" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, February 3, 2021

မြန်မာနိုင်ငံအပေါ်ကန် အရေးယူပေမယ့် စာနာမှုဆက်လက် ကူညီမည်

VOA  
အင်ကြင်းနိုင်
ဗွီအိုအေ (မြန်မာဌာန)
03 ဖေဖော်ဝါရီ၊ 2021
မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ကနေ အရပ်သားအစိုးရ ထိပ်ပိုင်းခေါင်း ဆောင်တွေကို ဖေဖေါ်ဝါရီလ (၁)ရက်နေ့ကရာထူးကနေ ဖယ်ရှားခဲ့တဲ့ လုပ်ရပ်ကို စစ်အာသိမ်းမှုအဖြစ် သတ် မှတ်ကြောင်း အမေရိကန်အစိုးရက ဧပြီလ (၂)ရက်နေ့က ကြေညာခဲ့ပြီး နောက်ဆက်တွဲ စီးပွားရေးပိတ်ဆို့ မှု တွေချမှတ်ဖို့ ပြင်ဆင်နေတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိလ်က ပြောကြားခဲ့ပါတယ်။

မအင်ကြင်းနိုင်က အသေးစိတ်ကို ဆက်လက်တင်ပြမှာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအဖြစ် အမေရိကန်အစိုးရက တရားဝင်သတ်မှတ်ကြောင်း ကြေညာချက်နဲ့ ပတ် သက်လို့ အင်္ဂါနေ့က အမေရိကန်နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရ Ned Price က အခုလိုပြောကြားခဲ့ပါတယ်။

”အချက်အလက်အားလုံးကိုပြန်လည်သုံးသပ်ပြီးနောက် ဖေဖေါ်ဝါရီလ (၁) ရက်နေ့က မြန်မာစစ်တပ်ကနေ ရွေး ကောက်တင်မြှောက်ထားတဲ့ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေကို ရာထူးကနေ ဖယ်ရှားလိုက်တဲ့ လုပ်ရပ်ကို စစ် အာဏာသိမ်းမှုအဖြစ်ကနော်တို့ အကဲဖြတ်ခဲ့ပါတယ်။”

သမ္မတဘိုင်ဒန်နဲ့ နိုင်ငံခြားရေးဝန်ကြီး Blinken တို့ပြောခဲ့တဲ့အတိုင်းပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေအပါအဝင် အရပ်ဖက်အစိုးရခေါင်းဆောင်တွေ ကို မြန်မာစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတာကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အလွန် စိုးရိမ်မကင်း ဖြစ်မိကြောင်းလည်း Ned Price က ပြောပါတယ်။

ဒါအပြင် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖျက်လိုဖျက်စီးလုပ်သူတွေအနေနဲ့တာဝန်ခံမှုရှိစေရေး အမေရိ ကန် အစိုးရအနေနဲ့ တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ အခုလို ပြောပါတယ်။

” မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး လေးစားလိုက်နာမှုရှိအောင် အမေရိကန်ပြည်ထောင်စု အ နေနဲ့ ဒေသတွင်းနဲ့ ကမ္ဘာတဝှမ်းရှိ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို၊ မြန်မာဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဖျက်စီးမှုအတွက် တာဝန်ရှိသူတွေအနေနဲ့ တာဝန်ယူခံမှုရှိစေရေး တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

စစ်အာဏာသိမ်းမှုအဖြစ် တရားဝင်သတ်မှတ်လိုက်တဲ့ နောက်ဆက်တွဲ အနေနဲ့ အရင်ကတည်းကရှိထားတဲ့ မြန် မာအပေါ် စီးပွားရေးအရပိတ်ဆို့မှုတွေကို ထပ်တိုးပြီး လုပ်ဆောင်သွားဖို့ရှိနေတယ်လို့လည်း Ned Price ကအ ခုလို ပြောကြားခဲ့ပါတယ်။

”အခုလို ကျနော်တို့ မူဝါဒအရ သတ်မှတ်ပြဌာန်းလိုက်ပြီးတဲ့နောက် စီးပွားရေးအရပိတ်ဆို့မှု အလားအလာတွေ အပါအဝင် အခြားအစီအစဉ်တွေကို ဆက်လက်ဆောင်ရွက်နေပါတယ်။”

အလားတူ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ခဲ့တဲ့အခြေအနေနဲ့ ပတ်သက်လို့ တနင်္လာနေ့က သမ္မတ ဂျိုး ဘိုင်ဒန်နဲ့ နိုင်ငံခြားရေးဝန်ကြီး Blinken တို့နဲ့တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ အမေရိကန်အထက်လွှတ်တော် လူနည်းစု ခေါင်းဆောင် ရီပါပလင်ကန်အမတ် Mitch McConnell ကလည်း ဒီမိုကရေစီကို တိုက်ခိုက်တဲ့ မြန်မာစစ်တပ် အနေ နဲ့ ကြီးမားတဲ့ ပေးဆပ်မှုဖြစ်စေဖို့ အမေရိကန်အစိုးရက ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အင်္ဂါ
နေ့ က အထက်လွှတ်တော်အစည်းအဝေးမှာ အခုလိုပြောသွားပါတယ်။

"ကမ္ဘာကြီးက စောင့်ကြည့်နေပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒါဟာ စစ်တပ်အာဏာသိမ်းမှုအဖြစ် ထင်ရှားတဲ့ တရားဝင်ဆုံးဖြတ်ချက်ကို မြန်မြန်ဆန်ဆန် ချမှတ်ဖို့ ကျနော်အနေနဲ့ မျှော်လင့်ပါတယ်။ အခုလို ဒီ မိုကရေစီစနစ်ကို တိုက်ခိုက်တဲ့လုပ်ရပ်အတွက် စစ်တပ်အပေါ် ကြီးမားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိမ့် မယ်လို့လည်း မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအဖြစ် အမေရိကန်အစိုးရက တရားဝင်သတ်မှတ်လိုက်ပေမယ့် လူသားချင်း စာ နာမှုအကူအညီပံ့ပိုးမှုတွေကို ရပ်ဆိုင်းမှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဌာန အဆင့်မြင့်အရာတဦးက ပြော ကြားခဲ့ပါတယ်။

မြန်မာစစ်တပ်အာဏာသိမ်းမှုအပေါ် အမေရိကန်အစိုးရက ချမှတ်မယ့် မူဝါဒနဲ့ ပတ်သက်လို့ အင်္ဂါနေ့ နံနက်ပိုင်း မှာ အမေရိကန်နိုင်ငံခြားရေးဌာနမှာ အဲဒီ အဆင့်မြင့်အရာရှိကနေ သီးသန့်ဗွီဒီယိုကွန်ဖရင့် သတင်းစာရှင်းလင်း ပွဲလုပ်ခဲ့တာပါ။ ဒါအပြင် ရိုဟင်ဂျာဒုက္ခသည်တွေအပေါ် အမေရိကန်က ပေးနေတဲ့ လူသားချင်းစာနာမှု အကူ အ ညီတွေကိုလည်း ဆက်လက်ထောက်ပံ့သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်ခေါင်းဆောင်ပိုင်း တဦးချင်းစီကို အရင်ကတည်းက အမေရိကန်ကနေ ပစ်မှတ်ထားအရေး ယူထားသ လို၊ မြန်မာစစ်တပ်ရဲ့လူ့အခွင့်အရေး မှတ်တမ်းတွေကြောင့် စစ်ရေးအကူညီတွေကိုလည်း ကန့်သတ်ထား တယ် လို့ အဲဒီ အမည်မဖေါ်လိုတဲ့ အရာရှိက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။အခု စစ်အာဏာသိမ်းမှုကို ဦးဆောင်သူတွေဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရက်စက်ဖိနှိပ်မှုတွေအပါအဝင် အရင်လူ့အခွင့် အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေအဖြစ် အမေရိကန်က အရေးယူထားသူတွေဖြစ်တယ်လို့လည်း သူ ကဆိုပါတယ်။ အထူးသဖြင့် အဲဒီထဲက ထိပ်တန်းစစ်ခေါင်းဆောင် လေးဦးဟာ ရိုဟင်ဂျာတွေအပေါ်ဖိနှိပ်မှုနဲ့ အ မေရိကန်ပြည်ထောင်စုက Global Magnitsky ဥပဒေနဲ့ ဒဏ်ခတ်အရေးယူထားသူတွေဖြစ်တယ်လို့ အဆင့်မြင့် အရာရှိက ပြောကြားခဲ့ပါတယ်။

လက်ရှိ အမေရိကန်အနေနဲ့ မြန်မာစစ်တပ်ကို institution အဖွဲ့အစည်းတရပ်အနေနဲ့ တိုက်ရိုက်အကျိုးဖြစ်စေ မယ့် နိုင်ငံခြားအကူအညီပေးရေးအစီအစဉ်မရှိကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် စစ်အာဏာ သိမ်း မှုကို တုန့်ပြန်အရေးယူမှုတွေထဲစစ်တပ် ဒါမှမဟုတ် အဆင့်နိမ့်အရာရှိတွေကို သွယ်ဝိုက်အကျိုးရှိစေမယ့် ဘယ်အစီအစဉ်ကိုမဆို အမေရိကန်အစိုးရက ထည့်သွင်းစဉ်းစာမှာဖြစ်တယ်လို့ အမေရိကန်အဆင့်မြင့်အရာ ရှိက ပြောကြားခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */