Wednesday, February 3, 2021

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်မြို့နယ် ပြည်သူတွေ သံပုံးတီးကမ်ပိန်း ပြုလုပ်

မဇ္ဖျိမ

By AFP
03 February 2021
 မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးလို့ ဒုတိယရက်မြောက် ညမှာ ရန်ကုန်မြို့နေ ပြည်သူတွေဟာ အာဏာသိမ်း မှုကို ဆန့်ကျင်တဲ့အနေနဲ့ သံပုံးတွေနဲ့ မီးဖိုချောင်သုံး ဒန်အိုး ဒန်ခွက် ပစ္စည်းတွေကို တီးပြီး ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီလို ဆန္ဒဖော်ထုတ်ဖို့အတွက် လူမှုမီဒီယာကနေတစ်ဆင့် အချင်းချင်း ဆော်ဩခဲ့ကြတာဖြစ်ပြီး ည ၈ နာရီ ထိုးမှာ သံပုံးတွေ စတင်တီးခဲ့ကြတာဖြစ်ပါတယ်။ တချို့က လမ်းမပေါ်ထွက်တီးကြသလို တချို့က နေအိမ်ထဲ ကနေ သံပုံးတီးကမ်ပိန်းမှာ ပါဝင်ဆင်နွှဲခဲ့ပြီး ၁၅ မိနစ်ကနေ မိနစ် ၃၀ လောက်အထိ ကြာမြင့်ခဲ့ပါတယ်။  

အင်္ဂါနေ့မှာတော့ အမေရိကန်က မြန်မာစစ်တပ်ရဲ့လုပ်ရပ်ဟာ အာဏာသိမ်းမှုဖြစ်တယ်လို့ တရားဝင်အတည် ပြုပြောကြားခဲ့ပြီး အမေရိကန်ရဲ့အကူအညီ အထောက်အပံ့တွေ ရပ်ဆိုင်းဖို့ လိုအပ်ပြီလို့ ပြောဆိုလိုက်ပါတယ်။


ဖြစ်ရပ်တွေနဲ့ အခြေအနေတွေကို သုံးသပ်လိုက်ပြီးတဲ့နောက်မှာတော့ အာဏာရပါတီခေါင်းဆောင် ဒေါ်အောင်း ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ဖြုတ်ချပြီး စစ်အာဏာသိမ်းမှုပြုလုပ်တာဖြစ်တယ်လို့ အကဲဖြတ်မိ
ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းကလူတွေကို ခြွင်းချက်မရှိ ချက်ချင်းပြန် လွှတ်ပေးဖို့ မြန်မာစစ်တပ်ကို ဆက်လက် တောင်းဆိုတယ်လို့လည်း ဖော်ပြထားပါတယ်။  

စစ်တပ်ဟာ ရိုဟင်ဂျာ (မူရင်း) အရေးနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ အရေးယူဒဏ်ခတ်မှုကို ခံထားရပြီး ဖြစ်ပါ တယ်။

သမ္မတဂျိုးဘိုင်ဒင်ရဲ့ တနင်္လာနေ့ထုတ်ပြန်ချက်မှာတော့ ဒီမိုကရေစီကူးပြောင်းရေးကာလအတွင်းက မြန်မာအ ပေါ် ဖြေလျှော့ပေးခဲ့တဲ့ အရေးယူဒဏ်ခတ်မှုတွေကို ပြန်လည်ချမှတ်ဖို့ ပြန်လည်စဉ်းစားသွားမယ်လို့ ဆိုပါတယ်။

အမေရိကန်ဟာ ဒီမိုကရေစီ၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အကြမ်းဖက်ခံရတဲ့ အသိုက်အဝန်းတွေကို ကူညီထောက် ပံ့ ဖို့ ၂၀၁၂ ကစပြီး မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ မတည်ခဲ့တာဖြစ်တယ်လို့ အမေရိကန် နိုင် ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။  

စစ်အာဏာသိမ်းပြီးကတည်းက ထိန်းသိမ်းခံထားရတဲ့ခေါင်းဆောင်တွေ ဒါမှမဟုတ် စစ်တပ်အကြီးအကဲတွေနဲ့ ဆက်သွယ်လို့မရသေးပေမယ့် အမေရိကန်က ၎င်းတို့နဲ့စာရင် မြန်မာနိုင်ငံနဲ့ပိုမိုရင်းနှီးမှုရှိတဲ့ ဂျပန်၊ အိန္ဒိယတို့နဲ့ နေ့စဉ်ဆက်သွယ်ပြောဆိုမှုတွေ လုပ်ဆောင်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */