ဒီတပတ်မြန်မာ့အရေးသုံးသပ်ချက်အစီအစဉ်မှာ အခုတလော မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်အာဏာသိမ်းမှု နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်းလည်းဖြစ်၊ အမေရိကန် NDI (National Democratic Institute) ခေါ် ဒီမိုကရေစီဗိမာန်ရဲ့ အကြီးအကဲလည်းဖြစ်တဲ့ Derek Mitchell နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တစ်ပတ်အကြာမှာ ဘာကြောင့် သူတို့အာဏာသိမ်းယူခဲ့ရ တယ်ဆို တာကို ပြည်သူကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဒီလို ရှင်းပြချက်ကို လက်ခံပါသလားနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အယုံအကြည် မရှိဘူးလို့ Derek Mitchell က စဖြေပါတယ်။
ဖြေ ။ ။ လက်ခံနိုင်ပါ့မလားဆိုတာ ကျနော် သံသယ ရှိပါတယ်။ အခြေအနေတွေဟာ ပုံမှန်ဖြစ်နေတယ်ဆိုတာ ကို သူပြဖို့ ကြိုးစားပေမယ့်၊ တကယ်တမ်း ပုံမှန်ဖြစ်နေတာ မတွေ့ရပါဘူး။ ဒီအချိန်မှာ ပြည်သူလူထုရဲ့ ဒေါသနဲ့ မျှော် လင့်ချက်တွေကလည်း သိပ်မြင့်မားနေတာပါ။ ဒီမိုကရေစီကို ပြန်လိုချင်နေကြပါတယ်။ ဒါကြောင့် သူတို့ လုပ်ရပ်ကို လွန်စွာမကျေမနပ် ဖြစ်နေကြပါတယ်။ ဆိုတော့ လူတွေလမ်းပေါ်ထွက်နေကြတာဟာ ဒီလိုမကျေ နပ်မှုဆိုတာတွေကို တွေ့ရပါတယ်။ ဒါဟာ အင်မတန် ကံမကောင်း၊ အကြောင်းမလှတဲ့ ကိစ္စပါ။
မေး ။ ။ ဒါပေမဲ့ သူ အဓိကအကြောင်းပြထားတာကတော့ ရွေးကောက်ပွဲ မသမာမှုတွေ ရှိခဲ့တယ်။ အဲဒါကို UEC လို့ခေါ်တဲ့သူက ဥပဒေဘောင်အတွင်းက ဖြေရှင်းဖို့ ကြိုးပမ်းခဲ့တယ်။ တာဝန်ရှိတဲ့ဘက်က ပြေပြေလည်လည် မဖြေရှင်းပေးခဲ့တဲ့အတွက်ကြောင့် သိမ်းရတယ်လို့ သူက ပြောသွားတာပါ။
ဖြေ ။ ။ သူတို့ရဲ့ အဓိက အကြောင်းပြချက်ကတော့ ရွေးကောက်ပွဲ မသမာမှုတွေ ရှိတယ်ဆိုတာပါပဲ။ ရွေးကောက် ပွဲ မသမာမှုတွေအတွက် တုံ့ပြန်တာက အချိုးအစားမမျှပါဘူး။ မသမာမှု ရှိကောင်း၊ ရှိပါလိမ့်မယ်။ စိုးရိမ်တလည်း ရှိကောင်းရှိပါလိမ့်မယ်။ ဘာတွေဖြစ်တယ်ဆိုတာကိုတော့ ရှိသင့်ပါတယ်။ ဒါပေမဲ့ ဒါတွေဟာ အသွင်ကူးပြောင်းရေး ဒီမိုကရေစီနိုင်ငံအတွက် ထူးထူးဆန်းဆန်း မဟုတ်ပါဘူး။ တရားဥပဒေအရ လုပ်ဆောင် နိုင်တယ် ဖြစ်စဉ်တွေ ရှိပါတယ်။ အဲဒီအတိုင်း သူတို့က စမ်းစစ်ခဲ့သင့်ပါတယ်။ ဒါတွေကို UEC ကလည်း သူတို့ ဟာသူတို့ အတွင်းထဲမှာ စုံစမ်းစစ်ဆေးနေတာပါ။ ကျေနပ်ဖွယ် ရှိမရှိဆိုတာ စစ်တပ်က အဆုံးအဖြတ်ပေးစရာ မရှိပါဘူး။ ဒီကိစ္စကို စစ်တပ်ကဝင်ပြီး ဆုံးဖြတ်ပြီး ဒီလိုလုပ်သင့်တယ်လို့ ဘယ်သူကမှ ယူဆမထားပါဘူး။
မေး ။ ။ နောက်တစ်ခုက အခု သူအာဏာသိမ်းလိုက်တဲ့ကိစ္စမှာလည်း သူကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပေ ဒနဲ့အညီ ညီညွှတ်တယ်လို့ ပြောပါတယ်။
ဖြေ ။ ။ ဒါကို ကျနော်အနေနဲ့ ပြောဖို့ခက်ပါတယ်။ ဖွဲ့စည်းပုံကိစ္စက ဥပဒေသမားတွေရဲ့ အလုပ်ပါ။ ဒါပေမဲ့ ခင်များ ပြောသလိုပဲ ကာလုံခေါ်ယူဖို့ဆိုတာ သမ္မတရဲ့ တာဝန်ပါ။ အခုခေါ်ယူလိုက်တာက တရားဝင်သမ္မတက ခေါ်ယူ တာ မဟုတ်ဘဲ၊ စစ်တပ်က ခန့်ထားတဲ့ သမ္မတက ခေါ်ယူတာပါ။ ဒီလုပ်ရပ်က တရားဝင်သည်ဖြစ်စေ၊ တရားမ ဝင်သည်ဖြစ်စေ ပြည်သူလူထုအများစုရဲ့ သဘောဆန္ဒနဲ့ မကိုက်ညီပါဘူး။ ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုက ရွေးကောက်ပွဲကတဆင့် ဆန္ဒထုတ်ဖော်ကြတာပါ။ ၂၀၂၀ တင်သာမက ၂၀၁၅ မှာတုန်းကပါ ၁၉၉၀ တုန်းကပါ ဒါတွေက လူထုဆန္ဒကို တကယ်ထင်ဟပ်ပြီး သူတို့ဟာ စစ်တပ်ရဲ့ ဦးဆောင်မှုကို ရွေးချယ်ခဲ့တာ မဟုတ်ပါဘူး။ ပြည်သူကို အကြမ်းမဖက်ဖို့၊ ပြည်သူ့ဆန္ဒအတိုင်း ဒီမိုကရေစီ ပြန်လည်ထွန်းကားလာစေဖို့ ကျနော်တို့ တကယ် ပဲ မျှော်လင့်ပါတယ်။
မေး ။ ။ ကောင်းပါပြီ။ တကယ်လို့ ဒီလိုအာဏာသိမ်းတာဟာ ရွေးကောက်ပွဲ မသမာမှုကြောင့် မဟုတ်ဘူးလို့ဆို ရင် တခြားသူမှာ အာဏာသိမ်းချင်တဲ့ အဓိကအကြောင်းရင်းက ဘာရှိနေမယ်လို့ ထင်ပါသလဲ။ ဘယ် လိုအ ကြောင်းရင်းတွေ ရှိနေမယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ သူရင်ထဲက ရည်ရွယ်ချက်ကိုတော့ ကျနော် မပြောနိုင်ပါဘူး။ ရွေးကောက်ပွဲ မသမာမှုတွေ ရှိတယ်ဆို တာ သူ့အနေနဲ့ တကယ်ပဲ ယူဆခဲ့ပြီး ဒေါသထွက်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ UEC က လုပ်သင့်တာကိုမလုပ်ဆောင် ခဲ့ဘူးလို့ NLD က မလုပ်ဆောင်ခဲ့ဘူးလို့လည်း ယူဆနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအတွက် သူပေးလာတဲ့ ပြစ်ဒဏ်က တော့ မလျော်ကန်မမျှတပါဘူး။ ကျနော်က မြန်မာ့မိတ်ဆွေတစ်ယောက်အနေနဲ့ ပြောချင်ပါတယ်။ ဒါဟာ မြန် မာနိုင်ငံအတွက် မကောင်းပါဘူး။ တိုင်းပြည်အနာဂတ်အတွက် တည်ငြိမ်ရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးရေး အ တွက် မ ကောင်းပါဘူး။ တပ်ချုပ်က ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ဖန်တီးမယ်လို့ လုပ်ပြလိုဟန် ရှိပါတယ်။ ဒါပေမဲ့ ဒါက တရားဝင်အုပ်ချုပ်ပိုင်ခွင့်ရှိတဲ့ အစိုးရ မဟုတ်ပါဘူး။ ပြည်သူလူထုက အယုံအကြည် မရှိပါဘူး။
မေး ။ ။ ဒါပေမဲ့ သူ့ရဲ့ လမ်းပြမြေပုံအဆင့် (၅) ဆင့်မှာ နောက်ဆုံးအဆင့်က (၁) နှစ်အကြာမှာ တရားမျှတတဲ့ ရွေးကောက်ပွဲလုပ်ပြီးတော့ အနိုင်ရတဲ့ပါတီကို အာဏာလွဲပေးမယ်လို့ ပြောထားပါတယ်။ ဒါက ယုံနိုင်လောက် တဲ့ ကတိစကားလား။
ဖြေ ။ ။ ရွေးကောက်ပွဲက ကျင်းပပြီးသားပါ။ ၂၀၂၀ နိုဝင်ဘာလတုန်းက ရွေးကောက်ပွဲ ကျင်းပခဲ့တာပါ။ ဒီရွေး ကောက်ပွဲရလဒ်ကို မကြိုက်ဘူးပြောတာ တရားမဝင်ပါဘူး။ ဒီရွေးကောက်ပွဲရလဒ် မကြိုက်လို့ လုံးဝဖျက်သိမ်း မယ်၊ မကြာခင် ရွေးကောက်ပွဲတစ်ခု ထပ်လုပ်မယ်ဆိုတာ လက်ခံနိုင်ဖွယ် မရှိပါဘူး။ ဒီမိုကရေစီ နည်းလမ်း လည်း မကျပါဘူး။ လူတွေ ယုံမယ်လို့လည်း မထင်ပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ယုံကြည်မယ်လို့ မထင်ပါဘူး။
မေး ။ ။ ဆိုတော့ ဒီစစ်အာဏာသိမ်းမှုကို မကျေနပ်လို့ မြန်မာပြည်သူ တော်တော်များများဟာ ငြိမ်းချမ်း သော နည်းနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်ငန်းကို လုပ်နေကြပါတယ်။ ဆိုတော့ ဒီလုပ်ရပ်တွေဟာ စစ်အစိုးရ အနေနဲ့ နားလည်နိုင်ပါရဲ့လား။ ဒီလုပ်ရပ်မျိုးက It’s the language they understand?
ဖြေ ။ ။ ဒါက မေးခွန်းကောင်းတစ်ခု ဖြစ်ပါတယ်။ ကျနော်တော့ မသိပါဘူး။ ဘာကြောင့်လဲဆိုတော့ စစ်တပ်က သူတို့ကို ဆန့်ကျင်တာ မကြိုက်ပါဘူး။ သူတို့အဆောက်အအုံကို သူတို့ထိန်းကျောင်းတာပဲ ဖြစ်ပါတယ်။ အဲဒီ အဆောက်အအုံက အမိန့်အာဏာကို နာခံရတဲ့ အဆောက်အအုံမျိုးပါ။ မနာခံရင် အပြစ်ပေးဖို့ ရှိပါတယ်။ ဒါဟာ ဒီမိုကရေစီ နည်းလမ်းလည်း မဟုတ်ပါဘူး။ ပြည်သူတွေ ရွေးကောက်ပွဲလည်း လုပ်ခဲ့ပြီးပြီ။ သူတို့ရွေးချယ်တဲ့ အစိုးရလည်း ရှိခဲ့ပြီးပြီ ဖြစ်ပါတယ်။ ဒါကြောင့် အခုအခါမှာ စစ်တပ်ရဲ့ ချုပ်ကိုင်မှုကို မလိုလားလို့ လမ်းပေါ် ထွက် နေကြပါတယ်။ စစ်တပ်အနေနဲ့ လူထုအပေါ်မှာ အကြမ်းဖက်တဲ့ နည်းတစ်ခုခု သုံးလာခြင်းဟာ အခြေအနေ ပို မိုဆိုးဝါးလာစေမှာဆိုတာကို စစ်တပ်အနေနဲ့ သဘောပေါက်ပါစေလို့ ကျနော် ဆုတောင်းနေပါတယ်။
မေး ။ ။ နိုင်ငံတကာက တုံ့ပြန်တဲ့နေရာမှာ အခုလောလောဆယ်တော့ အခုတက်လာတဲ့ အာဏာသိမ်းစစ် ကောင်စီနဲ့ သံတမန် အဆက်အသွယ်ဖြတ်တောက်တယ်ဆိုတာကို မကြားရသေးပါဘူး။ ဆိုတော့ သူတို့ဟာ ဒီစစ်ကောင်စီကို ဆက်လက်ပြီးတော့ အသိအမှတ်ပြုနေကြတယ်ဆိုတဲ့ သဘောလား။
ဖြေ ။ ။ လူတွေက ဒီအာဏာသိမ်းမှုကို အစောတလျင် အသိအမှတ်ပြုနေတယ်လို့ ကျနော် လုံးဝမထင်ပါဘူး။ ဘာမှမပြောဘဲ နေကြသည့်တိုင်အောင် ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ရှုတ်ချခြင်း မပြသည်တိုင်အောင် အ ထူး သဖြင့် အာရှတိုက်က အာဆီယံနဲ့ အခြားနိုင်ငံတွေဟာ အခုအချိန်အထိ အာဏာသိမ်းမှုကို ထောက် ခံနေ တာ မတွေ့ရပါဘူး။ သူတို့လည်း ဒီအခြေအနေနဲ့ ပတ်သက်လို့ သိပ်ကိုစိတ်မသက်မသာ ဖြစ်နေကြပါတယ်။ ဒီကိစ္စ မှာ အဓိကတော့ မြန်မာပြည်သူတွေကိုယ်တိုင်က သူတို့အနာဂတ်ကို ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီးက သူတို့နောက်ကွယ်မှာ ရှိတယ်ဆိုတာကို လိုချင်ကြပါတယ်။ သူတို့ကို ထောက်ခံစေချင်ကြပါတယ်။ ဒါကို သူတို့ဟာ အနောက်နိုင်ငံတွေဆီက ရကြပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်၊ ဥရောပသမဂ္ဂ တို့ဆီက ရကြပါလိမ့်မယ်။ တခြားအာရှနိုင်ငံတွေဆီကလည်း အလားတူထောက်ခံမှုကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ရမယ်လို့ ကျနော်ထင်ပါတယ်။ စစ်တပ်အပေါ် ဒဏ်ခတ်ပိတ်စို့မှုတွေ ရှိလာပါလိမ့်မယ်။ စစ်တပ်ရဲ့ စီးပွားရေး လုပ် ငန်းတွေဟာ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်သူတွေအပေါ် ရှိလာကြပါလိမ့်မယ်။ တိုးတိုးတိတ်တိတ် ဆက် သွယ်နားချတာတွေလည်း ရှိလာပါလိမ့်မယ်။ ကျနော်တို့ဟာ မြန်မာနိုင်ငံမှာ အောင်မြင်မှု၊ ငြိမ်းချမ်းမှုတွေ ဖြစ် ထွန်းစေချင်တာပါ။ မြန်မာပြည်သူတွေကို ထောက်ခံပါတယ်။
မေး ။ ။ ဆိုတော့ မေးခွန်းဟောင်းတစ်ခု - ဟိုတုန်းကလည်း မေးနေကြ မေးခွန်းတစ်ခုကိုပဲ ပြန်မေးပါရစေ။ Sanction လို့ခေါ်တဲ့ အရေးယူဒဏ်ခတ်ပိတ်စို့မှုတွေက အလုပ်ဖြစ်ပါ့မလား။
ဖြေ ။ ။ ဒဏ်ခတ်ပိတ်စို့မှုတွေနဲ့တော့ မလုံလောက်ပါဘူး။ စစ်တပ်နဲ့ အခြေအနေပေါ် မူတည်ပါတယ်။ အခု လုပ် တဲ့ကိစ္စက မှန်ကန်တဲ့လုပ်ရပ် မဟုတ်ဘူးဆိုတာ တပ်ချုပ်လည်း သိပါလိမ့်မယ်။ သူတို့ မကျေနပ်မှု ရှိတယ် ဆို ရင် တရားဥပဒေဘောင်အတွင်းကနေ လေးစားသမှုနဲ့ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလုပ်ရပ်က အလွန်အကျွံတုံ့ပြန်မှု ဖြစ်ပြီး အခြေအနေကို ပိုမိုဆိုးဝါးသွားစေပါတယ်။ တိုင်းပြည်အတွက်လည်း မကောင်း ဘူး။ စစ်တပ်အတွက်လည်း မကောင်းပါဘူး။
မေး ။ ။ နောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ရိုဟင်ဂျာ - သူကတော့ ရိုဟင်ဂျာလို့ မခေါ်ပါ ဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရောက်ရှိနေတဲ့ လူတွေကို နှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လည်ပြီးတော့ လက်ခံဖို့ လုပ်မယ်လို့ ဆိုပါတယ်။ ဒါကော ဘယ်လောက် ယုံကြည်လို့ရတဲ့ ကိစ္စလဲ။ အကောင်အထည် ပေါ် လာနိုင်ပါမလား။ တချိန်တည်းမှာလဲ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးကို ရှေ့တိုး အောင် လုပ်မယ်လို့ ဆိုထားပါတယ်။
ဖြေ ။ ။ ဒီစကားကို အရင်ကလဲ ပြောဖူးပါတယ်။ ဒီပြဿနာက ရိုဟင်ဂျာတွေ ပြန်လာရင် သူတို့အတွက် လုံခြုံပြီး လွတ်လပ်ပြီး ဂုဏ်သိက္ခာရှိဖို့ သူတို့ လိုလားကြပါတယ်။ ဒါကို စစ်တပ်က မလုပ်ပါဘူး။ အခုတစ်ခါ ဒါကို သူက အာမခံချက်ပေးနေပါတယ်။ သို့သော် စိတ်မချရပါဘူး။ သူတို့ဟာ ဒီလိုလုပ်နိုင်တဲ့ တရားဝင်အစိုးရလည်း မ ဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ စကားတွေကလည်း သူတို့က တရားဝင်အစိုးရ မဟုတ်ပါဘူး။
မေး ။ ။ နောက်တစ်ခုကတော့ ကုလသမဂ္ဂက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အခုအချိန်အထိ တောင်းဆိုနေ တဲ့ ကိစ္စ။ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေကို လွှတ်ပေးဖို့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး တရုတ်က ဒီတစ်ကြိမ် မှာ ပူးပေါင်းပါဝင်တာ တွေ့ရပါတယ်။ ဘယ်လောက်ထူးခြားမှု ရှိတယ်လို့ ထင်ပါသလဲ။ သံတမန်တစ်ဦးအနေနဲ့။
ဖြေ ။ ။ ထူးခြားပါတယ်။ အားတက်စရာပါ။ ဒီအာဏာသိမ်းမှုကို တရုတ်လည်း သိပ်ကျေကျေနပ်နပ် မရှိပါဘူး။ နိုင်ငံအတွက်လည်း ကျေနပ်နှစ်သက်စရာ မရှိပါဘူး။ နိုင်ငံတိုင်းအတွက်လည်း ကျေနပ်နှစ်သက်စရာ မရှိပါဘူး။ တရုတ်၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ အိန္ဒိယ၊ အာဆီယံနဲ့ ကမ္ဘာ့နိုင်ငံတွေအားလုံးအတွက် လက်ခံနိုင်တဲ့ လုပ်ရပ်မဟုတ်ဘူးဆိုတာ စစ်တပ်အတွက် စုပေါင်းသတင်းစကားပါးနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။
မေး ။ ။ Derek Mitchell ဟာ မြန်မာနိုင်ငံမှာ လူချစ်လူခင်ပေါများတဲ့ သံအမတ်ကြီးတစ်ယောက် ဖြစ်ပါတယ်။ အခုမြန်မာပြည်သူတွေ အထူးသဖြင့် လူငယ်တွေ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ ပတ်သက် ပြီးတော့ Derek ဘယ်လိုမှတ်ချက်စကား ပြောချင်ပါလဲ။
ဖြေ ။ ။ ခင်များတို့ ကြိုက်နှစ်သက်ရာ ခင်များတို့ ရွေးချယ်ပိုင်ခွင့်ရှိတယ်ဆိုတာကို ကျနော်တို့ ထောက်ခံပါတယ်။ ဒါဟာ အမြဲတမ်း အမေရိကန်အစိုးရက လိုချင်တဲ့ကိစ္စပါ။ ခင်များတို့က အချုပ်အခြာအာဏာကိုပိုင် ပြည်သူတွေ ပါ။ ကျနော်တို့အနေနဲ့ ဟိုမူဝါဒကို ကြိုက်တယ်။ ဒီမူဝါဒကို ကြိုက်တယ်ဆိုတာကို မပြောလိုပါဘူး။ ထိန်းချုပ်စ ရာလည်း ဘာမှမရှိပါဘူး။ ခင်များတို့ကိုယ်တိုင် ကြိုက်ရာရွေး၊ ကြိုက်ရာဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကျနော် တို့ ဟာ ၂၀၂၀ နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်ကို လက်ခံပါတယ်။ ပြည်သူလူထုနောက်က ရပ်တည်ပါတယ်။ မြန်မာ့အနာဂတ်အတွက် အကြမ်းဖက်နည်းနဲ့ ရွေးချယ်တာကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ပါဘူး။ မြန်မာ လူငယ်တွေရဲ့ စွမ်းအားနဲ့ လုပ်ဆောင်ချက်ကို လေးလေးစားစား စောင့်ကြည့်နေပါတယ်။ စစ်တပ်အနေနဲ့ ဒါတွေ ကို အလေးအနက်ထား လက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Link :Here
No comments:
Post a Comment