မဇ္ဈိမ
ဖေဖော်ဝါရီ ၃
ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးတစ်ရပ်ကို ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပခဲ့သော်လည်း မြန်မာပြည်စစ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ရန် သဘောတူညီမှု မရရှိခဲ့ပေ။ ဆွေးနွေးမှုများ ဆက်လုပ်သွားမည်ဖြစ်ကြောင်း သံတမန်များက ပြောသည်။
“တရုတ်နဲ့ ရုရှားက အချိန်ပိုယူဖို့ လိုတယ်လို့ တောင်းခံခဲ့ပါတယ်” ဟု သံတမန်တစ်ဦးက အချိန်နှစ်နာရီကျော်မျှ ကြာမြင့်ခဲ့သည့် နယူးယော့ခ်တွင် ကျင်းပသည့် တံခါးပိတ် အစည်းအဝေးအပြီး အေအက်ဖ်ပီကို ပြောသည်။
“တရုတ်နဲ့ ရုရှားက အချိန်ပိုယူဖို့ လိုတယ်လို့ တောင်းခံခဲ့ပါတယ်” ဟု သံတမန်တစ်ဦးက အချိန်နှစ်နာရီကျော်မျှ ကြာမြင့်ခဲ့သည့် နယူးယော့ခ်တွင် ကျင်းပသည့် တံခါးပိတ် အစည်းအဝေးအပြီး အေအက်ဖ်ပီကို ပြောသည်။
“ထုတ်ပြန်ကြေညာချက်တစ်စောင်နဲ့ပတ်သက်လို့ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်” ဟု အမည်မဖော်လိုသူ အခြား သံတ မန်တစ်ဦးက အတည်ပြုသည်။
အေအက်ဖ်ပီက တွေ့မြင်ခဲ့သည့် မူကြမ်းစာသားအရ ကုလ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား အဆင့်မြင့်နိုင်ငံရေးသမားများ ထိန်းသိမ်းခံခဲ့ရသည့် သွေးထွက်သံယိုမှုမရှိသော တနင်္လာနေ့ အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံတွင် အရပ်ဘက် အာဏာပြန်လွှဲရေး တောင်းဆိုမည်ဟု ပါရှိကြောင်း သိရသည်။
ဗြိတိန်က မူကြမ်းရေးခဲ့သည့် ထို ကြေညာချက်မူကြမ်းစာသားတွင် မြန်မာ၌ ထိန်းသိမ်းခံထားရသူများကို ချက်ချင်း ပြန်လွှတ်ပေးရေး မြန်မာစစ်တပ်ကို တိုက်တွန်းတောင်းဆိုသွားမည်ဟုလည်း ပါရှိသည်။ထို့ပြင် ယင်းက မြန်မာတွင် အရေးပေါ်အခြေအနေ တစ်နှစ် ကြေညာမှု ပြန်ရုတ်သိမ်းရန်နှင့် သက်ဆိုင်သူအားလုံးအနေဖြင့် ဒီမိုကရေစီ စံနှုန်းများကို လိုက်နာစောင့်ထိန်းရေး တောင်းဆိုရန်လည်း ပါရှိသည်ဟု သိရသည်။
ထို မူကြမ်းစာရွက်ထဲတွင် အရေးယူပိတ်ဆို့မှုနှင့်ပတ်သက်၍ ထည့်သွင်းဖော်ပြမထားပေ။
ယင်းကို ကောင်စီ၌ သဘောတူလက်ခံ အတည်ပြုထုတ်ပြန်ရန်အတွက် တရုတ်၏ သဘောတူထောက်ခံမှု လိုအပ် သည်။ တရုတ်သည် ကုလတွင် မြန်မာ၏ အဓိက အားပေးထောက်ခံသူဖြစ်သလို လုံခြုံရေးကောင်စီ၌ အမြဲတမ်းအဖွဲ့၀င်တစ်နိုင်ငံဖြစ်သည့်အတွက် ဗီတိုအာဏာလည်း ရှိနေသည်။
၂၀၁၇ ရိုဟင်ဂျာ (မူရင်း) အကျပ်အတည်းအတွင်းက မြန်မာနှင့်ပတ်သက်ပြီး တွေ့ဆုံစည်းဝေးရန် သို့မဟုတ် ပူးတွဲကြေညာချက်များ ထုတ်ရန် ကောင်စီရှိ ကြိုးပမ်းအားထုတ်မှုတိုင်းကို တရုတ်က တားဆီးဟန့်တားထားခဲ့သည်။
မွတ်ဆလင် လူနည်းစုအပေါ် စစ်တပ်က ရက်စက်စွာ နှိမ်နင်းမှုက ပြည်တွင်းရေးကိစ္စတစ်ခု ဖြစ်ကြောင်း ပေကျင်းက အခိုင်အမာ ပြောခဲ့သည်။
အင်္ဂါနေ့ အစည်းအဝေးတွင် မြန်မာနှင့်ပတ်သက်ပြီး နောက်ဆုံး ဖြစ်ပျက်နေသည့် အခြေအနေများနှင့်ပတ်သက်၍ အဖွဲ့၀င် ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ခရစ္စတင်း ရှရန်နာ ဘာဂျီနာက ရှင်းလင်းတင်ပြခဲ့သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအပေါ် အားပေးထောက်ခံကြောင်း ရှင်းလင်းသည့် ထုတ်ဖော်ချက်တစ်ခု တစ်စုတစ်စည်း တည်း ပေးပို့ကြရန် သူမက ကောင်စီအဖွဲ့၀င်နိုင်ငံများကို တိုက်တွန်းပြောကြားခဲ့သည်ဟုလည်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖိန်း ဒူဂျာရစ်က ပြောသည်။
ဖေဖော်ဝါရီလအတွက် လုံခြုံရေးကောင်စီ အလှည့်ကျ သဘာပတိအဖြစ် ဆောင်ရွက်သည့် ဗြိတိန်က ယခုအပတ်ထဲ မြန်မာနှင့်ပတ်သက်ပြီး အစည်းအဝေးတစ်ခု ကျင်းပရန် ကာလကြာကတည်းက စီစဉ်ထားခဲ့သော်လည်း အခြေ အနေအရ အစည်းအဝေး ရက်ကို ရှေ့သို့ ရွှေ့ခဲ့သည်။
ဆွေးနွေးမှုများကို သီးသန့် လုပ်ဆောင်ရန် တရုတ်က တောင်းဆိုထားခဲ့ကြောင်း သံတမန်များက အေအက်ဖ်ပီကို ပြောသည်။
မြန်မာနိုင်ငံရှိ ဘက်ပေါင်းစုံမှ ပါ၀င်သူများအနေဖြင့် “သဘောထားကွဲလွဲမှုများကို ပြေလည်အောင် ဖြေရှင်း”ရန် တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနက တနင်္လာနေ့တွင် တိုက်တွန်းထားခဲ့သည်။
Link : Here
No comments:
Post a Comment