" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, February 24, 2021

မြန်မာကုလသံအမတ်ကြီး ရာထူးက နုတ်ထွက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
24 ဖေဖော်ဝါရီ၊ 2021
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီး ဦးမြင့်သူ။ (အောက်တိုဘာ ၃၀၊ ၂၀၁၈)
 
ဂျီနီဗာမြို့ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီး ဦးမြင့်သူ ရာထူးက နုတ်ထွက်သွားတယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံခြားရေးဌာန အရာရှိတဦးက ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။

ဒီလို ရာထူးက နုတ်ထွက်စာတင်ပြီး မကြာခင်မှာပဲ သူ့ကို မြန်မာနိုင်ငံကို ပြန်လည်ခေါ်ယူတဲ့ နေရာရွှေ့ပြောင်းတဲ့စာလည်း ထွက်လာတယ်လို့ သိရပါတယ်။ လူမှုကွန်ယက်တွေမှာ ပျံ့နှံ့လာတဲ့ နိုင်ငံခြားရေးဌာန ရုံးစာထဲမှာတော့ သံအမတ်ကြီး ဦးမြင့်သူကို နိုင်ငံခြားရေးဌာနရုံးကို ပြန်လည်ရွှေ့ပြောင်းမိန့် ထုတ်ပြန်ထားတာတွေ့ရပါတယ်။

 
ပြီးခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ မြန်မာ့အရေးအထူးဆွေးနွေးပွဲအတွင်း သံအမတ်ကြီး ဦးမြင့်သူက စစ်အုပ်ချုပ်ရေးကောင်စီကိုယ်စား ခုခံပြောဆိုခဲ့ရတာကြောင့် သူ့အပေါ် ဝေဖန်မှုတွေ အတော်လေး မြင့်တက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးတဲ့နောက်၊ ပြည်တွင်းမှာ စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြမှုတွေ CDM ခေါ်တဲ့ ဝန်ထမ်းတွေ အလုပ်မတက်တဲ့သပိတ်တွေ အရှိန်ရနေသလိုပဲ ပြည်ပမှာလည်း နိုင်ငံတကာဖိအားတွေ မြင့်တက်နေချိန်ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */