFP)

ဒီတပတ်မြန်မာ့အရေးသုံးသပ်ချက်အစီအစဉ်မှာ အခုတလော မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်အာဏာသိမ်းမှု နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်းလည်းဖြစ်၊ အမေရိကန် NDI (National Democratic Institute) ခေါ် ဒီမိုကရေစီဗိမာန်ရဲ့ အကြီးအကဲလည်းဖြစ်တဲ့ Derek Mitchell နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

Thursday, February 4, 2021

ရခိုင်နဲ့ ချင်းပြည်နယ်တို့မှာ အင်တာနက်ပြန်ဖွင့်ပေး

ဗွီအိုအေ (မြန်မာပိုင်း)
04 ဖေဖော်ဝါရီ၊ 2021
ကမ္ဘာ့အရှည်ကြာဆုံးအင်တာနက်ဖြတ်တောက်မှုအဖြစ် ၁၉ လ အကြာ အင်တာနက်ဖြတ်တောက်ထားမှုကို ရခိုင်နဲ့ချင်းပြည်နယ်တွေထဲမှာ အဆုံးသတ်လိုက်ပါပြီ။
                                                                     

Wednesday, February 3, 2021

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်မြို့နယ် ပြည်သူတွေ သံပုံးတီးကမ်ပိန်း ပြုလုပ်

မဇ္ဖျိမ

By AFP
03 February 2021
 မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးလို့ ဒုတိယရက်မြောက် ညမှာ ရန်ကုန်မြို့နေ ပြည်သူတွေဟာ အာဏာသိမ်း မှုကို ဆန့်ကျင်တဲ့အနေနဲ့ သံပုံးတွေနဲ့ မီးဖိုချောင်သုံး ဒန်အိုး ဒန်ခွက် ပစ္စည်းတွေကို တီးပြီး ဆန္ဒပြခဲ့ကြပါတယ်။

အာဏာသိမ်းအစိုးရကို အချိန်ပိုပေးရန် တရုတ်နှင့် ရုရှားက ကုလလုံခြုံရေးကောင်စီတွင် တောင်းဆို

M-Media
ေဖေဖာ္ဝါရီ ၃၊ ၂၀၂၁

 မြန်မာနိုင်ငံက လတ်တလော စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မနေ့က အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ကြပေမယ့် တရုတ်နဲ့ ရုရှားတို့ရဲ့ ကန့်ကွက်မှုကြောင့် ကြေငြာချက် မထုတ်နိုင် ခဲ့ပါဘူး။

အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ ဒီအစည်းအဝေးကို အွန်လိုင်းကနေ ကျင်းပခဲ့ကြတာဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ရှုတ်ချဖို့၊ ဒီမိုကရေစီကို အပြည့်အဝထောက်ခံကြောင်း ကြေငြာချက်တစ်စောင်ကို ယူကေက တင်သွင်းခဲ့ပါ တယ်။

ကုလလုံခြုံရေးကောင်စီ အစည်းအ‌ဝေး၌ မြန်မာအာဏာ သိမ်းမှုနှင့်ပတ်သက်ပြီး ကြေညာချက် မထုတ်နိုင်ခဲ့

မဇ္ဈိမ

Photo - AFP
ဖေဖော်ဝါရီ ၃
ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး အရေးပေါ် အစည်းအ‌ဝေးတစ်ရပ်ကို ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပခဲ့သော်လည်း မြန်မာပြည်စစ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ရန် သဘောတူညီမှု မရရှိခဲ့ပေ။ ဆွေးနွေးမှုများ ဆက်လုပ်သွားမည်ဖြစ်ကြောင်း သံတမန်များက ပြောသည်။

“တရုတ်နဲ့ ရုရှားက အချိန်ပိုယူဖို့ လိုတယ်လို့ တောင်းခံခဲ့ပါတယ်” ဟု သံတမန်တစ်ဦးက အချိန်နှစ်နာရီကျော်မျှ ကြာမြင့်ခဲ့သည့် နယူး‌ယော့ခ်တွင် ကျင်းပသည့် တံခါးပိတ် အစည်းအ‌ဝေးအပြီး အေအက်ဖ်ပီကို ပြောသည်။

မြန်မာနိုင်ငံအပေါ်ကန် အရေးယူပေမယ့် စာနာမှုဆက်လက် ကူညီမည်

VOA  
အင်ကြင်းနိုင်
ဗွီအိုအေ (မြန်မာဌာန)
03 ဖေဖော်ဝါရီ၊ 2021
မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ကနေ အရပ်သားအစိုးရ ထိပ်ပိုင်းခေါင်း ဆောင်တွေကို ဖေဖေါ်ဝါရီလ (၁)ရက်နေ့ကရာထူးကနေ ဖယ်ရှားခဲ့တဲ့ လုပ်ရပ်ကို စစ်အာသိမ်းမှုအဖြစ် သတ် မှတ်ကြောင်း အမေရိကန်အစိုးရက ဧပြီလ (၂)ရက်နေ့က ကြေညာခဲ့ပြီး နောက်ဆက်တွဲ စီးပွားရေးပိတ်ဆို့ မှု တွေချမှတ်ဖို့ ပြင်ဆင်နေတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိလ်က ပြောကြားခဲ့ပါတယ်။

Tuesday, February 2, 2021

မြန်မာ့အပြောင်းအလဲ ကို “စစ်အာဏာသိမ်းခြင်း” အဖြစ် အမေရိကန် သတ်မှတ်လိုက်ပြီ

VOA
ဗွီအိုအေ (မြန်မာဌာန)
03 ဖေဖော်ဝါရီ၊ 2021

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန တံဆိပ်

 မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာရယူမှုကို စစ်အာဏာသိမ်းမှု အဖြစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန က တရားဝင် ကြေညာလိုက်ပါပြီ။

မြန်မာ့အပြောင်းအလဲ ကို “စစ်အာဏာသိမ်းခြင်း” အဖြစ် အမေရိကန် သတ်မှတ်လိုက်ပြီ

ဗွီအိုအေ (မြန်မာပိုင်း
03 ဖေဖော်ဝါရီ၊ 2021

                                အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန တံဆိပ်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာရယူမှုကို စစ်အာဏာသိမ်းမှု အဖြစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တရားဝင် ကြေညာလိုက်ပါပြီ။

Monday, February 1, 2021

ဖမ်းထားသူတွေလွှတ်ပေးဖို့ ကုလ လူ့အခွင့်အရေးမဟာ မင်းကြီး တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
01 ဖေဖော်ဝါရီ၊ 2021

Thursday, January 28, 2021

မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာတို့အပေါ် Genocide ကျူးလွန်မှု ရှိ-မရှိ စိစစ်ရေးကြီးကြပ်ဖို့ ကန်ဝန်ကြီးသစ် Blinken သဘောတူ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
28 ဇန်နဝါရီ၊ 2021
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသစ် Antony Blinken က အထက်လွှတ်တော် ကြားနာ စစ်ဆေးပွဲမှာ တုံ့ပြန်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသစ် Antony Blinken က သူ့ကို ရာထူး ရာထူး ခန့်အပ် ဖို့ အတည်ပြုရေး အ ထက်လွှတ်တော် ကြားနာ စစ်ဆေးပွဲမှာ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး အခုလို တုံ့ပြန် ဖြေကြားခဲ့ပါတယ်။

Friday, January 22, 2021

သမ္မတ Biden လက်ထက် ဖြစ်လာနိုင်တဲ့ ကန်-မြန်မာဆက် ဆံရေး ပုံစံ

VOA
ဗွီအိုအေ (မြန်မာဌာန)
မစုမြတ်မွန်
22 ဇန်နဝါရီ၊ 2021 
 အမေရိကန်သမ္မတသစ် Joe Biden ရဲ့ ဦးစားပေးအစီအစဉ်တွေထဲမှာ ကမ္ဘာတဝန်းက ဒီမိုကရေစီမဟာမိတ်တွေ နဲ့ ဒီမိုကရေစီ ပြန်လည်ခိုင်မာအောင်လုပ်ပြီးတော့ အမေရိကန်ရဲ့ စံတန်ဖိုး ဒီမိုကရေစီမြှင့်တင်ဖို့အတွက်လည်း ပါဝင်ပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိစ္စတွေ ပြန်လည်မြှင့်တင်တဲ့အခါမှာ လူ့အခွင့်အရေးအားနည်း တယ် လို့အမြင်ခံနေရတဲ့ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးမှာရော ဘယ်လိုဖြစ်လာနိုင်ပါသလဲ။ နိုင်ငံတကာ ငြိမ်းချမ်း ရေးနဲ့လုံခြုံရေးဆိုင်ရာ အမေရိကန်အခြေစိုက် Stimson Center တတ်သိပညာရှင်များအဖွဲ့က သုတေသီ ကိုအမ ရသီဟကို မစုမြတ်မွန်က ဆက်သွယ် မေးမြန်းထားပါတယ်။

Tuesday, January 19, 2021

ရိုဟင်ဂျာနေရပ်ပြန်ရေး သုံးနိုင်ငံအွန်လိုင်းဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
19 ဇန်နဝါရီ၊ 2021
 မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံက အဆင့်မြင့်တာဝန်ရှိသူတွေ အွန်လိုင်းကနေ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Ministry of Foreign Affairs Myanmar - ဇန်နဝါရီ ၁၉၊ ၂၀၂၁)
 

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် တိမ်းရှောင်သွားသူတွေ နေရပ်ပြန်နိုင်ရေး အခက်အခဲကြုံနေရ တာတွေကို ဖြေရှင်းနိုင်ဖို့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံက အဆင့်မြင့်တာဝန်ရှိသူတွေ ဒီကနေ့ အွန် လိုင်း ကနေ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး မြန်မာ-ဘင်္ဂ လားဒေ့ရှ် နှစ်နိုင်ငံအကြား ဆွေးနွေးမှုတွေဖြစ်လာဖို့ တရုတ်နိုင်ငံဘက်ကနေ ကြားဝင်ဆောင်ရွက်ပေး တာဖြစ် ပြီး ဒီလိုအကူအညီပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းလည်း မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးဟောက် ဒိုဆွမ်းက အဲဒီအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

Tuesday, January 12, 2021

ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ရိုဟင်ဂျာအရေးဆွေးနွေး

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
အောင်သိင်္ခ
2021-01-12

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော်မှာ ၂၀၂၁ ဇန်နဝါရီ ၁၂ ရက်နေ့က တွေ့ဆုံစဉ်
ဓာတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့


ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွာ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အရေး ကိစ္စကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ် ယိတို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံစဉ်မှာ ဆွေးနွေးခဲ့ကြပါတယ်။

Saturday, January 9, 2021

“ရခိုင်ရွေးကောက်ပွဲ မကျင်းပနိုင်ရင် ဒီမိုကရေစီပစ်ပယ် ရာရောက်” - နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ

VOA
ဗွီအိုအေ (မြန်မာဌာန)
သားညွန့်ဦး
09 ဇန်နဝါရီ၊ 2021

ဂျပန်အထူးသံတမန် Sasakawa Yohei. (နိုဝင်ဘာ ၂၈၊ ၂၀၂၀။ ဓာတ်ပုံ - သက်နိုင် (ဗွီအိုအေ))
 
ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲတွေ လုပ်ခြင်းအားဖြင့် ရခိုင်ဒေသ ငြိမ်းချမ်းရေးအတွက် အလားအလာ ကောင်းဖြစ်သလို ရခိုင်အနာဂတ်အိပ်မက်ကိုလည်း အကောင်အထည်ဖော်ရာ ရောက်တယ်လို့ နိပွန်ဖောင်ဒေး ရှင်းဥက္ကဋ္ဌ Sasakawa က ဗွီအိုအေနဲ့ သီးခြားမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။ ဒါဆို ရွေးကောက်ပွဲတွေ မလုပ်နိုင် ခဲ့ရင်ရော ဘာဖြစ်လာနိုင်သလဲ... ဗွီအိုအေက ဆက်သွယ်မေးမြန်းထားပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦး တင်ပြပေးထားပါတယ်။

Monday, January 4, 2021

မြန်မာ့အရေးဆုံးဖြတ်ချက် ကုလသမဂ္ဂ မဲခွဲအတည်ပြု

VOA
ဗွီအိုအေ (မြန်မာဌာန)
ရဲမင်းထွန်း
04 ဇန်နဝါရီ၊ 2021

ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေညီလာခံ ကျင်းပနေတဲ့မြင်ကွင်း။ (စက်တင်ဘာ ၂၀၂၀၊ ဓာတ်ပုံ - United Nations)

ဒီဇင်ဘာလ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ် ချက် မူကြမ်းတရပ်ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ မဲအများစုနဲ့ အတည်ပြုခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံ အတွင်းက ရိုဟင်ဂျာမွတ်စလင် လူနည်းစုနဲ့ တခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက် လို့ တင်ပြ တောင်းဆိုထားတာဖြစ်ပြီး EU ဥရောပသမဂ္ဂနဲ့ အစ္စလာမ္မစ်နိုင်ငံများအဖွဲ့ (OIC) တို့ကနေ ဦးဆောင် တင်သွင်းခဲ့ပါတယ်။ အပြည့်အစုံကို ကိုရဲမင်းထွန်းက စုစည်းတင်ပြထားပါတယ်။

Sunday, January 3, 2021

၂၀၂၀ ခုနှစ်တွင်းမှာ သြစတြေလျနိုင်ငံ မြန်မာရိုဟင်ဂျာ အဖွဲ့ရဲ့ လုပ်ဆောင်မှုများ။

SBS မြန်မာ
02.01.2021

သြစတြေးလျနိုင်ငံ မြန်မာရိုဟင်ဂျာ အဖွဲ့က ဆစ်ဒနီမြို့ကိုပြောင်းရွှေ့လာတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်နေရာ ချ ထားရေး ကိစ္စတွေမှာ လုပ်ဆောင်ပေးခဲ့တာတွေကို အသင်းရဲ့ ဒုဥက္ကဌ ကိုခင်ဝင်းက ရှင်းပြထားပါတယ်။

 


Link : Here

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */